My Amazing WeChat

My Amazing WeChat DON'T KILL MY LIFE

13/08/2023
13/08/2023

မနေ့ကမတင်ဖြစ်တာဆော်တီးပါ အပြင်ရောက်နေလို့ရယ် အလုပ်တခုလုပ်နေလို့ရယ်ကြောင့်

13/08/2023

အခန်း ၁၃၊ ရွေရောင်ပန်းပွင့် ကောင်လေး
လူတိုင်း ရုတ်ရက်အံဩသွားကြသည်။
အဘိုးဝမ်ရဲ့စကား ကလင်းဟိုင်ရဲ့ပန်းချီကားက အစစ်ဆိုတာကို သက်သေပြနေတော့သည်။
“အဘိုးဝမ် လိုချင်ရင် ယွမ် ၁၀သန်းနဲ့ရောင်းပေမယ်လေ, ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ”
“လင်းဟိုင် နင်လိုဆင်းရဲသားက ငွေမမြင်ဖူးမှန်းအရမ်းသိသာလွန်းတယ် ဒီလိုပုံစုတ်အတွက် ၁၀သန်းတောင်တောင်တယ်ဆိုတော့ နင်မှာလျှာရိုးကောရှိသေးရဲ့လား” ဝမ်တင်းက ဟာသလုပ်ခနဲ့ရင်းပြောလိုက်သည်။
“နင်သောက်ပါးစပ် ကိုပိတ်ထားစမ်း”ကျောက်လဲ့က သူကိုစိမ်းစိမ်းကားကားကြည့်ရင်းးပြောလိုက်သည်။သူမကဦးနှောက်မရှိတာက ရှက်ရကောင်းမှန်းမသိချေ။
“ကျွန်မဘာမှားလို့လဲ ဒီပန်းချီကားစုတ်က “ ဝမ်တင်းတယောက် ကငြင်းဖို့ပြင်နေတုန်းလူတွေအကုန်ကသူမကို အရူးတယောက်လို့ကြည့်ကုန်ကြသည်။
အဘိုးဝမ်က သက်ပြင်းချလိုက်ရင်း”ကောင်လေး ဒီပန်းချီကားက အရွယ်က တန်ဘိုဟူရဲ့“Jiang Ting Tan Gu Tu” နဲ့ တူပေမယ့် ဒီပန်းချီ “Night Imperial Hundred Women ” က ပန်းချီကားကပို့ပြီးတော့လက်ရာက နည်းစနစ်တွေပိုကောင်းတယ်။ ဈေးနှုန်းအနေနဲ့ဆို “Jiang Ting ရှေးဟောင်းပန်းချီကားဈေးနှုန်းထက်နှစ်ဆရှိမှာ Jiang Tingရှေးဟောင်းပန်းချီကားဈေးးက ခုဆို 11.5သန်းပေါက်တယ်။အာကို မင်းက ငါကို ၁၀သန်းနဲ့ပေးမယ်ဆိုတော့ တော်တော်ကောင်းမွန်တဲ့အခွင့်အရေးတခုဘဲ”
လင်းဟိုင် ပစ်လဲမလိုဖြစ်သွားသည်။ ချီးဘဲ,ဝက်ခေါင်းဘဲ။
လင်းဟိုင် က အရင်အင်တာနက်ပေါ်မှာသေချာလေ့လာခဲ့ပြီးနောက် “Night Imperial Hundred Women “နဲ့ "Jiang Ting Tan Gu Tu" တို့၏ အရွယ်အစားသည် ဆင်တူသောကြောင့် ပုံနှစ်ပုံ၏စျေးနှုန်းသည် အတူတူနီးပါးဖြစ်မည်ဟု သူထင်ခဲ့တာ သို့သော် မထင်မှတ်ထားတာက ဈေးကတဝက်ကျော်ကွာနေတော့သည်။
လင်းဟိုင်ရဲ့စိတ်ထဲတွင်နောင်တပန်းများနဲ့ပွင့်လန်းနေတော့သည်။
“အဘိုးဝမ်ရယ် ဒီ၁၀သန်းလောက်က အဘိုးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတခုဖန်တီးနိုင်ခဲ့တယ်လေ”လင်းဟိုင် လေအေးလေးနဲ့ပြောလိုက်သည်။
“ဟားဟား ကောင်လေး မင်းကတော်တော် တော်တယ်” အဘိုးဝမ်က ပြောလိုက်သည်။
“ကဲကောင်လေး မင်းရဲ့ဘဏ်ကတ်နံပါတ်ကိုပြော” လင်းဟိုင်လဲအမြန်ကတ်နံပါတ်ကိုပြောလိုက်သည်။
“ကံကောင်းတဲ့နေ့ ဘဲ ဒီနေ့မှာငါသူဌေးတယောက်ဖြစ်ပြီ”လင်းဟိုင် အရမ်းကိုစိတ်လှုပ်ရှားကာရေရွတ်လိုက်သည်။
“ကြည့်ရတာ ရွံစရာကြီးကွာ ဘယ်လောက်တောင် ဆိုးရွာလိုက်လဲ” ဟူဝေက ပြောရင်းလှည့်ထွက်သွားတော့သည်။
“ခဏနေပါ ဦး” လင်းဟိုင်က သူကိုတားလိုက်သည်။”ဟူဝေ ဘာလို့လဲ အရှုံးကိုလက်မခံနိုင်လို့ ထွက်ပြေးတော့မလို့လား”
“ဘယ်သူကပြေးလိုတုန်း မင်းလောက်က မတတ်နိုင်စရာမရှိဘူး”
“အိုဒါဆို လောင်ကြေးလေးမစလိုက်တော့” လင်းဟိုင်က ဝမ်ဂူတန် တွင် သေချာရွေးချယ်နေတော့သည်။ ဟူဝေက လင်းဟိုင် ခြေလှမ်းလိုက်တိုင်းလန့်နေသည်။ ဈေးကြီးတဲ့ပစ္စည်းများကို မရွေးချယ်စေရန်ဆုတောင်းနေတော့သည်။”ဒါယူမယ်” လင်းဟိုင်က ထောင့်တနေရာမှာထားထားတဲ့ပန်းချီကားကို ရွေးလိုက်လေသည်။ ဟူဝေတယောက် အသက်ရူချောင်သွားသည်။ ဆင်းရဲသားက ဆင်းရဲသားပါဘဲ အဖိုးတန်းပစ္စည်းများကိုမရွေးနိုင်ပါဘူး။ ဟူဝေက ပန်းချီကားထားတဲ့နေရာကိုခန့်မှန်းလိုက်ပြီးနောက် ဈေးမရှိမှန်းသိလေသည်။
“သူဌေးဒူ ဒီပန်းချီကားက ဘယ်လောက်လဲ” လင်းဟိုင် ရန်ကိုကြောက်သောကြောင့် ဟူဝေက ကမန်ကတန်းမေးလိုက်သည်။” ဒါက ချင် မင်းဆက် အစက ရှေးဟောင်းပန်းချီဘဲ အာ့ကိုမဆန်းစစ်နိုင်ဘူးရယ် ဟူသခင်လေး 1သိန်းဘဲပေး”လင်းဟိုင် ကထိုပန်းချီကားကိုရွေးလိုက်သည်အတွက် သူဌေးဒူက ခနဲ့တဲ့တဲ့ပြောလိုက်သည်။
“ကောင်းပြီး ၁သိန်းဆိုလဲ၁သိန်းပေါ့” ဟူဝေက ပိုက်ဆံကိုခပ်မြန်မြန်ပေးချေလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အကိုဟူရေ” ပန်းချီကားကိုယူလိုက်ပြီးဟူဝေကို မျက်လုံးပင့်ကာပြောလိုက်သည်။”နောက်လောင်းကြေးလေးကကော” ဟူဝေ ကျောက်လဲ့နဲ့ ဝမ်တင်းတို့မျက်နှာပျက်သွားသည်။”လင်းဟိုင်နင်လွန်နေပြီ” ဝမ်တင်းကထအော်လိုက်သည်။
“လွန်ရအောင် ငါကဘာလုပ်နေလို့လဲ လောင်းကစားတာနိုင်ချင်နိုင်မယ် ရှုံးချင်ရှုံးမှာဘဲလေ”လင်းဟိုင်က ပုခုံးတွန့်ပြလိုက်သည်။
“မင်း” ဟူဝေက လင်းဟိုင်ကိုစိုက်ကြည့်လိုက်သည်။
“ဘာလဲ အကိုဟူ က အရင်တုန်းကလို့ လုပ်အုံးမလို့လား”
“ပြီးပြီးလေ ငါမပေးဘဲနေတော့ မင်းဘာလုပ်လို့ရမှာလဲ”
ဘာပဲပြောပြော ရှက်စရာကောင်းလောက်အောင်ကို ဟူဝေ က လှည့်ကွက်တွေ ကစားနေတာပါ။ “ဟူ,မင်းအဲလိုလုပ်တာမကောင်းဘူး” ရုတ်တရက် ယဲ့ကျိယုက စကားကိုဖြတ်ပြောလိုက်သည်။
“ယဲအကိုကြီး ငါက…..”ဟူဝေမျက်နှာက တဖြေးဖြေးငိုတာထက်ပိုဆိုးသွားတော့သည်။
ယဲ့ကျိယု က သူ့ကို ဘာမှ ထပ်မပြောဘဲ ငြိမ်ငြိမ်လေး ရပ်နေကာ အေးအေးဆေးဆေး ကြည့်နေလိုက်တော့သည်။
သို့သော် ယဲကျိယုအကြောင်း သိသူများသည် အခုပြောလိုက်သည်က အမိန့်တခုလိုဖြစ်ကြောင်း သိကြသည်။ဟူဝေ ကယဲကျိယု အကြောင်းသိတဲ့ သူတွေထဲ့ကတယောက်ဖြစ်တာကြောင့် သူ့စိတ်ထဲ ငိုနေရတော့သည်။
“ဟေ့ကောင် လူဆိုတာ အတုံအလှည့်ဆိုတာရှိတယ် တနေ့ မင်း ငါကို ပြန်ပေးဆပ်ရလိမ့်မယ်”
“ကောင်းပြီလေ မင်းက ခုရှုံးထားတော့ အရှုံးကိုလက်ခံရမယ်” ဟူဝေက သွားများကိုတြိတ်လိုက်ပြီး
“ဝုတ် ဝုတ် ဝုတ်” လင်းဟိုင်ကိုကြည့်ပြီး ဟောင်လိုက်သည်။
“အာ့ ခွေးရူးဘဲ” လင်းဟိုင်က အမြန်နောက်ကိုဆုတ်လိုက်ပြီး ရင်ဘတ်ကိုဖိကာ ကြောက်ဟန်ဆောင်ကာရယ်မောလိုက်သည်။
ထို့နောက် ကျန်တဲ့နှစ်ယောက်လည်း ဟောင်ကြလေသည်။ “ဟားဟား ကောင်းပြီ တိုးတက်လာပြီးဆက်ကြိုးစား နောက်တခါဆိုပိုကြိုးစားရမယ်နော်” လင်းဟိုင် က ကျောက်လဲ့နဲ့ ဝမ်တင်းကိုလက်မထောင်ပြီးပြောလိုက်သည်။ “နောက်တခါ ဟုတ်လား မင်းနှမလင်မို့လား” ကျောက်လဲ့နဲ့ဝမ်တင်း တို့ကျွဲမြှီးတိုသွားတော့သည်။ ထို့နောက် ဟူဝေတို့သုံးယောက်အရှက်ကွဲကာထွက်သွားတော့သည်။
အဘိုးအိုဝမ် ကလင်းဟိုင်ကို ဆက်သွယ်ဖို့ လိပ်စာပေးကာ စကားခဏပြောပြီး ယဲကျိယုနဲ့အတူထွက်သွားတော့သည်။
လင်းဟိုင်နဲ့လျှိုရှင်းယွဲ့ လည်း ထွက်လာတော့သည်။
“လင်းဟိုင် နင်ရောင်းလိုက်တဲ့ ပန်းချီကားက တကယ်အစစ်လား” ယခုချိန်ထိ သူမမယုံကြည်နိုင်သေးပေ။
“အစစ်လေ အစစ်မို့ပေါ့ မဟုတ်ရင် ဘယ်သူက ၁၀သန်းပေးမှာလဲ”
“နင်ကဘယ်ကရလာတာလဲ”
“အမွေရလာတာလေ” လင်းဟိုင်ကပြောလိုက်သည်။မိသားစုအကြောင်းကို တွေးလိုက်ရင် လင်းဟိုင်ရဲ့ရင်ဘတ်တခုလုံးလှုပ်ရှားသွားတော့သည်။ သူအခုချမ်းသာလာပြီးမလို့ သူ့မိဘများကို ကောင်းကောင်းမွန်မွန်ထားရန် အချိန်တန်ပြီ မဟုတ်ပါလား။
ကျောင်းပြန်ရောက်တဲ့အခါ လင်းဟိုင်က အဆိုကျင့်ရန် လျှိုရှင်းယွဲ့နှင့်အတူ အဆောင်ကို ပြန်လာခဲ့သည်။(မှတ်ချက် ဘာကိုဆိုလိုတာလဲမသိဘူး အကုန်လုံးကအာ့လိုရေးထားတာဘဲ)
လင်းဟိုင် Wechat ကိုဖွင့်လိုက်သည်နှင့် အသံမြည်လာပါသည်။
ကျောက်စိမ်းယုန်(ယုတု) ; “တရှန် ရှိနေလား"
လင်းဟိုင် ; “ ပြောပါ”
ယုတု ;” ရွှေပန်းကောင်လေးကို သင်မေးခိုင်းတာ မေးလိုက်တယ် သူက အာ့ကို Huanxindan နဲ့ကုလို့ရတယ်လို့ပြောတယ်”
“ငါမှာ အာ့တွေရှိတယ် ငါကုသပေးချင်တာသေမျိုးတွေအတွက်လေ”
“အာ့ သာမန်လူတွေအတွက်လား “
လင်းဟိုင်က “မင်းမသိရင်မမေးနဲ့”
ယုတု” အာ့ ကောင်းပြီ”
လင်းဟိုင်ရုတ်တရက်သတိရသွားတယ် သူသောက်တဲ့ဆေးက ရွေရောင်ပန်းကောင်လေး ဖန်တီးထားတာကဆိုတာကို သူက သာမာန်လူတွေ အတွက် ဆေးဖော်နိုင်တယ်ဆိုလိုတာမဟုတ်ဘူးလား?။
လင်းဟိုင်းက “ မင်းရွှေရောင်ပန်းကောင်လေးကို သေမျိုးတွေအတွက် ဆေးဖော်ပေးနိုင်မလားလို့ မေးပေးစမ်းပါ”
ယုတု “ကောင်းပါပြီ”
ခဏအကြာတွင်။
ယုတု ; “တရှန် ရွေရောင်ပန်းကောင်လေးက ငါ ကို မင်းရဲ့သူငယ်ချင်းတွေထည့်ဖို့ တောင်းဆိုခဲ့တယ်။
ဒင်ဒေါင်။
ယုတုပြော ပြီးတာနဲ့ ရွှေရောင်ပန်းကောင်လေးက သူငယ်ချင်းအဖြစ် တောင်းတယ်ဆိုတဲ့ သတင်းက ရောက်လာတော့သည်။
ရွှေရောင်ပန်းကောင်လေး- မင်္ဂလာပါ၊ တရှန်း၊ မင်းက သေမျိုးများအတွက် ပြန်လည်နုပျိုစေတဲ့ ဆေးတစ်လုံးလိုပါသလား။
လင်းဟိုင် : ဟုတ်တယ်၊ မင်းလုပ်နိုင်သလား။
ရွှေပန်းကလေး : ရတယ်လေ။
လင်းဟိုင် ပီတိဖြစ်သွားတော့သည်။
ရွှေပန်းကလေး- ဒါပေမယ့် အခြေအနေတွေရှိတယ်။
လင်းဟိုင် အသက်ပြင်းပြင်းရှူလိုက်တော့သည်။

