မယ်ဖွေး

မယ်ဖွေး ရှမ်းပြည်နယ်နှင့် အင်းလေးဒေသ ရိုးရာအစားအစာများကိုစျေးနှုန်းချိုသာစွာရောင်းချပေးပါမည်

19/03/2024

ကိုယ် လုပ်တဲ့အလုပ်တွေမှန်သမျှ စေတနာကောင်း ကောင်းနဲ့ လုပ်ဖို့ လိုအပ်တယ်။မှန်ကန်တဲ့ စိတ်နေသဘောထားတွေ၊မှန်ကန်တဲ့စေတနာ တွေ ရှိရမယ်။

လူမှာ Intention လို့ခေါ်တဲ့ ရည်ရွယ်ချက်ကောင်းဖို့ အင်မတန်မှ အရေးကြီးတယ်။

ကုသိုလ်ကောင်းမှုလုပ်ရင် ရည်ရွယ်ချက် ကောင်းရတယ်။ ကောင်းတဲ့ရည်ရွယ်ချက်သည် စေတနာကောင်း၊စေတနာကောင်းရင် ကံကောင်းမယ်။ကံကောင်းလို့ရှိရင် အကျိုးပေးကောင်းတယ်။

ကုသိုလ်ကောင်းမှု ဆိုတာ တစ်ကြိမ်တစ်ခါ လုပ် လိုက်တာကစပြီး ကုသိုလ်အဆက်ဆက်ကြောင့် နောက်ဆုံး နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးတရားဆိုတာ ဖြစ်ပေါ်လာနိုင်တယ်။

ရှေးတုန်းက ပုဂ္ဂိုလ်တစ်ယောက် ဘုရားတစ်ဆူနဲ့ ကြုံတဲ့အခါမှာ ပန်းကလေးတစ်ပွင့် လှူတယ်။မိမိ လှူလိုက်တဲ့ ဒီကုသိုလ်ကောင်းမှုအပေါ်မှာအလွန် ကို ပီတိဖြစ်တယ်။

ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ကုသိုလ်စိတ်တွေ တိုး ပွားပြီး သေသွားတယ်။နောက်ဘဝ တစ်ခု ရောက်တဲ့အခါမှာလည်း ကုသိုလ်တွေ ဆက်ဆက် လုပ်တယ်။ပန်းတစ်ပွင့် လှူရတဲ့ ကုသိုလ်ကို အခြေပြုပြီးတော့ ( ၉၁)ကမ္ဘာ အပါယ်ဘုံ မရောက်ခဲ့ဘူး။

တိရိစ္ဆာန်ဘဝ မရောက်ခဲ့ဘူး။ပြိတ္တာဘဝ မရောက်ခဲ့ဘူး။ငရဲဆိုတာ မရောက်ခဲ့ဘူး။လူ့ပြည်ရောက်လိုက်၊နတ်ပြည်ရောက်လိုက် ဒီ ကုသိုလ် ကံက စောင့်ရှောက်ထားတယ်။

ဘယ်သူကမှ စောင့်ရှောက်တာ မဟုတ်ဘူး။ကုသိုလ်ကံကို ဓမ္မ လို့ ခေါ်တယ်။ဓမ္မဆိုတာ"အတ္တာနံ ဓာရေန္တေ ပဋိပဇ္ဇမာနေ စတူသု အပါယေသု အပတမာနေ ကတွာ ဓာရေတီတိ ဓမ္မော"

ဒီကုသိုလ်ဆိုတဲ့ သဘာဝတရားသည် အဲဒီ မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို အပါယ်ဘုံမရောက်အောင် သူက ဆွဲဆောင်ထားနိုင်တယ်။စောင့်ရှောက်ထားနိုင်တယ်။အင်မတန်မှ အားကိုးစရာ ကောင်းတယ်။

