ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

  • Home
  • Myanmar
  • Yangon
  • ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး "စစ်မှန်ခြင်းရဲ့အရသာ ဆေးအိမ်ကြီးကို သတိရပါ" ဆေးနှင့် စားသောက်ကုန်များကို
☎️ 09 78888 9328 ☎️ 09 89000 9328 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ

Pharmacy and medical health

02/06/2026

ကမ်းဇော်ဆီ ကဘယ်လို ရောဂါမျိုးတွေ ပျောက်ကင်းလဲ ?
✅သဘာဝ ဆေးဘက်ဝင် ကမ်းဇော်ဆီပျောက်ကင်းသော ရောဂါများကို မျှဝေပေးပါရစေနော်

၁။ ကိုယ်ခန္ဓာဝမ်းတွင်း၌ ဖြစ်တတ်သော မြစ်ပွါးနာ အဖုအကြိတ်များ၊ အူတွင်းအနာ ၊အစာအိမ်အနာနှင့် အစာအိမ်ရောဂါများ၊ ချောင်းဆိုး သွေးပါရောဂါများတွင် ကမ်းဇော်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပျားရည် အနည်းငယ် ရောစပ်ပြီး တစ်နေ့ သုံးကြိမ်သောက်ပါက သက်သာပျောက်ကင်းစေပါသည်။

၂။ အပူလောင်၊ ရေနွေးပူလောင်၊ မီးအပူလောင်၊ ထိခိုက်နာဖြစ်ခြင်းတို့အတွက် ဝါဂွမ်းနှင့်ဆွတ်ပြီး တစ်နေ့ (၅ကြိမ်မှ ၁၀ကြိမ်အထိ)လိမ်းပေးပါက အနာလျင်မြန်စွာကျက်ပြီး အရေပြား၌အဖုထခြင်း၊ ပူခြင်းစပ်ခြင်း၊ အသားအရေကို လောင်ခြင်းမရှိဘဲ ပကတိအသားအရေအတိုင်း ပြန်လည်ကောင်းမွန်စေပါသည်။

၃။ ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါ အမျိုးမျိုး နှင့် နှလုံးသွေးကျောကျဉ်းရောဂါများ ၊ ကိုယ်တွင်း နှလုံးအဆို့ရှင် အနာများ အသားအရေခန်းခြောက် ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းရောဂါများတွင် ကမ်းဇော်ဆီကို တစ်ခါသောက် လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ တစ်နေ့ သုံးကြိမ်၊ အစား မစားမီ သောက်စေခြင်းဖြင့် သက်သာပျောက်ကင်း စေပါသည်။

၄။ အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာအမျိုးမျိုးဖြစ်ပွားပြီး ကြမ်းတမ်း နေလျှင် အဆီ ကို တစ်နေ့ သုံးကြိမ် လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

၅။ မြစ်ပွားနာ ၊ ဂရင်ဂျီနာ၊အဖုအကြိတ် ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုကွဲနာ များကို တစ်နေ့ 3 ကြိမ် လိမ်းပေးပါကပျောက်ကင်းပါသည်

၆၊ အမျိုးသမီးများ မီးယပ်၊ရောဂါ အသားအရည် ခမ်းခြောက်၊ ထုံကျင် ကိုက်ခဲသည့် ရောဂါများကို လိမ်းပေးခြင်း၊ သားအိမ်တွင်း မြစ်ပွားနာရောဂါများ အတွက် တစ်ရက် ၃ ကြိမ်သောက်ပေးခြင်း တို့ဖြင့် ပျောက်ကင်း ပါသည်။

၇။ ကျီပေါင်းတက်ခြင်း နှင့် အကြောရောဂါများ၊ ဇက်ခိုင်ခြင်း၊ ခါးနာခြင်း၊ အဆစ်အမျက် ကိုက်ခဲခြင်း၊ ဒဏ်ဖြစ်ပြီးရောင်ရမ်းခြင်း၊ ထုံကျဉ်ခြင်းကိုက်ခဲခြင်း နှင့် အနာမန်း ရှိပြီး ရောင်ရမ်းခြင်းတို့ကို ဒဏ်ကြေ အရောင်ကျ လိမ်း ဆေးအဖြစ် တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

၈။ နားအူခြင်း၊ နားတွင်း အနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင် အဆီများ ခမ်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံခြင်းများဖြစ်လျှင်
ကမ်းဇော်ဆီကို နားထဲသို့ နှစ်စက်ခန့် တစ်ရက် နှစ်ကြိမ် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။