မှတ်ချက် ။။။အာ့ကောင်လေးကို ပြောတာနော် ရွှေရောင်ပန်းကောင်လေးက

လောင်ဇီ ဆိုတာ ဝူခုန်းဆေးသွားခိုးတာအဲ့ဘဲဆီက
10/08/2023

လောင်ဇီ ဆိုတာ ဝူခုန်းဆေးသွားခိုးတာအဲ့ဘဲဆီက

Mo Li Qing ဆိုတာက ဝူခုံးနဲ့တီးတဲ့စောင်းကောက်နဲ့နတ်
10/08/2023

Mo Li Qing ဆိုတာက ဝူခုံးနဲ့တီးတဲ့စောင်းကောက်နဲ့နတ်

Qi Xian Nu ဆိုတာ နတ်သမီးခုနှစ်ဖော်ကိုပြောတာ အငယ်ဆုံးကိုလဲပြောတာမျိုးဘဲ
10/08/2023

Qi Xian Nu ဆိုတာ နတ်သမီးခုနှစ်ဖော်ကိုပြောတာ အငယ်ဆုံးကိုလဲပြောတာမျိုးဘဲ

အခန်း 12 ဒီပန်းချီကားကို ငါလိုချင်တယ်။"ဘာလို့ဒီလောက်ဆူညံနေတာလဲ" ဩဇာရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ထို့နောက်ဒုတိယထပ်မှ ...
10/08/2023

