SO PYAY

SO PYAY စိုက်ပျိုးရေးသုံးသဘာဝမြေသြဇာ

ပိုးပြေးဆေး ပိုးနှိမ်နင်းဆေးအပင်များတွင်ကျရောက်တတ်သောဖျက်ပိုးမှန်သမျှ နှိမ်နင်းနိုင်ပါသည်Em အပင်အားဆေးပါဝင်သဖြင့်အပင်အား...
05/02/2025

ပိုးပြေးဆေး ပိုးနှိမ်နင်းဆေး
အပင်များတွင်ကျရောက်တတ်သောဖျက်ပိုးမှန်သမျှ နှိမ်နင်းနိုင်ပါသည်
Em အပင်အားဆေးပါဝင်သဖြင့်
အပင်အားပိုးသတ်ဆေးဖြန်းပြီးသည့်တိုင်
လန်းဆန်းစိုပြေ ၍ ပိုးမွှားကင်းစင်စေပါသည်
100ml

အပင် အမြစ် အပွင့်အားဆေးကိုင်းကူးခြင်း ကိုင်းဆက်ခြင်း ရွေ့ပြောင်းစိုက်ပျိုးရာတွင် အသုံးပြုခြင်းဖြင့်ပင်သန် ဖွံ့ဖြိုး အပင်...
05/02/2025

အပင် အမြစ် အပွင့်အားဆေး
ကိုင်းကူးခြင်း ကိုင်းဆက်ခြင်း ရွေ့ပြောင်းစိုက်ပျိုးရာတွင် အသုံးပြုခြင်းဖြင့်
ပင်သန် ဖွံ့ဖြိုး အပင်အားတိုးစေပြီး
အသီး အပွင့် ဝေဖြာသီးပွင့်စေပါသည်
100 ml

18/03/2024
(စံပယ် ပန်းတွေ အမြဲဝေနေအောင် စိုက်ကြမယ်)      မိမိစိုက်ထားတဲ့ စံပယ်ပင်လေးတွေမှာ ပန်းများများ မပြတ်ပွင့်လိုတယ် ဆိုရင်ဖြင်...
04/03/2024

(စံပယ် ပန်းတွေ အမြဲဝေနေအောင် စိုက်ကြမယ်)

မိမိစိုက်ထားတဲ့ စံပယ်ပင်လေးတွေမှာ ပန်းများများ မပြတ်ပွင့်လို
တယ် ဆိုရင်ဖြင့်

1-မြေ လဲပေးပါ
2-အရွက်ကြမ်းတွေ ခြွေပေးခြင်းဖြင့် ခြွေထားသည့်နေရာက အညွန့်
ထွက်ပြီး အဖူးပါပါတယ်
3-မြေကြပ်နေပါက မြေဆွေး နှောက်ချေးထည့်ပြီး အရွက်ခြွေ ရေဝ
အောင်လောင်းပေးပြီး ဆားခါးထည့်ပေးပါ
4-ကြက်ဥအခွံအားအမှူန့်ထောင်းပြီး သစ်ရွက်မီးရှူိ့ပြီးရလာသောပြာများ
အပင်ခြေပုံပေးပါ
5-နေရောင်ခြည်ရဖို့ အထူးလိုအပ်ပါသည် ရေကိုအောက်ခြေသာမက
အရွက်များပါ ဖျန်းပေးပါ ပွင့်ပြီးသားအကိုင်းတွေ ဖြတ်ပေးပါ
6-ဆန်ဆေးရည်ကိုတညသိပ်ပြီးဟင်းချိုမှူန့်တစ်ဇွန်းကိုဆန်ဆေးရေ
တလီတာထဲထည့်ဖျော်ပြီးလောင်းပါ ဆန်ဆေးရေကိုအပုတ်ခံ
သုံးရက်ထားပြီးလောင်းပေးပါကလေးနှစ်ကြာမပွင့်သောအပင်ပါ
ပွင့်ပါသည်
7-B1(သို့)ငှက်ပျောခွံပါးပါးလှီးထည့်ပါ
8-ငါးဆေးရေနှင့်ကြက်သွန်ခွံညသိပ်ရေစိမ်လောင်းပါ
9-ငါးအမိုင်နိုအားဆေးတပတ်-3-ကြိမ်ရေတလီတာလျှင်အမိုင်နိုတ
ဇွန်းရောစပ်လောင်းပေးပြီးနေရောင်ရရှိပါက စပယ်ပန်းများဖူးပွင့်
ဝေဆာအလှအပခံစားရင်းမွှေးရနံ့သင်းပျံ့စေပါသည်


