Emerald May Organic Foods

Emerald May Organic Foods online shop

တစ်နေကုန်မတ်တပ်ရပ်ထားရပြီး ခြေလှမ်းတိုင်းမှာ စူးခနဲနာကျင်ခြင်းကိုခံစားနေရသူတွေအတွက် အိမ်တွင်းဆေးစွမ်းတစ်မျိုး👣 ခြေလှမ်းတ...
16/03/2026

တစ်နေကုန်မတ်တပ်ရပ်ထားရပြီး ခြေလှမ်းတိုင်းမှာ စူးခနဲနာကျင်ခြင်းကိုခံစားနေရသူတွေအတွက် အိမ်တွင်းဆေးစွမ်းတစ်မျိုး

👣 ခြေလှမ်းတိုင်းမှာ စူးခနဲ နာကျင်နေပြီလား? (ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်ဖိုအိမ်တွင်းဟင်းချက်ပစ္စည်းအချိုကိုသုံးပြီး
ကုသလိုရနေပါပြီ။
မနက်အိပ်ရာထလို ခြေလှမ်းစလှမ်းလိုက်တာနဲ့ ဖနောင့်က အပ်နဲ့ထိုးသလို နာကျင်တာဟာ ခြေဖဝါးအမြှေးပါးရောင်ခြင်း (Plantar Fasciitis) ကြောင့် အဖြစ်များပါတယ်။ ဆေးသောက်ရုံနဲ့ မသက်သာရင် ငွေကုန်ကြေးကျမရှိတဲ့ ဒီသဘာဝနည်းလမ်းတွေကလက်တွေ့မှာအင်မတန်အသုံးဝင်ပါလိမ့်မယ်ဗျာ။
🌟 ၁။ "မကျည်းသီး + ဆား" ကုထုံး
အရောင်ကျစေဖိုအတွက် အထိရောက်ဆုံး အပြင်လိမ်းဆေးနည်းပါ။
• လုပ်ဆောင်ပုံ: မကျည်းသီးမှည့်ကို ဆား (ဆားကြမ်းဆိုပိုကောင်း) နဲ့ ရောနယ်ပါ။
• အသုံးပြုနည်း: ရလာတဲ့အနှစ်ကို မီးအေးအေးနဲ့ ခပ်နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ညအိပ်ခါနီး ဖနောင့်မှာ ထူထူလေးအုံ၊ ပတ်တီးစည်းထားပါ။
• (၃) ရက်လောက် ဆက်တိုက်လုပ်ပေးရင် ဖနောင့်ရောင်တာ သိသိသာသာ ကိုယ်အလေးချိန်ကို ထိန်းညှိပါ။ဖိနပ်အသားမာမာ စီးခြင်းကို ရှောင်ကြဉ်ပြီး အိမ်ထဲမှာတောင် ဖိနပ်အိအိ ကို အမြဲစီးထားပါ။ဖနောင့်နာနေစဉ် အလေးအပင် မခြင်းကို ခေတ္တရပ်နားပါ။

"မိဘဘိုးဘွားတွေနဲ့ ဝေဒနာခံစားနေရသူတွေ သိရအောင် ဒီဆေးနည်းကောင်းလေးကို မျှဝေပေးဖိုမမေ့ကြပါနဲ့ဗျာ။

#ဗဟုသုတကမ္ဘာ #ထူးဆန်းထွေလာ #ကျန်းမာရေး #ထူးခြားဆန်းကြယ်

"ခန္ဓာကိုယ်မှာ ထုံကျဉ်တိုင်း ပေါ့ဆလို့မရပါဘူး...တစ်ချို့ထုံကျဉ်မှုတွေက လေဖြတ်ဖို့ ၅ မိနစ်အလိုမှာ ဦးနှောက်ကနေ ပေးတဲ့ အရေး...
16/01/2026

"ခန္ဓာကိုယ်မှာ ထုံကျဉ်တိုင်း ပေါ့ဆလို့မရပါဘူး...တစ်ချို့ထုံကျဉ်မှုတွေက လေဖြတ်ဖို့ ၅ မိနစ်အလိုမှာ ဦးနှောက်ကနေ ပေးတဲ့ အရေးကြီး သတင်း တွေပါ! 🚨"

𝟏. "မျက်နှာတစ်ခြမ်း + လက်တစ်ခြမ်း တစ်ပြိုင်နက်ထုံကျဉ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Motor Cortex လို့ခေါ်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုထိန်းချုပ်တဲ့အပိုင်းကို သွေးမရောက်လို့
· ဦးနှောက်အပြင်လွှာကို သွေးခဲပိတ်ဆို့နေတာကြောင့်

⚠️ ဘယ်လိုစစ်ဆေးမလဲ?
· လက်ချောင်းတွေကို ဆုပ်ညှစ်ကြည့်ပါ - ညှစ်လို့မရဘူးဆိုရင်
· ပြုံးကြည့်ပါ - ပါးစပ်တစ်ခြမ်းစောင်းနေရင်
· လက်မောင်းမြှောက်ကြည့်ပါ - တစ်ဖက်က ရုတ်တရက်ကျသွားရင်

𝟐. "ခြေထောက်တစ်ဖက်တည်း ရုတ်တရက်အားပျယ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Internal Capsule လို့ခေါ်တဲ့ အာရုံကြောလမ်းကြောင်းအဓိကပိုင်းမှာ သွေးကြောပိတ်နေလို့
· ဦးနှောက်ပင်မအစိတ်အပိုင်းကို သွေးမရောက်တော့တာ

⚠️ အရေးပေါ်လက္ခဏာ
· ရုတ်တရက် ခြေထောက်ကျဲထွက်သွားတာ
· မတ်တပ်ရပ်လို့မရတာ
· လမ်းလျှောက်ရင် ဒူးထစ်ကျိုးကျနေသလိုခံစားရမယ်