အခန်း 12 ဒီပန်းချီကားကို ငါလိုချင်တယ်။
"ဘာလို့ဒီလောက်ဆူညံနေတာလဲ" ဩဇာရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ထို့နောက်ဒုတိယထပ်မှ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရှိ အဘိုးအိုတစ်ဦး ဖြည်းညှင်းစွာ ဆင်းလာခဲ့တယ်။
“သူဌေးခင်ဗျာ ဆိုင်မှာကလေးတယောက် ပြဿနာလာရှာနေလို့ ကျွန်တော်သူကို မောင်းထုတ်နေတာပါ” ထိုလူက ကမန်းကတန်းပြန်ဖြေလိုက်တယ်။
“ပြဿနာလာရှာတာလား? အဘိုးအိုမျက်လုံးများက ကျဉ်းမြောင်းသွာပြီး “လူငယ်လေး ဝမ်ဂူတန်က လူတိုင်းပြဿနာလာရှာနိုင်တဲ့ နေရာမဟုတ်ဘူး”
“ဟမ်” လင်းဟိုင်နည်းနည်းစိတ်မကြည်ဖြစ်သွားလေတော့တယ်။ “အဲ့တော့ခင်ဗျာက သူကိုပြောတာကို ယုံနေတာလား ဖောက်သည်တွေကိုဒီလိုဆက်ဆံနေရင်း မခင်ဗျာတို့ ဆိုင်နာမည်ပျက်လိမ့်မယ် သိပ်မကြာတော့ဘူး” ပြောပြီး “ရှင်းယွဲ့သွားရအောင် တခြားဆိုင်သွားရအောင် တန်ဘိုဟူရဲ့ပန်းချီကားတွေကို မရောင်းရဘဲနေမယ်” ဆိုကာ ထွက်သွားရန်ပြင်လိုက်တော့တယ်။ “ခဏလေး” အဘိုးအိုက လင်းဟိုင်ကို တားလိုက်ပြီး “ကောင်လေး ဆိုလိုတာက တန်ဘိုဟူရဲ့ ပန်းချီကားတွေကို ရောင်းချင်တာလား” လင်းဟိုင်အဖြေကိုကြားဖြတ်ကာ ဝန်ထမ်းတယောက် “သူဌေး တန်ဘိုဟူ ပန်းချီကားတွေက အကုန်ပိုင်ရှိရှိနေကျတာ အခုတန်ဘိုဟူ ပန်းချီကားကို ရောင်းဖို့ပြောနေတာ သူက ပြဿနာလာရှာတဲ့လူလိမ်ဖြစ်မယ်တူတယ်”။ အဘိုးအိုမျက်နှာက မည်းမှောင်သွားတော့တယ်။
“ကောင်လေး ငယ်ငယ်လေးနဲ့ လိမ်စားတာမကောင်းဘူး ငါဆိုင်ကိုလာပြဿနာရှာနေတာလား?”
လင်းဟိုင် က ကျယ်လောင်စွာရယ်လိုက်တော့တယ်။တကယ်စိတ်ဝင်စားစရာဘဲ ငါပန်းချီကားတောင်မထုတ်ရသေးဘူး လူလိမ်လို့ပြောနေတာဘဲ။
“ဟုတ်တယ် သူက လူလိမ်ဘဲ”
ထိုအချိန် ဆိုင်အပြင်ဘက်ကနေ မိန်းမနဲ့ ယောကျာ်းအသံနှစ်ခု ကထွက်ပေါ်လာပြီး ဟူဝေနဲ့ ကျောက်လဲ့ ဝမ်တင်းတို့ ဝင်လာတော့တယ်။
“လင်းဟိုင် နင့်လိုဆင်းရဲသားတယောက်က ဘာတွေဟန်ဆောင်လိမ်ညာနေတာလဲ ဘာတန်ဖိုးရှိတဲ့အရာရှိနိုင်မှာ မို့လို ့တုန်း နင်လိမ်မနေနဲ့” ဝမ်တင်းက မုန်းတီးနေတဲ့မျက်လုံးများနဲ့ပြောလိုက်တယ်။ “အာ့ ရှင်းယွဲ့ နင်လည်းရောက်နေတာလား” ဟူဝေက ဘာမှကိုဂရုမစိုက်ဘဲ ရှင်းယွဲ့ဆီကို ့လျှောက်ကာသွားလိုက်တယ်။
“နင်နဲ့ငါက ကောင်းကောင်းသိလို့လား”လျှိုရှင်းယွဲ့ ကအေးစက်တဲ့မျက်နှာဘေးနဲ့ပြောလိုက်တယ်။ လင်ဟိုင်ကိုလူလိမ်လို့ဝိုင်းပြောကျကတည်းကသူမ စိတ်ထဲအဆင်မပြေဖြစ်နေတာပါ။
“သွားကျရအောင်” လျှိုရှင်းယွဲ့က လင်းဟိုင်လက်မောင်းကို ကိုင်ထွက်ဖို့လုပ်လိုက်တယ်။
“ခဏလေး မသွားနဲ့ဦး” ဟူဝေက လက်ကိုဆွဲပြီးရပ်တန့်လိုက်တယ်။ “မင်းတို့ပန်းချီကားရောင်းမှာမဟုတ်ဘူးလား ဒါဆို တန်ဘိုဟူ ကအကောင်းဆုံးဘဲလေ ဘာလို့ပန်းချီကားကို ဖွင့်မပြရတာလဲ” ဟူဝေ က ခနဲ့တဲ့မျက်နာနဲ့ ပြောလိုက်တယ်။
ထိုနောက် လူတချို့ကဆိုင်တွင်ဝန်းရံလာပြီး လင်းဟိုင်ရဲ့ တန်ဘိုဟူ ရဲ့ လက်ရာအစစ်ကို လာရောက်ကြည့်ရူကြခြင်း ြဖစ်တယ်။
“ကောင်းပြီ လိမ်လည်ဖို့ဆိုတာပိရိအောင်လုပ်လေ တန်ဘိုဟူရဲ့လက်ရာအစစ်တွေကမရှိလောက်အောင်ရှားသွားပီး ဆိုတာငါပြောရဲတယ်”
“လိမ်ဖို့အတွက် ဝမ်ဂူတန်ကို လာတာ ဒီကောင်လေးတော့သေချင်နေတာဘဲ”
ဟူဝေ က ပတ်ဝန်းကျင်က စကားများကို နားထောင်ပြီး အောင်မြင်သူအပြုံးနဲ့ “ဘာလို့မထုတ်ပြရဲတာလဲ”
လင်းဟိုင် ကဟူဝေကိုသင်ခန်းစာပေးလိုက်တာလုံလောက်သေးပုံမရချေ။”အစစ်ဆိုရင် ဘယ်လိုလုပ်မလဲပြောလေ” “ဟား ဟား” ဟူဝေက အသည်းအသန် ရယ်မောလိုက်ပြီး
“ကြည့်လိုက်ပါဦး သူ့လက်ထဲမှာတန်ဘိုဟူ ရှိနေသလိုမျိုးပဲ ဘယ်လောက်တောင်ယုံကြည်မှုပြင်းထန်လိုက်သလဲ”လူတိုင်းရယ်မောလိုက်ကြတယ်။ဘယ်သူမှမယုံဘူးဆိုတာအသိသာကြီးပါဘဲ။လင်းဟိုင်ဆီမှာ ပန်းချီကားမူရင်းဖြစ်နေတော့ သူကဟူဝေကိုစိုက်ကြည့်ကာ
“ဟကောင်လောင်းမလား ,ပန်းချီကားကအစစ်ဆို မင်းဘာလုပ်မလဲပြော”
“ဟမ် အမှန်ဆို ငါနာမည်အစ ကိုမင်းမျိုးရိုးနာမည်ပါပြောင်းလိုက်မယ်”
“နေပါအုံး မဟုတ်သေးဘူး” လင်းဟိုင်က သူလက်ကို ဝှေ့ယမ်းလိုက်ပြီး “ မင်းလိုသားမျိုး ငါရလာရင် ငါ့ဘိုးဘေးတွေ မြေထဲ ကနေထွက်ပြီ ငါကို လည်ညစ်သတ်လိမ့်မယ်”
လူအုပ်ကြီးက ရယ်မောကြကုန်တယ်။ ဟူဝေ တယောက်ဒေါသများထွက်လာပြီး သွေးအန်မတတ်ဖြစ်သွားတော့တယ်။
“စောက်ရူး မင်းရဲ့ပန်းချီကား ကအစစ်ဆိုရင် ဒီဆိုင်ထဲကရှေးဟောင်းပစ္စည်းတခုကို မင်းယူနိုင်တယ်ကွာ”
“ကောင်းပြီလေ ငါနည်းနည်းထပ်ပေါင်းမယ် အရင်အခါလိုဘဲ ခွေးလိုမင်းတို့သုံးယောက် ထပ်ဟောင်ပြရမယ်ဘယ်လိုလဲ ဒီတခါတော့မင်းထွက်ပြေးလို့မရဘူး” လင်းဟိုင်က ရွတ်နောက်နောက်နဲ့ပြောလိုက်တယ်။
“ကောင်းပြီ ဒါပေ့မယ် အတုဆိုရင် မင်းရှင်းယွဲ့နားကနေထွက်သွားရမယ် ပြီးရင်ခွေးလိုဒီကနေထွက်သွားရမယ်။”
“သဘောတူတယ်” လင်းဟိုင်က သူသေတ္တာကိုထုတ်ယူရန် စားပွဲပေါ်ကိုလှမ်းလိုက်တယ်။
