09/08/2023
CHAPTER – 10 မျောက်ဘုရင်ပြန်ရောက်လာခြင်း
ကျန်းနန်တက္ကသိုလ် မှ ကျောင်းသားများသည် သူတို့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်ကြတယ်။
လင်းဟိုင်နောက်ကိုချင်ကတုံးက အသည်းအသန်လိုက်နေတာကိုတွေ့လိုက်ရတယ်။
"မင်းဘာလို့ငါ့နောက်လိုက်နေတာလဲ။ ကျနော်နောက်ကနေဆက်လိုက်မလာနဲ့!"
“ဟုတ်ကဲ့ပါ ဆရာ” ကတုံးချင် ကတိပေးကာ ဆက်ကာဆက်ကာ လိုက်ခဲ့လေသည်။
"အာ့ဆိုငါ အဆောင်ပြန်တော့မယ်"
“ကောင်းပြီ ဆရာ”
“ငါမင်းကို ခဏခဏပြောနေရတယ် ငါမင်းဆရာမဟုတ်ပါဘူးဆို”
“ကျနော်သိပါတယ် ဆရာ”
“မင်းရူးနေတာလား”
“ကျနော်မရူးပါဘူးကောင်းပါတယ် ဆရာ”
လင်းဟိုင်ဒေါသထွက်သွားတော့တယ်။
“မင်းဘာဖြစ်နေတာလဲ” လင်းဟိုင်ဒေါသတကြီးနဲ့ ကတုံးချင်ကိုကန်ရင်းမေးလိုက်တော့တယ်။
“အရိပ်မဲ့ကန်ချက်ကိုဆရာဆီကသင်ယူချင်လို့ပါ”
“မင်းညီမကိုသင်နေလိုက်”လင်းဟိုင် ခေါင်းကိုကုတ်လိုက်ပြီး (ဒီကောင်ဉီးနှောက်ပျက်နေတာလားဟ)
“ကောင်းပြီသေချာနားထောင်” လင်းဟိုင်တယောက်ကူကယ်ရာမဲ့ဖြစ်နေသည်။
“ငါညီအဖြစ်နဲ့သုံးလနေ သင်ယူဖို့အရည်အချင်းရှိရင် မင်းကိုငါသင်ပေးမယ် ဘယ်လိုလဲ”
“ဆရာပြောတဲ့အတိုင်းလုပ်ပါမယ်”ချင်ကတုံးစိတ်လှုပ်ရှားစွာပြောလိုက်တယ်။
“ကဲ အာ့ဆိုမင်းကို ပထမဆုံးအလုပ်တခုခိုင်းမယ် ခုကျောင်းကနေထွက်သွားတော့ ငါနောက်ဆက်မလိုက်နဲ့”
“ဟုတ်ကဲ့ဆရာ” ကတုံးချင်တယောက် မဆိုင်းမတွဘဲထွက်သွားတော့တယ်။
အဲဒါပဲလား?" ကတုံးချင်က ထွက်သွားသော်လည်း သူ့ကို ဖယ်ရှားရန်မှာ အလွန်ရိုးရှင်းသောကြောင့် လင်းဟိုင် အံ့ဩသွားခဲ့တယ်။ "ဘာလို့ ဒါကို အစောကတည်းကလုပ်ဖို့ မစဉ်းစားခဲ့မိရတာလဲ"
သူ့အိပ်ဆောင်ကို ပြန်ရောက်ပြီးနောက်၊
"အစ်ကိုဟိုင် ပြန်လာပြီ"
"အစ်ကိုဟိုင်၊ မင်းနာမည်ကြီးလား။" သူ့အိပ်ဆောင်ကို ပြန်ရောက်တာနဲ့ ဝမ်ပင်း နဲ့သူငယ်ချင်းများက သူကို ဝိုင်းထားလိုက်ကြတယ်။
"နာမည်ကြီး ဟုတ်လား? ငါက?" လင်းဟိုင်၏ မျက်နှာမှာ အံ့သြသွားပုံရသွားတယ် ။
"မင်းမသိသေးဘူးလား? အင်တာနက်မှာ ငါတို့ကျောင်းရဲ့ ပို့စ်တွေကို ကြည့်လိုက်ပါ။”လျှို လျှံ က သူ့ဖုန်းကို ထုတ်လိုက်ပြီးလင်းဟိုင် ကိုပြသရန် ပို့စ်ကိုဖွင့်လိုက်တော့တယ်။
“အဆိုဘုရင် လင်းဟိုင်တယောက် ထွက်ပေါ်လာခြင်း နတ်ဘုရားကဲ့သို့အသံရှိတယ် နောက်ဆုံးတော့ ကျောင်းနတ်သမီးလေး ရှင်းယွဲ့သူမနဲ့ ထိုက်တန်တဲ့သူကိုရှာတွေ့ခဲ့ပြီ”