၉။ အကြိတ်အဖုများ၊ အဆီကြိတ်များ လည်ပင်းကြီးရောဂါ များကို ကမ်းဇော်ဆီ တစ်နေ့သုံးကြိမ် လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ နာတာရှည် လူနာများ အိပ်ရာ အပူလောင်နာမဖြစ်မီ အရေ ပြား နီမြန်းနေပါက အဆီ ကို တစ်နေ့ ငါးကြိမ်ခန့်လိမ်းပေးခြင်းဖြင့် မူလအသားအရေအတိုင်း ပြန်လည် ကောင်းမွန် လာပြီး အိပ်ရာနာ (Bed Sore) ဖြစ်ခြင်းမှ ကာကွယ်တားဆီးနိုင်ကြောင်း စမ်းသပ် တွေ့ရှိပါသည်။

၁၁။ ကလေးများ၏ ကိုယ် ပေါ်၌ ခြင်ကိုက်ဖုများကိုမကြာခဏ လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းကြောင်း တွေ့ရှိရပါသည်။

❌ကမ်းဇော်ဆီ အသုံးပြုစဉ် မလိုလားအပ် သောဘေးထွက် ဆိုးကျိုးလက္ခဏာများ လုံးဝ မတွေ့ရှိရပါ။ ❌

✅✅ဒါကြောင့် မိသားစု များအတွက် "ကျန်းမာသက်ရှည်နေရအောင် ကမ်းဇော်ဆီ ကိုဆောင် " ဆိုသည့် ဆောင်ပုဒ် အတိုင်း

✅ကမ်းဇော်ဆီအစစ်ကို ပုလင်းထဲမှာ အဖုံးလုံအောင်ဖုံးထားပြီး နေရောင်ခြည်လုံးဝ မထိပဲ အေးမြ‌ခြောက်သွေ့သော နေရာတွင် သိမ်းထားပါကနောက် ထပ် ၅ နှစ်လောက်အထိ အာနိသင် နှင့် အနံ့မပြယ်ဘဲအသုံးပြုလို့ရတယ်ဆိုတော့ မိသားစုများအတွက် တန်ဖိုးရှိသော သက်စောင့်ဆေးအဖြစ် အိမ်တိုင်း ဆောင်ထားသင့်ပါကြောင်း

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး မှ ကျန်းမာရေးဗဟုသုတရရှိစေရန် မျှဝေပေးခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် လည်း ယခု ပို့စ် အား Share ပေးခြင်းဖြင့် ထပ်ဆင့်မျှဝေ ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည် 🙏

✅ဆေးအိမ်ကြီး ဆေးဆိုင် မှ ထုတ်လုပ်သော ✅

✅✅စော်ဘွားစံအိမ် အမှတ်တံဆိပ်✅ ✅

✅ဆေးဘက်ဝင် သဘာဝကမ်းဇော်ဆီ 💯 % စစ်စစ်သာ အာမခံရောင်းချပေးပါသည် ✅

✅ 40 ml - 18000 ကျပ်
✅ 80 ml - 36000 ကျပ်
✅ 175 ml - 70000 ကျပ်
✅ 350 ml - 140000 ကျပ်

✅ကမ်းဇော်ဆီ မှာယူ ရရှိနိုင်သောနေရာ✅

🏠 ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

အမှတ် (၈၅/၈၆) အခန်း(၁၈)၊ ‌မြေညီထပ်၊
ဘုရင့်နောင်လမ်းမ‌ပေါ် ၊ (ရွာမကွေ့မှတ်တိုင်အနီး)၊ (၂) ရပ်ကွက်၊ လှိုင်မြို့နယ် ၊ရန်ကုန်မြို့။

☎️ 09 89000 9328 ☎️ 09 78888 9328

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

(တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

✅ကိုယ်တိုင် ဆိုင်မှာ လာဝယ်လို့ရသလို

Ph & Viber Telegram / Page messager တို့မှလည်း ဆက်သွယ် မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်း နှင့် နယ်မြို့များ သို့ ဆေးရောက်ငွေချေစနစ် ဖြင့် အိမ်အရောက်ပို့ပေးပါတယ်နော်