“တန်ဘိုဟူရဲ့ ပန်းချီနဲ ့လက်ရေးလှကို ဘယ်သူလေ့လာဘူးလဲ သူတို့ကို ခွဲခြားဖို့တယောက်လောက်ကူညီပေးနိုင်မလား” လင်းဟိုင်ကလူအုပ်ထဲကို မေးလိုက်တယ်။
“ဆိုင်က သူဌေးဒူ က ကျွမ်းကျင်သူတယောက်ဘဲသူကိုဘဲ စမ်းစစ်ခိုင်းလိုက်ပါ” တယောက်ကပြောလိုက်တယ်။ “သူကိုလား” လင်းဟိုင်က အဘိုးအိုကိုကြည့်လိုက်တယ် အဘိုးအိုက မောက်မာစွာနဲ့ “စိတ်ချပါ အတုလား အစစ်လားဆိုတာ ဒီအဘိုးကြီးကခွဲခြားနိုင်ပါတယ်”
“အိုး” လင်းဟိုင်ကပြုံးပြလိုက်ပြီး
“မစ္စတာ ဒူရဲ ့အကဲဖြတ်ပေးတဲ့အဆင့်ကို ယုံပါတယ်”
“ဒါဆို ပုံကိုပြတော့” သူဌေးဒူက လင်းဟိုင်ကို စိတ်မရှည်စွာပြောလိုက်တယ်။
“ဘယ်လိုဘဲဖြစ်ဖြစ် ကျနော် က သူဌေးဒူနဲ့ပတ်သက်ပြီတော့ သံသယ နည်းနည်းရှိတယ်”
“မင်း” သူဌေးဒူ တယောက် ဒေါသထွက်လာပြီး အသားများတဆတ်ဆတ်တုန်နေတော့တယ်။”ကောင်းပြီ အဖြေက အတုဆိုရင် ငါမင်းကို ဆိုင်ထဲကနေထွက်ခွာခွင့်ပေးမှာမဟုတ်ဘူး”
“ဘယ်သူငါကိုကူညီပြီးတော့ စစ်ဆေးပေးနိုင်မလဲ” လင်းဟိုင်က ထပ်ပြီးတော့ မေးလိုက်တယ်။
“ဒီအဘိုးကြီး က ကူညီစစ်ဆေးပေးနိုင်တယ်” အသံတခုက တံခါးဝကနေလွှင့်ပြန်လာတော့တယ်။
“ဒါ အဘိုးကြီးဝမ်မဟုတ်ဘူးလား”
“ကောင်းလိုက်တာ အဘိုးကြီးဝမ် ရောက်လာပြီးဆိုတော့ အတုအစစ်သက်သေပြလို့ရပြီ “
“ဟုတ်တယ် အဘိုးကြီးဝမ်က အကဲဖြတ်တဲ့အဆင့်အတန်း က တရုတ်မှာထိပ်တန်းရောက်နေပြီး”လင်းဟိုင်လှည့်ကြည့်လိုက်တဲ့အခါ အသက်၇၀အဘိုးတယောက်နဲ့ အသက်၃၀အရွယ်လူငယ်တယောက်ဝင်လာတာကိုတွေ့လိုက်ရတယ်။
လူတွေက အဘိုးအိုဝမ်ကို ချီးကျူနှုတ်ဆက်နေကျစဉ် “ယဲ့ အကိုကြီး မင်းလဲလိုက်လာတာလား” ဟူဝေက ဖားယားသောလေသံနှင့်အတူပြေးလာပြီး နှုတ်ဆက်လိုက်လေသည်။
“ဟယ်လို ဟူသခင်လေး” သူက ဟူဝေကို အသိမှတ်ပြု ခေါင်းညိတ်ပြသော် သူအပြုံးများကဘဝင်မကျသလိုဖြစ်နေတော့တယ်။
“လူအိုကြီးဝမ် ငါတို့ဆိုင်လာလည်တာ ဂုဏ်ယူစရာပါဘဲ” အဘိုအိုဝမ်ဝင်လာသည်နှင့်သူဌေး ဒူက နှုတ်ဆက်လိုက်တယ်။
သေချာတာက အဘိုးအိုဝမ်က မရိုးရှင်းပေ။
ထိုနောက်အဘိုးဝမ်က လင်းဟိုင်ကိုပြုံးပြလိုက်ပြီး”လူငယ်လေး မင်းရဲ့ပန်းချီကားကိုဖွင့်ပြပါဒီအဘိုးကြီးက တန်ဘိုဟူလက်ရာ အစစ်ကို တွေ့ဖူးတဲ့အတွေ့အကြုံလေးတွေရှိတယ်”
“အဘိုးဝမ်က တရုတ်လက်ရေးလှအသင်းရဲ့ ဒုဥက္ကဌပါ ပြီးတော့ တန်ဘိုဟူရဲ့ လက်ရှိလက်ရာတွေကနေ သုံးခုကို အဘိုးဝမ်က ဆန်းစစ်ထားတာပါ” အဘိုးဝမ်ဘာမှမပြောရခင်အတူပါတဲ့လူငယ်က လင်းဟိုင်ကိုပြောလိုက်တော့တယ်။
“ဘယ်လိုဘဲဖြစ်ဖြစ်ပါ အဘိုးဝမ် ကျေးဇူးပြုပြီး ကြည့်ပေးပါ”လင်းဟိုင်ကပြောလိုက်ပြီး လင်းဟိုင်ကသေတ္တာကိုဖွင့်လိုက်ပြီ စားပွဲရှည်တွင်ဂရုတစိုက်ဖြန့်လိုက်တော့သည်။
သူတို့အားလုံးငြိမ်သက်သွားပြီး စားပွဲကိုမျှော်ကြည့်လိုက်ကြတယ်။
“ဟားဟား သေလောက်အောင်ရယ်ရတယ် တန်ဘိုဟူ ပန်းချီကားအစစ်ဆို အခုတော့ အပြာပန်းချီကားဆိုတာတွေ့လိုက်ရတော့တယ်” ကျောက်လဲ့ရဲ့ အသံက အရင်ထွက်လာတော့တယ်။
“ဒါက ရှက်စရာပါကွာ”
“ခုခေတ်လူငယ်တွေက တော်တော်ဆိုးလာပြီး”
လျှိုရှင်းယွဲ့လည်းဂရုတစိုက်ကြည့်နေပြီး လင်းဟိုင်က ပန်းချီတုနဲ့လူတွေကိုလိမ်မယ်လိုမယုံကြည်သော်လည်းပန်းချီကားကိုမြင်တဲ့အခါ သူမ မျက်နှာက နီရဲသွားတော့တယ်။
“ဒီ လင်းဟိုင်တော်တော်အရှက်မရှိတာဘဲ” လျှိုရှင်းယွဲ လက်တွေက လင်းဟိုင်ကို ဆွဲဆိတ်လိုက်တော့တယ်။
အဘိုးဝမ်က ပြင်ပကအသံများကိုမကြားတော့ဘဲ သူမျက်မှန်များနဲ့ ပန်းချီကားထဲဝင်မလိုဖြစ်နေပြီ အသေအချာကိုလေ့လာနေတော့တယ်။အဘိုးဝမ်ရဲ့မျက်နှာအမူအယာမှာအဆက်မပြတ်ပြောင်းလဲတုန်လှုပ်လာသည်ကို တချို့ကသတိပြုမိလိုက်ကြတယ်။ အချိန်အတော်ကြာပြီနောက်အဘိုးဝမ်ကမျက်မှန်ကိုချွတ်လိုက်တယ်။
“အဘိုးဝမ် စိတ်မဆိုးပါနဲ့ ခုလူငယ်တွေက အကောင်းအဆိုးမသိ နေ့ချင်းညချင်းချမ်းသာချင်နေကြတာ”
“ဟုတ်တယ် စိတ်မဆိုးပါနဲ့ သူဌေးဒူ ကသူကိုဖြေရှင်းလိုက်လိမ့်မယ်”
ပန်းချီ ကအတုလိုလူတိုင်းက ထင်နေကြတယ်။
“ဟမ်လင်းဟိုင် မင်းဘာပြောမလဲ ခွေးလိုသွားဖို့ ပြင်ထားလိုက် ဟားဟား” ဟူဝေနဲ့ကျောက်လဲ့က ကျယ်လောင်စွာရယ်မောလိုက်ပြီ း ဝမ်တင်းက အောင်နိုင်သူအပြုံးနဲ့ြဖစ်နေတော့တယ်။
သူဌေးဒူက သူလူများကို မျက်စိမှိတ်ပြလိုက်တော့တယ်။ အဘိုးဝမ်က ပန်ချီကားအတုလိုပြောတာနဲ့သူလူများကို လင်းဟိုင်ကိုရိုက်ထုတ်ဖို့အသင့်ပြင်ထားတော့တယ်
လင်းဟိုင်က ဘာမှမကြားသလို လုပ်ပြီး အဘိုးဝမ်ဆီ အသံတိတ်နဲ့ ရယ်မောရင်လှည့်ကြည့်လိုက်တော့တယ်။
“ဟူးးး” အဘိုးဝမ်က သက်ပြင်းရှည်ကြီးချလိုက်သည်နှင့် အကုန်လုံးတိတ်ဆိတ်သွားတော့တယ်။
“လူငယ်လေး ငါဒီပန်းချီကားကို ငါလိုချင်တယ်”
“ဘယ်လို” အဘိုးဝမ်ရဲ့စကား က အခန်းထဲရှိလူတိုင်းကို ဆွံအ သွားစေတော့တယ်။
“အဘိုးဝမ် “
“ငါပြောတာက ဒီပန်းချီကားကို ငါလိုချင်တယ်”

