Hein Toe Aung

Hein Toe Aung 19

မမေ့နိုင်တာ သေချာနေခဲ့လည်းကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။ကိုယ့်မှာ ဘာတွေဘယ်လိုပဲ နာကျင်ရသည်ဖြစ်စေအဲ့ဒီတစ်ယောက်ကိုတော့ ...
18/07/2023

မမေ့နိုင်တာ သေချာနေခဲ့လည်း
ကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။

ကိုယ့်မှာ ဘာတွေဘယ်လိုပဲ နာကျင်ရသည်ဖြစ်စေ
အဲ့ဒီတစ်ယောက်ကိုတော့ ပျော်စေချင်ခဲ့တာကိုး ။

#မိုးနေ့

18/07/2023

ဆိုက်ရောက်လာတဲ့အခါ
မျက်နှာကိုရဲရဲကြည့်တယ်
ထွက်ခွာသွားတဲ့အခါ ကျောပြင်ကို
ရဲရဲငေးတယ်။
တားဆီး ပိတ်ပင်တာမျိုးတွေ မလုပ်ချင်ဘူး
အပိုင်ရမလိုလိုနဲ့ ဆုံးရှုံးရခြင်းတွေမှာ
ကိုယ်ဟာ နေသားတကျ။

- Lionel Sn -

ချစ်မိတာကို နောင်တမရဘူးချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်လူတစ်ယောက်ကို ချစ်ရတာဒီလောက်တောင် ပျော်ဖို့ကောင်းရလားကမ္ဘာ့အနွေး...
18/07/2023

ချစ်မိတာကို နောင်တမရဘူး
ချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်
လူတစ်ယောက်ကို ချစ်ရတာ
ဒီလောက်တောင် ပျော်ဖို့ကောင်းရလား
ကမ္ဘာ့အနွေးဓာတ်လေးကို အမှတ်မထင်တွေ့ရှိ
ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံဟာ
ငါ့မိဘတွေပြီးရင် မင်းဖြစ်တယ် ။

ချစ်ခြင်းမေတ္တာဟာလည်း သူ့သက်တမ်းနဲ့သူလာပါတယ် နောင်တမရဖို့ကတော့သက်တမ်းမကုန်သေးခင်လေးမှာ အမိအရချစ်လိုက်ဖို့ပါပဲ ။ကံပါသလောက...
18/07/2023

ချစ်ခြင်းမေတ္တာဟာလည်း
သူ့သက်တမ်းနဲ့သူလာပါတယ်
နောင်တမရဖို့ကတော့
သက်တမ်းမကုန်သေးခင်လေးမှာ
အမိအရချစ်လိုက်ဖို့ပါပဲ ။

ကံပါသလောက်ချစ်ပြီးရင်
ကျွန်တော်တို့ဟာ
ဘယ်တော့မှ မသိခဲ့တဲ့
သူစိမ်းတွေလို တစ်သက်လုံး
စိမ်းသွားကြရမှာလေ ။

ချစ်ရတဲ့သူကိုပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင်ဝမ်းနည်းစရာတွေ ‌မပေးမိအောင် နေချင်တယ် ။ကိုယ်တိုင်က အထိအရှ အရမ်းများရရင်တောင...
17/07/2023

ချစ်ရတဲ့သူကို
ပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင်
ဝမ်းနည်းစရာတွေ ‌
မပေးမိအောင် နေချင်တယ် ။
ကိုယ်တိုင်က အထိအရှ
အရမ်းများရရင်တောင်
ချစ်ရတဲ့သူကို တော့
အထိအရှ နည်းစေချင်ပါတယ် ။

#ခက်နှောင်

မတော်တဲ့ ဖိနပ်လေးကိုလည်း  အသားအနာခံပြီးအညိုအမဲစွဲအောင်အထိစီးဖူးတယ်ကျွန်တော်က နှစ်သက်မိပြီဆိုရင်သူများအတွက်ဖြစ်သွားမှာ သိ...
16/07/2023