🙏"သုံးစွဲသူများအားလုံး ကျန်းမာသုခပြည့်စုံကြပါစေ"🙏

01/06/2026
ဆီးနဲ့ပတ်သက်တာတွေအတွက် ကောင်းတဲ့ခံတက်ချဉ်ခံတက်ပင်ကို အစားအများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖ...
30/05/2026

ဆီးနဲ့ပတ်သက်တာတွေအတွက် ကောင်းတဲ့
ခံတက်ချဉ်

ခံတက်ပင်ကို အစားအများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ခံတက်ပင်က အရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် စားရတဲ့ အခေါက်ပါ)၊ အမြစ် တို့ကလည်း ဆေးဖက်ဝင် ပါတယ်။ ရှေးယခင် ကာလတွေ ကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အများက အသိအမှတ်ပြု ထားတာပါ။

နုတုန်းမှာ ချိုပြီး ရင့်လာတာ နဲ့အမျှ ဖန်တွန့်တွန့် ဖြစ်လာမယ်။ လုံးဝ ရင့်သွားတဲ့အခါ ခါးသွားတတ်တဲ့ ခံတက်ချဉ်လေး က

✅ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်။
✅ဆီးရွှင် စေတယ်။
✅ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေတယ်။
✅ဆီးကျိတ် ကျန်းမာစေတယ်။
✅လေထိုးလေအောင့် ကင်းစေတယ်။
✅အစာခြေစနစ် ကျန်းမာစေတယ်။
✅အစား စားချင်စိတ် ဖြစ်စေတယ်။
✅အဆစ်နာတာကို သက်သာစေတယ်။
✅ဆီးအိမ်ရောင်တာ သက်သာစေတယ်။
✅ဆီးကျောက်တည်တာ သက်သာစေတယ်။
✅ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်။
✅ခေါင်းကိုက် သက်သာစေတယ်။
✅အစာအဆိပ်သင့်တာကို ကာကွယ်ပေးတယ်။
✅ဆီးချိုရောဂါကို သက်သာစေနိုင်ပါတယ်။
✅ဆီး မထိန်းနိုင်တာကို သက်သာစေတယ်။
✅ကိုယ်တွင်းမှာ ကျောက်တည်တာကို သက်သာစေပါတယ်။
✅ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။
✅ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

အရွက်ကို ပြုတ်ပြီး ရလာတဲ့ အရည်၊ အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်၊ ပင်စည် အခေါက်ကို ပြုတ်ထားတဲ့ အရည်တွေကို အသုံးပြုပေးလို့ ရသလို အရွက်ကို အချဉ်တည်ထားတဲ့ ခံတက်ချဉ်လေး ကို စားပေးလို့လည်း ရပါတယ်။

⛔သတိထားရမယ့်အချက်များ⛔

ခံတက်ချဉ်လေး က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးသောက်သုံးနေရသူတွေက သတိထားပြီး စားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

22/05/2026
နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ နာနတ်သီးဟာ အရောင်၊ အဆင်း၊ အနံ့အရသာ ပြည့်စုံရုံတင်မက ဗီတာမင်၊ အင်ဇိုင်း၊ ဓာတ်တိုးဆန့်က...
18/05/2026

နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ

နာနတ်သီးဟာ အရောင်၊ အဆင်း၊ အနံ့အရသာ ပြည့်စုံရုံတင်မက ဗီတာမင်၊
အင်ဇိုင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အပူပိုင်းဒေသရဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေး ကောင်းကျိုးများ

➤ ကိုယ်ခံအားစနစ် မြှင့်တင်ပေး၍ နာကျင်ရောင်ရမ်းမှုများ သက်သာစေခြင်း

နာနတ်သီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဓာတ်ဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

ကြွက်သားများ နာကျင်ခြင်း၊ အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေထက် ပိုမိုသိသာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

➤ အရိုးအဆစ်နှင့် သွားများ သန်မာခြင်း

နာနတ်သီးမှာ အရိုးအားကောင်းစေတဲ့ သတ္တုဓာတ် Copper နဲ့ Manganese ပါဝင်ခြင်းကြောင့် အရိုးနှင့် သွားများကို သန်မာစေပါတယ်။

➤ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ပရိုတင်းခြေဖျက်နိုင်စွမ်းရှိတဲ့ Bromelain ကြွယ်ဝတာမို့ အစာခြေဖျက်ရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ ဒါကြောင့် အနောက်တိုင်းစတိုင် အသားဟင်းပွဲတွေမှာ နာနတ်သီးနဲ့တွဲဖက် ချက်ပြုတ်လေ့ရှိပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်လည်း ဝမ်းမှန်စေပါတယ်။