“ဒါကဘာကြီးတုန်း” လင်းဟိုင်ဖုန်းကိုလုလိုက်ပြီးကြည့်လိုက်တော့တယ်။
(တကယ်ကြီးလား ဘာတွေဖြစ်ကုန်တာလဲ? လေ့ကျင့်ရေးခန်းထဲက ကိစ္စ ဗီဒီယို ကိုဘယ်သူတင်လိုက်တာမှန်းမသိပေ့မယ် မှတ်ချက်ပေါင်းတထောင်မကတော့ပါဘူးဆက်ပြီတော့လဲ ရေးနေကျပါသေးတယ်)လင်းဟိုင်က မှတ်ချက်များကို အကြမ်းဖျင်သိရှိစေရန် တချို့ကိုစွဲချဖတ်လိုက်တော့တယ်။(အများစု က ချီးကျူးထားတာတွေဖြစ်ပြီး တချို့တလေကအပျက်သဘောဆောင်တဲ့မှတ်ချက်တွေပါဘဲ ဒါတွေကအင်တာနက်သုံးစွဲသူတွေအတွက် သာမာန်ပါဘဲ)
လင်းဟိုင်ဆက်ဖတ်လိုက်သောအခါ တချို့မှာ ဝမ်တင်းနဲ့ အတိတ်ကအကြောင်းများကိုပြောဆိုထားတာကိုတွေ့ရတယ်။ဒါကိုလူသိများလာတဲ့အတွက်
ဝမ်တင်းကိုဖာသည်မတံဆိပ်ကပ်လိုက်ကြတယ်။ဆန့်ကျင်ဘက်အနေနဲ့ လျှိုရှင်းယွဲက ချီးကျူးခံရတော့တယ်။နောက်ပီး ဟူဝေ ကျောက်လဲ့နဲ့ လျှိုကျွင်း တို့မှာ ပြင်းပြင်းထန်ထန်ရှုံချ
အရှက်ခွဲခံရလေတော့တယ်။
“သေစမ်း အင်တာနက်ပေါ် မှာ ဒီကိစ္စကတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားတာဘဲ ထင်တောင်မထင်ထားဘူး” ထိုအချိန် သူဖုန်းမှာ massage တစောင်ဝင်လာခဲ့တယ်။
လျှိုရှင်းယွဲ ့မှသူကိုစာတစောင်ပို့ထားတာပါ။
“postကိုနင်မြင်ပြီးပြီးလား” “ကြည့်လိုက်”
“အဆိုဘုရင် လင်းဟိုင်မွေးဖွားလာတဲ့အတွက်ဂုဏ်ယူပါတယ်”
လင်းဟိုင်တချက်ပြုံးလိုက်ပြီး
“နတ်ဘုရားမ ရှင်းယွဲ့ကိုဂုဏ်ယူပါတယ် သူမနဲ့လိုက်ဖက်ညီတဲ့သူတယောက်ကိုရှာတွေ့သွားလို့”
“ရွံစရာတွေပြောနေပြန်ပြီ ညကျ၈နာရီကျ အိမ်ကိုလာခဲ့အုံး” “အဲဒါက နည်းနည်းမြန်နေတာလားလို့ ငါ့ကိုယ်ငါ မပြင်ဆင်ရသေးဘူးလေ။ (3x ရှက်တတ်တဲ့ အမူအရာ)"
လျှိုရှင်ယွဲ: "နင်ဘာတွေတွေးနေတာလဲ။ အမေက ညစာစားဖို့ခေါ်လိုက်တာ”။ (၃ ကြိမ် လက်ဖဝါး အီမိုဂျေး)
“အိုယောက်ခမကထမင်းစားဖို့ခေါ်နေတာ သမက်ဖြစ်တဲ့ငါကဘာလိုမလာရမှာလဲ”
“နင်မှာလျှာရိုးမရှိတိုင်းပြောမနေနဲ့ 7:30 ကျရင်ကျောင်းတံခါးပေါက်မှာစောင့်နေ တူတူသွားမယ်”
ကျန်းနန်မြို ့စတီးထုတ်လုပ်ရေး ရပ်ကွက်တွင် လျှိုရှန်း (ရှင်းယွဲ့အဖေ) ရဲ့တိုက်ခန်း လျှိုရှင်းယွဲ့ရဲ ့အိမ်လည်းဖြစ်တယ်။ထိုတိုက်ခန်း သို့ လင်းဟိုင်ဝင်လာသည်နှင့်တပြိုင်နက်
ကျောက်ဖန်က နှုတ်ဆက်လိုက်ပြီးထိုင်ရန်ပြောလိုက်တယ်။”ကျေးဇူးပါ အန်တီ”ယဉ်ကျေးစွာပြန်ပြောလိုက်တယ် “ခဏထိုင်ပြီး သမီးနဲ့ စကားပြောနှင့်ကျအုံး နောက်မိနှစ်အနည်းအတွင်းစားစရာတွေရတော့မယ်” ကျောက်ဖန်က စားပွဲကိုပြင်ပြီးသည်နှင့် မီးဖိုခန်းကိုပြေးသွားတော့တယ်။