စိုပြေ အဏုဇီဝ ဆေးပျော်ရည်

(သဘာဝမြေသြဇာ  ပြုလုပ်နည်း)သဘာဝမြေသြဇာမြေဆွေး ပြုလုပ်တော့မည်ဆိုလျှင်(ဘိုကာရှီမြေဆွေး)နည်းကို ပြောပြပေးပါမယ်(လိုအပ်သောပစ္စည...
25/02/2024

(သဘာဝမြေသြဇာ ပြုလုပ်နည်း)

သဘာဝမြေသြဇာမြေဆွေး ပြုလုပ်တော့မည်ဆိုလျှင်(ဘိုကာရှီမြေဆွေး)
နည်းကို ပြောပြပေးပါမယ်

(လိုအပ်သောပစ္စည်းများမှာ)

🍎ကောက်ရိုး/ရိုးဖြတ်/အပင်အကြွင်းအကျန်များ
🍊အီးအမ်(အပြင်း)(သို့)ငါးအမိုင်နို
🍉နွားချေး
🍑ဖွဲနုတို့လိုအပ်ပါသည်

(လုပ်နည်းအဆင့်ဆင့်)

အလျှားခြောက်ပေ အနံ သုံးပေရှိတဲ့ မြေဆွေးပုံ(သို့)ကျင်းမှာ အသုံးပြု မဲ့
အပင်အကြွင်းအကျန် အစိတ်အပိုင်းတွေကို အောက်ခြေခြောက်လက်မ
ထုရတဲ့အထိ နင်းဖိပေးပါ

အီးအမ်အပြင်း(သို့)ငါးအမိုင်နို(250)cc ထမင်းစားဇွန်း(15)ဇွန်း
ပမာဏကို ရေ(5)ဂါလံနဲ့ရောစပ်ပြီး မြေဆွေးပုံကိုနှံ့ အောင်ဖျန်းပေးပါ
ရွှဲနေအောင် ဖျန်းဖို့လိုအပ်ပါသည် အစိုဓာတ်ကောင်းကောင်းရဖို့နှင့်
အရိပ်ရသောနေရာများကိုရွေးချယ်ပြုလုပ်ရန် လိုအပ်ပါသည်

နွားချေး ငါးပြည် ဖွဲနု တစ်ပြည်ကိုအပေါ်ယံမှာ ခပ်ပါးပါးဖြူးပေးရပါမည်
သို့ပါက ပထမအလွှာ ပြုလုပ်မှူပြီးစီးပါပြီ

အထက်ပါအတိုင်းမြေဆွေး (6)လွှာအထိလုပ်ပြီး အပေါ်ဆုံးအလွှာ
မျက်နှာပြင်ပေါ်သို့ ကောက်ရိုး(သို့)မြက်ခြောက် နဲ့အုပ်ပေးပါ ပြီးလျှင်
ပလပ်စတစ်စနဲ့ လုံအောင်ဖိပြီးအုပ်ပေးဖို့လိုပါသည်

နှစ်ပတ်ခန့်အကြာအထက်အောင်လှန်ပေးပါ နောက်ထပ်တပတ်တကြိမ်
အထက်အောက်လှန်ပေးပါ သုံးလမှလေးလအတွင်း မြေဆွေးပုံ ရရှိပါမည်

မြေဆွေးပုံကိုအမြဲစိုစွတ်စေရန်လိုပါသည် သို့ပေမဲ့ရေအရမ်းရွှဲလို့မရပါ

🍓မြေဆွေးကောင်းရဲ့ အရည်အသွေးမှာ
ကောင်းစွာဆွေးမြေ့ခြင်း
ညို နက်ရောင်ရှိခြင်း
ကြွပ်ရွခြင်း
မြေသင်းနံ့မွေးခြင်းတို့ ဖြစ်ပါသည်

စိုက်ပျိုးရေးဝါသနာရှင်များနှင့်တောင်သူဦးကြီးများ အထွက်တိုးပြီး
စိတ်ချမ်းသာကြပါစေ
စိုပြေ အဏုဇီဝ ဆေးပျော်ရည်