10/08/2023

Chapter- 11

"တကယ်ကြီးလား?" လျှိုရှင်းယွဲ့ က လင်းဟိုင်ရဲ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး တုန်ရင်စွာနဲ့မေးလိုက်တယ်။အမှန်တကယ်ဖြစ်ဖို့သူမ စိတ်ကူးနေမိတယ်
“ဟုတ်တယ် ခဏတော့စောင့်ဦး” လင်းဟိုင်က ရုတ်တရက်စိတ်ပျက်သွားတဲ့ သူမရဲ့အကြည့်တွေကို ရှောင်လိုက်ပြီးနောက် စစ်ဆေးရန် ဖွင့်လိုက်တော့တယ်။
(ပြန်လည်နုပျိုခြင်း ဆေးပြား။နတ်ဘုရားတဝက်အဆင့် အောက်တွင် အသုံးပြု၍မရနိုင်ပါ။)
နာမည်ကရှင်းရှင်းလင်းလင်းရှိနေပေ့မယ် နောက်ဆက်တွဲစာများက လင်းဟိုင်ကိုလဲကျသွားစေတော့တယ်။
“နတ်ဘုရားတဝက်အဆင့် အောက်သုံးမရဘူးဆိုတော့ငါတို့ သုံးလို့မရနိုင်ဘူးလို့ဆိုလိုတာဘဲ ချီးဘဲ” လင်းဟိုင် အံကိုတြိတ်ကာ မျက်နှာကသုန်မှုန်သွားတော့တယ်။( အရှင်လောင်ဇီ စောက်ကျင့်ယုတ်တာ ငါတို့ကိုခွဲခြားထားတာဘဲ)
"ဘာမှားလို့လဲ?" သူ့မျက်နှာအမူအရာ ပြောင်းလဲလာသွားသည်ကို မြင်လိုက်ရသဖြင့် လျှိုရှင်းယွဲ့ က ပို၍ပင် တုန်လှုပ်သွားခဲ့တော့တယ်။
“အမ် ဘာမှဖြစ်ပါဘူး ငါဦးလေးကို ကယ်တင်ဖို့ ရက်အနည်းငယ်တောစောင့်ရလိမ့်မယ်၊ အဲဒါကို စိတ်မပူပါနဲ့။” လင်းဟိုင်က လျှိုရှင်းယွဲ့ကို နှစ်သိမ့်ပေးလိုက်တယ်။သူမကခေါင်းညိတ်ပြကာ သူပြောသလိုဖြစ်လာစေဖို့ကိုမျှော်လင့်နေမိတော့တယ်။
လင်းဟိုင်က ခဏလောက်စဉ်းစားပြီး မျောက်ဘုရင်ဆီစာပို့လိုက်တယ်။
“အရှင် ဆီမှာ သေမျိုးတွေသောက်လို့ရတဲ့ဆေးကောရှိသေးလား”
“မရှိဘူး”မျောက်ဘုရင် ကစာပြန်လိုက်တဲ့အခါ လင်းဟိုင် နောက်ကျောများချွေးပြန်ကာ သွားတော့တယ်။(ဘုရားရေ အာ့ဆို သူမအဖေကို ငါဘယ်လိုကယ်ရပ့မလဲ)
ခဏနေတော့ လင်းဟိုင်တို ့ကျောင်းအိပ်ဆောင်ဆီတို့ ပြန်ခဲ့ကျတယ်။
အဆောင်ပြန်ရောက်တော့ လင်းဟိုင်တယောက် ကုတင်ပေါ်မှာ လှဲရင်တွေးနေရင်း အကြံတခုရလာတော့တယ်။ ထိုနောက်အဖွဲ့ထဲကိုဝင်လိုက်တယ်။
လင်းဟိုင်- “@အရှင်လောင်ဇီ၊ လူသားတွေ သောက်နိုင်တဲ့ နုပျိုစေတဲ့ ဆေးတွေ ရှိလား?။ “
အရှင်လောင်ဇီ- “လူသားတွေအတွက်လား?။ ငါအဲဒါတွေကိုမလုပ်ဘူး။ ငါလိုလူတစ်ယောက်က သူတို့အတွက်ဆေး ဖန်တီးဖို့ ဆိုတာ အဆင့်နိမ့်လွန်းတယ်။"
လင်းဟိုင် : " ကျနော် ဝယ်ဖို့ စိတ်ဝင်စားရင်ရော ဘယ်လိုလဲ"
“ဟမ်သေချာလား အာ့ဆို ကုသိုလ်မှတ် တစ်သောင်း””အမ်”လင်းဟိုင်တယောက်ဆွံအသွားတော့တယ်။
အာလျန်ရှန် “ အဘိုးကြီးခင်ဗျာက စောက်ဂျင်း နတ်နယ်ပယ်အတွက် ဆေးတောင်တလုံး ၅၀၀မှတ်ဘဲရှိတာကို ခုဟာဘယ်နှယ့် သေမျိုးအတွက်က စေ◌ျးပိုကြီးနေရတာလဲ”
အရှင်လောင်ဇီ- “မင်း သိလား အသေးအဖွဲ့အတွက်နဲ့အချိန်ဖြုန်းတယ်ဆိုတာ သူလိုချင်တာရဖို့ ငါက ဆေးတအိုးလုပ်ရမယ်အာ့ကိုအတိုချုံးပြော ရရင် သူကလိုချင်တာတလုံးတည်း ကျန်တာတွေကိုမင်းဝယ်ပေးမှာမို့လား”
အာလျှန်ရှန်း - “သေမျိုးအတွက်ဆေးက ငါဘာလုပ်ရမှာလဲ ငါအတွက်အသုံးမဝင်ဘူးလေ”
ချီရှန်းနွီး - “အရှင်လောင်ဇီပြောတာက တအိုးလုံးစေ◌ျးနဲ့ တလုံးစေ◌ျးအတူတူဘဲလိုပြောလိုက်တာ သူအတွက်စေ◌ျးမကိုက်ဘူးလေဘာပြောပြော”
“မှန်လိုက်လေ”လောင်ဇီ ကထောက်ခံလိုက်တယ်။
လင်းဟိုင်သည် WeChat မှ ထွက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ [ငါလောင်ကျွင်းဆီက နေမဝယ်နိုင်လောက်ဘူး။10000တောင်ဆိုတော့ မုန်လာဥနီတစ်လုံးလောက်နဲ့တောင်ရမယ်ပုံမရဘူး ပြီးခဲ့တဲ့တုန်းကငါ ဆေးလုံးကိုမုန်လာဥနီနဲ့ဝယ်လို့ရသေးတယ်]
နောက်နေ့မနက်စောစောမှာ လင်းဟိုင်က WeChat အဖွဲ့ကိုဝင်လာပြီး သူ့ရဲ့စမတ်ဖုန်းကို စိုက်ကြည့်နေခဲ့ပါတယ်။ [အရှင်လောင်ကျွင်း ကစာအိတ်နီများကို တစ်ရက်လျှင် တစ်ကြိမ်သာ ထုတ်ပေးပြီဂ အွန်လိုင်းမဟုတ်ပါက လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောကြားထားပါတယ်]
အရှင်လောင်ဇီ - “ကဲစာအိတ်နီတွေကို လွှတ်လိုက်ပြီ”
နောက်ဆုံးတော့ လင်းဟိုင်ဖမ်းမိလိုက်တယ်။ အကြောင်းကြားတဲ့စာပါတက်လာတယ်။
Screenမှာ အနီရောင်အထုပ်ကြီးပေါ်လာပြီး သူကဖွင့်လိုက်တောတယ်။သူဖွင့်လိုက်သည်နှင့်တပြိုင်နက် သူရရှိတဲ့ပစ္စည်းများကို ချက်တခုလုံးမှာကြော်ငြာချက်များတက်လာလေတော့တယ်။
စိတ်သန့်စင်ခြင်းဆေး-နတ်ဆိုးများကို ဖယ်ရှားရန် သန့်ရှင်းသောဆေး။ ဤဆေးသည် နတ်ဘုရားတဝက် အောက်တွင်ရှိသောသူများကို သက်ရောက်မှုရှိမည်မဟုတ်ပါ။
လင်းဟိုင်တယောက် လောင်ကျွင်းကို နည်းနည်းတင်းသွားတယ်။(လာပြန်ပြီနောက်ထပ် သေမျိုးတွေအသုံးမပြုနိုင်တဲ့ဆေးတမျိုး)
မိုလီချင်း(မယ်ဒလင်ကြီးနဲ့နတ် သိတယ်မလား) - တာအိုရောင်းရင်းရေ ၊ မင်း အခုလေးတင်ရထားတဲ့ စိတ်သန့်စင်ခြင်းဆေး ကိုရောင်းဖို့ ဆန္ဒရှိလား။
"ဟုတ်တယ်!" လင်းဟိုင်က ပြန်ဖြေတယ်။ [နောက်ပြီ၊ ငါ့အတွက် ဘာမှ အသုံးမဝင်ဘူးလေ။]
မိုလီချင်း - “ဘယ်လောက်လဲ”
"သင့် ဘယ်လောက်ပေးမလဲ" လင်းဟိုင်က [ဟမ်… စိတ်သန့်စင်ခြင်းဆေး တစ်လုံး ဘယ်လောက်ရမလဲဆိုတာ သိချင်လိုက်တာ။]
သူတွေးနေတုန်းမှာပဲ အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာတယ်။ ဒါဟာ မျောက်ဘုရင်ရဲ့ မက်ဆေ့ ပါ ။
“ဒီမိုလီချင်းက အဆင့်တက်ဖို့ ၃ရက် ကနေ ၉ရက်အတွင်း ရှိတယ်။ သူက စိတ်သန့်စင်ခြင်းဆေးကိုအရေးတကြီးလိုနေတာ အာ့ကြောင် ၁၀၀၀ထက်နည်းပြီး စေ◌ျးပေးရင်း မရောင်းနဲ့နော်”
“ချီးဘဲပေါ့” လင်းဟိုင်တယောက် ရေရွတ်လိုက်ပြီး ပြန်ဖြေလိုက်တယ် “ကျေးဇူးပါ အရှင်” မိုလီချင်း “၃၀၀ဆိုဘယ်လိုလဲ”
လင်းဟိုင် မျက်လုံးပြူးသွားတဘ်။ [ဒီနတ်ဘုရားက ငါကို စေ◌ျးမသိဘူးဆိုပြီးဂျင်းထည့်ဖို့လုပ်နေတာဘဲ]
မိုလီချင်း- “၅၀၀ ထက်မတိုးတော့ဘူး”
လင်းဟိုင်း- “သင့် ကျွနု်ပ်ကိုနောက်နေတာလား”
အချိန်အနည်းငယ်ကြာတဲ့အထိ မိုလီချင်းအကြောင်းမပြန်တောပေ။
(ယီးဘဲ အရောင်းအဝယ် ပျက်သွားပြီးလား ဟ)လင်းဟိုင်တယောက်ဆဲဆိုလိုက်တော့တယ်။ဖုန်းကို ကုတင်ပေါ်သို့ပစ်ချဖို့အလုပ်တွင် အကြောင်းကြား မက်ဆေစ့်တခုတက်လာတယ်။
'ဒင်းဒင်း!' မိုလီချင်းက သင့်ကို သူငယ်ချင်းအဖြစ် လက်ခံခိုင်းခဲ့တယ်။ လက်ခံလိုပါသလား။
“အိုကေ!” လင်းဟိုင်က ခလုတ်ကို နှိပ်ရင်း အော်ပြောလိုက်တယ်။
မိုလီချင်း : " တာအိုရောင်းရင်ရေ ၊ ငါ သင့်ကို 600 ပဲ ပေးနိုင်တယ် အာ့ထက်ပိုပြီးမပေးနိုင်တော့ဘူး”
[ကမ်းလှမ်းချက်က အမှတ် 1,000 ထက်နည်းရင် အဲဒါကို မရောင်းပါနဲ့] မျောက်ဘုရင်ရဲ့ စကားက လင်းဟိုင်ရဲ့ စိတ်ထဲကို တစ်ဖန်ပြန်ပြောင်းသွားပြီး သူ့တစ်ဖန်ယုံကြည်လာပါတော့တယ်။ "တောင်းပန်ပါတယ် ဒါက 1000 လောက်နဲ့ရောင်းမယ်လေ အာ့ကမများပါဘူးလေ”
မိုလီချင်း -“အရှင်လောင်ဇီတောင် ဒီဆေးကို 800နဲ့ဘဲရောင်းတာ” “အာ့ဆိုလောင်ဇီဆီ ကနေသွားဝယ်လေကွာ” လို့ လင်းဟိုင်ကပြောလိုက်တယ်။
ထိုနောက်မိုလီချင်းခဏလောက်ဆွံအသွားပြီး လင်းဟိုင်ကိုဘယ်လိုညှိနှိုင်းရမလဲတွေးနေလိုက်တယ်။လင်းဟိုင်ကမိုလီချင်းဘယ်လိုလာညှိမလဲဆိုတာကို စောင့်နေရင်းနောက်မက်ဆေ့တခုကျလာသောအခါ သူပြုံးလိုက်တော့တယ်။
“တာအိုရောင်းရင်းက ဘယ်လိုမျိုးအခြေအနေမျိုးကိုလိုချင်တာလဲ” မိုလီချင်းက နောက်ဆုံးတော့မေးလိုက်တယ်။”ကျွန်ုပ်မှာ၆၀၀ ရှိတယ် ကျန်တဲ့၄၀၀ကို တခြားတခုခုနဲ့အစားထိုးပေးလို့ရလား”
“ဘာနဲ့အစားထိုးချင်တာလဲ”
“ကျွန်ုပ်မှာ မိတ်ဆွေတယောက်ပေးထားတဲ့ပန်းချီကားတခုရှိတယ်။အာ့ကို 400 အစားထိုး လဲလှယ်လို့ရနိုင်မလား။ “
“သင့်မိတ်ဆွေရဲ့နာမည်က “
မိုလီချင်း - "တန်ဘိုဟူ"
(Silavin: 1400 ခုနှစ်များတွင် နာမည်ကြီး တရုတ်ပန်းချီဆရာ)