“ဒါနက် နင်တို့သားမိနှစ်ယောက်လုံးဒီမှာရှိနေတော့ဉီးလေးကိုဘယ်သူကစောင့်နေလဲ”
အော်”အမေက ညီမလေးကို ပြောပြီး အဖေကိုစောင့်ရှောက်ဖို့သူမကိုခိုင်းထားတယ်လေ”
“ခဏလေး နင်မှာညီမရှိတာလား”(ခယ်မဆိုတာလိုက်ပွဲ [*_*])
“အေးလေ ဘာလို့ငါမှာ ညီမမရှိရမှာလဲ” ကြောင်တောင်အကြည့်နဲ့လင်းဟိုက်ကိုစိုက်ကြည့်ရင်းပြောလိုက်တယ်။
“အမ် ငါဆိုလိုတာက နင်မှာညီမရှိတာငါမသိဘူးလေ နင်ပြောလို့ငါသိတော့အံ့ဩသွားလို့ပါ ညီမရှိတော့တော်သေးတာပေါ့” လင်းဟိုင်မှိုရသလိုပြောလိုက်တယ်(ခယ်မဆိုတာလိုက်ပွဲဘဲကွ)
{eလိုပြန်တဲ့ဘဲ့ကတော့ (Silavin: Not sure why he is so happy. This novel is not a harem novel from what I know. So, I guess he just wants to have a younger sister? Having a younger sister myself, I can tell you that it is a lie that Imoutos brings happiness. LIES!)အဲ့လိုပြောတာဘဲ ခယ်မဆိုတာလိုက်ပွဲကွယွဖတို့ heeeee}
ရှင်းယွဲ့က လင်းဟိုင်ကို သံသယနဲ့ ကြည့်လိုက်ပြီး "ဘာလို့ထူးထူးခြားခြားရယ်နေတာလဲ"
“အမ်၊ ဘာမှမဟုတ်ပါဘူး။ တကယ်လည်း ဘာမှမဟုတ်ပါဘူး” လင်းဟိုင်က လျင်မြန်စွာ ပြုံးပြကာ လွတ်မြောက်ရန် လျူိရှင်းယွဲ ့အမေ ပန်းကန်များကို စားပွဲပေါ်ဖို့ရန် ကူညီဖို့ရန် ပြေးသွားတော့တယ်။
“ဘာထကြောင်တာလဲ” သူမလဲသူမအမေကို ကူရန်စားပွဲဝိုင်းသို့သွားလိုက်တယ်။
စားပွဲပေါ်မှာ ဟင်းခြောက်ပွဲနှင့် ဟင်းချိုတပန်းကန်ရှိနေပြီး ထို့ဟင်းများကချက်ရန်လွယ်ကူသော် ဟင်းနံများက အရသာရှိမယ်ဆိုတာ ကျိန်းသေလင်းဟိုင်တယောက်သိနေတယ်။
“ရှောင်ဟိုင် ရေ အန်တီတို့ကို ကူညီပေးတဲ့ အတွက်ကျေးဇူးပါဘဲနော် တကယ်ဆို စားသောက်ဆိုင်ကြီးမှာလိုက်ကျွေးရမှာ ဒါပေ့မယ်အန်တီတို့လက်ရှိအခြေအနေက မကောင်းတော့ ဖြစ်သလိုလေးဘဲစီစဥ◌်လိုက်ရတယ်” ဆိုပြီးသူမအမေ ကအားနာသလိုပြောလိုက်တယ်။`”အန်တီကလဲ အန်တီကိုယ်တိုင်ဟင်းချက်ကျွေးတာကို ဘာလို့စားသောက်ဆိုင်တွေသွားရမှာလဲ” ပြီးနောက်တွင် အာလာပသလာပ တွေပြောရင် ရယ်မောကျရင်း စားသောက်ပြီးတဲ့နောက် လျှိုရှင်းယွဲ ့အမေက သူမအဖေကိုစောက်ရှောက်ရန်သွားတော့တယ်။ လျှိုရှင်းယွဲ့နောက်ဖေးကိုထသွားတဲ့အခါ လင်းဟိုင်က ထလိုက်သွားပြီး “ငါအသီးတွေ ရေဆေးပေးရမလား?” လျှိုရှင်းယွဲ ့ကလဲဘာမှ