𝟑. "စကားပြောရခက်ခဲပြီး လက်ချောင်းထုံကျဉ်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Broca's Area လို့ခေါ်တဲ့ ဘာသာစကားဗဟိုဌာနကို သွေးမရောက်လို့
· ဦးနှောက်ဘယ်ဘက်ခြမ်းက ဘာသာစကားဗဟိုဌာန ပျက်စီးနေလို့

🗣️ စမ်းသပ်နည်း
· ရိုးရိုးစကားတစ်ခွန်းပြောခိုင်းပါ (ဥပမာ - "ဒီနေ့ ရာသီဥတုကောင်းတယ်")
· "ငါဘာပြောချင်တာလဲ" ဆိုတာ ရုတ်တရက်မေ့သွားတတ်တယ်
· စကားလုံးတွေ မပီသလိုဖြစ်နေရင်

𝟒. "မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံး မြင်လွှာပြောင်းခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Occipital Lobe လို့ခေါ်တဲ့ အမြင်အာရုံဗဟိုဌာနထိခိုက်လို့
· ဦးနှောက်နောက်ပိုင်းကို သွေးမရောက်တော့တာ

👀 စစ်ဆေးနည်း
· လက်ချောင်းတစ်ချောင်းကို အာရုံစိုက်ကြည့်ပါ - နှစ်ချောင်းမြင်ရင်
· မျက်စိတစ်ဖက်စီပိတ်ပြီး မြင်ကွင်းစစ်ဆေးပါ
· ရုတ်တရက် မျက်လုံးတစ်ဖက်/နှစ်ဖက်လုံး မှုန်သွားရင်

𝟓. "ခေါင်းကိုက်ခြင်း + ခန္ဓာကိုယ်တစ်ခြမ်းထုံခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်အတွင်းသွေးယိုတဲ့လက္ခဏာဖြစ်နေလို့
· သွေးကြောပေါက်ပြီး ဦးနှောက်ထဲသွေးယိုနေတာ

💥 အရေးပေါ်လက္ခဏာ
· "တစ်သက်မှ ဒီလိုမျိုးခေါင်းမကိုက်ဖူးဘူး" ဆိုတဲ့ခံစားချက်ရှိမယ်
· အန်ချင်သလိုလို ခံစားရမယ်
· အလင်းရောင်ဒဏ်မခံနိုင်တော့တာ

𝟔. "ခြေလက်တွေ ထုံကျဉ်ပြီး ဟန်ချက်မထိန်းနိုင်ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Cerebellum လို့ခေါ်တဲ့ ဟန်ချက်ထိန်းစနစ် ထိခိုက်လို့
· ဦးနှောက်နောက်ပိုင်းအစိတ်အပိုင်း ပျက်စီးနေလို့

⚖️ စစ်ဆေးနည်း
· မျက်စိမှိတ်ပြီး ခြေဖျားထောက်ရပ်ကြည့်ပါ
· ဟန်မချက်ညီရင် အန္တရာယ်ရှိတယ်

𝟕. "ဆီး/ဝမ်း ထိန်းမရတော့ခြင်း"

🧠 ဘာကြောင့်ဖြစ်ရတာလဲ?
· ဦးနှောက်ရဲ့ Spinal Cord နဲ့ Autonomic Nervous System ထိခိုက်လို့
· ဆီးဝမ်းထိန်းတဲ့အာရုံကြောတွေ အလုပ်မလုပ်တော့တာ

💧 အရေးပေါ်လက္ခဏာ
· ရုတ်တရက် ဆီးသွားချင်ပြီး မထိန်းနိုင်တော့တာ
· ဆီးအိမ်ထိန်းချုပ်မှု ပျောက်ဆုံးသွားတာ

ဘယ်လိုလူတွေ ပိုသတိထားသင့်လဲ? 🎯

· 🩸 သွေးတိုးရှိသူများ - သွေးကြောတွေကို ဖိအားများစေလို့
· 🍬 ဆီးချိုရောဂါရှိသူများ - သွေးကြောတွေမာပြီးကျဉ်းစေလို့
· ❤️ နှလုံးရောဂါရှိသူများ - နှလုံးခုန်မမှန်တာက သွေးခဲဖြစ်စေလို့
· 🚬 ဆေးလိပ်သောက်သူများ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေလို့
· 👵 အသက် ၅၅ နှစ်အထက်များ - သက်ကြီးရွယ်အိုတွေမှာ သွေးကြောတွေပျက်စီးလာလို့

အရေးပေါ်ဘာလုပ်ရမလဲ? 🚑

𝟏. ချက်ချင်းဆေးရုံသွားပါ - (၆ နာရီအတွင်း) မှာ ကုသနိုင်ရင် ပြန်ကောင်းနိုင်တယ်

𝟐. ဆေးရုံသွားရင်း ဒီအချက်တွေမှတ်ထားပါ

· လက္ခဏာစချိန်
· ဘယ်အစိတ်အပိုင်းတွေထုံနေလဲ
· ဆေးဝါးမှတ်တမ်း

𝟑. ဒီအမှားတွေမလုပ်ပါနဲ့

· "ဒါပဲထိုင်နေမယ်" ဆိုပြီးစောင့်မနေပါနဲ့
· ဆေးရွက်ကြီးတိုက်တာ၊ ဆေးဖက်ဝင်အပင်တွေနဲ့ မကုသပါနဲ့

