Thaè Thaè

Thaè Thaè လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်း၀ယ်ရေး

"ချစ်သော ကာကာတို့ရေ မင်မင်​က​မြင်းခွါရွက် ရဲ့ဆေးဖက်ဝင် ပုံလေးကို ပြောပြပေးမယ်နော် "🍀မြင်းခွါရွက်ရဲ့ ကောင်းကျိုးအရမ်းများ...
02/03/2023

"ချစ်သော ကာကာတို့ရေ မင်မင်​က​မြင်းခွါရွက် ရဲ့ဆေးဖက်ဝင် ပုံလေးကို ပြောပြပေးမယ်နော် "
🍀မြင်းခွါရွက်ရဲ့ ကောင်းကျိုး
အရမ်းများလို့ အလှအပရေးရာတွေမှာလည်းအသုံးပြုလာကြတာ ကာကာတို့အသိဖြစ်မှာပါ၊၊
🍀ဒါကြောင့်​ သိပြီးတဲ့သူလည်း သတိထားမိအောင် မသိတဲ့သူလည်း သိအောင်မင်မင် စုစည်းတင်ပြပေးလိုက်ပါတယ်

မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန်မြင်းခွါရွက်ကိုစားပေးခြင်းဖြင့်အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။

မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။

ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။

မြင်းခွါပင်နှင့် ဆေးအသုံးများ---

ဆီးရောဂါအမျိုးမျိုးအတွက်---

(၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။

ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊

နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။

သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။

သက်လုံကောင်းအောင်---

(၂) မြင်းခွါပင် ပဥ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောာင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။

မျက်စဉ်း---

(၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခါွရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။

သွေးစုနာနှင့် အနာစိမ်း---

(၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကို

တွေ့ရမယ်။

အဆစ်များ ကိုက်ခဲလျှင်---

(၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။

ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း---

(၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။

မှတ်ဉာဏ်နှင့် အားတိုးဆေး---

(၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။

Crd

02/03/2023
အကုန်ကြိုက်😋
29/12/2022

အကုန်ကြိုက်😋

♥️အားလုံးရပါတယ်နော်♥️ဈေးလေးတွေ messenger မှာမေးပေးပါပုံက အကုန်လုံးကိုရိုက်ထားလို့ဈေးမတင်ပေးတာပါအားလုံအပြင်ထက်ဈေးသက်သာပါတ...
29/12/2022

♥️အားလုံးရပါတယ်နော်♥️
ဈေးလေးတွေ messenger မှာမေးပေးပါ
ပုံက အကုန်လုံးကိုရိုက်ထားလို့ဈေးမတင်ပေးတာပါ
အားလုံအပြင်ထက်ဈေးသက်သာပါတယ်ရှင့်
ယိုးဒယားပစ္စည်းစစ်ပါရှင့်

You တို့အကြိုက်တွေ့ရင် မှာနိုင်ပါတယ်နော်
27/12/2022

You တို့အကြိုက်တွေ့ရင် မှာနိုင်ပါတယ်နော်

ပစ္စည်းဆို ကောင်းတာလေးမှကြိုက်တတ်သူလေးတွေ အတွက် အင်ဒိုဂါဝန်လှလှလေး seven colour ဆင်နော်ရောက်တိုင်းရောင်းမလောက်တဲ့အဆင်လက်...
25/12/2022

ပစ္စည်းဆို ကောင်းတာလေးမှကြိုက်တတ်သူလေးတွေ အတွက် အင်ဒိုဂါဝန်လှလှလေး seven colour ဆင်နော်ရောက်တိုင်းရောင်းမလောက်တဲ့အဆင်
လက်၂ထပ်လေးနဲ့
ခါးကြိုးချည်လေးလဲပါတယ်
free ကနေ ၁၇၀လောက်ထိရ
ရင်ဆိုဒ် ၄၆ထိရပါတယ်
Ws 11000
အစီးယူ ၁၀၀လျှော့

Groovy သား polo 110~140 ခန့်၁၅၀၀၀၆ထည်တွဲ
05/11/2022

Groovy သား polo
110~140 ခန့်
၁၅၀၀၀
၆ထည်တွဲ

ဖောင်းကြွကမာစပ်90~110ပေါင်50005ထည်တွဲ
05/11/2022

ဖောင်းကြွကမာစပ်
90~110ပေါင်
5000
5ထည်တွဲ

အင်ဒိုဂါဝန်လှလှလေးလာပြီနော်ခုရာသီနဲ့အကိုက်လက်ရှည်လေးအင်ဒိုစပန့်ကိုမှ mmm တံဆိပ်နဲ့ချုပ်ထားပေးပါတယ်Bkkပုံလေးချုပ်ပေးထားတယ...
04/11/2022