မပြောတော့ဘဲထားကာထွက်သွားတော့တယ်။” အွန်းငါဘယ်လိုတောင်စိတ်လှုပ်ရှားနေရတာလဲ”
ထိုအချိန် မက်ဆေ့များဝင်လာသံကို ကြားလိုက်ရတယ်။
လင်းဟိုင်ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သောအခါ မျောက်ဘုရင် ပြောထားတာဖြစ်နေတယ်။
“ မင်းဒီအဘိုးးကိုရှာနေတာလား?” လင်းဟိုင်ဘာမှမပြောရသေးခင်
“မင်းအဘိုးငါက မင်းပေးတဲ့ကိုယ်ပျောက်ဆေးကို စားပြီး ကောင်းကင်ဘုံမှာလျှောက်သွားနေတာ နဲ့ ဖုန်းကို slient လုပ်ထားတာပြန်မဖြုတ်လိုက်မိဘူး။”
“ချီးဘဲ” လင်းဟိုင်တယောက် မျောက်ဘုရင်နဲ့ စကားပြောနေရင်း တစုံတခုကို တွေးမိသွားတယ်။မျောက်ဘုရင်တယောက်တခုခုကို ကောင်းကင်ဘုံမှာသွားခိုးလာတယ်ဆိုတာကို ဖြစ်နိုင်တာက သူ ကိုယ်ပျောက်ဆေးသောက်ပြီတော့ သွားခိုးဖို့ ဖုန်းကို အသံပိတ်ထားတာဖြစ်မယ် ဒါကဖြစ်နိုင်တဲ့အကြောင်းရာတခုဘဲလေ။
“သူတောင်စင်အရှင် ဘာတွေရိတ်သိမ်းလာတာလဲဆိုတာ ကျနော်မသိ ဘူးလေ” လင်းဟိုင်က ပုခုံးတွန့်ပြတဲ့အီမိုဂျေ နဲ့ ပြန်ပြောလိုက်တယ်။
မျောက်ဘုရင်က “အား ဟုတ်ပီ ခဏ”
'ဒင်းဒင်း!' မျောက်ဘုရင်က မင်းကို ကောင်းကင်ဘုံမျက်လုံးမှော်ပညာ ကို ပို့လိုက်တယ်။
[ဒါက ဘာလဲ၊ ကောင်းကင်ဘုံမျက်လုံးမှော်ပညာ ?!] လင်းဟိုင်က မြန်မြန်ယူလိုက်တယ်။ “ဒါက အာလန်ရှန်ဟာ မင်းအတွက်လေ မင်းပေးတဲ့ဟာအတွက် ကျေးဇူးဘဲအာ့ကြောင့်မင်းကိုပေးတာ” မျောက်ဘုရင်ကပြောလိုက်တယ်။”အာ့ရပါတယ်ဗျာ ကျေးဇူးပါဘဲအရှင်” ပြီးနောက် လင်းဟိုင်သူရဲ့ ပစ္စည်းထားတဲ့နေရာကိုဖွင့်လိုက်တယ်။ အထဲမှာ ရှေးဟောင်းရွှေရောင်စာအုပ်တအုပ်ကိုတွေ့လိုက်တယ်။ ထုတ်ယူလိုက်တယ်။
သူ့မျက်လုံးများတွင် အလင်းများတဖျပ်ဖျပ်တောက်ပလာတာကို ခံစားလိုက်ပြီးနောက် မက်ဆေ့ချ်တစ်ခု ကျလာသည်- သင်သည် အဆင့် 1 ကောင်းကင်မျက်လုံးမှော်ပညာကို သင်ယူခဲ့သည်။
“ဘာမှသိပ်မထူးပါလား?” လင်းဟိုင်ဖန်ခွက်ကိုယူကာမော့လိုက်တယ်။ “အသီးတွေရပြီ” လျှိုရှင်းယွဲ ့အသီးများကိုယူလာပါတယ်။ “အို ကျေးဇူးပါ” ပြောရင်လင်းဟိုင်မော့ကြည့်လိုက်တဲ့အခါသောက်လက်စရေတွေပါသီးကုန်တော့တယ်။”ငလူး”
လျှိုရှင်းယွဲ့ အတွင်းခံအနက်လေးနဲ့ ရပ်နေတာကိုမြင်လိုက်တယ်။သူမရဲ ့ကောက်ကြောင်းအလှကိုတော်တော်လှပတာကိုတွေ့လိုက်ရတယ်။