ကာကွယ်နည်း (၅) ချက️် 🛡️

𝟏. သွေးပေါင်ချိန်မှန်မှန်စစ်ပါ - 120/80 mmHg အောက်ထိန်းပါ
𝟐. ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေတယ်
𝟑. ဆားနဲ့အဆီလျှော့စားပါ - ဆားက သွေးတိုးစေ၊ အဆီက သွေးကြောပိတ်စေတယ်
𝟒. တစ်နေ့မိနစ် ၃၀ လမ်းလျှောက်ပါ - နှလုံးသွေးကြောကျန်းမာရေးကောင်းစေတယ်
𝟓. စိတ်ဖိစီးမှုလျှော့ချပါ - စိတ်ဖိစီးမှုက သွေးတိုးတက်စေတယ်

သတိပေးချက်
"လေဖြတ်တာက ကြိုတင်အသိပေးလေ့ရှိပါတယ်...
ဒီလက္ခဏာတွေကို ပေါ့ဆမနေပါနဲ့!
စောစောသိ၊ စောစောကုသ၊ အသက်ရှင်ပါ! ❤️"


#လေဖြတ်ခြင်း #ထုံကျဉ်ခြင်း #အရေးပေါ်ကျန်းမာရေး #ဦးနှောက်ရောဂါ #သတိပေးချက်

အိုလေ ကောင်းလေ ဖြစ်ရမယ်  ************************ဖတ်ကြည့်နော်... #အသက်ဆိုတာ...ရပ်မနေဘူး။တစ်ရွေ့ရွေ့နဲ့ ကြီးနေတာဆိုတော့ကိ...
16/01/2026

အိုလေ ကောင်းလေ ဖြစ်ရမယ်
************************
ဖတ်ကြည့်နော်...

#အသက်ဆိုတာ...
ရပ်မနေဘူး။

တစ်ရွေ့ရွေ့နဲ့ ကြီးနေတာဆိုတော့

ကိုယ်ကလည်း
တစ်နေ့တစ်နေ့
ကုသိုလ်ပြုဖို့ မမေ့ရဘူး။

#ရုပ်အိုပေမယ့်
စိတ်ဓာတ်တွေ နုပျိုနေရမယ်။

ရုပ်အိုတိုင်း
စိတ်ဓာတ်တွေပါ အိုသွားမယ်ဆို
အိုတာ
ဘာမှ မကောင်းဘူးပေါ့...

#အိုသွားတဲ့ အခါ...
ဦးခေါင်းက ဆံပင်တွေ
ဖြူလာသလို

ကိုယ်ကျင့်တရားတွေဟာလည်း
အသက်အရွယ် ကြီးလာတာနဲ့အမျှ
ပိုပြီး
ဖြူစင်နေအောင် သတိမူရမယ်။

#အိုသွားတဲ့ အခါ...
အားအင်တွေပါ နည်းသွားမယ်။

အားအင်တွေ နည်းသွားပေမယ့်
တရားအသိတွေနဲ့
အသိတရားတွေ အားကောင်းနေရမယ်။

#အသက်ကြီးလာလို့မှ
အသိတရား ကြီးမလာဘူး ဆိုလျှင်တော့

အိုကြီး အိုမနဲ့
အနေလည်း ခက်
အသေလည်း ခက်ရတော့မပေါ့...

#အိုသွားတဲ့ အခါ...
ကိုယ့်လက် ကိုယ့်ခြေနဲ့
ရပ်တည်ဖို့ မလွယ်တော့ဘူး။

မလွယ်တဲ့ အခက်တွေကြားမှာပဲ
ကိုယ့်အတွက်ကို ကောင်းစေမယ့်
အကြောင်းအချက်အလက်တွေ
ကောင်းသထက် ကောင်းအောင်
ရှာဖွေနေရမယ်။

#အိုလို့ မကောင်းတာထက်
ကောင်းအောင် မအိုတတ်တာ
ပိုခက်ပါတယ်။

#ပြောနိုင်တုန်း
ကောင်းတာ ပြော

#ရှင်နေတုန်း
ကောင်းအောင် နေ။

#တွေးနေတိုင်း
ကောင်းတာ တွေး။

#ဘယ်အရေးမှ ဝင်မနှောင့်နဲ့။

#နောက်ဘဝ စိတ်အေးဖို့ရာ...
ကိုယ့်ကံကြမ္မာပဲ ကိုယ်မြှင့်တင်ပါ။

Credit -အရှင်ဥာဏိန္ဒ(ရာမည)

မေတ္တာဖြင့်...
အရှင်ပုည( ဝကုန်း )

အခါခါ ဖြုတ်ချလို့ အခါခါ ပြန်တင်တာပါပဲSKC ❤️အော်တီဇင် ဂဏာမငြိမ် စသည့်လက္ခဏာရှိသော ကလေးတွေကSKC ❤️သူများနိုင်ငံမှာ သာမာန်ကျ...
26/12/2024

အခါခါ ဖြုတ်ချလို့ အခါခါ ပြန်တင်တာပါပဲ

SKC ❤️အော်တီဇင် ဂဏာမငြိမ် စသည့်
လက္ခဏာရှိသော ကလေးတွေက
SKC ❤️သူများနိုင်ငံမှာ သာမာန်ကျောင်းတက်ခွင့်ရတယ်
SKC ❤️မြန်ပြည်မှာ သာမာန်ကျောင်း ဘာကြောင့် တက်မရတာလဲ
SKC ❤️ခွဲခြားဆက်ဆံခံရတာလား
SKC ❤️နည်းပညာ အခက်အခဲလား
SKC ❤️သူများနိုင်ငံနဲ့ ပြည်တွင်း အခြေအနေ နည်းနည်းပြောမယ်

SKC ❤️1.ကလေးမွေးလာတာနဲ့ ဖွံ့ဖြိုးမှု စစ်ဆေးနည်းစနစ်တွေနဲ့ 3လတကြိမ် စစ်ဆေးရန် နည်းစနစ်တွေနဲ့
သူများနိုင်ငံရဲ့ လူသားစောင့်ရှောက်မှု program ကောင်း‌ေတာ့ မိဘတွေကိုယ်တိုင်က ဗဟုသုတရှိတယ်။ သူများနိုင်ငံမှာ လူသားဖြစ်ရတာ မွေးလာတာနဲ့ စနစ်ကျ‌ေသာ စောင့်ရှောက်မှုရှိတယ်။

