Pyone Birdnest

Pyone Birdnest Natural Birdnest distribution

13/04/2026
သင်္ကြန်တွင်းဝယ်ယူအားပေးလိုသောကာကာတွေအတွက်Stock ရှိသလောက်အမျိုးစားလေးတွေမင်မင်တို့အိမ်ဆိုင်လေးမှာလာရောက်ဝယ်ယူအားပေးနိုင်...
11/04/2026

သင်္ကြန်တွင်းဝယ်ယူအားပေးလိုသော
ကာကာတွေအတွက်
Stock ရှိသလောက်အမျိုးစားလေးတွေ
မင်မင်တို့အိမ်ဆိုင်လေးမှာ
လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

ရန်ကုန်မြို့တွင်း ဝယ်ယူအားပေးတဲ့ကာကာတွေအတွက်
တဆယ်သားနဲ့အထက်ဝယ်ယူမယ်ဆို
free delivery ဖြင့်လည်း
ပို့ဆောင်ပေးသွားပါမယ်ရှင့်

နှစ်သစ်မှာစိတ်သစ်လူသစ်နဲ​့
ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်း
ပြုံးမှအထူးဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်

095301322
09254233361
အမှတ်၅၅,မအူပင်လမ်း,၃လွှာ,စမ်းချောင်း

ပြုံးသဘာဝငှက်သိုက်ပေါင်းလေးတွေပေါင်းပီးသောက်ရင် ဘယ်လိုမျိုးလေးပေါင်းဖြစ်ကြလဲရှင့်????မင်မင်ကတော့ သီးစုံလေးတွေ နွားနို့တွ...
09/04/2026

ပြုံးသဘာဝငှက်သိုက်ပေါင်းလေးတွေ
ပေါင်းပီးသောက်ရင် ဘယ်လိုမျိုးလေး
ပေါင်းဖြစ်ကြလဲရှင့်????

မင်မင်ကတော့ သီးစုံလေးတွေ နွားနို့တွေနဲ့
Chia seed လေးတွေအပြင်
rock sugar လေးနဲ့ရောသောက်ရတာ
ပိုကြိုက်ပါတယ်ရှင့်🥰

ကာကာတို့ရော ????

Pyone Birdnest
095301322
09254233361

No(55),A,3rd floor, Maoupin Street, Sanchaung township, YGN

#ငှက်သိုက်

နေပူထဲကပြန်လာချိန်တွင် လုံးဝ(မလုပ်သင့်)သော အချက်များ✅မြန်မာနိုင်ငံလို အပူရှိန်ပြင်းထန်တဲ့ ဒေသမှာ နေထိုင်ကြသူတွေအတွက် နေပ...
09/04/2026

နေပူထဲကပြန်လာချိန်တွင် လုံးဝ(မလုပ်သင့်)သော အချက်များ

✅မြန်မာနိုင်ငံလို အပူရှိန်ပြင်းထန်တဲ့ ဒေသမှာ နေထိုင်ကြသူတွေအတွက် နေပူထဲက ပြန်လာတဲ့အခါ ခန္ဓာကိုယ်ကို စနစ်တကျ ပြုစုစောင့်ရှောက်ဖို့က အလွန်အရေးကြီးပါတယ်။

✅အပြင်က အပူရှိန်နဲ့ အိမ်ထဲက အအေးဓာတ် မမျှတမှုကြောင့် "အပူရှော့ခ်" ဖြစ်တာ၊ အပူဒဏ်ကြောင့် ဖျားနာတာတွေ မဖြစ်စေဖို့အတွက် နေပူထဲက ပြန်လာရင် မလုပ်သင့်တဲ့ အချက်များ ကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေအေးအေးကို အငမ်းမရ ချက်ချင်းသောက်ခြင်း
-----------------------------
✅နေပူထဲက ပြန်လာတဲ့အခါ ရေငတ်တာက သဘာဝပါ။ ဒါပေမဲ့ ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ ရေအေးအေး ဒါမှမဟုတ် ရေခဲရေကို ချက်ချင်း အလွန်အကျွံ သောက်သုံးတာဟာ အန္တရာယ်ရှိပါတယ်။

✅နေပူထဲမှာ ခန္ဓာကိုယ် အပူချိန်က မြင့်တက်နေပါတယ်။ အဲဒီအချိန်မှာ အလွန်အေးတဲ့ ရေကို သောက်လိုက်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းက သွေးကြောတွေ ရုတ်တရက် ကျုံ့သွားတတ်ပါတယ်။

