09/05/2024
"မင်း ..ဘာဖြစ်လို့ အာသာဖြေ
တာလဲ .."
ဒေါသထွက်နေတဲ့
မျက်လုံးရဲရဲတောက်နဲ့ စိုက်ကြည့်ပြီး
မေးနေတဲ့ဆရာမရဲ့မေးခွန်းကို
ကျွန်တော်ဘယ်လို ဖြေရမှာလဲ ။
အတန်းဆင်းသွားလို့
ဆရာမရဲ့ ကျူရှင်ခန်းလေးထဲမှာ
ကျွန်တော်တို့နှစ်ယောက်သာ
ရှိတော့သည်။
ဆရာမဆိုသည်မှာလည်း
အသက်ကြီးကြီးမဟုတ်
ကျွန်တော့်ထက်အလွန်ဆုံးကြီးမှ
ငါးနှစ်ခန့်သာဖြစ်မည်။
ဆရာမက...
တော်တော်ငယ်ပါသေးတယ်..
ပြီးတော့ ချောလည်းချောတယ်..
အညာသူပီပီ အသားညိုစိမ့်စိမ့်နှင့်
အတော်ကြည့်ကောင်းသည်။
အရပ်အတန့်အသင့်ရှည်၍
တောင့်သည်။
အသက်ငယ်သော်လည်း..
စကားပြောပြတ်သည်။
အခုလည်း...
ကျွန်တော်အာသာဖြေတာကို
သိသွာသောကြောင့် အလွန်အမင်း
ဒေါသထွက်နေလေသည်။
"မင်းကိုအေးပြီး..စာတော်တဲ့
ကလေးလို့ ထင်ထားတာ..
အခုလုပ်ပုံကိုကြည့်ဦး ..
အာသာဖြေတာ
မှန်လား..မှားလား.. ပြောစမ်း"
ဆရာမအသံမှာ တော်တော်ပင်
မာကျောနေသည်။
ဒေါသထွက်သောစိတ်ကြောင့်
ဖြစ်မည်ထင်သည်။
ခန္ဓာကိုယ်ကလေးမှာလည်း
တဆတ်ဆတ်တုန်နေလေသည်
"မှား ..မှားပါတယ်ဆရာမ"
"ကဲပြောစမ်းပါဦး
ဘာလို့အာသာ ဖြေရတာလဲ"
ကျွန်တော်မဖြေနိုင်ပါ ။
ဘာဖြေရမလဲမသိပါ ။
ဆရာမကျွန်တော့်ကိုကြည့်ပြီး
သက်ပြင်းချလိုက်သည်..။
အမူအရာမှာ စောစောကလောက်
မခက်ထန်တော့ပဲ
ပြေလျော့သွားဟန်တူသည်..။
ကျွန်တော့်ကိုစိုက်ကြည့်ပြီး...
"ဒီတစ်ကြိမ်တော့...
ခွင့်လွှတ်လိုက်မယ် "
ဟူး :::အခုမှရင်ထဲက
အလုံးကြီးကျသွားတော့သည် ။
"ကျေးဇူးတင်ပါတယ်ဆရာမ..
နောက်တစ်ခါဒီလိုအမှားမျိုး
ထပ်မလုပ်တော့ပါဘူးဆရာမ"
ဆရာမက မျက်လုံးရွန်းကြီးများနှင့်
ကျွန်တော့်ကို စိုက်ကြည့်နေသည်..
ထို့နောက်ကျွန်တော့်ပုခုံးကိုကိုင်ပြီး
"ကဲပါ ..မင်းက ကလေးဆိုတော့
တစ်ခါတစ်လေတော့ မှားမှာပေါ့ .."
"ဒါပေမယ့်သေချာတော့မှတ်ထားနော်..
ဝါတာလူးစစ်ပွဲမှာ..စစ်ရှုံးသွားတာ
ဘယ်သူလဲလို့မေးရင်..
နပိုလီယန်လို့ ဖြေရမှာနော် ..
အာသာလို့ ဖြေရမှာမဟုတ်ဘူး"
ဤသည်မှာ...
ကျွန်တော့်သမိုင်းဆရာမလေးမှ
အာသာဘုရင်ကြီးနှင့် နပိုလီယန်ကို
မှားဖြေသောကြောင့် ...
ကျွန်တော့်ကိုဆုံးမနေခြင်း
ဖြစ်ပေသတည်း ... :) :) :)
Crd #
Cried းးး photo