Zin Zin စားသောက်ကုန်

Zin Zin စားသောက်ကုန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Zin စားသောက်ကုန်, Grocers, Yangon, Myanmar, Yangon.

21/04/2025
21/04/2025
21/04/2025
21/04/2025
17/11/2024
17/11/2024
17/11/2024
04/05/2023

"မိဘ မုန်းတီးခြင်း"

သားသမီးတွေမုန်းတီးတာကို မိဘဖြစ်သူက
မလိုလားဘူးဆိုရင်မိဘတွေ အတ္တကြီးတာကိုလည်း
သားသမီးတွေက မလိုလားပါဘူး။

ဒါ ငါ့သားသမီး။ငါ လုပ်ချင်ရာလုပ်မယ်။
ငါ့စကားကို အမြဲနားထောင်ရမယ်။ငါ့ကို ကြောက်နေရမယ်။ငါ့ကိုလေးစားရမယ်။ငါပြောသလိုနေရမယ်။
ငါ ခိုင်းသလို လုပ်ရမယ်ဆိုတဲ့ မိဘမျိုးတွေဟာ
သိပ်ကို အတ္တကြီးတဲ့ မိဘ‌တွေပါ။

ဒီလို မိဘတွေနဲ့ နေတာ ကြာလာတဲ့အခါ
သားသမီးတွေရဲ့ မသိစိတ်ထဲမှာ မိဘမုန်းတီးခြင်းဝါဒ
တဖြည်းဖြည်းနဲ့ စွဲကပ်လာတတ်ပါတယ်။

ဒီနေရာမှာ မုန်းတီးတယ်ဆိုတာဟာ

မိဘ အနားက အဝေးဆုံးကို ပြေးထွက်သွားချင်တာ
မိဘအပေါ် မကျေနပ်ချက်တွေ များလာတာ
မိဘ နဲ့ စကားပြောချင်စိတ်မရှိတော့တာ
မိဘဆိုတဲ့ အသံကြားရင် အလွန်ကြောက်ရွံ့လာတာ
ကို ဆိုလိုတာပါ။

တချို့မိဘတွေဟာ
သားသမီးတွေ ဘယ်လောက်ကြိုးစားနေပါစေ
စိတ်တိုင်းမကျဘူး။အကောင်းမြင်မပေးဘူး။
အမှားကို မျက်စိဒေါက်ထောက်လိုက်ရှာပြီး
အပြစ်တင်ဝေဖန်ကြတယ်။ကိုယ့်သားသမီးကို
တခြားသားသမီးတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး ပြောကြတယ်။
ကြာလာတော့ ဒီလို အပြုမူခံရတဲ့ သားသမီးတွေမှာ
Inferiority complex လို့ခေါ်တဲ့ စိတ်ရောဂါ တစ်မျိုး
စွဲကပ်လာတယ်။

ဒီ စိတ်ရောဂါကြောင့် အရာရာမှာ သိမ်ငယ်စိတ်
ဝင်ကြတယ်။ စိတ်အတက်အကျ မြန်ကြတယ်။
အမြဲ အထီးကျန်သလို ခံစားကြရတယ်။

မိဘတွေကို သားသမီးတွေ ကိုယ်စား
တစ်ခု တောင်းဆိုချင်ပါတယ်။ မြင်ပေးပါ။
မြင်ပေးကြပါ။

သားသမီးတွေရဲ့ စိတ်ဒဏ်ရာတွေကို မြင်ပေးကြပါ။
ထောင့်တစ်နေရာရာမှာ ကပ်ငြိနေတဲ့
သူတို့လေးတွေရဲ့မျက်ရည်တွေကို မြင်ပေးကြပါ။
ဆဲဆိုသံတွေ ကြားရတိုင်းတုန်လှုပ်ခြောက်ခြားနေတဲ့
ဟန်ပန်တွေကိုမြင်ပေးကြပါ။

"ငါ ကောင်းစေချင်လို့ လုပ်ခဲ့တာပဲ ငါမမှားဘူး" ဆိုတဲ့
အတ္တစိတ်တွေကိုလည်း လျှော့ချ‌ပေးကြပါ။

သင့်ရဲ့ သားသမီးတွေဟာ လောကကြီးထဲမှာ
အားတင်းပြီး ရှင်သန်နေကြတယ်ဆိုတာ
သတိရှိရှိနဲ့ မြင်နိုင်အောင်ကြိုးစားပေးကြပါ။

သင်လည်း တချိန်တုန်းက သားသမီးဖြစ်ခဲ့တာပါပဲ။
သားသမီးတွေရဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။

ဒီလိုမှ မဟုတ်ရင်တော့ သားသမီးတွေရဲ့
သွယ်ဝိုက်သော မုန်းတီးခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

ချစ်တဲ့
သော်တာမင်း......👑👑






စိတ်ညစ်စရာတွေကြုံရတဲ့အခါရင်လာဖွင့်လို့ရတဲ့မင်မင်တို့ရဲ့ "ရင်ဖွင့်ရာ" Group Link လေးပါ။

https://www.facebook.com/groups/349528321908434/?ref=share

Address

Yangon, Myanmar
Yangon

Website

Alerts

Be the first to know and let us send you an email when Zin Zin စားသောက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category