20/11/2024
အန်တီဒေါ်ခင်ဝင်းမေနေရာက ခံစားရင် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်...
ကိုမောင်ကျော်နေရာက ခံစားဖို့တော့ စိတ်တောင်မကူးရဲခဲ့ပါဘူး...
******************************************************
ကြိုးမိန့်ပေးမှာကို မသိသေးတဲ့
သားက….
"အမေနောက်တစ်ခါလာရင်
သားအတွက် စာအုပ်လေးနဲ့
ပိုက်ဆံ လေး ပေးခဲ့ပါအုံးနော်'' တဲ့
သူ့ သားလေးကို
ကြိုးမိန့်ပေးမှာ မသိရှာတဲ့
မိခင်မှာတော့..
''အေးပါသားရယ်
အမေလာပို့ပေးပါမယ်'' လို့
ပြောရင်း အိမ်ပြန်လာခဲ့တယ်..
နောက်ရက် တနင်္လာ နေ့မှာ
သားအတွက်လိုအပ်တာလေးနဲ့
ပိုက်ဆံ လေးသွားပေးရှာတယ်..
မိခင်ကြီးမှာ သားဆီ ပို့မဲ့ ပစ္စည်း
ပို့လူကိုပေးလိုက်တဲ့အခါ
''ခင်ဗျားသားမရှိတော့ဘူး' လို့
ပြောလိုက်တော့
'' ငါ့သားလေး ဘယ်ရောက်သွား
လို့လဲ'' လို့ မေးရှာတယ် ..
''ခင်ဗျားသားကို စနေနေ့ မနက်
အစောပိုင်းအချိန်လောက်မှာ
ကြိုးမိန့်ပေးလိုက်ပြီ'' လို့ပြောတော့
မိခင်တစ်ယောက်ရဲ့ ရင်ထဲ
ဘယ်လိုခံစားရမလဲ မိခင်နေရာ
ထဲဝင်ပြီး ခဏလေး ခံစားကြည့်
မိခင်ကြီးက '' ငါ့သားလေးကို
ကြိုးမိန့်ပေးမယ်ဆိုကြိုပြောပေါ့
ငါ့သားလေး မဆုံးပါးခင်အချိန်
လေးမှာ ငါစကားတွေအများကြီး
အဝကြီးပြောမှာပေါ့'' လို့
ပြောရှာတယ်..
သြော်...
မွေးမိခင်မှာ
ကိုယ့်ရင်သွေးကို
မမျှော်လင့်ဘဲ ထိုအဖြစ်ဆိုနဲ့ကြုံ
လိုက်ရပြီလို့ စသိလိုက်ရတဲ့အခါ
နွေတရာပူမီး တမျှ
မဖြေသာ ရင်မှာလောင်ကျွမ်း
ခံစားရတဲ့ ဝေဒနာတွေကတော့
စာဖွဲ့လို့ မကုန်တော့ပါဘူး...
ရင်သွေးငယ် သားကလည်း
သူသေမှာကို မသိသေးပဲ
မိခင်ဖြစ်သူကို သူလိုသမျှ
မှာတမ်းခြွေနေလေရဲ့...
စိတ်ကူယဥ် ဝတ္ထုဆန်တဲ့
ဒီအဖြစ်က..
လက်တွေကြုံရတဲ့ မခင်နှင့်
သားတို့ရဲ့ကြား
ဘယ်လောက်ဝမ်းနည်းစရာ
ကောင်းလိုက်မလဲ?
မိမိတို့သာ ထိုနေရာမှာ ဆိုရင်
ဘယ်လိုခံစားရမလဲ?
Credit to Owner…