✅နောက်ဆက်တွဲအနေဖြင့် ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနဲ့ အအေးပတ်ပြီး ချောင်းဆိုး၊ လည်ချောင်းနာတာတွေ ဖြစ်စေနိုင်ပါတယ်။

✅အခန်းအပူချိန်ရှိတဲ့ ရေကို အရင်သောက်ပါ။ ခန္ဓာကိုယ် အပူချိန် ပုံမှန်ဖြစ်သွားမှသာ ရေအေးကို သောက်သင့်ပါတယ်။

၂။ ချက်ချင်း ရေချိုးခြင်း
---------------
✅ဒါဟာ လူတော်တော်များများ မှားတတ်တဲ့ အချက်ပါ။ အပြင်က ပြန်လာလို့ ချွေးတွေရွှဲပြီး ပူအိုက်နေချိန်မှာ ရေချိုးချလိုက်တာက အရမ်းနေလို့ကောင်းတယ်လို့ ထင်ရပေမဲ့ ခန္ဓာကိုယ်အတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုပါ။

✅နေပူထဲမှာ ရှိနေချိန်မှာ ခန္ဓာကိုယ်က အပူကို ထုတ်နိုင်ဖို့ အရေပြားက ချွေးပေါက်တွေကို ဖွင့်ထားပြီး သွေးကြောတွေကို ကျယ်ထားပါတယ်။ အဲဒီအချိန်မှာ ရေအေးနဲ့ လောင်းချလိုက်ရင် ချွေးပေါက်တွေ ရုတ်တရက် ပိတ်သွားပြီး အပူတွေ ခန္ဓာကိုယ်ထဲမှာ ပိတ်မိသွားတတ်ပါတယ်။

✅ဒါကြောင့် အပူငုပ်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပြင်းထန်ရင် သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

✅အိမ်ပြန်ရောက်ရင် အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ နားပါ။ ချွေးခြောက်ပြီး ခန္ဓာကိုယ် အေးသွားမှသာ ရေချိုးပါ။

၃။ လေအေးပေးစက် (Aircon) ရှေ့မှာ တည့်တည့်ရပ်ခြင်း သို့မဟုတ် အပူချိန်အနိမ့်ဆုံးထားခြင်း
------------------
✅နေပူထဲက ပြန်လာတာနဲ့ Aircon ကို ၁၆ ဒီဂရီလောက်ထိ လျှော့ချပြီး အအေးခံတာက ကျန်းမာရေးအတွက် ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။

✅ပြင်းထန်တဲ့ အပူချိန် ကွာခြားမှု (Temperature Shock) ကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။

✅နှာစေး၊ နှာပိတ်တာကနေ အဆုတ်အအေးပတ်တာအထိ ဖြစ်နိုင်ပါတယ်။ မျက်နှာက အာရုံကြောတွေ ရုတ်တရက် ထုံကျင်ပြီး ပါးရွဲ့စောင်းတာမျိုး (Bell's Palsy) လည်း ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

✅လုပ်သင့်တာက Aircon ကို ၂၅-၂၆ ဒီဂရီလောက်ကနေ စဖွင့်ပါ။ ပန်ကာကိုလည်း ကိုယ့်ကိုယ်ပေါ် တည့်တည့်မလာစေဘဲ လေလှည့်ထားတဲ့ စနစ်ကို အသုံးပြုပါ။

၄။ မျက်နှာကို ရေအေးဖြင့် ချက်ချင်းသစ်ခြင်း
---------------------
✅အသားအရေ ထိန်းသိမ်းလိုသူတွေ သတိထားသင့်တဲ့ အချက်ပါ။

✅နေပူထဲက ပြန်လာချိန်မှာ မျက်နှာပေါ်က ဆဲလ်တွေနဲ့ သွေးကြောတွေက ပူနေပါတယ်။ ချက်ချင်း ရေအေးနဲ့ သစ်လိုက်ရင် အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။

✅တင်းတိပ်၊ မှဲ့ခြောက်တွေ ပိုထွက်လာနိုင်သလို အရေပြား နီမြန်းပြီး ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

✅မျက်နှာကို အခန်းအပူချိန်ရှိတဲ့ ရေနဲ့တောင် ချက်ချင်း မသစ်သင့်ပါဘူး။ မျက်နှာက အပူရှိန် ကျသွားအောင် စောင့်ပြီးမှ သန့်စင်ပေးပါ။

၅။ အဝတ်အစားများကို ချက်ချင်း ချွတ်ပစ်ခြင်း သို့မဟုတ် လဲလှယ်ခြင်း
-------------------------
✅ချွေးစိုနေတဲ့ အဝတ်အစားတွေကို အလျင်စလို ချွတ်ပစ်ပြီး ပန်ကာအောက်မှာ ထိုင်တာမျိုးကလည်း အအေးပတ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။