(သစ်ခွပန်းပင်လေးတွေ အမြစ်မပုတ်အောင်)
24/01/2024

(သစ်ခွပန်းပင်လေးတွေ အမြစ်မပုတ်အောင်)

ငါးအမိုင်နို အက်ဆစ်(FISH AMINO)        သဘာဝရွက်ဖျန်းဆေး၏ အပင်များအတွက် အကျိုးပြု ပုံ   သဘာဝရွက်ဖျန်းဆေးများအနက် (ငါးအမို...
16/01/2024

ငါးအမိုင်နို အက်ဆစ်(FISH AMINO)
သဘာဝရွက်ဖျန်းဆေး၏ အပင်များအတွက် အကျိုးပြု ပုံ

သဘာဝရွက်ဖျန်းဆေးများအနက် (ငါးအမိုင်နိုအက်ဆစ်)
Fish Amino Acid မှာအပင်များဖွံ့ ဖြိုးမှူအပေါ် အကျိုးသက်
ရောက်မှူ များစွာရှိကြောင်း သုတေသနများအရ တွေ့ရှိရပါသည်
အော်ဂဲနစ် သမားများတွင်ကျယ်စွာ အသုံးပြုနေကြသည့်
ရွက်ဖျန်းဆေး တခုလည်းဖြစ်သည်---
သတ္တဝါများကဲ့သို့ အပင်များသည် အမိုင်နိုအက်ဆစ်ကိုလိုအပ်သည်
အမိုင်နိုအက်ဆစ်အလုံအလောက်မရရှိလျှင် အပင်ကြီးထွားမှူ ပန်းပွင့်မှူနှင့် အထွက်နှူန်း ကိုထိခိုက်စေပါသည်---
အမိုင်နိုအက်ဆစ်နှင့်ဆက်စပ်နေသည့် Indole နှင့် Pyrrol Compounds များအား အပင်များ၏လိုအပ်ချက်မှာ အနည်းငယ်သာဖြစ်သော်လည်း အမိုင်နိုအက်ဆစ်မှာ နိုက်ထရိုဂျင်
ကဲ့သို့ အဟာရများသာမက ဖော့စဖရက်နှင့် ပိုတက်စီယမ်များ
ကြီးထွားမှူ လှူံ့ ဆော်သည့်ဓာတ်များ ပါရှိပါသည်---
ငါးအမိုင်နိုအက်ဆစ်(FAA)အားအပင်များ၏ အရွက်မျက်နှာပြင်များမှ
စုပ်ယူနိုင်သဖြင့် ရွက်ဖြန်းအားဆေး အဖြစ်လည်းကောင်း မြေသြဇာတိုး
တက်စေရန်နှင့် အဏုဇီဝများ ပွားများလာစေရန် ထည့်သွင်းအသုံးပြု
ခြင်းဖြင့် ပင်သန် အထွက်တိုး ဖူးပွင့် လှပစေပါသည်---

စိုပြေ
အကျိုးပြု အဏုဇီဝ ဆေးပျော်ရည်

EM. ဆိုသည်မှာ အပင်နှင့် မြေဆီလွှာကို မည်သို့                       အကျိုးပြု ပါသနည်း  အကျိုးပြု အဏုဇီဝပျော်ရည်(အီးအမ်)သည်...
05/11/2023

EM. ဆိုသည်မှာ အပင်နှင့် မြေဆီလွှာကို မည်သို့
အကျိုးပြု ပါသနည်း

အကျိုးပြု အဏုဇီဝပျော်ရည်(အီးအမ်)သည် မြေဆီလွှာအတွင်းမှ
သီးနှံပင်တို့၏ ကြီးထွားမှူ အထွက်နှူန်း /အပွငိ့ /သီးနှံအရည်အသွေး
ကိုမြင့်မားစေနိုင်သော အကျိုးပြု အဏုဇီဝ မျိုးစိတ်ပေါင်း-(၈ဝ)
ကျော်ကို အဆင့်မြင့် နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူ
ဖျော်စပ်ထားသည့် ဆေးရည်တမျိုးဖြစ်ပါသည်
အဓိကပါဝင်သော အဏုဇီဝများမှာ

