03/11/2025
ဆေးရုံတွေရဲ့ ပေါ့ဆမှုတွေကို မပြောတော့ပဲနေမလို့ ဒါမဲ့လည်း သိသင့်ပြီး အားလုံးသတိထားရအောင်လို့ပါ။
ကျန်းမာရေးနဲ့ပက်သတ်ရင်ပေါ့လို့မရပါဘူးနော် 🧩
နောက်မှထဖွင့်တဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းငယ်တွေဆို ပိုတောင် ယုံလို့မရပါဘူး။🙁
👉အိမ်က ညီမလေးအငယ်ဆုံးလေးက 24 ရက်နေ့ညမှာ ဗိုက်စအောင့်ပါတယ်၊ပုံမှန်အောင့်
နေကြပုံစံနဲ့စဖြစ်ပေမဲ့ ဒီတစ်ခါသူအောင့်တာက
ဆေးရုံတန်းပြေးရမဲ့ပုံလိုဖြစ်နေပြီး မျက်ခွံတွေ မျက်တောင်တွေကအစ ကောင်းကောင်းမခတ်နိုင်တော့လို့ 25 ရက်နေ့မနက်မှာ အိမ်နားက လှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ်၊ အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က အူအတက်ယောင်တာဆိုပြီး တန်းပြောပါတယ်။ ခွဲစိတ်ရမယ်ပြောတော့ ကျွန်မတို့လည်း အချိန်မလင့်ခင်မှာ ခွဲမယ်ပြောတော့ သီးသန့်ခန်းမရ
သေးလို့ ဆရာလဲ ရက်ချိန်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီး ကျမတို့ကို စိတ်ချရအောင် Hall မှာထားပါတယ်၊တညလုံးလည်း ဗိုက်အောင့်နေတဲ့ ကလေးရဲ့ ကုတင်ကို ဘေးက ရွာသူမတွေက ခဏခဏလာဆောင့်လိုက်တွန်းလိုက်နဲ့ပြောလို့လဲမရပဲ တညလုံး အတော်ခံလိုက်ရတယ်၊
26 ရက်နေ့မနက်ကျတော့ ခွဲဖို့သေချာပေမဲ့ အခန်းလဲမရသလို ဆရာလဲ လာမကြည့်အားသေးလို့ ဖုန်းထဲကနေ နောက်ဆေးရုံဖြစ်တဲ့ခိုင်ဆေးရုံကို ပြောင်းခိုင်းပါတယ်၊
ပွဲက အဲ့မှာ စတာပါပဲ👊
ခိုင်ရောက်တော့မှ Ultrasound ရိုက်တဲ့စက်မရှိလို့တဲ့ ချမ်းသာကြီးဆေးရုံကို ပြေးပြီး ထပ်ရိုက်ရသေးတယ်၊ Emergency ဖြစ်နေပေမဲ့ လူအများကြီးကို တန်းစီစောင့်နေရဆဲပါ၊အလှည့်ကျရိုက်မယ်ဆိုတော့ ရိုက်ပေးတဲ့ ဆရာက အူအတက်ပေါက်သွားပြီပြောလို့ ကျွန်မတို့လဲ အမြန်ဆုံး ခွဲပေးဖို့ ခိုင်ဆေးရုံကို ပြေးလာပြီး ဆရာဝန်တွေကို ဘယ်ချိန်ခွဲမလဲဆိုတာ မေးတော့ ဆရာက 2:30 လာမယ်ပြောပါတယ်၊ အချိန်ကျတော့ မရောက်လာပဲ 3 ခွဲဆိုပြီး ထပ်ချိန်းပါတယ်၊ကြားထဲမှာ သူတို့က လှိုင်တော်ဝင်ကနေ ထိုးပေးလိုက်တဲ့ ဆေးတွေကို သေချာမမြင်တာလား မမေးမိတာလား Connection ပျက်နေတာလားမသိပဲ ထိုးပြီးဆေးတွေထပ်ထိုးမယ်လုပ်လို့ ကျမတို့ကဘာဆေးလဲမေးတော့မှ တိုက်ကြည့်ပါအုံးဆိုလို့ မလိုတော့ဘူး ထိုးပြီးသားဖြစ်နေတာပါဆေးမှားမထိုးမိတာ အချိန်မှီသွားတယ်၊အဲ့လိုနဲ့ ကလေးက စောင့်ရင်းနဲ့ ပိုပိုအောင့်လာလို့ ကျွန်မလည်း သူတို့ကိုသေချာအောင် မေးမြန်းပြီး ဆရာ ရောက်နိုင်တာ သေချာလားမေးတော့ 4 နာရီမှ ဖြစ်သွားပါတယ်။