ကလေးဖွံ့ဖြိုးမှု စစ်ဆေးသည့်နည်းစနစ်

Day 1- 0 to 1 years - https://youtu.be/DzGietEVrGE

Day 2- 1-2 years - https://youtu.be/YWE8Z6gLgQ4

Day 3- 2-3 years - https://youtu.be/g8OvG8lO72o

Day 4- 3-4years - https://youtu.be/ZYNhs_5WDFE

Day 5- 4-5 years - https://youtu.be/tykuhLRrr84

Day 6- 5-6 years - https://youtu.be/rLCcTiX56ug

Day 7- 6-12 years- https://youtube.com/live/tMFmFbhdT_c

အပိုင်း (၁) မွေးကင်းစမှ 18လအထိ
https://www.facebook.com/SmartKidsCollege/videos/534329987241629

အပိုင်း (၂) ၁၉လ မှ ၆၀လအထိ link
https://www.facebook.com/SmartKidsCollege/videos/551251652492642

SKC ❤️လသားအရွယ်ရောက်တာနဲ့ ဖွံ့ဖြိုးမှု နောက်ကျတယ်ထင်ရင် တခါတည် intervention program ကြိုတင်ပံ့ပိုးပြုပြင်သင်ကြားတယ်။ ကျွန်မသား 9လမှာ အထူးသင်ကြားရေး intervention programမှာ ကျောင်းထားခွင့်ရပြီ။ ကလေးနဲ့ မိဘကိုယ်တိုင် therapy များစွာနဲ့ တွေ့ဆုံကာ လိုက်သင်ယူရတယ်။ ကလေးကို လေ့ကျင့်ပေးရတယ်။ ဒါတောင် သားက မွေးရာပါရောဂါရှိလို့ 10နှစ်ထက် အသက် မရှည်နိုင်ဘူးလို သတ်မှတ်ခံထားရသော ကလေးပါ။

SKC ❤️ကိုယ်ဆီမှာ ကလေးဖွံ့ဖြိုးအကြောင်း စစ်ဆေးပေးသော နေရာမရှိ၊ မိဘကလည်း ကလေးနဲ့ ဆိုင်သောဗဟုသုတမရှိ၊ ကလေးမမွေးခင်မှာ ကလေးဖွ့ံဖြိုးမှုနဲ့ ကလေးပျိုးထောင်နည်း ဘယ်လို ပြင်ဆင် နေထိုင်ရမယ် အများစုက မသိတာများပါတယ်။

SKC ❤️သာမာန်ခက်ခဲ ဆင်းရဲတဲ့ဘဝမှာ စာဝတ်နေရေးသာ ရုန်းကန်နေရပြီး ပညာနဲ့ အသိ နည်းပါးစွာ နေကြရသူများပါတယ်။

နိုင်ငံပြဿနာလို့ မပြောနဲ့ နိုင်ငံရေးပါကုန်မယ်
ပြည်သူ့ပြဿနာကို ဘယ်မိဘပြည်သူကမှ
မဖြေရှင်းပဲနေရင် ဒီအတိုင်းလေး
ကိုယ်ကလေးနဲ့ ဆက်‌ခံစားကာ နေသွားပါ

SKC ❤️2. သူများနိုင်ငံမှာ လသားကတည်းက စောစောသိတာနဲ့ အထူးပညာရေးစနစ်တွေ therapy ကုထုံးများစွာနဲ့စောစောလေ့ကျင့်ရင် ကလေးအသက် 6နှစ်ဆိုရင် သာမာန်ကလေးလောက်နီးပါး နေထိုင်သွားလာ သင်ယူနိုင်နေပြီ

SKC ❤️မြန်ပြည်မှာ ကလေးနောက်ကျသလိုပဲလို
ပြောမိရင် ကျောင်းထုတ်သွားတယ်
တရားစွဲမယ် နင်ကဘာလဲ ဆိုတာအရင်ပါ
ရန်တွေ့ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်တာလည်း
ရှိဖူး ကြားဖူးတာ ကြုံဖူးတာ များပါတယ်

SKC ❤️ တကယ့်ပြဿနာက ကလေးနဲ့ ပတ်သက်သော
ဖွံဖြိုးမှုနောက်ကျခြင်း စစ်ဆေးနည်း စတဲ့ အသိပညာ ဗဟုသုတကို ဘာမှကို မရှိကြတာပါ။
မသိခြင်းတရားကြောင့် ဘာမှ မသိမမြင်နိုင်ပါ
အဓိက အရင်းအမြစ်ကတော့ ပညာမဲ့ရေးစနစ်ကြောင့်ပါပဲ

SKC ❤️ ကုမရတဲ့ရောဂါလို့ ပြောတာနဲ့
ပြောတဲ့သူကို အရင် နာမည်ဖျက်မယ်
သတ်မယ် ဖြတ်မယ် တရားစွဲမယ်မလုပ်ပဲ

SKC ❤️ ရေရှည် လေ့ကျင့်ရင် တိုးတက်ကောင်းမွန်လာနိုင်တယ် လို့ပြောလဲ ဆရာမတို့က အရည်အချင်းမရှိလို့ ကလေးကို ချက်ချင်းကောင်းအောင် သင်မပေးနိုင်တာပါဆိုပြီး ဆရာဝန် ဆရာမ တစ်ယောက်‌ပြီးတယောက် ပြောင်းပြရင်း နိုင်ငံခြားထိတောင်ပြကြပါတယ်။ ဒီလိုပြောင်းပြရင်း မဖြစ်နိုင်‌ေသာ ကုတဲ့ဆေးတွေ့မယ် မျှော်လင့်ကြတယ်။ ဒါလည်း ဗဟုသုတမရှိသောမသိခြင်းတရားကြောင့်ပါပဲ။ အဓိက အရင်းအမြစ်ကတော့ ပညာမဲ့ရေးစနစ်ကြောင့်ပါပဲ။