မတော်တဲ့ ဖိနပ်လေးကိုလည်း
အသားအနာခံပြီး
အညိုအမဲစွဲအောင်အထိစီးဖူးတယ်
ကျွန်တော်က နှစ်သက်မိပြီဆိုရင်
သူများအတွက်ဖြစ်သွားမှာ
သိပ်ကိုကြောက်တတ်တဲ့ လူသားလေးလေ
မင်းကိုလည်း ထို့နည်းတူပါပဲ ။

ဆုံးရှုံးရမှာကြောက်သည်အထိပိုင်ဆိုင်ချင်မိတဲ့အခါ အဲ့ဒီ့လူကိုလက်လွှတ်ပေးလိုက်ပါ။သူသာတကယ်ချစ်ရင် ဘယ်နည်းနဲ့မဆိုကိုယ့်အနားကိ...
16/07/2023

ဆုံးရှုံးရမှာကြောက်သည်အထိ
ပိုင်ဆိုင်ချင်မိတဲ့အခါ အဲ့ဒီ့လူကို
လက်လွှတ်ပေးလိုက်ပါ။
သူသာတကယ်ချစ်ရင် ဘယ်နည်းနဲ့မဆို
ကိုယ့်အနားကိုပြန်ရောက်လာမှာမို့။

#ဆွေ

တစ်ချို့သော ခံစားချက်တွေကျတော့ဘယ်သူမှ နားမလည်ဘူးကိုယ်ကိုတိုင်ပဲ နားလည်ပေးပြီးကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ရတာမျိုးတွေရှိတယ် ...
15/07/2023

တစ်ချို့သော ခံစားချက်တွေကျတော့
ဘယ်သူမှ နားမလည်ဘူး
ကိုယ်ကိုတိုင်ပဲ နားလည်ပေးပြီး
ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ရတာမျိုးတွေရှိတယ် ။

လူတိုင်းက အချစ်ဦးကိုရူး ကြတယ် ကိုယ်ကတော့ မင်းက နောက်ဆုံးလူ မို့အချစ်ဦးထက် ပိုရူးမိတယ်။-စစ်ငြိမ်း
15/07/2023

လူတိုင်းက အချစ်ဦးကိုရူး ကြတယ်
ကိုယ်ကတော့
မင်းက နောက်ဆုံးလူ မို့
အချစ်ဦးထက် ပိုရူးမိတယ်။

-စစ်ငြိမ်း

ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်ရွေးချယ်ဖို့ အဆင်မပြေလို့ ချန်ရစ်ခဲ့တဲ့အခါ အသာတကြည်ပဲ နေခဲ့လိုက်ပါ ။ချစ်ခြင်းမေတ္တာဟာ အတင်...
15/07/2023

ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
ရွေးချယ်ဖို့ အဆင်မပြေလို့ ချန်ရစ်ခဲ့တဲ့အခါ
အသာတကြည်ပဲ နေခဲ့လိုက်ပါ ။

ချစ်ခြင်းမေတ္တာဟာ
အတင်းကြိုးစားယူလို့ရတဲ့အရာမှ မဟုတ်တာ
ကိုယ်တို့ ချစ်ရတဲ့သူတွေကို
သူတို့ ချစ်တဲ့သူတွေအနားမှာပဲ ပျော်ပါစေ ။

#ရိပ်ငြိမ်

ဘဝမှာမလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။
14/07/2023

ဘဝမှာ
မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်
အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်
ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။

14/07/2023

နိဗ္ဗာန်တော့မသိဘူး...
ငရဲဆိုတာကတော့ မင်းသူ့ကိုသိပ်ချစ်ခဲ့တာ
ဆိုတဲ့စကားနဲ့ ခနခနရောက်ဖြစ်တယ်...။ 🥺💔

🍀💌
#လင်းသစ်ရောင်ရှိန်

Address

Taung Thar
Yangon

Website

Alerts

Be the first to know and let us send you an email when Hein Toe Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category