လင်းဟိုင်တယောက် နာမည်စာလုံးများကို ပြန်ဖတ်ရင်းမယုံနိုင်အောင်ဖြစ်နေတော့တယ်။ဘယ်သူဆိုတာကို ပြန်အတည်ပြု ရလိမ့်မယ်။
“သူနာမည်ကအမှန်လား”
“ဟုတ်တယ်လေ တန်ဘိုဟူလေ ဘာလို့လဲ သူကိုသိတာလား”
(တန်ဘိုဟူကိုမသိတဲ့သူ တရုတ်နိုင်ငံမှာလက်တဆုတ်စာလောက်တာရှိတယ်။ ချီးဘဲသူပန်းချီကားကို ကြည့်နိုင်ဖို့အခွင့်အရေးရလိမ့်မယ်လို ့ထင်ထားဘူး ငါအာ့ကိုလဲလှယ်ရမယ် လင်းဟိုင်နှုတ်ခမ်းတွေတက်ချိတ်မတတ်ပြုံးရင် တွေးလိုက်တယ်။)
ဒါပေ့မယ်သူကအရမ်းလိုချင်တဲ့ပုံမပေါ်ပေါက်အောင်ဟန်ဆောင်ရန်လိုနေသေးတယ်။
လင်းဟိုင်က “မသိဘူးလေသူကဘယ်သူဆိုတာကို ကျွနု်ပ်ကြားတောင်မကြားဖူးဘူး”
မိုလီချင်း-“တာအိုရောင်းရင် စိတ်သန့်စင်ခြင်းဆေး ကိုဘာနဲ့လှဲလှယ်ရမလဲ ငါတကယ်ကိုလိုအပ်နေလို့ပါ”
“ဟား ထားလိုက်ပါတော့ ငါလိုနေတာမင်းပေးနိုင်မှာမဟုတ်ပါဘူး လောလောဆယ်တော့အ ရှုံးခံပြီးတော့ ဒါကိုဘဲယူလိုက်တော့မယ် ဟူးငါဘာလို့အဲလောက်အရတာပါလဲကွာ”
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်ရေ ကျွန်ုပ်သင့်ရဲ့ ကျေးဇူးကိုမမေ့ပါဘူး”
'Ding Ding!' မိုလီချင်း က သူ့ရဲ့မက်ဆေ့ချ်ကို ပေးပို့ခဲ့ပြီးနောက် နောက်ထပ် အကြောင်းကြားချက်နှစ်ခု ထွက်ပေါ်လာတော့တယ် ။
မိုလီချင်းမှ ကုသိုလ်မှတ် 600 ကို သင့်ထံ လွှဲပြောင်းပေးခဲ့သည်။
မိုလီချင်း က တန်ဘိုဟူ ရဲ့ မူရင်းပန်းချီ ကို ပို့ပေးပါတယ်။
“ မင်း ဒီပုံကို ကျေနပ်နေတာလား။ ( ͡° ͜ʖ ͡°)”
[အူး!] လင်းဟိုင်က ပန်းချီကားနာမည်ကိုမြင်ပြီးနောက် ချောင်းဆိုးလာတယ်။ [ဒါက ဘယ်လိုရူးသွပ်ဖွယ် ပန်းချီကားလဲ။ ဒါက ပြည့်တန်ဆာ ပန်းချီကားကြီးလား။]
[တန်ဘိုဟူ ရဲ့ ပန်းချီကားတွေက လူသိများတယ်ဆိုတာ ငါသိတယ်။ မှတ်မိသလောက်ပြောရရင် မိုလီချင်း က စစ်သူကြီးဖြစ်ပြီး ရက်စက်တဲ့လူတစ်ယောက်လေ ပြန်စဉ်းစားကြည့်တော့ သူက တန်ဘိုဟူ နဲ့ ဘယ်လိုလုပ်မိတ်ဆွေတွေဖြစ်နိုင်မလဲ။ တန် ဘိုဟူ က ထူးချွန်တဲ့ ပညာရှင်တစ်ယောက်ပါ… ဒါက တစ်ယောက်ကို တစ်ယောက် သိခွင့်ရအောင် ကူညီပေးလိုက်တာလို့ မပြောပါနဲ့…] လင်းဟိုင် တွေးပြီး သက်ပြင်းချလိုက်တယ်။ တန်ဘိုဟူ သည် ပညာရှင်တစ်ဦးဖြစ်သော်လည်း စိတ်နှလုံး၊ စိတ်နှင့် ခန္ဓာကိုယ်တွင် အတိအကျ မဖြူစင်ကြောင်း သူသိသည်… အထူးသဖြင့် ခန္ဓာကိုယ်…
လင်းဟိုင်က မိုလီချင်း ပေးပို့တာလက်ခံပြီးနောက်
စိတ်သန့်စင်ခြင်းဆေး ကို မိုလီချင်းဆီ သို့ ပေးပို့လိုက်ပါတယ်။
Mo Li Qing - "ကျေးဇူးတင်ပါတယ်"
လင်းဟိုင်က သူ ့ဖုန်းကိုအိတ်ထဲပြန်ထည့်ပြီးတဲ့နောက် ပတ်ဝန်းကျင်တချက်ကြည့်လိုက်ပြီဘယ်သူမှမရှိကြောင်းတွေ့တဲ့အခါတွင် ထုတ်ယူလိုက်တော့တယ်။
"ဗွမ်း!" ထူထဲသော သစ်သားနံ့နံသည့် သေတ္တာတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့တယ်။ လင်းဟိုင်က တုန်လှုပ်ခြောက်ခြားစွာဖြင့် သေတ္တာကို စိုက်ကြည့်ရင်း “ဘာကြီးလဲ။ ဘာလို့ဒီလောက်ကြီးနေတာလဲ! တော်တော်ကိုရှည်တာပါလား!”
ဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာစာလိပ်တခုကိုတွေ့လိုက်ရတယ်။စာလိပ်အပြင်ဘက်ကိုကြည့်လိုက်တာနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပြုလုပ်ထားတာကိုတွေ့နိုင်တယ်။စာလိပ်ကိုဖြည်ချရင်း ကြည့်လိုက်တဲ့အခါ အတွင်းကပုံကိုမြင်လိုက်တာနဲ့ ဝမ်းပိုက်အောက်ပိုင်း ကနေ အရှိန်နဲ့ထိုးတက်လာသလိုခံစားလိုက်ရတော့တယ်။ပန်းချီကားက အသက်ဝင်ပြီး ကွက်ကွက်ကွင်းကွင်းကို မြင်လိုက်ရပြီး ကိုယ်တိုင်ဝင်သွားသလိုကိုခံစားလိုက်ရတယ်။
“ဒါက တန်ဘိုဟူရဲ့လက်ရာဘဲ အပြာကားတွေနဲ့ ယှဥ◌်၇◌င်တောင် အပြာကားတွေရှုံးသွားလောက်တယ် အိုကေ ငါရောင်းစားရမယ်” လင်းဟိုင်ကပြောလိုက်တယ်။သူက လက်ရေးလှနဲ့ပန်းချီကို စိတ်မဝင်စား၍ ဒါက ပိုက်ဆံရဖို့နည်းလမ်းတခုဖြစ်လာလေတော့တယ်။
ထို့ပန်းချီကားကိုသေချာသိမ်းဆည်းပြီးနောက် လျှိုလျှန်ကိုခေါ်လိုက်တယ်။ “လျှန် ငါရှေးဟောင်းပန်းချီကား တွေကို ဘယ်မှာရောင်းလို့ရမလဲ မင်းအသိရှိလား”
လင်းဟိုင် သူငယ်ချင်းများထဲတွင် လျှိုလျှန် မိသားစုမှာ အတော်လေးချမ်းသာတယ်လိုပြောလို့ရတယ်ဂ။ထိုကြောင့်လျှိုလျှန်လဲ ဒီလိုမျိုးအတွက်အတွေ့အကြုံရှိလိမ့်မယ်လို့တွေးလိုက်မိတယ်။
“ရှေးဟောင်းလမ်း”
“တန်ဘိုဟူရဲ ့ပန်းချီကားက ဘယ်လောက်တန်လဲဆိုတာ ကိုသိချင်တယ်”
လျှိုလျှန်က “ ငါစေ◌ျးမသိဘူး လေ”
“မင်းအခုဘယ်မှာလဲ ငါနဲ့အတူလိုက်ခဲ့ပါလား”လင်းဟိုင်ကပြောလိုက်တယ်။
တက္ကစီမှမခေါ်ရင် သေတ္တာကကိုင်ရမလွယ်ဘူး လျှိုလျှန်မှာ ကားရှိနေတော့သွားရတာအဆင်ပြေတယ်။
“အေး ငါအခုအပြင်မှာ ခဏနေကျောင်းပြန်ရောက်တော့မယ် လာခေါ်ရမှာလား?”
လင်းဟိုင်က “အေးကျေးဇူးဘဲကွာ”
ခဏအကြာတွင် အဖြူရောင် AUDI A4 ကား ကအဆောင်ရှေ့မှာရပ်လာတော့တယ်။
လင်းဟိုင်ကားပေါ်ရောက်တာနဲ့ ဖုန်းမြည်လာတယ် လျှိုရှင်းယွဲ့ဆက်လာတာပါ။
လျှိုရှင်းယွဲ ့က “ လင်းဟိုင် နင်ကားပေါ်တက်သွားတာမြင်လိုက်တယ် နင်တနေရာသွားမို့လား”
“ငါရှေးဟောင်းလမ်းကိုသွားမို ့လိုက်မို့လား”
“အင်း ငါကိုခဏစောင့်ပေးအုံး ငါအတန်းချိန်ပြီးသွားပြီ”
“ကောင်းပြီလေ ငါနင်ကို မိန်းကလေးအဆောင်မှာလာခေါ်လိုက်မယ်”
“အင်းကျေးဇူးပါ” လျှိုရှင်းယွဲ့က ပြောလိုက်တယ်။
“ဟျောင့် မိန်းကလေးအဆောင်ကို သွားပြီ သူမကိုသွားခေါ်ရအောင်”
“ချီး ဘဲ ညီကို လျှိုရှင်းယွဲ့က မင်းနဲ့လိုက်မို့လား” လျှိုလျှန်က သူမျက်နှာကို အားကျစွာကြည့်ပြီပြောလိုက်တယ်။”ကောင်းပြီ သေချာထိုင်” ကားကိုအသည်းအသန်မောင်းထွက်သွားလေတော့တယ်။
ကားမောင်းကြမ်းလွန်တာကြောင် လင်းဟိုင်တယောက်ချွေးများထွက်လာပြီ ကျိန်ဆဲနေရတော့တယ်။
လျှိုရှင်းယွဲ့ကို သွားခေါ်ပြီးနောက် ရှေးဟောင်းလမ်းကို ဉီးတည်ကာသွားလိုက်ကြတယ်။ကားပေါ်မှာ လင်းဟိုင်က အင်တာနက်ပေါ်မှာပတ်ရှာနေလိုက်တယ်။
ကျန်းနန် ရဲ့ အကြီးဆုံး ရှေးဟောင်း လက်ရေးလှနှင့် ပန်းချီဆိုင်။ ဝမ်ဂူထန် သည် နှစ်ပေါင်း ၁၀၀ နီးပါး သမိုင်းကြောင်းရှိသည်။
လျှိုလျှန်က သွားစရာ ရှိသေးတယ်ဆိုပြီး လင်းဟိုင်တို့ နှစ်ယောက် ကို ဝမ်ဂူတန် ရှေ့မှာချခဲ့လိုက်တော့တယ်။
နှစ်ယောက်သား တယောက်ကို တယောက်ကြည့်လိုက်ပြီးနောက် တံခါးဖွင့်ပြီးဝင်လိုက်ကြတယ် ထိုအခါလူငယ်တယောက် ကစမ်းစစ်လိုက်ပြီး လင်းဟိုင်တို့ ကို အသံခပ်မာမာ နဲ့ “မင်းတို့ ပန်းချီကားဝယ်မလို့လား”လို့မေးလိုက်တယ်။
လင်းဟိုင်က သူဒေါသများကို မြိုချလိုက်ပြီး”မဟုတ်ဘူးငါပန်းချီကားကိုရောင်းမလို”ပြောလိုက်တယ်။
“ပန်းချီကားရောင်းမလို့ “ ထိုလူငယ်က “မင်းပန်းချီကားကို ရောင်းချင်ရင် တခြားမှာသွားရောင်း ငါတို့က အမှိုက်တွေမဝယ်ဘူး”
“တန်ဘိုဟူရဲ့ ပန်းချီကားဆိုရင်ရော မင်းတို့ ကမဝယ်ဘူးလား” လင်းဟိုင်အေးစက်စွာမေးလိုက်တယ်။
“တန်ဘိုဟူ “ ထို့ဆိုင်ရှိလူများက လင်းဟိုင်ကို အရူးတယောက်လို့ ကြည့်လိုက်ကျတယ်။”တန်ဘိုဟူရဲ့ လက်ရာတွေအကုန်က ခုဆိုအကုန်လုံးပိုင်ဆိုင်သူတွေက နေရာအနှံမှာရှိတယ် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းသူလူချမ်းသာတွေက ထိန်းသိမ်းထာတာ တန်ဘိုဟူရဲ့ပန်းချီက ဘယ်လိုပုံစံဆိုတာ မင်းလိုအရူးက ပြောနိုင်လို့လား ထွက်သွားစမ်း”
ဟမ် လင်းဟိုင်က သူ့သေတ္တာကိုထုတ်ပြီး ကောင်တာရှေ့ပစ်တင်လိုက်တယ်။ “ခဏလေး မင်းမသိဘူး မင်းရဲ့သူဌေးနဲ့ငါတွေ့ချင်တယ် သူကိုခေါ်လိုက်ပါ”