ကလေးအတွက်
ဒီ video ကို အရင်နားထောင်ပေးပါ။
ကလေးအတွက် တက်သင့်လား။

အော်တီဇင်လက္ခဏာ-ASD
Autism Spectrum disorders
https://youtu.be/4-3eyC3dwXw

အော်တီဇင် လက္ခဏာများ Autism Signs
https://fb.watch/dog3OqN1uj/

‌ေအာ်တီဇင်လက္ခဏာ (0-7 months)
https://youtu.be/0vJ2_SKAaZA?si=G1xYZ8oRDkf7zR_j

အော်တီဇင်လက္ခဏာ (မွေးကင်းစမှ အသက် ၃ လ အတွင်းရှိ ကလေးငယ်များ)
https://youtu.be/Lfytbkem65c?si=N_ylzuBPv5yo1i46

အော်တီဇင် ရှိလား? မရှိဘူးလား?
https://youtu.be/rhKGJKECy1Aဂဏာမငြိမ် အသွက်လွန်ခြင်း
ADHD
Attention deficit Hyperactivity disorders
https://fb.watch/dog6UDNewa/

စကားနောက်ကျရင် ဒါလေး အရင် နားထောင်ပါ
https://www.youtube.com/watch?v=YRv8z1MNBxs

❤️ ဒီ videos ထဲက လက္ခဏာတခုနှင့်အထက်ရှိသော ကလေး၏ မိသားစုဝင် မိဘလူကြီးများ ကလေးအား သင်ကြား လေ့ကျင့်ပေး တတ်အောင် တက်ရောက်သင့်ပါသည်။

တချို့က အော်တီဇင်လက္ခဏာကို လေ့ကျင့်တာ မလုပ်ပဲ ဆေးပညာသု‌ေသသနမှာ တကယ်ပျောက်ကင်းမှု မရှိသော ရိုးတွင်းချင်ဆီပြောင်းလဲ ခွဲစိပ်တာတွေကို အကုန်ခံ အသား အနာခံ လုပ်ကြတာရှိပါတယ်။ ကလေးကို သနားရုံကလွဲ ဘာမှ တားမရခဲ့ပါ။ အချိန်ကုန်ခံ မလေ့ကျင့်ချင်သော ကလေးမိဘအတွက် ‌ေဆးပညာ တိုးတက်လာတဲ့ တချိန်ကျရင် ဆေးရှိပါစေလိုပဲ ဆုတောင်းပါတယ်။
ရောဂါမဟုတ်လို့ ရိုးတွင်းချဉ်ဆီ အစားထိုးကုသလို့ မရပါ
လက္ခဏာ အခြေအနေတရပ်ဖြစ်လို့
လက္ခဏာကို ပြောင်းလဲအောင် လေ့ကျင့်ပါက
ပတ််ဝန်းကျင်အခြေအနေကို ကလေးနဲ့ကိုက်ညီအောင် ပြောင်းလဲဖန်တီးပါက အောင်မြင်ပါသည်

SKC ❤️ကလေးကို ဘယ်လိုကူညီရမလဲ
SKC ❤️ကလေးနဲ့ဘယ်လို နေထိုင်ရမလဲ
မိသားစုကို ဘယ်လို နားဝင်အောင် ပြောဆိုရမလဲ
စတာ ဒါတွေကို ဦးစားပေးသင့်တယ်

SKC ❤️ 3.
ကျောင်းအပ်မရဘူး လက်မခံဘူး ခွဲခြားဆက်ဆံတယ်

SKC ❤️ဒီ ပြဿနာကို ပြောရရင်
ကလေးက Early intervention
အထူးပညာရေးစနစ်နဲ့ ငယ်ကတည်းက ကြိုတင် သင်ကြားမှု မလုပ်ခဲ့ရလို့ ကျောင်းတက်ရမည့်အရွယ်မှာ ဘာမှလိုက်လျောညီထွေ မလုပ်နိုင် မသင်ယူနိုင်တော့ ကျောင်းတွေက လက်မခံတာပါ။

SKC ❤️နောက်တခုက အထူးပညာရေးကို နားလည်သော Special education specialist
Academic support for special needs children ဆိုတာ မြန်ပြည်မှာ မရှိဘူး။

SKC ❤️သင်ယူချင်လည်း တက်မည့်နေရာမရှိ
ပြည်ပကနေ သင်ယူလာသော သူတွေဆီက တဆင့်သင်ယူရတာပါ။

SKC ❤️လက်ရှိမှာ အထူးပညာရေး သင်တန်းတွေ ဖွင့်နေပေမယ့် တက်တဲ့သူနည်းပါတယ်။

SKC ❤️ကလေးမိဘကိုယ်တိုင်ကတောင်
SKC ❤️ကလေးက အထူးလေ့ကျင့်ရ‌တဲ့အထိ
SKC ❤️အဲ့လောက်မဖြစ်ပါဘူး
SKC ❤️ဆရာမတို့ မသင်တာပါ ဆိုတာလည်း
ပြောခံရဖူးပါတယ်။
SKC ❤️မအားဘူး မတက်ဘူး ဆိုတာလည်း
အများကြီးပါ။

SKC ❤️အရေးကြီးဆုံး အချက်ကတော့
မိဘဖြစ်လာမည့်သူတွေ
လက်ရှိမိဘတွေ
ဆရာဆရာမတွေ

SKC ❤️ကလေးဖွံဖြိုးမှုစစ်ဆေးသင်ကြားနည်းကို
တတ်သိနားလည်ပါစေ
SKC က video လုပ်ပေးထားပါတယ်
လေ့လာသင်ယူပါ။