လက်တစ်အက်စစ် ဘက်တီးရီးယား(Latcic bacteria)
တဆေးမှူိများ(Yeast)
ဖိုတိုဆင်းသက်တစ် ဘက်တီးရီးယား(Photosyn thetic
bacteria)
အက်တီနိုမိုက်စ် ဘက်တီးရီးယား(Actinomyces becteria)
အပင်အကျွင်းအကျန်များကို လျှင်မြန်စွာဆွေးမြေ့ စေသောမှူိ
(Fermenting fungi)များဖြစ်ကြပါသည်
♥♥အီးအမ်အမျိုးအစားအလိုက်

♥ပင်မအီးအမ်(Original EM-OEM)
♥အီးအမ်အပြင်း(EM Concentrate CEM)
♥အသင့်သုံး အီးအမ်(Instant EM)
♥အီးအမ်၅(EM 5)
♥အီးအမ် အက်ဖ်ပီအီး(Fermented Plant Extract)
(EM FPE) ဟူ၍ငါးမျိုးရှိပါသည်

♥♥အပင်နှင့်မြေဆီလွှာပေါ် ပက်ဖျန်းခြင်းဖြင့် ရနိုင်သည့် အကျိုး
ကျေးဇူးများမှာ

၁-မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ ဓာတ်ဂုဏ် သတ္တိ နှင့်ဇီဝ ဂုဏ်သတ္တိ
များတိုးတက်လာပြီး မြေ၏ ဖွဲ့စည်းမှူ ကောင်းမွန်ခြင်း
၂-ရေထိန်းအား ပိုကောင်းခြင်း
၃-မြေဆီလွှာအတွင်းရှိရောဂါဖြစ်စေသော အဏုဇီဝများကို နိမ်နင်း
ပေးခြင်း
၎-မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ လှူပ်ရှားမှူပေါက်ပွား
မှူများတိုးတက်စေခြင်း
၅-မြေအတွင်းရှိ အဟာရဓာတ်များကို သီးနှံပင်မှ ပိုမိုစုပ်ယူနိုင်ခြင်း
၆-သီးနှံစွန့်ပစ္စည်းများနှင့်အကျွင်းအကျန်များ နွားချေးကဲ့သို့
တိရိစ္ဆာန်အညစ်အကြေးများကို လျှင်မြန်စွာဆွေးမြေ့စေပြီး
အပင်အဟာရအဖြစ်အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ခြင်း
၇-မျိုးစေ့အပင်ပေါက်နှူန်းကောင်းမွန်စေခြင်း
၈-ရိပ်သိမ်းပြီး သီးနှံများ တာရှည်ခံခြင်း
၉-သီးနှံ့ပင်များ၏ အစာချက်နှူန်းမြင့်မားလာခြင်း
၁၀-လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို အပင်အတွက်အဟာရ အဖြစ်
ရရှိစေခြင်း
၁၁-သီးနှံ တမျိုးထည်းကိုတနေရာထည်း ဆက်တိုက်ကာလကြာရှည်
စိုက်ပျိုးသော်လည်း ရောဂါကျရောက်မှူနည်းပြီး အထွက်နှူန်းမကျခြင်း
၁၂-သီးနှံအရည်အသွေး ကောင်းမွန်လာခြင်း
၁၃-ဓာတုပစ္စည်းများအား မှီခိုသုံးစွဲမှူ နည်းပါးလာစေခြင်း
၁၄-စိုက်ပျိုးစရိတ် သက်သာစေခြင်း စားနပ်ရိက္ခာများထုတ်လုပ်နိုင်
သောကြောင့် လူသားကို့ ကျမိးမာရေး ပိုမိုတိုးတက်ကောင်းမွန်
လာစေခြင်း
၁၅-အချိန်ကြာမြင့်လေ အကျိုးရှိလေ ဖြစ်ခြင်း
၁၆-အပုဒ်နံ့ များကင်းပျောက်စေခြင်း
၁၇-ပါတ်ဝန်းကျင် ညစ်ညမ်းမှူမဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ
ရရှိနိုင်မှာဖြစ်ပါသည်