✅ချွေးစိုနေတဲ့ အဝတ်အစားကနေ လေတိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက အပူကို အလွန်အမင်း ဆွဲထုတ်သွားတတ်ပါတယ်။
✅ချွေးတွေကို အရင်သုတ်ပါ။ ပြီးမှ ချွေးစုပ်တဲ့ ဂွမ်းသားအဝတ်အစား အသစ်ကို လဲလှယ်ဝတ်ဆင်ပါ။

၆။ အလွန်အမင်း အိပ်စက်အနားယူခြင်း
--------------------
✅နေပူထဲက ပြန်လာရင် လူက ပင်ပန်းနွမ်းနယ်နေတာကြောင့် ချက်ချင်း အိပ်ပျော်သွားတတ်ကြပါတယ်။

✅ အပြင်က ပြန်လာစမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မြန်ဆန်နေဆဲ ဖြစ်ပါတယ်။

✅ချက်ချင်း အိပ်လိုက်တဲ့အခါ သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီး နိုးလာတဲ့အခါ ကိုယ်လက်မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

✅ဒါကြောင့် ခဏတာ ထိုင်ပြီး အနားယူပါ။ ရေဓာတ်ဖြည့်တင်းပါ။ စိတ်ရောကိုယ်ပါ တည်ငြိမ်သွားမှသာ အိပ်စက်ပါ။

၇။ အပူအစပ်နှင့် အစာကြေခဲသော အစားအစာများ စားခြင်း
-----------------------------------
✅နေပူထဲမှာ လူက အပူဓာတ်များနေချိန်မှာ အပူအစပ်တွေကို ထပ်စားတာက မီးလောင်ရာ လေပင့်သလို ဖြစ်စေပါတယ်။
အပူဒဏ်ကြောင့် အစာခြေစနစ်က ပုံမှန်ထက် အားနည်းနေတတ်ပါတယ်။

✅နောက်ဆက်တွဲအနေနဲ့ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
✅အသီးအနှံများ၊ ဖျော်ရည်များ သို့မဟုတ် ပေါ့ပေါ့ပါးပါး အစားအစာများကိုသာ ဦးစားပေး စားသုံးပါ။

နေပူထဲက ပြန်လာရင် ဘာတွေ လုပ်သင့်သလဲ?
-----------------------------
မလုပ်သင့်တာတွေကို သိပြီဆိုရင် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်စေမယ့် အဆင့်ဆင့် လုပ်ဆောင်ချက်တွေကိုလည်း သိထားဖို့ လိုပါတယ်။

💡နားနေပါ: အိမ်ထဲရောက်တာနဲ့ အေးမြတဲ့ နေရာမှာ ၁၅ မိနစ်ခန့် ငြိမ်ငြိမ်လေး ထိုင်နားပါ။

💡ရေဓာတ်ဖြည့်ပါ: ရေကို တငုံချင်းစီ ဖြည်းဖြည်းချင်း သောက်ပါ။ ဓာတ်ဆားရည် သောက်ပေးခြင်းက ပိုကောင်းပါတယ်။

💡ချွေးသုတ်ပါ: သန့်ရှင်းတဲ့ တဘက်နဲ့ ချွေးတွေကို ခြောက်အောင် သုတ်ပါ။

💡အပူချိန် လျှော့ချပါ: လက်ကောက်ဝတ်၊ လည်ပင်းနဲ့ ဂျိုင်းကြားတွေကို ရေစိုဝတ်နဲ့ ခပ်ဖွဖွ ပွတ်ပေးခြင်းက ခန္ဓာကိုယ် အပူချိန်ကို ဘေးကင်းစွာ လျှော့ချပေးနိုင်ပါတယ်။

စောင့်ကြည့်ပါ: အကယ်၍ ခေါင်းအရမ်းမူးလာတာ၊ အော့အန်တာ ဒါမှမဟုတ် ကိုယ်အပူချိန် အရမ်းတက်လာတာမျိုး ရှိရင်တော့ ဒါဟာ Heatstroke (အပူလျှပ်ခြင်း) ရဲ့ လက္ခဏာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

ပေါင်းရည်အမျိုးစားလိုအပ်တဲ့ customer တွေအတွက်တစ်ကျပ်သားပေါင်းပုလင်းကြီး500ml (အပျစ် )အမျိုးစားလေးကတော့ပြုံးမှာလူကြိုက်အမ...
08/04/2026