SKC ❤️ video ထဲက အချက်အလက်တွေအတိုင်း မွေးကတည်း စစ်ကြည့်ပါ။ တခုခုနောက်ကျရင် early intervention programလုပ်ရပါမယ် ။ အထူးပညာရေးစနစ်တခုပါပဲ။ ကလေးငယ်လေးကစ သိရင် စသင်ပေးရင် အသက်6နှစ်မှာ အကုန် တိုးတက်နေလောက်ပြီဆိုတာ သတိရပါ။

SKC ❤️အဲ့လောက်မဖြစ်ပါဘူး
SKC ❤️ပြောလာမှာပါ
SKC ❤️စောင့်‌ကြည့်ပါအုန်းတို့ကို
SKC ❤️နားမယောင်ပါနဲ့

SKC ❤️သင့်ကလေးအတွက်
SKC ❤️သင်ပဲရှိတယ်ဆိုတာ သတိရပါ

SKC ❤️ သင်ဆုံးဖြတ်ချက်မှန်မှ
SKC ❤️သင်ကလေး ပုံမှနိကလေးလို
SKC ❤️ကျောင်းဆက်ရန် အဆင်ပြေမှာပါ။

အခုထိ
ဖွံဖြိုးမှုနောက်ကျခြင်း
အထူးပညာရေး
အထွေထွေနောက်ကျခြင်း
မွေးရာပါရောဂါ ဟုတ်မဟုတ်
လေ့ကျင့်ရလား
ဆေးသောက်ရမလား
နားမလည်း
ဘာ‌ဗဟုသုတမှမရှိတာ
ရင်နာတယ်လို့ ထိုင်ပြောနေလို့
သင့်ကလေး‌ေတွ မိဘဖြစ်တဲ့ချိန်အထိလည်း
ဒီဗဟုသုတမဲ့နေ‌ေသာ ပညာရေးစနစ်ထဲမှာ
ဆက်နေကာ သံသရာလည်နေမှာပါပဲ

အရာရာပြောင်းလဲဖို့
လူတိုင်း ကလေးတိုင်းကို တိုးတက်ခွင့်ပေးမယ့်
Policy makers တွေအားလုံး
စိတ်ကောင်းရှိသူဖြစ်ဖို့
ရေရှည်မြင်နိုင်သူဖြစ်ဖို့
စေတနာရှိသူဖြစ်ဖို့ လိုအပ်ပါတယ်။

စိတ်ကောင်း လူကောင်း
ဗဟုသုတကောင်းရှိသော နိုင်ငံမှာ
မွေးဖွားကြီးပြင့်ခွင့်ရဖို့ကတော့
လူသားတို့၏ ကုသိုလ်ကံနဲ့ တာဝန်ဖြစ်ပါသည်။

သင့်ကလေးအနာဂတ်အတွက်
သင် မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေ။
သင် မှန်ကန်စွာ လုပ်ဆောင်နိုင်ကြပါစေ။
သင် မှန်ကန်စွာ အားထုတ်ကြိုးပမ်းနိုင်ပါစေ။

ကလေးများကိုချစ်ပေးပါ။
မိမိကိုယ်ကိုချစ်ပါ

🙏🙏🙏🙏🙏
❤️❤️❤️❤️❤️
နန်းမေသဲအေး

အသေးစိတ်ကို
ဒီအောက်က link ကို မေးပါရှင့်

SKC main Page messenger
👇👇👇👇👇
m.me/432359156820492
👆👆👆👆👆

DAY 1 - ကလေးဖွံ့ဖြိုးမှုစစ်ဆေးနည်း - မွေးကင်းစ မှ တစ်နှစ် ကလေးSKC Free TrainingSpeakerနန်းမေသဲအေးDay 1- 0 to 1 years - https://youtu.be/DzGietEVrGEDay 2- 1-2...

✍️အားလုံးမဂ်လာပါခင်ဗျ✍️ကျွန်တော် ဒီတစ်ခါ ဖော်ပြပေးမဲ့အကြောင်းလေးကတော့ " ပိုးသတ်ဆေးသောက်ပြီးတဲ့အချ်န်မှာ အစာအိမ်အူလမ်းကြေ...
03/12/2024