မှတ်ချက် တော်တော်လေးကို တိုင်ပတ်တဲ့စာစဉ်ပါ တချို့တလေက ဘာတွေပြောလို့ပြောထားမှန်းမသိလို့ siteနှစ်ခုကနေ ရှာပြီးဖတ်ပြီး ပြန်ရတယ်။အာ့ကြောင့်တော်တော်လေးကိုကြာနေတာပါ တရက်မှ ၃ပိုင်းလောက်ဘဲရေးနိုင်တာ တခါတလေဆို ၂ပိုင်းတောင်မပြီးချင်ဘူးရယ် အာ့ကြောင့်စိတ်ရှည်ပေးကျပါလို့။…..

CHAPTER – 10  မျောက်ဘုရင်ပြန်ရောက်လာခြင်းကျန်းနန်တက္ကသိုလ် မှ ကျောင်းသားများသည် သူတို့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကို စူးစ...
09/08/2023

CHAPTER – 10 မျောက်ဘုရင်ပြန်ရောက်လာခြင်း
ကျန်းနန်တက္ကသိုလ် မှ ကျောင်းသားများသည် သူတို့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်ကြတယ်။
လင်းဟိုင်နောက်ကိုချင်ကတုံးက အသည်းအသန်လိုက်နေတာကိုတွေ့လိုက်ရတယ်။
"မင်းဘာလို့ငါ့နောက်လိုက်နေတာလဲ။ ကျနော်နောက်ကနေဆက်လိုက်မလာနဲ့!"
“ဟုတ်ကဲ့ပါ ဆရာ” ကတုံးချင် ကတိပေးကာ ဆက်ကာဆက်ကာ လိုက်ခဲ့လေသည်။
"အာ့ဆိုငါ အဆောင်ပြန်တော့မယ်"
“ကောင်းပြီ ဆရာ”
“ငါမင်းကို ခဏခဏပြောနေရတယ် ငါမင်းဆရာမဟုတ်ပါဘူးဆို”
“ကျနော်သိပါတယ် ဆရာ”
“မင်းရူးနေတာလား”
“ကျနော်မရူးပါဘူးကောင်းပါတယ် ဆရာ”
လင်းဟိုင်ဒေါသထွက်သွားတော့တယ်။
“မင်းဘာဖြစ်နေတာလဲ” လင်းဟိုင်ဒေါသတကြီးနဲ့ ကတုံးချင်ကိုကန်ရင်းမေးလိုက်တော့တယ်။
“အရိပ်မဲ့ကန်ချက်ကိုဆရာဆီကသင်ယူချင်လို့ပါ”
“မင်းညီမကိုသင်နေလိုက်”လင်းဟိုင် ခေါင်းကိုကုတ်လိုက်ပြီး (ဒီကောင်ဉီးနှောက်ပျက်နေတာလားဟ)
“ကောင်းပြီသေချာနားထောင်” လင်းဟိုင်တယောက်ကူကယ်ရာမဲ့ဖြစ်နေသည်။
“ငါညီအဖြစ်နဲ့သုံးလနေ သင်ယူဖို့အရည်အချင်းရှိရင် မင်းကိုငါသင်ပေးမယ် ဘယ်လိုလဲ”
“ဆရာပြောတဲ့အတိုင်းလုပ်ပါမယ်”ချင်ကတုံးစိတ်လှုပ်ရှားစွာပြောလိုက်တယ်။
“ကဲ အာ့ဆိုမင်းကို ပထမဆုံးအလုပ်တခုခိုင်းမယ် ခုကျောင်းကနေထွက်သွားတော့ ငါနောက်ဆက်မလိုက်နဲ့”
“ဟုတ်ကဲ့ဆရာ” ကတုံးချင်တယောက် မဆိုင်းမတွဘဲထွက်သွားတော့တယ်။
အဲဒါပဲလား?" ကတုံးချင်က ထွက်သွားသော်လည်း သူ့ကို ဖယ်ရှားရန်မှာ အလွန်ရိုးရှင်းသောကြောင့် လင်းဟိုင် အံ့ဩသွားခဲ့တယ်။ "ဘာလို့ ဒါကို အစောကတည်းကလုပ်ဖို့ မစဉ်းစားခဲ့မိရတာလဲ"
သူ့အိပ်ဆောင်ကို ပြန်ရောက်ပြီးနောက်၊
"အစ်ကိုဟိုင် ပြန်လာပြီ"
"အစ်ကိုဟိုင်၊ မင်းနာမည်ကြီးလား။" သူ့အိပ်ဆောင်ကို ပြန်ရောက်တာနဲ့ ဝမ်ပင်း နဲ့သူငယ်ချင်းများက သူကို ဝိုင်းထားလိုက်ကြတယ်။
"နာမည်ကြီး ဟုတ်လား? ငါက?" လင်းဟိုင်၏ မျက်နှာမှာ အံ့သြသွားပုံရသွားတယ် ။
"မင်းမသိသေးဘူးလား? အင်တာနက်မှာ ငါတို့ကျောင်းရဲ့ ပို့စ်တွေကို ကြည့်လိုက်ပါ။”လျှို လျှံ က သူ့ဖုန်းကို ထုတ်လိုက်ပြီးလင်းဟိုင် ကိုပြသရန် ပို့စ်ကိုဖွင့်လိုက်တော့တယ်။
“အဆိုဘုရင် လင်းဟိုင်တယောက် ထွက်ပေါ်လာခြင်း နတ်ဘုရားကဲ့သို့အသံရှိတယ် နောက်ဆုံးတော့ ကျောင်းနတ်သမီးလေး ရှင်းယွဲ့သူမနဲ့ ထိုက်တန်တဲ့သူကိုရှာတွေ့ခဲ့ပြီ”
“ဒါကဘာကြီးတုန်း” လင်းဟိုင်ဖုန်းကိုလုလိုက်ပြီးကြည့်လိုက်တော့တယ်။
(တကယ်ကြီးလား ဘာတွေဖြစ်ကုန်တာလဲ? လေ့ကျင့်ရေးခန်းထဲက ကိစ္စ ဗီဒီယို ကိုဘယ်သူတင်လိုက်တာမှန်းမသိပေ့မယ် မှတ်ချက်ပေါင်းတထောင်မကတော့ပါဘူးဆက်ပြီတော့လဲ ရေးနေကျပါသေးတယ်)လင်းဟိုင်က မှတ်ချက်များကို အကြမ်းဖျင်သိရှိစေရန် တချို့ကိုစွဲချဖတ်လိုက်တော့တယ်။(အများစု က ချီးကျူးထားတာတွေဖြစ်ပြီး တချို့တလေကအပျက်သဘောဆောင်တဲ့မှတ်ချက်တွေပါဘဲ ဒါတွေကအင်တာနက်သုံးစွဲသူတွေအတွက် သာမာန်ပါဘဲ)
လင်းဟိုင်ဆက်ဖတ်လိုက်သောအခါ တချို့မှာ ဝမ်တင်းနဲ့ အတိတ်ကအကြောင်းများကိုပြောဆိုထားတာကိုတွေ့ရတယ်။ဒါကိုလူသိများလာတဲ့အတွက်
ဝမ်တင်းကိုဖာသည်မတံဆိပ်ကပ်လိုက်ကြတယ်။ဆန့်ကျင်ဘက်အနေနဲ့ လျှိုရှင်းယွဲက ချီးကျူးခံရတော့တယ်။နောက်ပီး ဟူဝေ ကျောက်လဲ့နဲ့ လျှိုကျွင်း တို့မှာ ပြင်းပြင်းထန်ထန်ရှုံချ
အရှက်ခွဲခံရလေတော့တယ်။
“သေစမ်း အင်တာနက်ပေါ် မှာ ဒီကိစ္စကတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားတာဘဲ ထင်တောင်မထင်ထားဘူး” ထိုအချိန် သူဖုန်းမှာ massage တစောင်ဝင်လာခဲ့တယ်။
လျှိုရှင်းယွဲ ့မှသူကိုစာတစောင်ပို့ထားတာပါ။
“postကိုနင်မြင်ပြီးပြီးလား” “ကြည့်လိုက်”
“အဆိုဘုရင် လင်းဟိုင်မွေးဖွားလာတဲ့အတွက်ဂုဏ်ယူပါတယ်”
လင်းဟိုင်တချက်ပြုံးလိုက်ပြီး
“နတ်ဘုရားမ ရှင်းယွဲ့ကိုဂုဏ်ယူပါတယ် သူမနဲ့လိုက်ဖက်ညီတဲ့သူတယောက်ကိုရှာတွေ့သွားလို့”
“ရွံစရာတွေပြောနေပြန်ပြီ ညကျ၈နာရီကျ အိမ်ကိုလာခဲ့အုံး” “အဲဒါက နည်းနည်းမြန်နေတာလားလို့ ငါ့ကိုယ်ငါ မပြင်ဆင်ရသေးဘူးလေ။ (3x ရှက်တတ်တဲ့ အမူအရာ)"
လျှိုရှင်ယွဲ: "နင်ဘာတွေတွေးနေတာလဲ။ အမေက ညစာစားဖို့ခေါ်လိုက်တာ”။ (၃ ကြိမ် လက်ဖဝါး အီမိုဂျေး)
“အိုယောက်ခမကထမင်းစားဖို့ခေါ်နေတာ သမက်ဖြစ်တဲ့ငါကဘာလိုမလာရမှာလဲ”
“နင်မှာလျှာရိုးမရှိတိုင်းပြောမနေနဲ့ 7:30 ကျရင်ကျောင်းတံခါးပေါက်မှာစောင့်နေ တူတူသွားမယ်”
ကျန်းနန်မြို ့စတီးထုတ်လုပ်ရေး ရပ်ကွက်တွင် လျှိုရှန်း (ရှင်းယွဲ့အဖေ) ရဲ့တိုက်ခန်း လျှိုရှင်းယွဲ့ရဲ ့အိမ်လည်းဖြစ်တယ်။ထိုတိုက်ခန်း သို့ လင်းဟိုင်ဝင်လာသည်နှင့်တပြိုင်နက်
ကျောက်ဖန်က နှုတ်ဆက်လိုက်ပြီးထိုင်ရန်ပြောလိုက်တယ်။”ကျေးဇူးပါ အန်တီ”ယဉ်ကျေးစွာပြန်ပြောလိုက်တယ် “ခဏထိုင်ပြီး သမီးနဲ့ စကားပြောနှင့်ကျအုံး နောက်မိနှစ်အနည်းအတွင်းစားစရာတွေရတော့မယ်” ကျောက်ဖန်က စားပွဲကိုပြင်ပြီးသည်နှင့် မီးဖိုခန်းကိုပြေးသွားတော့တယ်။
“ဒါနက် နင်တို့သားမိနှစ်ယောက်လုံးဒီမှာရှိနေတော့ဉီးလေးကိုဘယ်သူကစောင့်နေလဲ”
အော်”အမေက ညီမလေးကို ပြောပြီး အဖေကိုစောင့်ရှောက်ဖို့သူမကိုခိုင်းထားတယ်လေ”
“ခဏလေး နင်မှာညီမရှိတာလား”(ခယ်မဆိုတာလိုက်ပွဲ [*_*])
“အေးလေ ဘာလို့ငါမှာ ညီမမရှိရမှာလဲ” ကြောင်တောင်အကြည့်နဲ့လင်းဟိုက်ကိုစိုက်ကြည့်ရင်းပြောလိုက်တယ်။
“အမ် ငါဆိုလိုတာက နင်မှာညီမရှိတာငါမသိဘူးလေ နင်ပြောလို့ငါသိတော့အံ့ဩသွားလို့ပါ ညီမရှိတော့တော်သေးတာပေါ့” လင်းဟိုင်မှိုရသလိုပြောလိုက်တယ်(ခယ်မဆိုတာလိုက်ပွဲဘဲကွ)
{eလိုပြန်တဲ့ဘဲ့ကတော့ (Silavin: Not sure why he is so happy. This novel is not a harem novel from what I know. So, I guess he just wants to have a younger sister? Having a younger sister myself, I can tell you that it is a lie that Imoutos brings happiness. LIES!)အဲ့လိုပြောတာဘဲ ခယ်မဆိုတာလိုက်ပွဲကွယွဖတို့ heeeee}