အင်ဒိုဂါဝန်လှလှလေးလာပြီနော်
ခုရာသီနဲ့အကိုက်လက်ရှည်လေး
အင်ဒိုစပန့်ကိုမှ mmm တံဆိပ်နဲ့ချုပ်ထားပေးပါတယ်
Bkkပုံလေးချုပ်ပေးထားတယ် ဘေးကြိုးလေး ၂ဘက်ချည်ရတဲ့ပုံလေး
ထသွားထလာမှာဝတ်လို့ရတဲ့အဆင်နော်
စပန့်လို့တောင်မထင်ရအောင်ရှယ်လှသောအဆင်နော်
free ကနေ ၁၅၀လောက်ထိရ
Ws 12000
အစီးယူ ၁၀၀လျှော့

ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်လာမဲ့ တန်ဆောင်မုန်း လပြည့်နေ့ဟာ တနလ် ာနေ့ ကျပါတယ်အားလုံးသိပြီးကြတဲ့အတိုင်းဆေးပေါင်းခတဲ့နေ့ပေါ့...
03/11/2022

ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်

လာမဲ့ တန်ဆောင်မုန်း လပြည့်နေ့ဟာ တနလ် ာနေ့ ကျပါတယ်

အားလုံးသိပြီးကြတဲ့အတိုင်းဆေးပေါင်းခတဲ့နေ့ပေါ့ တချို့ဆို ဆေးပေါင်းခအောင် ဓာတ်စာ နမ်စာ သဘောမျိုး မယ်ဇလီဖူးသုတ် တောင်သုတ် စားကြပါတယ်

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗေဒင် နက္ခတ်အရကြည့်ရင် အင်မတန်ထူးခြားတဲ့နေ့ပါ

ကောင်းကင်မှာ ကြယ်တွေ နက္ခတ်တွေစုံပြီး ကောင်းတဲ့နမိတ်တွေ နဲ့ပြည့်နေလို့ ဟိုအရင်ကဆို ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာတွေဟာ အစွမ်းထက်တဲ့ ကမ္ဘီရဆေးတွေ ပီယဆေးတွေ ရောဂါကင်းဆေးတွေကို အဲနေ့ညမှာ ဖော်တတ်ကြပါတယ်

အဲနေ့ညမှာ ဖော်စပ်တဲ့ဆေးတွေဟာပီယသိဒ္ဓိ ကမ္ဘီရသိဒ္ဓိမြောက်ပြီး အောင်မြင်ကြတယ်လို့ အယူရှိကြပါတယ်

နောက်ပြီး တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့ လမင်းကြီးဟာ မိုးလေကင်းစင်ပြီး တိမ်ပျောက်ချိန်မှာ သာတာ ကတကြောင်း လဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်နေချိန်ဖြစ်တာက တကြောင်း တခြားလပြည့်တွေထက် အကြီးဆုံး အသာဆုံး အလင်းဆုံးဖြစ်နေတတ်ပါတယ်

လရဲ့ စွမ်းအင်တွေ ဆွဲငင်အားတွေ အပြည့်ကမ္ဘာကို သက်ရောက်တဲ့ လပြည့်နေ့ပါ

ဒီနှစ်မှာ လူတော်တော်များများ သတိမထားမိတဲ့ တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ထူးခြားချက်ကတော့ အဂ်လိပ်ရက်ဟာ ၇ ရက်နေ့ Lucky 7 နေ့ဖြစ်သလို နေ့ဟာလဲ တနလ် ာနေ့ ငွေနံဓါတ်ကျတဲ့နေ့ပါ