ပေါင်းရည်အမျိုးစားလိုအပ်တဲ့ customer တွေအတွက်

တစ်ကျပ်သားပေါင်းပုလင်းကြီး

500ml (အပျစ် )

အမျိုးစားလေးကတော့

ပြုံးမှာလူကြိုက်အများဆူံးနဲ့

အရောင်းရဆုံးလေးပါပဲရှင့်

တာရှည်ခံဆေးမပါဝင်တာမို့

ရေခဲသေတ္တာထဲတော့ထည့်ပီးသုံးဆောင်ပေးရပါတယ်ရှင့်

သဘာဝငှက်သိုက်ပေါင်းရည်
တပုလင်း-၇၀,၀၀၀ ကျပ်
500ml ပါဝင်ပါတယ်

မှာယူမယ်ဆို page messenger သို့
ph 095301322
09254233361 သို့ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်ရှင့်

နွေရာသီမှာဖိုးဖိုးဖွားဖွားတို့လန်းဆန်းပီးအားပြည့်စေဖို့ပြုံးငှက်သိုက်ကိုသောက်ကြပါစို့နော်🥰🥰🥰
08/04/2026

နွေရာသီမှာ
ဖိုးဖိုးဖွားဖွားတို့
လန်းဆန်းပီးအားပြည့်စေဖို့
ပြုံးငှက်သိုက်ကို
သောက်ကြပါစို့နော်🥰🥰🥰

သင်္ကြန်အချိန်အခါသမယမှာ လူကြီးမိဘတွေအတွက်ဂါရဝပြုကန်တော့လိုတဲ့ကာကာတွေအတွက်ပြုံးရဲ့ နှစ်ကူး လက်ဆောင်လေးအနေနဲ့မည်သည့်အမျိုး...
08/04/2026

သင်္ကြန်အချိန်အခါသမယမှာ လူကြီးမိဘတွေအတွက်

ဂါရဝပြုကန်တော့လိုတဲ့ကာကာတွေအတွက်

ပြုံးရဲ့ နှစ်ကူး လက်ဆောင်လေးအနေနဲ့

မည်သည့်အမျိုးစားမဆို

တစ်ဆယ်သားနှင့်အထက် ဝယ်ယူအားပေးတဲ့

ကာကာတွေအတွက် Free delivery 🚚

လေးနဲ့ပို့ဆောင်ပေးသွားမာဖြစ်ကြောင်း

သတင်းကောင်း ပါးအပ်ပါတယ်ရှင့်🙏🙏🙏

"ကျန်းမာရေးအတွက် နေ့စဉ်သုံး
သဘာဝငှက်သိုက်အစစ်ဆို
ပြုံး"

အမှတ်(၅၅)A,၃လွှာ,မအူပင်လမ်း,စမ်းချောင်း,ရန်ကုန်
095301322
09254233361

#ငှက်သိုက် #သဘာဝဖြည့်စွက်စာ #ငှက်သိုက်စစ်စစ်

Loyal Customers တွေရဲ့ Honest reviewsလေးတွေ 🤩Pyone Birdnest09530132209254233361 #ငှက်သိုက်  #ပြုံးငှက်သိုက်  #သဘာဝငှက်သိ...
07/04/2026

Loyal Customers တွေရဲ့ Honest reviewsလေးတွေ 🤩

Pyone Birdnest
095301322
09254233361

#ငှက်သိုက် #ပြုံးငှက်သိုက် #သဘာဝငှက်သိုက်

သင်္ကြန်လက်ဆောင်လေးပေးချင်လို့ အမြဲအားပေးတဲ့ကာကာတို့ ဖြေသွားပေးပါအူံးနော်🥰
07/04/2026

သင်္ကြန်လက်ဆောင်လေးပေးချင်လို့

အမြဲအားပေးတဲ့ကာကာတို့

ဖြေသွားပေးပါအူံးနော်🥰

07/04/2026

ငှက်သိုက်ချည်းပဲသောက်ရလို့ငြီးငွေ့ရင်
မင်မင့်လို သီးစုံဒိန်ချဉ်လေးတွေထဲ ထည့်ပီး
ရောသောက်ပေးလို့ရပါတယ်
အရမ်းစားကောင်းတာမို့လုပ်စားကြည့်ကြည့်နော်😇

နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို အန်တုဖို့အတွက် ငှက်သိုက်ဟာ အကောင်းဆုံး အဖော်မွန်တစ်ခုဖြစ်ပါတယ်။ "နွေရာသီမှာ ငှက်သိုက်ကို ဘာက...
06/04/2026

နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို အန်တုဖို့အတွက်
ငှက်သိုက်ဟာ အကောင်းဆုံး အဖော်မွန်တစ်ခုဖြစ်ပါတယ်။

"နွေရာသီမှာ ငှက်သိုက်ကို ဘာကြောင့်
သောက်သုံးသင့်တာလဲ" ဆိုတာကို
အချက်အလက်လေးတွေနဲ့ ဝေမျှပေးလိုက်ပါတယ်ရှင်။

☀️ နွေပူပူမှာ ငှက်သိုက်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ

ပူပြင်းတဲ့ ရာသီဥတုမှာ ခန္ဓာကိုယ်က
ရေဓာတ်ခန်းခြောက်ပြီး နုံးချိလွယ်ပါတယ်။
ဒီလိုအချိန်မှာ ငှက်သိုက်က သင့်ကို
ဘယ်လိုကူညီပေးမလဲဆိုရင် -

• ခန္ဓာကိုယ်ကို အေးမြစေခြင်း (Cooling Effect):

ငှက်သိုက်ဟာ တရုတ်ရိုးရာဆေးပညာအရ
"အအေးစာ" အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ခန္ဓာကိုယ်အတွင်းပိုင်းက အပူတွေကို လျော့ကျစေပြီး ရင်အေးစေတဲ့ အာနိသင်ရှိပါတယ်။

• 🌸အရေပြား ကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း:

နွေနေပူပူကြောင့် အသားအရေ ပျက်စီးတာ၊
အမည်းစက်ဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။

ငှက်သိုက်မှာ ပါဝင်တဲ့ EGF (Epidermal Growth Factor) က ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေပြီး
အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

• 🍀ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း:

အမိုင်နိုအက်ဆစ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့
နွေရာသီမှာ ခံစားရတတ်တဲ့ အစားအသောက်ပျက်တာနဲ့
အားအင်ကုန်ခမ်းတာတွေကို
အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

• 💪ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း:

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်တတ်တဲ့
အအေးမိ၊ နှာစေး ချောင်းဆိုးခြင်းတွေကနေ
ကာကွယ်ပေးပြီး အဆုတ်ကို အားကောင်းစေပါတယ်။

💡 ဘယ်လိုသောက်သုံးရင် အကောင်းဆုံးလဲ?

နွေရာသီမှာ ငှက်သိုက်ကို ပိုပြီး အရသာရှိရှိနဲ့ အကျိုးရှိအောင် သောက်သုံးဖို့ အကြံပြုချက်လေးတွေကတော့ -

1. 🥶အေးအေးလေး သောက်ပါ:

(ငှက်သိုက်ကို ရေခဲသေတ္တာထဲမှာ အေးအောင်ထားပြီး သောက်တာက နွေအပူကို သိသိသာသာ
ပြေပျောက်စေပါတယ်။)

2. 🥤သစ်သီးများနဲ့ တွဲဖက်သောက်သုံးပါ

ငှက်သိုက်ကို ရှားစောင်းလက်ပတ်
ဒါမှမဟုတ် (Goji Berries) လေးတွေနဲ့
ရောစပ်သောက်သုံးရင် ပိုပြီး လန်းဆန်းစေပါတယ်။

3. ⏰အချိန်မှန်သောက်ပါ:

အာဟာရဓာတ် အပြည့်အဝရရှိဖို့အတွက်
မနက်အိပ်ရာထ ဗိုက်ထဲမှာ ဘာမှမရှိခင် သို့မဟုတ်
ညအိပ်ခါနီးမှာ သောက်သုံးပေးတာ အကောင်းဆုံးပါပဲ။

အမြဲယုံကြည်စွာအားပေးတဲ့ ချစ်မ ရဲ့ review လေး🥰🥰🥰ယုံကြည်စွာမှာယူအားပေးတဲ့အပြင်packaging လေးကိုပါသေချာရိုက်ပီးပို့ပေးတဲ့အတွ...
06/04/2026

အမြဲယုံကြည်စွာအားပေးတဲ့ ချစ်မ ရဲ့ review လေး🥰🥰🥰
ယုံကြည်စွာမှာယူအားပေးတဲ့အပြင်
packaging လေးကိုပါသေချာရိုက်ပီးပို့ပေးတဲ့အတွက်
ပြုံးမှကျေးဇူးအထူးတင်ရှိပါတယ်နော် မမရေ🙏🥰🥰🥰

Address

Maoupin Street, Sanchaung Township
Yangon

Telephone

+9595301322

Website

Alerts

Be the first to know and let us send you an email when Pyone Birdnest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyone Birdnest:

Share