ပန်းတစ်ပွင့် လှူတဲ့ ကုသိုလ်ကို အခြေပြုပြီး(၉၁) ကမ္ဘာ အပါယ်မလားတဲ့ အပြင် နောက်ဆုံးအချိန်မှာ ဒီကုသိုလ်ကံကို အခြေပြုပြီး မြတ်ဘုရားနဲ့တွေ့လို့ တရားဓမ္မနာကြားပြီးနိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်ထိအောင် ဖြစ်သွားတယ်။

လောကလူတွေက ချမ်းသာချင်ကြတယ်။သို့သော် အကုသိုလ်တွေ ရင်ထဲများလာပြီ ဆိုရင်တော့ ဆင်းရဲမှာပဲ သေချာတယ်။ကုသိုလ်တွေ ရင်ထဲနှလုံးထဲမှာ များလာပြီဆိုမှ ချမ်းသာမှာ ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်နဲ့အညီ စေတနာမှန်မှန် စေတနာ ထက်ထက်သန်သန် ပြုလုပ်ခြင်းအားဖြင့်ကံကောင်းမှာ ဖြစ်တယ်။

ကံကောင်းလို့ရှိရင်လည်း အကျိုးပေးကောင်းမှာ ဖြစ်တယ်။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အမရေ အမရောင်းတဲ့ ပဲပုတ်စေ့လေး ခေါပုတ်လေးစားချင်လို့ပါ ဆိုတဲ့ ချစ်ရတဲ့ကာကာလေးတွေရေ မကြာခင် အားပေးလို့ရပါတော့မယ်နော် 📦စျေး...
01/05/2023

အမရေ အမရောင်းတဲ့ ပဲပုတ်စေ့လေး ခေါပုတ်လေးစားချင်လို့ပါ ဆိုတဲ့ ချစ်ရတဲ့ကာကာလေးတွေရေ
မကြာခင် အားပေးလို့ရပါတော့မယ်နော်

📦စျေးနှုန်းလေးတွေက တော့ အပြောင်းအလဲ နည်းနည်းလေးရှိပါမယ်

🚚 Delivery ရက်လေးကို Pageမှာ တင်ပေးပါမယ်

🙏မိတ်ဟောင်းမိတ်သစ်များ အားပေးကြပါအုံးရှင့်

#မယ်ဖွေး
#ဒေသစာ

22/12/2021

ဒီတပတ်အတွက် ရှမ်းပြည်နယ်ဒေသစာလေးတွေ အော်ဒါတင်လို့ရပါပြီနော် ကာကာတို့ရေ
🍊🍊🍊🥬🥬🥬

 #မုန်ညင်းချဉ် မုန်ညင်းချဉ် ခေါ်  ရှမ်းချဉ်ရန်ကုန်နဲ့ အညာဖက်က ရှမ်းချဉ်လို့ခေါ်ကြတယ် မုန်ညင်းချဉ်ကို တယောက်နဲ့တယောက် ပုံ...
12/12/2021

#မုန်ညင်းချဉ်

မုန်ညင်းချဉ် ခေါ် ရှမ်းချဉ်
ရန်ကုန်နဲ့ အညာဖက်က ရှမ်းချဉ်လို့ခေါ်ကြတယ်
မုန်ညင်းချဉ်ကို တယောက်နဲ့တယောက် ပုံစံမတူ အမျိုးမျိုးလုပ်စားကြပါတယ် အချဉ်တည်ပြီးစားတဲ့မုန်ညင်းက သီးသန့်ရှိပါတယ် သူက ကြော်စား ဟင်းချက်စားရင် အနည်းငယ်ခါးသက်တဲ့အရသာရှိပါတယ်

#မယ်ဖွေး မှာ ကိုယ်တိုင်လုပ်တဲ့ မုန်ညင်းချဉ်လုပ်နည်းလေးပြောပြပါမယ်

ပါဝင်ပစ္စည်း
၁။ မုန်ညင်းရွက် (မုန်ညင်းစိမ်း)
၂။ ထမင်းရည်
၃။ ဆား
၄။ နနွင်းအနည်းငယ်