ပြသဒါး ရက်ရာဇာ တွေနဲ့လွတ်ပြီး White Day နေ့လေးပါ

အဂ်လိပ်လဟာလဲ ၁၁ လပိုင်းဖြစ်ပြီး ၁၁ မီးငြိမ်းတဲ့သဘောပါ

အဲနေ့မှာ ဘုရားယတြာ လုပ်ပြီး ယတြာခြေကြရအောင်

လွယ်လွယ်လေးပါ

အဲနေ့ ည ၁၁ နာရီတိတိမှာ လုပ်ရမှာပါ

လရဲ့ အပြည့်ဓာတ်ကို ရစေ ချင်လို့ပါ

လုပ်ရမှာကတော့ ဖန်ခွက်တခုထဲ သနပ်ခါး သွေးထဲ့ပါ ရေကို ဖန်ခွက် တဝက်လောက် ရောက်အောင်ထဲ့ပြီး သနပ်ခါးဖျော်ရည်လုပ်ပါ (သနပ်ခါးကို ဆေးသနပ်ခါးမျိုးတွေဖြစ်တဲ့ နံသားဖြူ နံသာနီ ကရမက် တောင်နံကြီး ) လို မျိုးတွေ ရရင်ပိုကောင်းပါတယ်
မရနိုင်ဘူးဆိုရင်တော့ ရိုးရိုး သနပ်ခါးလဲ သွေးလိူ့ရပါတယ်

အဲဒိသနပ်ခါး ရည်ထဲကို အောင်သပြေ တခက် စိုက်ထဲ့ပါ

အဲနေ့ည ၁၁ နာရီတိတိမှာ

-ကိုယ်လက်သန့်စင် -ဝတ်ဖြူစင်ကြယ်ဝတ် -သနပ်ခါးခွက်ကို ဘုရားမှာ ကပ်
-ပန်း ရေချမ်း ဆီမီး ကပ်
-သမာဒေဝ နတ်ကောင်းနတ်မြတ်တွေ ပင့်ဖိတ်(လုံးဝမမေ့ပါနဲ့)
-ငါးပါးသီလခံယူ
-သရဏဂုံ ၃ ပါးကို ဆောက်တည် ပြီး ဘုရားရှင်ရဲ့ နုတ်မြွတ်တော်ဖြစ်တော်မူသော( ဘောဇျန်သုတ်တ္တံ) ကို ၇ ခေါက်ရွတ်ပါ
-ပြီးရင် ၃၁ ဘုံသတ္တဝါ တွေ ကို မေတ္တာသုတ် တခေါက်ရွတ်ပြီး မေတ္တာ ပို့ပါ
-ပြီးရင် "အောင်ပြီ အောင်ပြီ" ဟု ၇ ကြိမ် ကြွေးကြော်ပါ

ဗောဇျာန်တရား ၇ ပါးရှိလို့ ၇ ခေါက်ရွတ်ခိုင်းတာပါ

ဘောဇျာန်သုတ်ဟာ

ရှင်မဟာကသပ မထေရ်ကြီး ကုမရတဲ့ရောဂါနဲ့ နာမကျန်း ဖြစ်နေချိန်မှာ ဘုရားရှင်ကိုယ်တိုင်ရွတ်ပေးခဲ့လို့ ချက်ချင်းပျောက်ခဲ့သလို

ဘုရားရှင်ကိုယ်တော်တိုင် နာမကျန်းဖြစ်နေချိန်မှာ စုန္ဒမထေရ် ကို ရွတ်စေခိုင်းခဲ့ရာ ယူပြစ်သလို ပျောက်တဲ့ အစွမ်းထက်တဲ့ ရောဂါကင်းတဲ့ သုတ္တံပါ

အလွတ်မရရင် စာအုပ်ကြည့်ရွတ်ပါ

အဲတာဆို ၁၁ မီးငြိမ်းတဲ့ ငွေရွှင် ကံကောင်း ရောဂါကင်းတဲ့ ယတြာ ပြီးမြောက်ပါပြီ

တန်ဆောင်မုန်း လပြည့် နက္ခတ်တွေရဲ့ အစွမ်းကြောင့် သနပ်ခါးရည်ဟာ ရိုးရိုးသနပ်ခါးရည် မဟုတ်တော့ပဲ ရောဂါဘယကင်းပျောက် ကာကွယ်တဲ့ ဆေးရေ ဖြစ်သွားပါပြီ ပီယသိဒ္ဓိပြီးမြောက်သော ရေလဲ ဖြစ်သွားပါပြီ