EM ကိုသုံးစွဲ စိုက်ပျိုးခြင်းဖြင့် ကမ္ဘာမြေကြီး၏ ဓာတ်သဘာဝ
များကို ထိန်းသိမ်းရာရောက်သကဲ့သို့ အန္တရာယ်ကင်းသော စိုက်ပျိုး
သီးနှံများကို စားသုံးခြင်းဖြင့် စိတ်ချမ်းသာ ကိုယ်ကျမ်းမာနိုင်ကြပါစေ

စိုပြေ အကျိုးပြု အဏုဇီဝ ဆေးပျော်ရည်

(Fish Amino)                (ငါးအမိုင်နို   အက်ဆစ်)         အော်ဂဲနစ် သမားများတွင်ကျယ်စွာ အသုံးပြုနေကြသည့် ရွက်ဖြန်း အား...
27/10/2023

(Fish Amino)

(ငါးအမိုင်နို အက်ဆစ်)

အော်ဂဲနစ် သမားများတွင်ကျယ်စွာ အသုံးပြုနေကြသည့် ရွက်ဖြန်း အားဆေး(ငါးအမိုင်နို) သည် အပင်များအတွက် အဓိကလို
အပ်သည့် နိုက်ထရိုဂျင် ကဲ့သို့ အဟာရများသာမက ဖော့စဖရပ်နှင့်
ပိုတက်စီယမ်များ ကြီးထွားမှူ လှူံ့ ဆော်ဓာတ်များ ငါးအမိုင်နို အက်ဆစ်
တွင်ပါဝင်ပါသည်

Protein /Vatamins/Amino acids/Essential fatty
acids များပါဝင်ပါသည်
ဥပမာ ဆိုရလျှင် Tryptophaသည်Auxin ဖြစ်ရန်ရှေ့ပြေးဖြစ်
သကဲ့သို့Methionineသည် Ethylene၏ရှေ့ပြေးဖြစ်သည်


♥ အမိုင်နို အက်ဆစ် ကိုဖျန်းပေးခြင်းဖြင့်

မြေအား မြေသြဇာတိုးတက်စေခြင်
အဏုဇီဝ များပွားများလာစေခြင်း
အပင်ကြီးထွားနှူန်း မြန်ဆန်စေခြင်း ပန်းမြိုင်မြိုင်ပွင့်ခြင်း
ဝတ်မှူန်ကူးအားကောင်းခြင်း အသီးတင်နှူန်းများခြင်း
အသီး အစေ့ အဆံနှင့် ဥအရည်အသွေးများ ကောင်းမွန်ပြီး
ပိုးကျမည့် အန္တရာယ်များမှ ကာကွယ်နိုင်ပါသည်

(စိုပြေ အကျိုးပြု အဏုဇီဝ ဆေးပျော်ရည်)

♥မြေ ချဉ် ငန် ဓာတ်လွယ်လွယ်တိုင်းကြရအောင်♥   စိုက်ပျိုးရေး တောင်သူ ဦးကြီးတွေ စိုက်ပျိုးရေး ဝါသနာရှင် ပညာရှင်တွေ အနေနဲ့ မ...
26/10/2023