➤ ကင်ဆာရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း

ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာမို့ နာတာရှည်နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

➤ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါတဲ့ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှု ညီညွတ်စေပါတယ်။

❌ဒါပေမယ့် သင့်မှာ နာနတ်သီးနဲ့ ဓာတ်မတည့်မှုရှိရင်တော့ စားသုံးရန်မသင့်တော်ပါ။

⚠️ ဆောင်ရန် / ရှောင်ရန် ⚠️

အချိုလွန်ကဲတဲ့ နာနတ်သီးဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာများအတွက် ဂရုစိုက်သင့်ပါတယ်

❌ အစာအိမ်အက်ဆစ်များသူတွေ အလွန်အကျွံမစားသင့်ပါ။
❌ ဆီးချိုရှိသူတွေ သင့်တင့်ပမာဏသာ စားသင့်
❌ ဗိုက်ဆာချိန် အများကြီးစားရင်
အစာအိမ်ယားနိုင်တယ်။

❌အမှည့်လွန်၊ ယင်နားသောအသီး အလွန်အကျွံစားရာမှ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာတွေ ဖြစ်နိုင်လို့

✅✅✅လတ်ဆတ်၍ သန့်ရှင်းသော နာနတ်သီးကိုသာ သင့်တင့်သောပမာဏပဲ စားသုံးသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန်
ဆေးအိမ်ကြီးဆေးဆိုင် မှတဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

အေးတဲ့မိုးရာသီမှာ စိတ်ကို နွေးထွေးစေတဲ့အရာက IQ Boss ရွာငံကော်ဖီပါ☕✨☂️
15/05/2026

အေးတဲ့မိုးရာသီမှာ စိတ်ကို နွေးထွေးစေတဲ့အရာက IQ Boss ရွာငံကော်ဖီပါ☕✨☂️

IQ Boss - ရွာငံဒေသထွက် 100% Pure Coffee
တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှု့တွေကို ဖြေလျော့ပေးနိုင်တဲ့ Pure Coffee တစ်ခွက်ရဲ့ ကောင်းကျိုး

✅စိတ်ကြည်လင်မှုကို တိုးစေခြင်း
✅အာရုံစူးစိုက်မှုကောင်းခြင်း
✅ပင်ပန်းနွမ်းနယ်မှုကိုလျော့ပါးစေခြင်း
✅ခန္ဓာကိုယ် တက်ကြွစေပြီး Energy
တိုးစေခြင်း
✅Metabolism ကို မြှင့်တင်နိုင်ခြင်းကြောင့်
ကိုယ်ခန္ဓာအင်အားအသုံးပြုမှု တိုးစေတာမို့
လေ့ကျင့်ခန်း မလုပ်ခင် သောက်ရင် ပိုကောင်းစေပါတယ်။
✅ကိုလက်စတော နည်းတာကြောင့် ဝိတ်ချ နေတဲ့သူတွေ အတွက် အထူး သင့်တော်ပါတယ်။
✅Antioxidant ပါဝင်တာကြောင့် ကိုယ်ခံအားအတွက် အထောက်အကူပြုခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်ခင်ဗျာ🤩🤩🤩🤩

♦️သတိထားရမည့် အချက်များ

✅တစ်နေ့ 1-2 ခွက်သာ သောက်ရန်
✅မနက်ခင်း (သို့) နေ့လည်ပိုင်းသာသောက်ရန်
✅Fresh ဖြစ်စဥ်အတွင်းသောက်ရင်
ပိုကောင်းပါတယ်နော်
✅အေးမြခြောက်သွေ့သောနေရာတွင်
သိမ်းရန်

❌ညဘက်မသောက်ရ
❌ဗိုက်အလွန်ဆာနေချိန်မသောက်ရ
❌တစ်နေ့ ၃/၄ခွက်ကျော် မသောက်ရ

♦️သွေးတိုးရှိသူ/နှလုံးခုန်မြန်သူ/အစာအိမ်နာ/အစာအိမ်အောင့်သူများ/ကိုယ်ဝန်ဆောင်သည်များ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