ရှင်းယွဲ့က လင်းဟိုင်ကို သံသယနဲ့ ကြည့်လိုက်ပြီး "ဘာလို့ထူးထူးခြားခြားရယ်နေတာလဲ"
“အမ်၊ ဘာမှမဟုတ်ပါဘူး။ တကယ်လည်း ဘာမှမဟုတ်ပါဘူး” လင်းဟိုင်က လျင်မြန်စွာ ပြုံးပြကာ လွတ်မြောက်ရန် လျူိရှင်းယွဲ ့အမေ ပန်းကန်များကို စားပွဲပေါ်ဖို့ရန် ကူညီဖို့ရန် ပြေးသွားတော့တယ်။
“ဘာထကြောင်တာလဲ” သူမလဲသူမအမေကို ကူရန်စားပွဲဝိုင်းသို့သွားလိုက်တယ်။
စားပွဲပေါ်မှာ ဟင်းခြောက်ပွဲနှင့် ဟင်းချိုတပန်းကန်ရှိနေပြီး ထို့ဟင်းများကချက်ရန်လွယ်ကူသော် ဟင်းနံများက အရသာရှိမယ်ဆိုတာ ကျိန်းသေလင်းဟိုင်တယောက်သိနေတယ်။
“ရှောင်ဟိုင် ရေ အန်တီတို့ကို ကူညီပေးတဲ့ အတွက်ကျေးဇူးပါဘဲနော် တကယ်ဆို စားသောက်ဆိုင်ကြီးမှာလိုက်ကျွေးရမှာ ဒါပေ့မယ်အန်တီတို့လက်ရှိအခြေအနေက မကောင်းတော့ ဖြစ်သလိုလေးဘဲစီစဥ◌်လိုက်ရတယ်” ဆိုပြီးသူမအမေ ကအားနာသလိုပြောလိုက်တယ်။`”အန်တီကလဲ အန်တီကိုယ်တိုင်ဟင်းချက်ကျွေးတာကို ဘာလို့စားသောက်ဆိုင်တွေသွားရမှာလဲ” ပြီးနောက်တွင် အာလာပသလာပ တွေပြောရင် ရယ်မောကျရင်း စားသောက်ပြီးတဲ့နောက် လျှိုရှင်းယွဲ ့အမေက သူမအဖေကိုစောက်ရှောက်ရန်သွားတော့တယ်။ လျှိုရှင်းယွဲ့နောက်ဖေးကိုထသွားတဲ့အခါ လင်းဟိုင်က ထလိုက်သွားပြီး “ငါအသီးတွေ ရေဆေးပေးရမလား?” လျှိုရှင်းယွဲ ့ကလဲဘာမှ
မပြောတော့ဘဲထားကာထွက်သွားတော့တယ်။” အွန်းငါဘယ်လိုတောင်စိတ်လှုပ်ရှားနေရတာလဲ”
ထိုအချိန် မက်ဆေ့များဝင်လာသံကို ကြားလိုက်ရတယ်။
လင်းဟိုင်ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သောအခါ မျောက်ဘုရင် ပြောထားတာဖြစ်နေတယ်။
“ မင်းဒီအဘိုးးကိုရှာနေတာလား?” လင်းဟိုင်ဘာမှမပြောရသေးခင်
“မင်းအဘိုးငါက မင်းပေးတဲ့ကိုယ်ပျောက်ဆေးကို စားပြီး ကောင်းကင်ဘုံမှာလျှောက်သွားနေတာ နဲ့ ဖုန်းကို slient လုပ်ထားတာပြန်မဖြုတ်လိုက်မိဘူး။”
“ချီးဘဲ” လင်းဟိုင်တယောက် မျောက်ဘုရင်နဲ့ စကားပြောနေရင်း တစုံတခုကို တွေးမိသွားတယ်။မျောက်ဘုရင်တယောက်တခုခုကို ကောင်းကင်ဘုံမှာသွားခိုးလာတယ်ဆိုတာကို ဖြစ်နိုင်တာက သူ ကိုယ်ပျောက်ဆေးသောက်ပြီတော့ သွားခိုးဖို့ ဖုန်းကို အသံပိတ်ထားတာဖြစ်မယ် ဒါကဖြစ်နိုင်တဲ့အကြောင်းရာတခုဘဲလေ။
“သူတောင်စင်အရှင် ဘာတွေရိတ်သိမ်းလာတာလဲဆိုတာ ကျနော်မသိ ဘူးလေ” လင်းဟိုင်က ပုခုံးတွန့်ပြတဲ့အီမိုဂျေ နဲ့ ပြန်ပြောလိုက်တယ်။
မျောက်ဘုရင်က “အား ဟုတ်ပီ ခဏ”
'ဒင်းဒင်း!' မျောက်ဘုရင်က မင်းကို ကောင်းကင်ဘုံမျက်လုံးမှော်ပညာ ကို ပို့လိုက်တယ်။
[ဒါက ဘာလဲ၊ ကောင်းကင်ဘုံမျက်လုံးမှော်ပညာ ?!] လင်းဟိုင်က မြန်မြန်ယူလိုက်တယ်။ “ဒါက အာလန်ရှန်ဟာ မင်းအတွက်လေ မင်းပေးတဲ့ဟာအတွက် ကျေးဇူးဘဲအာ့ကြောင့်မင်းကိုပေးတာ” မျောက်ဘုရင်ကပြောလိုက်တယ်။”အာ့ရပါတယ်ဗျာ ကျေးဇူးပါဘဲအရှင်” ပြီးနောက် လင်းဟိုင်သူရဲ့ ပစ္စည်းထားတဲ့နေရာကိုဖွင့်လိုက်တယ်။ အထဲမှာ ရှေးဟောင်းရွှေရောင်စာအုပ်တအုပ်ကိုတွေ့လိုက်တယ်။ ထုတ်ယူလိုက်တယ်။
သူ့မျက်လုံးများတွင် အလင်းများတဖျပ်ဖျပ်တောက်ပလာတာကို ခံစားလိုက်ပြီးနောက် မက်ဆေ့ချ်တစ်ခု ကျလာသည်- သင်သည် အဆင့် 1 ကောင်းကင်မျက်လုံးမှော်ပညာကို သင်ယူခဲ့သည်။
“ဘာမှသိပ်မထူးပါလား?” လင်းဟိုင်ဖန်ခွက်ကိုယူကာမော့လိုက်တယ်။ “အသီးတွေရပြီ” လျှိုရှင်းယွဲ ့အသီးများကိုယူလာပါတယ်။ “အို ကျေးဇူးပါ” ပြောရင်လင်းဟိုင်မော့ကြည့်လိုက်တဲ့အခါသောက်လက်စရေတွေပါသီးကုန်တော့တယ်။”ငလူး”
လျှိုရှင်းယွဲ့ အတွင်းခံအနက်လေးနဲ့ ရပ်နေတာကိုမြင်လိုက်တယ်။သူမရဲ ့ကောက်ကြောင်းအလှကိုတော်တော်လှပတာကိုတွေ့လိုက်ရတယ်။
“ဟဲ ဘာဖြစ်တာတုန်း” သူမက စိုးရိမ်နေသောလေသံနဲ့မေးလိုက်တယ်။ “ဘာ မှ ဖြစ်ပါဘူး အေးဆေးဘဲ ဟီး”လင်းဟိုင် သူရေတွေကိုပြန်မြိုချရင်းပြောလိုက်တယ်။ မျက်လုံးများကိုသေချာပွတ်ပြီးကြည့်လိုက်တဲ့အခါ သူမကနဂိုအဝတ်အစားများကိုဝတ်ထားတာကိုတွေ့လိုက်ရတယ်။(မြတ်စွာဘုရားဒီကောင်းကင်မျက်လုံးတွေက ငမြွေထိုးဘဲ)
“နင်ရေသီးနေတာလား?”သူမက လင်းဟိုင်တခုခုမူမှန်တာကိုသတိထားလိုက်မိတယ်။
'ဒင်းဒင်း!' မျောက်ဘုရင်က မက်ဆေ့ခ်ျအသစ်ဖြင့်မေးလိုက်လေတယ်။
မျောက်ဘုရင်- "အင်း၊ မင်းဒီအဖိုးကို ဘာအကူအညီပေးခိုင်းစေချင်တာလဲ။"
[ငါ သူနဲ့လုပ်ရမယ့်ကိစ္စတွေကို မေ့လုနီးပါးပဲဟ။] လင်းဟိုင်က မျောက်ဘုရင်ဆီ အမြန်ပြန်ပြီး ပြန်ဖြေတယ်။
လင်းဟိုင် : “ဟုတ်ကဲ့ အရှင် တိုင်ပင်စရာတခုရှိလို့ပါ ။ ကျွန်တော့်မှာ သူ့ဝိညာဉ်နဲ့ ကွဲကွာနေပုံရပေမယ့် အသက်ရှင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မနှိုးထနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ သူ့ကို ကယ်တင်ဖို့ ဘာလုပ်ရမှန်းမသိဘူး။ “
မျောက်ဘုရင်- “အင်း၊ လွယ်တယ်။လူအိုကြီးလောင်ဇီ ဆီက ပြန်လည်နုပျိုခြင်းဆေးက ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ကွ။ “
'ဒင်းဒင်း' မျောက်ဘုရင်က သင့်ကို ပြန်လည်နုပျိုခြင်းဆေး ပို့လိုက်တယ်။
မျောက်ဘုရင်- "မင်းအတွက် ငါအဘိုးကြီးဆီကသွားခိုးထားတာ။"
လင်းဟိုင်က "ကျေးဇူးတင်ပါတယ်အရှင်!"
လင်းဟိုင် အလွန်စိတ်လှုပ်ရှားသွားပါတော့တယ်။ [သူကို ကိုယ်ပျောက်ဆေးပေးလိုက်ရတာ အရမ်းတန်တယ်ဟ။]
"ရှင်းယွဲ ့" လင်းဟိုင်က အော်လိုက်တယ်။
ရုတ်တရက် လျှိုရှင်းယွဲ့ ပိုစိုးရိမ်လာပြီး “နင် သေချာအဆင်ပြေရဲံလား” ဟု မေးလိုက်ပါတယ်။သို့ပေ့မယ် သူမဘာမှဆက်မပြောခင် လင်းဟိုင်ကဖြတ်ပြောလိုက်တယ်။
“နင်အဖေကို ကယ်လိုရပြီ”
[Silavin: I had to add a few things here and there. The chapter could not be translated as what the author wrote because he left so much information out. The mother, is not written to be anywhere after she cooked the meal. So, I added some parts to make it flow better. မူရင်းဘာသာပြန်သူက အာ့လိုရေးထားတာဘဲ ဒီစာစဉ်ကတချို့တလေတွေက ဘာမှန်းကိုမသိတာဆိုလိုရင်းက မူရင်းဘာသာပြန်တဲ့ကောင်က တခါတလေ တခေါက်နဲ့တခေါက် မတူလို ့ရေးနေရင်းမှသိလို့အစက ပြန်ပြင်ရတာခဏခဏဘဲ အာ့ကြောင့်ခွေးလွှတ်ကျပါ စာဖတ်သူအပေါင်း တာအိုသူတော်စင်တို့ခင်ဗျ’]

Address

Yangon
11061

Website

Alerts

Be the first to know and let us send you an email when My Amazing WeChat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category