✍️အားလုံးမဂ်လာပါခင်ဗျ
✍️ကျွန်တော် ဒီတစ်ခါ ဖော်ပြပေးမဲ့အကြောင်းလေးကတော့ " ပိုးသတ်ဆေးသောက်ပြီးတဲ့အချ်န်မှာ အစာအိမ်အူလမ်းကြောင်းကို ဘယ်လို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်သင့်လဲ"
ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်
✍️ကျွန်တော်တို့အများစုဟာပိုးသတ်ဆေး( Antibiotics) တွေမကြာခဏသောက်သုံးနေကြရပါတယ်
✍️ပြင်းထန် ရောဂါတွေ ၊ ပိုးဝင်တဲ့ရောဂါတွေမှာ
Antibiotics တွေကို ရှောင်လွှဲလို့မရကြပါဘူး
✍️Antibiotics ( ပိုးသတ်ဆေးတွေ) သောက်ပြီးရင်လဲ ဘေးထွက်ဆိုးကျိုးတွေခံစားကြရပါတယ်
✍️ဒီအထဲမှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်
✍️ပိုးသတ်ဆေးတွေဟာ ရောဂါပိုးတွေ ( Bad bacteria) တွေကို သေစေနိုင်တဲ့အပြင် အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့အကျိုးပြု Bacteria ( Good Bactria) တွေကိုလဲ သေစေနိုင်ပါတယ်
✍️ကျွန်တော်တို့ အစာအိမ်အူလမ်းကြောင်း မှာရှိတဲ့ Probiotics လို့ခေါ်တဲ့ အကျိုးပြု bacteria လေးတွေဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို အဓိက ထိန်းညှိပေးတဲ့ပေးတဲ့နေရာမှာအဓိကအရေးပါပါတယ်
✍️အကျိုးပြု Bactreria လေးတွေ ဟာ Antibiotics တွေကြောင့် သေဆုံးသွားတဲ့အတွက်ကြောင့် ခုခံအားစနစ်ကျဆင်းတဲ့အပြင် အူလမ်းကြောင်းမှာ မလိုလားအပ်တဲ့ ပြသာနာလေးတွေကြုံတွေ့ကြရပါတယ်
✍️အဓိက ကြုံတွေ့ရနိုင်တဲ့ အူလမ်းကြောင်းပြသနာတွေကတော့
- ဝမ်းလျောခြင်း
-ပျိူ့အန်ခြင်း
-ဝမ်းချုပ်ခြင်း စတဲ့ပြသနာတွေဖြစ်ပါတယ်
✍️သုတေသန စာတမ်းတွေအရ Antibiotics တွေ သောက်ပြီး ၂ လ အကြာအထိကို GutMicrobiome လို့ခေါ်တဲ့ မူလအတိုင်းအူလမ်းကြောင်း ပြန်လည်ကောင်းမွန်လာဖို့ ဂရုစိုက်ပေးဖို့လိုပါတယ် အချို့ကတော့ ၆ လအထိ ကြာနိုင်ပါတယ်
✍️ပိုးသတ်ဆေး ( Antibiotics) တွေသောက်ပြီးရင် မိမိအူလမ်းကြောင်း ( Gut Microbiome) ကိူ ဘယ်လို ပြန်လည်ကောင်းမွန်အောင် ဂရုစိုက်ကြရမလဲဆိုတာကို ဆက်ပြောပြပေးပါမည်

✍️ပိုးသတ်ဆေးတွေ သောက်ပြီးရင် အူလမ်းကြောင်းမှာအဓိကပါဝင်တဲ့ probiotics လေးတွေ ဖြစ်တဲ့
🔹Lactobacillous acidophills
🔹Bifidobacterium
🔹Saccharomyces boulardii တွေကို ပြန်လည်ဖြည့်ပေးဖိူ့လိုအပ်ပါတယ်

✍️အခြား Probbiotics bacteria လေးတွေဖြစ်တဲ့
* L. casei
* L. Rhamnosus GG
* L. Plantarum 299v
* B. subtilis
* B. coagulans lactospore
* B. clausii တွေကလည်း အစာအိမ်အူလမ်းကြောင်းကို ကူညီဆောင်ရွက်ပေးပါတယ်

✍️ဒီ Probitics လေးတွေ ရဖို့ ဖြည့်စွက်စာ
( Supplement ) တွေမှ သော်လည်းကောင်း
အစားစားတွေမှသော်လည်းကောင်းရရှိန်ုင်ပါ
တယ်

✍️ဘယ်လို အစားအစာတွေကရရှိနိုင်လဲဆိုရင်
(၁) Probiotics ပါသောအစားစားများ

(၂) Prebiotics ( High fiber foods)
-Prebiotics foods ( Fiber များသော အစားအစာတွေဟာ good bacteria
လေးတွေပေါက်ဖွားဖို့လိုအပ်ပါတယ်
-prebiotics တွေကို မြေပဲ၊ အစေ့အစံ၊ဌက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ပန်းသီး စတာတွေကနေရှိနိုင်ပါတယ်

(၃)Fermented Foods ( အချဉ်ဖောက်ထားသော အစားအစားများ)
-ဒိန်ချဉ် ၊ ချိစ်၊ လက်လုပ်ချဉ်၊ ကင်ချီ ၊ ကီဖာ
စတာတွေကနေ ရရှိနိုင်ပါတယ်

(၄) Collagen rich foods ( ကော်လဂျင်ကြွယ်သော အစားအစားများ)
-ကော်လဂျင်တွေဟာအူနံရံလေးတွေကောင်းဖိူ့ကူညီပေးပါတယ်
- အူနံရံ များပျက်ဆီးနေပါက ရောဂါပိူးများသွေးထဲသို့ရောက်ရှိပြီး ပြသနာများကြုရန်ုင်ပါတယ်
- ကော်လဂျင် ဓါတ်ကတော့ အူနံရံလေးတွေကိုပြန်လည်ကောင်းမွန်စေနိုင်ပါတယ်
- အရိုးစွပ်ပြုတ်၊အသား၊ ငါး၊အချဉ်ဓါတ်ပါသော အသီးများစားသုံးပေးရပါမယ်

✍️ဒါကြောင့် ပိုးသတ်ဆေး များ ရက်ရှည် သောက်သုံးနေရသူများ၊ မကြာခဏသောက်နေရသုများအနေဖြင့် မိမိအစာအိမ်အူလမ်းကြောင်းကို မူလအတိုင်းဖြစ်စေဖို့ပြန်လည်ဂရုစိုက်ဖို့ လိုအပ်ပါတယ်

အားလုံးကျန်းမာကြပါစေ

မေတ္တာဖြင့်

ဒေါက်တာအောင်သူထွန်း

03/12/2024
😋😋 yummy yummy 😋 😋 Organic လက်ထောင်းမျှင်ငပိလေးနဲ့ ငပိထမင်းကြော်လေးလုပ်စားကြည့်ကြနော်😋😋😋 #ငါးပိထမင်းကြော် ကြော်စားကြစို့...
15/04/2023

😋😋 yummy yummy 😋 😋 Organic လက်ထောင်းမျှင်ငပိလေးနဲ့ ငပိထမင်းကြော်လေးလုပ်စားကြည့်ကြနော်😋😋