Pure Coffee တွင် ပါဝင်သော Caffeine သည် စိတ်ကြည်လင်မှုနှင့် အင်အားတိုးစေခြင်းကိုအထောက်အကူ ပြုနိုင်ပြီးအလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြည်ရပါမည်

☕☕ IQ Boss 𝐂𝐨𝐟𝐟𝐞𝐞( 𝟏𝟎𝟎% 𝐏𝐮𝐫𝐞 𝐂𝐨ffee ) သောက်သုံးနည်း

✅ကော်ဖီမှုန့် ၁ ဇွန်း (သို့) ၁၀–၁၂ ဂရမ် ကို ရေနွေး ၁ ခွက် (၁၈၀–၂၀၀ ml) ဖြင့် ၃–၄ မိနစ်ခန့် စိမ်ပြီး သောက်သုံးနိုင်ပါသည်

✅မိမိအကြိုက် အရသာအလိုက် ကော်ဖီမှုန့်ပမာဏကို ချိန်ညှိနိုင်ပြီး နှစ်သက်သလို ဖျော်စပ်သောက်သုံးနိုင်ပါသည်။

✅ IQ Boss Pure Coffee သည် နို့မှုန့်မပါ၊ သကြားမပါ 𝟏𝟎𝟎% 𝐂𝐨𝐟𝐟𝐞𝐞 𝐏𝐨𝐰𝐝𝐞𝐫 သီးသန့်ဖြစ်တဲ့အတွက် Coffee စစ်စစ်ရဲ့ အရသာကို အထူးခံစားရပြီး ဝိတ်ချနေသူများနှင့် ဆီးချိုရှိသူများအတွက်သောက်သုံးရန်အထူး သင့်တော်ပါသည်။

⚠️ အရောအ‌နောမပါသော Pure Coffee ဖြစ်သောကြောင့် အနံ့၊ အရသာ ပြောင်းလဲနိုင်ခြင်းမှာ သဘာဝကော်ဖီ၏ သဘောတရားဖြစ်ပါသည်။သဘာဝကော်ဖီဖြစ်တာမို့ အနံ့နှင့် အရသာသည် ကင်လှော်ချိန်၊ သောက်သုံးနည်း၊ သိမ်းဆည်းပုံအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါသည်။

အေးမြ၍ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားပြီး ကော်ဖီဗူး ဖွင့်ပြီးနောက် အချိန်တိုအတွင်း သောက်သုံးပါက အရသာ ပိုမိုကောင်းမွန်ပါသည်။

✅ရန်ကုန်မြို့တွင်း နှင့်နယ်မြို့များ သို့ ပစ္စည်းရောက် ငွေချေ COD စနစ်ဖြင့် အိမ်အရောက်ပို့ပေးပါတယ်နော်

မိမိနှစ်သက်ရာ မှာယူလို့ပါက

Phone or Viber 09 890 009328

သို့မဟုတ် Page messager မှလည်း မှာယူနိုင်သလို ဆိုင်တွင်လည်း လူကိုယ်တိုင် လာရောက် ဝယ်ယူနိုင်ပါတယ်ခင်ဗျ။

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

အမှတ် (85/86) အခန်း(18)၊ မြေညီထပ်
ဘုရင့်နောင်လမ်းမပေါ် ရွာမကွေ့မှတ်တိုင် အနီး (၂)ရပ်ကွက်၊ လှိုင်မြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

Phone 09 89000 9328 ,09 78888 9328

စေတနာ နှလုံးသွေးကြောပွင့်ဆေး ပြန်ရောက်ပါပြီခင်ဗျာ🤩🤩🤩🤩🤩"စေတနာ" နှလုံးသွေးကြောပွင့်ဆေးကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင်...
12/05/2026

စေတနာ နှလုံးသွေးကြောပွင့်ဆေး ပြန်ရောက်ပါပြီခင်ဗျာ🤩🤩🤩🤩🤩

"စေတနာ" နှလုံးသွေးကြောပွင့်ဆေးကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင့် .....

