LUVIN

LUVIN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LUVIN, Yangon.

25/12/2024
 #သစ်သားစားတဲ့ခြရှင်းလင်းနည်း🪲🪲👉သစ်သားစားတဲ့ ခြနှင့် မြေအောက်မှာရှိတဲ့ အခြားပိုးမွှားများကိုရှင်းပစ်နိုင်ရနိုင်ရန် ခုဖော...
12/12/2024

#သစ်သားစားတဲ့ခြရှင်းလင်းနည်း🪲🪲

👉သစ်သားစားတဲ့ ခြနှင့် မြေအောက်မှာရှိတဲ့ အခြား
ပိုးမွှားများကိုရှင်းပစ်နိုင်ရနိုင်ရန် ခုဖော်မြူလာကို
မျှဝေပေးလိုက်ပါတယ်။

📌ပ်ဝင်ပစွည်းများ

1 - ပန်းကန်ဆေးရည် ၁ ဇွန်း
2- ရှာလကာရည် - ၁ ဇွန်း
3- ဆား - ထမင်းစားဇွန်း ၁ ဇွန်း
4- ခေါင်းလျှော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း
5- ရေ - 2 လီတာ။

📌အသုံးပြုနည်း

👉အပေါ်မှာဖော်ပြပြီးတဲ့ ပစ္စည်းများကို ရောမွှေပြီး Spray ပုလင်းထဲသို့ ထည့်လိုက်ပါ။ လူသွားစင်္ကြံများနှင့်အိမ်တိုင် အခြားသောခြစားတဲ့ နေရာတစ်လျှောက် များကို
ဖျန်းပေးပါ။ပြီးရင် ခြကောင်အသိုက်များကို ၅ မိနစ်အတွင်း အပြီးသတ်နိုင်ပါတယ်။ အိမ်တွင်းရှိ ပိုးမွှားပြဿနာများ
အားလုံး အခုနည်းလမ်းနဲ့ ဖယ်ရှားပစ်ဖို့ အကြံပြုပါရစေ။
အားလုံးအဆင်ပြေပါစေ။🙏💓🥰


Cr.Isaan Ban Na

⚡Airfryer အပူချိန်များ၍ လောင်ကျွမ်းခြင်း⚡♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️🥧မိတ်ဆွေတို့ ရေ  အခုရက်ပိုင်း လာပြင်တဲ့ airfrye...
05/12/2024

⚡Airfryer အပူချိန်များ၍ လောင်ကျွမ်းခြင်း⚡
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
🥧မိတ်ဆွေတို့ ရေ အခုရက်ပိုင်း လာပြင်တဲ့ airfryer တွေ နဲ့ ပက်သက်ပြီး ပြောပြလိုပါတယ်။ အများအားဖြင့် ပါဝါမလာတော့တာပါ။ ပါဝါ လာပြန်တော့ အတွင်း body အရည်ပျော်ထားလို့ ပန်ကာ အထိုင်မမှန်‌တော့ပဲ ပန်ကာ ဒလက်နဲ့ သံပြားနဲ့ ခြစ်သော အသံ ဆူညံစွာ မြည်ပါတယ်။

🥧(Airfryer ကို အပူချိန် ဘယ်လောက်ထားပြိး သုံးသလဲ) လို့ Airfryer ပျက်လို့ လာပြင်တဲ့သူများကို မေးကြည့်သော အခါ အများစုကအပူချိန် အကုန်တင်သုံးကြတယ်လို့ ‌ဖြေကြပါတယ်။

🥧ဒီနေရာမှာ ပြောပြလိုပါတယ်။ မြန်မာပြည်ထဲမှာ အသုံးများ တဲ့ air fryer အများစု၏ အမြင့်ဆုံး အပူချိန်မှာ 200 'C ဖြစ်ပါတယ်။

🥧ပုံမှန်အားဖြင့် မီးအား ပုံမှန်220V မှာ 200'C နဲ့ Airfryer တော်တော်များများ ထို အပူချိန်မှာ အလုပ်လုပ်နိုင်ကြပါတယ်။
🥧ဒါပေမယ့် တခါတရံ မီးအား အတက်အကျ မမှန်တာ ၊ မီးအား 260V အထိ တက်သွားတဲ့ အခါမျိုးမှာတော့ Airfryer အတွင်းရှိ heater ကွိုင်သည် ပိုပူလာပြီး အပူသည် လည်း သတ်မှတ်အပူချိန် 200 'C ထက် ကျော်လွန်သွားနိုင်ပါတယ်။

🥧ထိုအခြေနေမျိုးမှာ အပူများပြိး airfryer အတွင်း body အရည်ပျော်ပြီး ပန်ကာ အထိုင်စောင်းသွားခြင်း ၊ ပါဝါမလာတော့ခြင်းများ ဖြစ်သွားတတ်ပါတယ်။

🥧ခြွင်းချက် airfryer body အရည်ပျော်ကြခြင်း ၊ပါဝါမလာတော့ခြင်းသည် တခြားအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိးအားတအားတက်နေတဲ့အချိန် 200 'C ထိ တင်ပြီးသုံးမယ်ဆိုရင်တော့ ပျက်စိးဖို့ ပိုလွယ်ပါတယ်။

🥧ဒါကြောင့် မိတ်ဆွေတို့ရေ အပူချိန် အမြင့်ဆုံး 200 'C နဲ့ အမြဲမသုံးပဲ 180'C ဝန်းကျင်နဲ့သာသုံးသင့်ပါကြောင်း စေတနာဖြင့် ရေးသားလိုက်ပါတယ်။

Crd. GOOD ELECTRONIC

03/12/2024

အရမ်းစားကောင်းတဲ့ ကြွပ်မွ အာလူးကြော် နည်း😋

Address

Yangon

Website

Alerts

Be the first to know and let us send you an email when LUVIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share