အဲသနပ်ခါးရည်ကို သပြေခက်လေးနဲ့ ခပ်ပြီး မိမိ အပါအဝင် အိမ်ရှိမိသားစု အကုန်လုံးကို ဦးခေါင်းထက်မှာ အနဲငယ် ဖြန်းပေးပါ ရောဂါဘယ အားလုံးကင်းပါလိမ့်မယ် ချစ်သူခင်သူ တွေပေါပြီး လူပုံအလည်မှာ မျက်နှာပန်းပွင့်ပါလိမ့်မယ် လာဒ်လာဘတွေတိုးပါလိမ့်မယ် တကယ်ပါ

အဲသနပ်ခါးရည်ကို အိမ်အဝင် တိုက်ခန်းအဝင် ဆိုင်အဝင်ဝတွေမှာ ပက်ဖြန်း ပါ ရောဂါဘယများ မိမိ နေအိမ် ဆိုင်အတွင်း သို့ မဝင်ရောက်နိုင်ပါဘူး

ယုံယုံကြည်ကြည့်လုပ်ကြည့်စေချင်ပါတယ် ရှေးဆရာ့ဆရာကြီးတွေ ညွှန်ပြသုံးစွဲ ခဲ့တဲ့ နည်းလေးကို ကျွန်တော်က ပြန်လည်ဖော်ထုတ်ပေးတါပါ ခဗျာ

ကျွန်တော်ထွင်တဲ့နည်းမဟုတ်ပါ

တန်ဆောင်မုန်းလပြည့်၏ ကမ္ဘီရသိဒ္ဓိဓာတ်များကြောင့် အားလုံး ရောဂါ ကင်း ဘေးကင်း ကြပါစေ

crd/ ချစ်တဲ့kkh💞(ပုဂံမြေ)

ယိုးဒယားဆပ်ပြာခရမ် တနိမှတန် အကြိုက်သုံး ပန်းကန်ဆေး အိုးတိုက်အဝတ်လျှော်ရပီနော်အမြုပ်ထွက်အားအရမ်းကောင်းကြိုက်သလိုလျော်ဖွပ်...
03/11/2022

ယိုးဒယားဆပ်ပြာခရမ် တနိမှတန် အကြိုက်သုံး ပန်းကန်ဆေး အိုးတိုက်အဝတ်လျှော်
ရပီနော်
အမြုပ်ထွက်အားအရမ်းကောင်း
ကြိုက်သလိုလျော်ဖွပ်လို့ရပါတယ်နော်

2kg တစ်ထုပ် 7000ks

3D အနှိပ်စက်👌👌.....လူကြီး မိဘ များ မိတ်ဆွေများ ကိုကျန်းမာရေး အတွက် လက်ဆောင် ပေးဖို့ အသင့်တော်ဆုံး နိုပ်စက်လေးပါ။🌹🌹🌹....က...
02/11/2022

3D အနှိပ်စက်

👌👌.....လူကြီး မိဘ များ မိတ်ဆွေများ ကိုကျန်းမာရေး အတွက် လက်ဆောင် ပေးဖို့ အသင့်တော်ဆုံး နိုပ်စက်
လေးပါ။
🌹🌹🌹....ကွန်ပျူတာ ၊ အင်တာနက်ဖုန်း အသုံးများသော သူများ၊အထိုင်များတဲ့ သူများ၊သက်ကြီးရွယ်အို များအတွက် အရမ်း အဆင်ပြေစေ တဲ့ အနှိပ်စက်လေးပဲဖြစ်ပါတယ်။
🌹🌹🌹....ဇာတ် ကြောအပြင် ခါး၊ဗိုက်၊ပေါင်၊ခြေသလုံး၊ခြေဖဝါး တို့ ကို နှိပ်နိုင်ပါတယ်။

ဒီစက်ကလေးတလုံး ဝယ်ထားရုံနဲ့ အနှိပ် ပညာရှင်တစ်ဦး
အိမ်မှာ အပိုင် ခေါ်ထားရသလိုအဆင်ပြေစေပါတယ်။

🌹🌹🌹....အချိန်မရွေး အကြောတက်တဲ့ အခါတိုင် ညောင်းညာ ကိုက်ခဲတဲ့ အခါတွေမှာ အားမနာတမ်း နှိပ်ခိုင်းလို့ရတဲ့ quality ကောင်းစက်လေး ဖြစ်ပါတယ်

Price-25000ks

Address

Yangon

Telephone

+959780443002

Website

Alerts

Be the first to know and let us send you an email when Thaè Thaè posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category