“ဟဲ ဘာဖြစ်တာတုန်း” သူမက စိုးရိမ်နေသောလေသံနဲ့မေးလိုက်တယ်။ “ဘာ မှ ဖြစ်ပါဘူး အေးဆေးဘဲ ဟီး”လင်းဟိုင် သူရေတွေကိုပြန်မြိုချရင်းပြောလိုက်တယ်။ မျက်လုံးများကိုသေချာပွတ်ပြီးကြည့်လိုက်တဲ့အခါ သူမကနဂိုအဝတ်အစားများကိုဝတ်ထားတာကိုတွေ့လိုက်ရတယ်။(မြတ်စွာဘုရားဒီကောင်းကင်မျက်လုံးတွေက ငမြွေထိုးဘဲ)
“နင်ရေသီးနေတာလား?”သူမက လင်းဟိုင်တခုခုမူမှန်တာကိုသတိထားလိုက်မိတယ်။
'ဒင်းဒင်း!' မျောက်ဘုရင်က မက်ဆေ့ခ်ျအသစ်ဖြင့်မေးလိုက်လေတယ်။
မျောက်ဘုရင်- "အင်း၊ မင်းဒီအဖိုးကို ဘာအကူအညီပေးခိုင်းစေချင်တာလဲ။"
[ငါ သူနဲ့လုပ်ရမယ့်ကိစ္စတွေကို မေ့လုနီးပါးပဲဟ။] လင်းဟိုင်က မျောက်ဘုရင်ဆီ အမြန်ပြန်ပြီး ပြန်ဖြေတယ်။
လင်းဟိုင် : “ဟုတ်ကဲ့ အရှင် တိုင်ပင်စရာတခုရှိလို့ပါ ။ ကျွန်တော့်မှာ သူ့ဝိညာဉ်နဲ့ ကွဲကွာနေပုံရပေမယ့် အသက်ရှင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မနှိုးထနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ သူ့ကို ကယ်တင်ဖို့ ဘာလုပ်ရမှန်းမသိဘူး။ “
မျောက်ဘုရင်- “အင်း၊ လွယ်တယ်။လူအိုကြီးလောင်ဇီ ဆီက ပြန်လည်နုပျိုခြင်းဆေးက ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ကွ။ “
'ဒင်းဒင်း' မျောက်ဘုရင်က သင့်ကို ပြန်လည်နုပျိုခြင်းဆေး ပို့လိုက်တယ်။
မျောက်ဘုရင်- "မင်းအတွက် ငါအဘိုးကြီးဆီကသွားခိုးထားတာ။"
လင်းဟိုင်က "ကျေးဇူးတင်ပါတယ်အရှင်!"
လင်းဟိုင် အလွန်စိတ်လှုပ်ရှားသွားပါတော့တယ်။ [သူကို ကိုယ်ပျောက်ဆေးပေးလိုက်ရတာ အရမ်းတန်တယ်ဟ။]
"ရှင်းယွဲ ့" လင်းဟိုင်က အော်လိုက်တယ်။
ရုတ်တရက် လျှိုရှင်းယွဲ့ ပိုစိုးရိမ်လာပြီး “နင် သေချာအဆင်ပြေရဲံလား” ဟု မေးလိုက်ပါတယ်။သို့ပေ့မယ် သူမဘာမှဆက်မပြောခင် လင်းဟိုင်ကဖြတ်ပြောလိုက်တယ်။
“နင်အဖေကို ကယ်လိုရပြီ”
[Silavin: I had to add a few things here and there. The chapter could not be translated as what the author wrote because he left so much information out. The mother, is not written to be anywhere after she cooked the meal. So, I added some parts to make it flow better. မူရင်းဘာသာပြန်သူက အာ့လိုရေးထားတာဘဲ ဒီစာစဉ်ကတချို့တလေတွေက ဘာမှန်းကိုမသိတာဆိုလိုရင်းက မူရင်းဘာသာပြန်တဲ့ကောင်က တခါတလေ တခေါက်နဲ့တခေါက် မတူလို ့ရေးနေရင်းမှသိလို့အစက ပြန်ပြင်ရတာခဏခဏဘဲ အာ့ကြောင့်ခွေးလွှတ်ကျပါ စာဖတ်သူအပေါင်း တာအိုသူတော်စင်တို့ခင်ဗျ’]