မထူးတော့တာနဲ့ ကျွန်မလဲ အချိန်ထပ်မစောင့်နိုင်တော့ပါ၊ဆေးရုံပဲပြောင်းပေးပါ၊ဒီမှာ ဆက်မထားနိုင်ဘူး၊အသက်နဲ့ရင်းထားရတဲ့ ကျွန်မတို့ ကလေးနဲ့ ဆေးရုံဘက်က Delay နဲ့ အဆင်မပြေတော့ဘူးဆိုတာကို မရပဲ ခွဲခန်းထဲမှာ မေ့ဆေးဆရာမကရောက်နှင့်နေပြီဆိုပြီး ကလေးကို ဆွဲခေါ်သွားတယ်၊ဆေးထိုးဖို့ပြင်နေတဲ့အချိန် ကျမကလည်း ခွဲစိတ်ဆရာဝန်မလာသေးပဲ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး၊ရပ်ပေးဖို့ အကြောက်အကန်ငြင်းရင်း သူတို့ဘက်က လွှတ်ပေးလိုက်ရင် ကလေးက အသက်အန္တရယ်တောင် ရှိတယ်ဆိုပါတယ်၊ကျွန်မကတော့ ပန်းလှိုင်ပဲ ပြောင်းမယ်လို့ ပြောပြီး ပြောင်းလာခဲ့ပါတယ်။
ပန်းလှိုင်ရောက်တော့ 24 Hr Surgeon တွေရော သက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီး လိုအပ်တာစစ်ဆေးလိုက်တော့ ကလေးက ခွဲစိတ်ဖို့လဲ မလိုသလို အူအတက်ချည်းရောင်နေတာမဟုတ်ပါဘူး၊အူအတက်ပေါက်တယ်လို့ ပြောဆိုချက်ကလဲမှားယွင်းနေတယ်ဆိုတာ CT Scan ရော Ultrasound ရော ထပ်ရိုက်တော့ သိခဲ့ရပါတယ်။
တကယ်ဖြစ်နေတဲ့ ရောဂါကို ဆရာဝန်တွေဝိုင်းဝန်းအဖြေရှာနေကြတာ နည်းနည်းတော့လူနာက ပိုခံရပေမဲ့ ရောဂါရှာလိုက်တာဟာ မုန့်ချိုအိတ် ယောင်ပြီး တိုက်ဖိုက်ဖြစ်နေတယ်လို့ ပြောပါတယ်၊ ရောဂါတွေ့တာနဲ့ ဆေးပေးဆေးသောက် ချက်ချင်းလုပ်တော့ ကလေးက တော်တော်လေး သက်သာလာပါတော့တယ်။
အကယ်၍သာ အူအတက်သာ မှားဖြတ်မိပြီး ဗိုက်ကိုဖွင့်ခဲ့မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ရောဂါတွေက ဘာမှသက်ဆိုင်မှုမရှိပဲ ပိုဆိုးရွားပြီး အသက်တောင် ကယ်နိုင်တော့မယ်မထင်ပါဘူး နေ့လား ညလား ဖြစ်ကုန်မှာပါ။
တနေ့တည်းမှာ ဆေးရုံလေးရုံပြေးခဲ့ရပြီး ဆရာဝန်တွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် မသိတဲ့လူနာတွေ ဘယ်လောက်ခံရပြီးပြီလဲ။မှားယွင်းကုသမှုတွေကြောက်ရင်း Private hospital တွေကို မရွေးချယ်နိုင်ရင်ကော လူတွေအသက်တွေဘယ်လောက်ပေးဆပ်ရမှာလဲရှင်။
အဲ့လိုနဲ့ ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေလို့ပဲ
ဆုတောင်းပေးပါတယ်🙏
မူရင်းပို့စ် - Wutt Yee