ရိုးရိုးချဉ်ဖြစ်တဲ့အတွက် အထက်ပါပစ္စည်း (၃) မျိုးလိုအပ်ပါတယ်

ပြုလုပ်ပုံကတော့

ပထမအဆင့် - အနေတော်ဖြစ်တဲ့ မုန်ညင်းရွက်ကိုရေသန့်သန့်နဲ့ ဆေးပါ။ အပင်ကနှုတ်လာတဲ့မုန်ညင်းမှာ မြေကြီးတွေကပ်ပါနေတတ်ပါတယ်
ရေစင်အောင်ဆေးပြီးရင် နေလှန်းရပါတယ်
နေလှန်းတဲ့အခါမှာ နေပူတဲ့နေ့ဆို ၃ နာရီလောက်လှမ်းရင်ရပါပြီ အရွက်လေးတွေရေစစ်ပြီး နွမ်းသွားရင်ရပါပြီ

ဒုတိယအဆင့် - ထမင်းရည်တည်ထားရပါမယ်

တတိယအဆင့် - နေလှမ်းထားပြီးသားမုန်ညင်းရွက်ကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံလေးခြွေပေးပါ
တချို့ဆိုရင် အပင်ရှည်ရှည်ကို စားရတာကြိုက်တော့ မုန်ညင်းအရွက်လိုက်ခြွေပါတယ် အပိုင်းငယ်လေးတွေပိုင်းပြီးအချဉ်တည်လည်းရပါတယ်

စတ္ထုထအဆင့် - ခြွေထားတဲ့မုန်ညင်းကို ဆား နနွင်းနဲ့ မုန်ညွန်းရွက်များနွမ်းပြီး အစိမ်းရောင်အရည်ထွက်လာသည်အထိနယ်ပေးရပါမယ်
ကဲ ဒါဆိုရင်တော့နောက်ဆုံးအဆင့်မှာ ကိုယ်ထည့်သိပ်မယ့်ဘူး/ပုလင်း/မြေအိုးထဲ ထည့်ပြီး အပေါ်ကနေ ထမင်းရည်လောင်းပေးပြီး ၂ရက် ၃ရက် ထားရင်စားလို့ရပါပြီ
နေပူထဲမှာထားလိုက်ရင် အချဉ်မြန်တာမို့ နေပူလှန်းထားလည်းရပါတယ်

နောက်နေ့မှ မုန်ညင်းချဉ်ရိုးရိုးကို ထမင်းမြိန်အောင်ဘယ်လိုတွေချက်စားရမလဲဆိုတာလေး ပြောပြပေးပါမယ်ရှင့်

✅✅ မုန်ညင်းချဉ်ကို အချဉ်မြန်ပြီးအရသာရှိအောင် ဓာတုပစ္စည်းတွေသုံးမထားဘဲ သဘာဝအတိုင်း အချဉ်တည်ထားဖြစ်လို့ စားသုံးသူတွေရဲ့ကျန်းမာရေးကိုထိခိုက်မှု့မရှိလို့ ယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်

#မုန်ညင်းချဉ်
#မယ်ဖွေး

11/12/2021

ရှမ်းပြည်နယ်ထွက်ဒေသစာများကို ယခုအပတ် အတွက်မှာယူအားပေးကြသူများကို (၁၃) ရက်နေ့ တနင်္လလာနေ့မှာ ရန်ကုန်မြို့တွင်းအိမ်အရောကိပို့ဆောင်ပေးပါမယ်ရှင့် ဒီတစ်ပတ်ပစ္စည်းပို့တဲ့ရက်လေးနောက်ကျသွားပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် customers များကို #မယ်ဖွေး မှ ကျေးဇူးတင်ပါတယ်ရှင့် 🙏