🔴 နှလုံးသွေးကြောကျဥ်းရောဂါ၊သွေးတိုးရောဂါ တို့ကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုကောင်းစေခြင်း။

🟢 သွေးပျစ်ခြင်းနှင့် သွေးတွင်းအဆီပိုများကို သဘာဝအတိုင်းလျော့ကျစေခြင်း။
အသည်းအဆီဖုံးခြင်း နှင့် လေဖြတ်လေငန်းရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

🟣 ကိုယ်ခံစွမ်းအားကိုလဲ မြှင့်တင်ပေးပြီး မောပန်းခြင်းကင်းဝေးစေခြင်း။
ဗိုက်ပူအဝလွန်သူများ၊ အညောင်းထိုင်သူများ၊ ဝမ်းချူပ်တတ်သူများ၊ဝိတ်ချချင်သူများအတွက် အထူးသင့်တော်ပါသည်။

🍀 အစာလည်း ဆေး 🌳 ဆေးလည်း အစာ ဆိုသည့်အတိုင်း ကိုယ်ခံအားကောင်းဖို့ရာစားသုံးရန်လိုအပ်သည့်

✅ဥတလုံးကြက်သွန်ဖြူရည်
✅ချင်းရည်
✅ပန်းသီးရှာလကာရည် ( Made in USA 🇺🇸 )
✅ရှောက်ရည်
✅ပျားရည်စစ်စစ် စသည့်

#သဘာဝဆေးဖက်ဝင် Organic_Herb__များဖြင့်သာ စနစ်တကျထုတ်လုပ်ထားပါသည်။

ဆေးသောက်ရန် အညွှန်း

✅⚠️⚠️မနက်စာ မစားမီ သောက်သုံးရန်⚠️⚠️✅

လူကြီး - တစ်နေ့ (၁)ကြိမ်
ထမင်းစားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း

ကလေး - တစ်နေ့ (၁)ကြိမ်
လက်ဖက်စားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း

#ကျန်းမာရေးလိုက်စားသူများအတွက်

ဆေးစွမ်းကောင်းတစ်လက်မို့ ဆေးတိုက် ရဲ့
မူရင်းစျေးအတိုင်း လက်လီ/ လက်ကား ပြန်လည်ရောင်းချပေးခြင်းဖြစ်ပါတယ်နော်

✅ပုလင်းကြီး 850ml( ၁ လခွဲစာ ) = 35000 ကျပ်

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် တိုင်းရင်းဆေး
ဖြန့်ချီရေး

အမှတ် (85/86) အခန်း (18) မြေညီထပ်
ဘုရင့်နောင် လမ်းမ (ရွာမကွေ့မှတ်တိုင်အနီး )
(2) ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။

☎️ 09 78888 9328
☎️ 09 89000 9328

ရန်ကုန်မြို့တွင်းမှ ဝယ်ယူသူများအား
အိမ်ရောက်ငွေချေဖြင့် ပို့ဆောင်ပေးပြီး
နယ်မှ ဝယ်ယူသူကိုလည်း ကားဂိတ်မှတဆင့် ပို့ပေးပါတယ်။

Ninja Van ရောက်တဲ့ မြို့နယ်များလည်း ပစ္စည်းရောက် ငွေချေ ဝန်ဆောင်မှု ရပါတယ်ခင်ဗျာ မြို့နယ်ပေါ်မူတည်ပြီး ပို့ဆောင်ခ နှုန်းထား အနည်းငယ် ကွာခြားမှုရှိပါတယ်ဗျ။

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့  သရက်သီးသရက်သီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပေါများစွာထွက်ပြီး ဆင်းရဲချမ်းသာမရ...
30/04/2026

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့ သရက်သီး

သရက်သီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပေါများစွာထွက်ပြီး ဆင်းရဲချမ်းသာမရွေးလူတန်းစားအားလုံး စားနိုင်သော အသီးဖြစ်ပါတယ်။

အခြေခံအားဖြင့် အမျိုးအစားခွဲမယ်ဆိုရင်တော့ သရက်သီးအသားမာပြီး အမျှင်နည်းသောအမျိုးနဲ့ သရက်သီးအသားပျော့ပြီး အရည်ရွှမ်းကာ အမျှင်များသောမျိုးဆိုပြီး နှစ်မျိုးပဲခွဲခြားနိုင်ပါတယ်။

သရက်သီးကိုအမျိုးမျိုးလုပ်စားကြပြီး
စသီးတဲ့ အရွယ်ငယ်ငယ်လေးတွေကို တို့စရာအဖြစ် ငပိရည်နဲ့ တို့စားကြသလို နည်းနည်းကြီးလာပြီး မမှည့်သေးချိန်မှာတော့ ငံပြာရည်တို့ငရုတ်သီးတို့ ဆားတို့ ထည့်ကာ သုပ်စားကြသလို သရက်ချဉ်၊ သရက်သီး ဆားရည်စိမ်၊ သရက်သီးပိုးတီ၊ သရက်သီးသနပ် စသဖြင့်လည်းလုပ်ကာ တနှစ်ပတ်လုံးစားလို့ရအောင် စီစဉ်ထားကြပါတယ်။