😋 #ငါးပိထမင်းကြော် ကြော်စားကြစို့

တခါတလေ ထမင်းစားဖို့ ဟင်းချက်ရမှာပျင်းနေရင် အကောင်းဆုံးရွေးချယ်စရာကတော့ ငါးပိထမင်းကြော်လေးပါပဲ ငါးပိနံသင်းသင်းလေးနဲ့ စားရတာလည်း ခံတွင်းမြိန်တယ်။ အလုပ်လည်း မရှုပ်တော့ဘူးပေါ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ထိုင်းငါးပိကလည်း စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူလို့ရတာမို့လို့ငါးပိထမင်းကြော်မွှေးမွှေးလေးကို ဘယ်လိုဖန်တီးမလဲဆိုတာ ပြောပြပေးပါမယ်။ ကြော်စားကြည့်ပါ 😋😋

ပါဝင်ပစ္စည်းများ

ထမင်း ၅၀၀ ဂရမ်
ကြက်သား ၂၀ ကျပ်သား (ရေဆေးပြီး အတုံးသေးသေးလေးများလှီးကာ ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်တို့နဲ့နယ်ထားပါ)
ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်အူချောင်း ၂ ချောင်း (ကြော်ကာ ခပ်စွေစွေလှီးထားပါ)
ကြက်ဥ ၂ လုံး (ဒယ်အိုးမှာဆီသုတ်ရုံသုတ်ပြီး မွှေကြော်ထားပါ။ အအေးခံကာ အမျှင်လေးများဖြစ်အောင်လှီးထားပါ)
ထိုင်းမျှင်ငါးပိ ထမင်းစားဇွန်း ၂ ဇွန်း
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
ရေ ထမင်းစားဇွန်း ၄ ဇွန်း
ပဲတောင့်ရှည် ၃ ချောင်း (ရေဆေးပြီး ခပ်စွေစွေလှီးထားပါ)
ပုစွန်ခြောက်ကြော် ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း ၂ တောင့် (လှီးထားပါ)
ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
သခွားသီး ၂ ချပ် (ပါးပါးလှီးထားပါ)
သရက်သီးစိမ်း ထမင်းစားဇွန်း ၁ ဇွန်း (အမျှင်လေးများရအောင် ခြစ်နဲ့ ခြစ်ထားပါ)

ချက်ပြုတ်ပြင်ဆင်ပုံ
😍😍😍😍😍😍
၁။ ပထမဆုံး ထမင်းကြော်မှာထည့်ဖို့အတွက် ကြက်သားလေးတွေနဲ့ပဲသီးကို ကျက်အောင်အရင်ကြော်ထားပေးပါ။ ဒယ်အိုးထဲကို ဆီထည့်ပြီးဆီဆူလာတဲ့အခါ ကြက်သားကိုထည့်ကာ ၃ မိနစ်ခန့်လှိမ့်ကြော်ပေးပါ။ ပြီးရင်ပဲသီးထည့်မွှေပါ။ ၁ မိနစ်ခန့်အကြာ ကြက်သားနဲ့ပဲသီး ကျက်သွားတဲ့အခါဆယ်ထားလိုက်ပါ။
၂။ ဒယ်အိုးထဲကို ငါးပိထည့်လိုက်ပြီး ငါးပိကျေအောင်၊ အနံ့မွှေးလာအောင် မွှေပေးပါ။ ပြီးရင်တော့ ရေထည့်ပြီး ပွက်လာအောင်ဆက်မွှေပေးပါ။
၃။ ငါးပိမွှေးမွှေးပျစ်ပျစ်လေးရလာပြီဆိုရင် ထမင်းထည့်မွှေပေးလိုက်ပါ။ ပြီးရင်တော့ အသားနဲ့ပဲသီးထည့်မွှေကာ ၁ မိနစ်ခန့်အကြာမှာ မီးပိတ်လိုက်ပါ။
၄။ စားချင့်စဖွယ်ပွဲလှလှလေး ပြင်ဆင်ဖို့အတွက် ထမင်းကြော်ကိုပန်းကန်လုံးလေးထဲခူးထည့်ပြီး ပန်းကန်ပြားပေါ်ပြန်မှောက်ချလိုက်ပါ။
၅။ ဘေးမှာ ကြက်အူချောင်းကြော်၊ ကြက်ဥကြော်၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ကြော်၊ ငရုတ်သီးစိမ်း၊ သခွားသီး၊ သရက်သီးမျှင်လေးတွေနဲ့ အားပါးတရ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ Very Good ပါ

😋😋😋 ငါးပိထမင်းကြော်ကို မိမိနှစ်သက်ရာ အသား၊ငါး(ကြက်၊ ဝက်၊ Sea Food) စတာတွေနဲ့ ကြော်လို့ရပါတယ်။ မြန်မာမျှင်ငါးပိအကောင်းစားကိုမှ မီးဖုတ်ပြီး အစားထိုးချက်လည်းရပါတယ်။ ထမင်းကြော်ကြော်ဖို့အတွက် ထမင်းကိုနည်းနည်းမာမာလေးတည်ထားပေးပါ။ ထမင်းတည်ပြီးပြီးချင်း ပူပူနွေးနွေးကြီး ထည့်မကြော်ပါနဲ့။

မိမိနှင့် မိမိ၏မိသားစုကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။

မူရင်းလေးစားစွာ Credit ပေးပါတယ်

ရခိုင် မရွတ်အရည်သောက်ဟင်း😋😋😋  ဓာတ်ပုံ
15/04/2023

ရခိုင် မရွတ်အရည်သောက်ဟင်း😋😋😋

ဓာတ်ပုံ

15/04/2023

Address

Yangon

Telephone

+959889177995

Website

Alerts

Be the first to know and let us send you an email when Emerald May Organic Foods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share