08/12/2021

📦 အားပေးကြသူ မိတ်ဆွေများရှင့် သောကြာနေ့ နားမည်ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်း ပစ္စည်းပို့ခြင်းကို
(၁၁) ရက်နေ့ စနေနေ့အစား (၁၂) ရက်နေ့ တနင်္ဂနွေနေ့သို့ ရက်ပြောင်းထားတာလေးကို အကြောင်းကြားအပ်ပါတယ်ရှင့်
အော်ဒါများကို သောကြာနေ့အထိ လက်ခံပေးပါတယ်နော်
အားပေးမှု့အတွက်ကျေးဇူးတင်ပါတယ်ရှင့်

🥬🥬🥬မုန်ညင်းချဉ်မုန်ညင်းအချဉ်တည်ပြီး နောက်ရက်ပို့တာဖြစ်လို့ လတ်ဆတ်ပါတယ်ရှင့် 🥬သုပ်စားမလား ကိုယ်ကြိုက်တဲ့အသားနဲ့ ဟင်းချက်စ...
06/12/2021

🥬🥬🥬မုန်ညင်းချဉ်

မုန်ညင်းအချဉ်တည်ပြီး နောက်ရက်ပို့တာဖြစ်လို့ လတ်ဆတ်ပါတယ်ရှင့်

🥬သုပ်စားမလား ကိုယ်ကြိုက်တဲ့အသားနဲ့ ဟင်းချက်စားမလား ထမင်းမြိန်ပါတယ်နော် 😋

✅ ၁၀၀၀/၁၅၀၀/၂၅၀၀ (အဆင်ပြေသလိုမှာလို့ရပါတယ်)

🚚 ဒီဇင်ဘာ (၁၁) ရက်နေ့ ရန်ကုန်မြို့တွင်းအိမ်အရောက် ပို့ဆောင်ပေးမှာပါ

📦 အခြားနယ်မြို့များ ကားဂိတ်ပို့ပေးပါတယ်

✅မြို့နယ် အလိုက် Deliခလေးတွေရှိပါမယ်

💵 Cash or CB, AYA, Kpay available

🍊🍊🍊ရှမ်းပြည်ကလိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးတွေမှာလို့ရပါပြီ 🍊🍊🍊✅ ၁၀ လုံး ၃၀၀၀/၃၅၀၀🚚 အပတ်စဉ်စနေနေ့တိုင်း ရန်ကုန်မြို့တွင်းအိ...
06/12/2021

🍊🍊🍊
ရှမ်းပြည်ကလိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးတွေမှာလို့ရပါပြီ 🍊🍊🍊

✅ ၁၀ လုံး ၃၀၀၀/၃၅၀၀

🚚 အပတ်စဉ်စနေနေ့တိုင်း ရန်ကုန်မြို့တွင်းအိမ်အရောက်ပို့ပေးပါတယ်

ဒီတပတ်အတွက်အော်ဒါလေးတွေ 🚚📦🚚ကားဝင်ချိန်လေးအနည်းငယ်နောက်ကျလို့ နေ့လည်ပိုင်းမှ အားပေးတဲ့customerတွေဆီစတင်ပို့ဆောင်မှာဖြစ်ကြ...
05/12/2021

ဒီတပတ်အတွက်အော်ဒါလေးတွေ 🚚📦

🚚ကားဝင်ချိန်လေးအနည်းငယ်နောက်ကျလို့ နေ့လည်ပိုင်းမှ အားပေးတဲ့customerတွေဆီစတင်ပို့ဆောင်မှာဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင့်

❤️အားပေးမှု့အတွက်ကျေးဇူးတင်ပါတယ်ရှင့်

လိမ္မော်သီးဟာ သစ်သီးအားလုံးထဲမှာမှ အထင်ရှားဆုံး၊ လူသိအများဆုံးနဲ့ ကြိုက်နှစ်သက်သူအများဆုံး အသီး ဖြစ်ပါတယ်။ ရုက္ခဗေဒအရ Ci...
02/12/2021

