Basic Computer လုပ်ငန်းခွင်အခြေခံကွန်ပြူတာ

  • Home
  • Myanmar
  • Yangon
  • Basic Computer လုပ်ငန်းခွင်အခြေခံကွန်ပြူတာ

Basic Computer လုပ်ငန်းခွင်အခြေခံကွန်ပြူတာ Ko Aye Chan

29/06/2023
ဖုန်းက အင်တာနက် ကို Computer မှာ ချိတ်ဆက် အသုံးပြုနည်း။၁။ ဖုန်းမှာ အင်တာနက် ဖွင့်ထားပါ။၂။ USB ကြိုးဖြင့် Phone နဲ့ compu...
30/05/2023

ဖုန်းက အင်တာနက် ကို Computer မှာ ချိတ်ဆက် အသုံးပြုနည်း။

၁။ ဖုန်းမှာ အင်တာနက် ဖွင့်ထားပါ။
၂။ USB ကြိုးဖြင့် Phone နဲ့ computer ကို ချိတ်ဆက်ပါ။
၃။ ဖုန်း settings ထဲဝင်ပြီး connection (သို့) အလားတူ network
Connection စသည့်ကို နိုပ်ပါ။
၄။ Mobile Hotspot and Tethering ကို နိုပ်ပါ။
၅။ USB Tethering ခလုပ်ကို On ပေးလိုက်ပါ။

Knowledge sharing

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့...
29/05/2023

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..

F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...

F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..

F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...

F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...

F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..

F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..

F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...

F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..

F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..

F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

အထက်မှာဖေါ်ပြခဲ့တာကတော့ ကျွန်တော်သိသလောက် Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေဖြစ်ပါတယ်.. Program အလိုက် ပြောင်းလဲနိုင်ပါတယ်... အခြား အသုံးပြုနိုင်တဲ့ နည်းတွေရှိရင်လည်း ပြောပေးခဲ့ကြပါခင်ဗျာ...


Adobe Photoshop တွင် (ဒ၊ဓ) ရေးလို့မရနေပါကဒီ setting လေးချိန်ပေးပါ။👇👇📌 edit menu >preferences >type >use smart quote ကို ...
30/04/2023

Adobe Photoshop တွင် (ဒ၊ဓ) ရေးလို့မရနေပါက
ဒီ setting လေးချိန်ပေးပါ။👇👇

📌 edit menu >preferences >type >use smart quote ကို အမှန်ခြစ်ဖြုတ်ပါ။

မသိသေးသူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေ..

မိမိတို့computer မှာအသုံးများသော Shortcutsများ
30/04/2023

မိမိတို့computer မှာအသုံးများသော Shortcutsများ

Install လုပ်ဖို့မလို လက်ကွက်လေ့ကျင့်နိုင်သော ၀က်ဆိုဒ့် (၄) ခု 🤟🏆လက်ကွက်လေ့ကျင့်ခြင်းတွေကို စိတ်ဖိစီးစရာမလိုပဲ့ဂိမ်းကစားန...
28/04/2023

Install လုပ်ဖို့မလို လက်ကွက်လေ့ကျင့်နိုင်သော ၀က်ဆိုဒ့် (၄) ခု 🤟🏆

လက်ကွက်လေ့ကျင့်ခြင်းတွေကို စိတ်ဖိစီးစရာမလိုပဲ့ဂိမ်းကစားနည်းတွေအများကြီးနဲ့လေ့ကျင့်နိုင်တဲ့ ဝက်ဘ်ဆိုက်အနည်းငယ်ကို အောက်မှာဖော်ပြပေးထားပါတယ်။

1.TypeRacer
Website: 👉 http://play.typeracer.com/

2. Keybr.com
Website: 👉 https://www.keybr.com/

3. Touch Typing Study
Website: 👉 https://www.typingstudy.com/

4. Learn Typing
Website: 👉 https://www.learntyping.org/

1. ကွန်ပြူတာရဲ့ အခြေခံသဘောတရား2. ကွန်ပြူတာ စတင်အသုံးပြုရန်လိုအပ်ချက်များ3. Keyboard Keys များ 4.Mouses ကိုင်နည်း5.အခြေခံ...
27/04/2023

1. ကွန်ပြူတာရဲ့ အခြေခံသဘောတရား
2. ကွန်ပြူတာ စတင်အသုံးပြုရန်လိုအပ်ချက်များ
3. Keyboard Keys များ
4.Mouses ကိုင်နည်း
5.အခြေခံလက်ကွက်များ လက်ကွက်မှန်‌အောင်စနှစ်တကျရိုက်ခြင်း
6. Microsoft office Word အခြေခံသဘောတရား
7. Excel အခြေခံသဘောတရား
8. PowerPoint အခြေခံသဘောတရား
9. Adobe PageMaker 7.0 အခြေခံသဘောတရားများ
10. Photoshop အခြေခံသဘောတရားများ
11. Printer print ထုတ်ခြင်း
12. Email ပို့နည်း
စသောအခြေခံသဘောတရားများကို
Video လေးတွေနဲ့ အသေးစိတ်တင်ပြပေးသွားပါမယ်

Pages ကို like & follow လုပ်သွားပေးကြပါအုံးနော်

27/04/2023

ကွန်ပြူတာ အခြေခံမရှိသူများ
လုံးဝမသုံးဘူးသူများ
အလွယ်တကူ လေ့လာနိုင်ဖို့ရာ
အခြေခံမှစပြီး လေ့လာနိုင်ရန်
တတ်သလောက် သိသလောက်လေး
မျှဝေပေးပါ့ရစေ။။။
Video သင်ခန်းစာလေးတွေလဲတင်ပေးပါ့မယ်လို့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Basic Computer လုပ်ငန်းခွင်အခြေခံကွန်ပြူတာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category