သရက်သီးအမှည့်အနေနဲ့ကတော့ နွေရာသီနှောင်းပိုင်းနဲ့ မိုးရာသီအစလတွေမှာ ပေါပေါများများပေါ်လေ့ရှိပြီး ထမင်းနဲ့ သရက်သီးမှည့်နဲ့ စားတာလည်းရှိသလို ထမင်းစားပြီးတဲ့နောက် အချိုပွဲအနေနဲ့ စားကြတာလည်းရှိပါတယ်။ ဒါ့အပြင် သရက်သီးမှည့်တွေကို သရက်ယို၊ သရက်ပျဉ် စသဖြင့်လည်း လုပ်ထားပြီး အချိုပွဲအနေနဲ့စားကြပါသေးတယ်။

ဒီလိုအမျိုးမျိုးစားလို့ရလို့ လူစားများပြီး စားလို့လည်းကောင်းတဲ့သရက်သီးဟာကျန်းမာရေးအတွက်ကိုလည်း အထောက်အကူပြုပါသေးတယ်။

✅သရက်သီးမှာ ဗီတာမင်အေ ကြွယ်ဝစွာပါပါတယ်။
ဗီတာမင်အေဟာ မျက်လုံး အမြင်အာရုံလွှာ (Retina) အတွက် အလင်းရောင်ခြယ်ဆေး (photosensitive pigment) တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့နေရာက နေပါသလို

✅အရေပြားတွေရဲ့ တင်းရင်းမှုကြံခိုင် ကျန်းမာမှုအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။

✅ဒါ့အပြင် ဗီတာမင်အေဟာ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းဖို့အတွက်လည်း အထောက်အကူပေးတဲ့ဗီတာမင်ပါ။

♦️ဒါကြောင့် သရက်သီးစားခြင်းဖြင့် ဗီတာမင်အေများစွာရတဲ့အတွက် မျက်စိကြည်၊ မျက်စိအမြင်အာရုံတွေကောင်းပြီး အသားအရေလည်း စိုပြေတင်းရင်းစေကာ ကြက်မျက်သင့်ရောဂါ (Night blindness)၊ ကြာဆူးပေါက်တာမျိုးတွေလည်း ဖြစ်ပွားနိုင်ခြေနည်းလာပါတယ်။

✅သရက်သီးမှာ ဗီတာမင်အေ အပြင် ဗီတာမင်စီ၊ သတ္ထုဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေလည်း ပါတဲ့အတွက် ကိုယ်ခံအားကောင်းစေကာ သွေးတွင်းကိုလက်စထရောကို နည်းစေပြီး သွေးလွှတ်ကြောမာတာ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စတဲ့ရောဂါတွေရဲ့ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

✅ဒါ့အပြင် အမျှင်ဓါတ်ကလည်း များစွာပါတာကြောင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်ပေးပါတယ်။

⚠️နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သရက်သီးဟာ အစိမ်းဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် စားလို့အရမ်းကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်များစွာရှိပေမယ့်
❌အမှည့်လွန်သရက်သီးတွေ၊ ယင်နားထားတဲ့ သရက်သီးတွေစားမိရင်တော့ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်နိုင်လို့

✅စားတဲ့အခါမှာ သတိပြုပြီး စားသုံးသင့်ပါတယ်။

❌ဆီးချိုရောဂါအခံရှိသူတွေ အနေနဲ့ဆိုရင်တော့ သရက်သီးအမှည့်တွေ၊ သရက်ယိုတွေ၊ သရက်ပျဉ်တွေကို လုံးဝမစားတာ ကောင်းပါတယ်။ ဆီးချို တအားတက်လာနိုင် လို့ပါ။

ရေးသားသူ Dr 528 အား လေးစားလျက်
OnDoctorမှ ကူးယူဖော်ပြပါသည်။

Address

No 85/86 Room (18), Ground Floor, Bayint Naung Road( Near YwarMa Gway Bus Station) 2 Quarter Hlaing Township Ph/09 89000 9328
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959788889328

Website

Alerts

Be the first to know and let us send you an email when ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး:

Share