လိမ္မော်သီးဟာ သစ်သီးအားလုံးထဲမှာမှ အထင်ရှားဆုံး၊ လူသိအများဆုံးနဲ့ ကြိုက်နှစ်သက်သူအများဆုံး အသီး ဖြစ်ပါတယ်။ ရုက္ခဗေဒအရ Citrus မျိုးစုမှာပါဝင်ပြီး မျိုးစိတ်ပေါ် မူတည်ပြီးတော့ နည်းနည်းစီကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာ အောင်ပန်း၊ ကလောတို့လို ရှမ်းပြည်နယ်ကထွက်ရှိတဲ့ လိမ္မော်သီး၊ ကမ္ဗလာသီးနဲ့ တရုတ်ပြည်ကဝင်လာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ပျားလိမ္မော်တွေဟာ လူသိများတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။

တကယ်တော့ Citrus အုပ်စုဝင်အပင်တွေ တစ်မျိုးနဲ့တစ်မျိုး ပေါင်းစပ်ရာကနေ မျိုးစိတ်အသစ်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကျွဲကောသီးနဲ့ အောင်ပန်းဒေသထွက် မြန်မာလိမ္မော်သီးတို့မျိုးစပ်ရင် ကမ္ဗလာသီးကို ရရှိပါတယ်။

ဒီနေရာမှာ လိမ္မော်သီးနဲ့ပတ်သက်တဲ့ ဝေါဟာရအချို့ကို တင်ပြချင်ပါတယ်။ မြန်မာပြည်မှာ လိမ္မော်သီးလို့ဆိုတာနဲ့ အောင်ပန်း၊ ကလောဘက်ကထွက်တဲ့ ရှမ်းပြည်ထွက်လိမ္မော်သီးနဲ့ တရုတ်ပြည်ကလာတဲ့ ပျားလိမ္မော်တွေကို ဆိုလိုပါတယ်။ အင်္ဂလိပ်လို Mandarin orange လို့ခေါ်ပြီး ရုက္ခဗေဒအရ Citrus reticulata လို့ခေါ်ပါတယ်။

နိုင်ငံတကာမှာတော့ Orange လို့ပြောရင် မြန်မာပြည်မှာ အရည်ညှစ်သောက်လေ့ရှိတဲ့ ကမ္ဗလာသီးကို ဆိုလိုပါတယ်။ Sweet orange လို့လည်းခေါ်ပြီး ရုက္ခဗေဒအရ Citrus sinensis ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှာ Sour orange (Citrus bergania Risso) ကို မြန်မာပြည်မှာ သံပရိုသီးလို့ခေါ်ပြီး Bitter orange (Citrus aurantium) ကို ရှောက်သီးလို့ လူသိများပါတယ်။ ဒါ့ကြောင့် Bitter orange လို့ပြောရင် ခါးတဲ့လိမ္မော်သီးမဟုတ်ဘဲ ရှောက်သီးကိုခေါ်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ရှမ်းပြည်ကလိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးတွေ မှာလို့ရပါပြီနော် ✅ ၁၀လုံး ၃၀၀၀/၃၅၀၀✅ ဒီဇင်ဘာ (၂) ရက်နေ့ထိမှာလို့ရပါတယ်နော် 📦 အ...
28/11/2021

ရှမ်းပြည်ကလိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးတွေ
မှာလို့ရပါပြီနော်

✅ ၁၀လုံး ၃၀၀၀/၃၅၀၀

✅ ဒီဇင်ဘာ (၂) ရက်နေ့ထိမှာလို့ရပါတယ်နော်

📦 အခြားနယ်မြို့များ ကားဂိတ်ပို့ပေးပါတယ်

🚚 ဒီဇင်ဘာ (၄) ရက်နေ့ ရန်ကုန်မြို့တွင်းအိမ်အရောက် ပို့ဆောင်ပေးမှာပါ

✅မြို့နယ် အလိုက် Deliခလေးတွေရှိပါမယ်

💵 Cash or CB, AYA, Kpay available

Address

Innesin Street
Yangon

Telephone

+959954231445

Website

Alerts

Be the first to know and let us send you an email when မယ်ဖွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မယ်ဖွေး:

Shortcuts

Share