♥မြေ ချဉ် ငန် ဓာတ်လွယ်လွယ်တိုင်းကြရအောင်♥

စိုက်ပျိုးရေး တောင်သူ ဦးကြီးတွေ စိုက်ပျိုးရေး ဝါသနာရှင် ပညာရှင်
တွေ အနေနဲ့ မိမိစိုက်ပျိုးတဲ့ သီးပင် စားပင် တွေအကြောင်းစိုက်နည်း
အကြောင်း သိနေယုံဖြင့် မပြီးဘဲ စိုက်ပျိုးမြေအနေအထားကိုလည်း
သိဖို့လည်း လိုအပ်ပါတယ်
•စိုက်ပျိုးမြေတွေဟာ တခုနဲ့တခု တနေရာနဲ့တနေရာ မြေသားအနေ
အထား ဓာတ်ဂုဏ် သတ္တိ ရုပ်ဂုဏ်သတ္တိ တွေမတူညီကြပါဘူး
မတူညီကြမှူအလိုက် အထွက်နှူန်းတွေလညိး ကွာဟကြပါသည်
•မြေသြဇာ ပိုးသတ်ဆေး မျိုး သုံးတာခြင်းတူကြတာတောင် စိုက်မြေ
ကြောင့် အထွက်နှူန်းမတူညီကြပါဘူး
သို့ပါ၍ မြေဆီလွှာကို စစ်ဆေးမှူတွေ ပြုလုပ်သင့်ပါတယ်
စစ်ဆေးမှူတွေကို နီးစပ်ရာ စိုက်ပျိုးရေးရုံးတွေက ပြုလုပ်ပေးနေပါတယ်
မြေ ချဉ် ငန်ဓာတ်က မြေသြဇာသုံးတဲ့အခါ မိုးများတဲ့အခါ မိုနည်းတဲ့
အခါ စတဲ့အခြေအနေပေါ်မူတည်ပြီး ပြောင်းလည်းတတ်ပါတယ်
•မြေ ချဉ် ငန်လွန်းတဲ့အခါ ကျွေးသမျှမြေသြဇာတွေကိုအပင်ကစုပ်ယူနိုင် မည့်အနေအထားမရှိ
တော့တဲ့အတွက် အထွက်နှူန်းကျတတ်ပါတယ်
ဒါ့အပြင် တောင်သူအများစုက ဓာတ်ခွဲခန်းလည်းမရှိ စက်ကရိယာ
တွေလည်း မရှိကြလို့ အခက်တွေ့နိုင်ပါသည်
သို့အတွက် လွယ်ကူစွာ မြေချဉ် ငန် ဓာတ်တိုင်းတာနည်းကို အိမ်မှာ
လွယ်လွယ်နဲ့ တိုင်းလို့အဆင်ပြေနိုင်ရန် အသိပေးအပ်ပါတယ်

♥တိုင်းတာနည်း( ၃)နည်းရှိပါတယ်

♥ပထမနည်းက
ရှာလကာရည်နဲ့ ဆော်ဒါမှူန့်ကို တိုင်းတာမည့်မြေကို လက်သီးဆုတ် နှစ်ဆုတ် သုံးဆုတ်စာလောက် ခွက်တခုမှာထည့်ပြီး ရေကိုမြုတ်နေရုံ
ထည့်ပါ ပြီးလျှင်လျှာလကာရည်ကိုနို့ဆီဘူးတစ်ဝက်ခန့် ခွက်ထဲသို့
ဖြေးညှင်းစွာလောင်းထည့်ပါက အမြှူတ်ထွက်လာလျှင်
မြေငန်တယ်ဆိုတာပြတာပါ
ပိုသေချာအောင်ဆော်ဒါနဲ့ ပြန်စမ်းနိုင်ပါတယ် ယခင်ပြောသလို
မြေပျော်ရည်ခွက်ထဲဆော်ဒါမှူန့် လက်သီးဆုတ်ခန့်ထည့်လိုက်လျှင်
အမြှူတ်ထွက်လာပါက. မြေချဉ်ပါတယ်
♥အကယ်၍ နှစ်မျိုးစလုံးစမ်းပြီး အမြှူတ်မထဘူးဆိုရင်တော့ မိမိမြေ
ဟာမချဉ်လွန်း မငန်လွန်း စိုက်ပျိုးရန် အကောင်းဆုံးမြေဖြစ်ပါတယ်

♥♥ မြေပြင်ဖို့ ဆိုရင်ဖြင့်

မြေချဉ်ရင် မြေတစ်ဧကကိုမြေသြဇာအိပ် ( ၅၀)ကီလို ထုံး နှစ်အိပ်
လောက်ထည့်ပြီးမြေကို တလလောက်နှပ်ပြီးမှ သီးနှံစိုက်ပျိုးပါ

♥♥ မြေငန်တယ်ဆိုလျှင်

မြေငန်လျှင် ကျောက်မှူန့် (၅၀)ကီလိုအနည်းဆုံး တစ်အိတ်လောက်
ထည့်ပေးနိုင်ပါတယ်

♥♥♥ ပဲမှော် နှမ်းဖတ် စပါးပြာ ကောက်ရိုး နွားချေးခြောက်
များကို မြေချဉ်လို့ဘြဲဖစ်ဖြစ် ငန်လို့ဘဲဖြစ်ဖြစ် မြေပြင်တဲ့အခါတိုင်း
ထည့်ပေးသင့်ပါကြောင်း အသိပေးအပ်ပါတယ်

စိုပြေ -အကျိုးပြု အဏုဇီဝ ဆေးပျော်ရည်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959781198118

Website

Alerts

Be the first to know and let us send you an email when SO PYAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category