Eat Right with Me

Eat Right with Me We provide food service regarding weight loss diet meals, healthy meals and nutritious foods which we tried eating beforehand and proved that it is good to go.

19th Feb တုန်းက flight မလိုက်ခင်လေးပြေးတဲ့ 5km fun run. ⛅️🏃‍♀️💦Distance - 5kmDuration - 36minsAvg Pace - 07’20” /km✨Runn...
22/02/2025

19th Feb တုန်းက flight မလိုက်ခင်လေးပြေးတဲ့ 5km fun run. ⛅️🏃‍♀️💦

Distance - 5km
Duration - 36mins
Avg Pace - 07’20” /km

✨Running benefit တွေထဲကသဘောအကျမိဆံုးတစ်ခုကလေ “Improved Skin Health” ဆိုတဲ့အချက်ကလေးပဲ..

Flight attendant ဖြစ်ပြီး chemicals in make-up, dry cabin-air, more UV, cosmic radiation တွေနဲ့ကြောင့် မျက်နှာမှာ breakout တွေစဖြစ်လာတာရက်ရက်စက်စက်နော်.. flight ကပြန်ရောက်ပြီဆို pimples 2ခုလောက်ကအသာလေးပဲအသစ်ထွက်လာတာ.. ဆေးခန်းပြေးပြီးပါကုရတဲ့အဖြစ်..

အခုလည်းအရှင်းကြီးတော့မပျောက်သေးပေမယ့်သိသိသာသာသက်သာလာလို့.. Clinic ကြောင့်လည်းပါသလို ဒီတစ်လအတွင်းပြေးတာကိုသေချာလေးလုပ်ဖြစ်နေတာကြောင့်လည်းပါမယ်ထင်ပါတယ်..

သေချာလိုက်ရှာဖတ်ကြည့်တော့မှ Running က radiant complexion and healthy glow skin ဖြစ်ဖို့အထောက်အကူပြုပါတယ်..
ပြေးတဲ့အခါမှာ ခန္ဓာကိုယ်ထဲက toxins အဆိပ်အတောက်တွေကို ချွေးနဲ့အတူထွက်သွားစေပြီး သွေးလည်ပတ်မှုအားကိုပိုကောင်းစေတဲ့အတွက် skin cell တွေဆီကိုလိုအပ်တဲ့ essential nutrients and oxygen ပိုရောက်စေပါတယ်..
Skin wound/ skin problem healing process ကိုလည်းပိုမြန်စေပြီး healthy and well skin လေးဖြစ်ဖို့ကူညီပေးပါတယ်တဲ့..

တကယ်အပိုမပြောဘူးနော်.. မှန်သောစကားကိုပဲဆိုပါတယ်.. ပန်းနုမျက်နှာမှာ breakout ဖြစ်တာကိုအပြင်မှာမြင်နေရတဲ့သူတွေသိတယ်..
နှဖူးတွေဆိုအရမ်းထွက်ပြီးကြည့်ရဆိုးလို့ အလုပ်မှာက frontliner ဆိုတော့ appearance matters မို့ bang ပါချရတဲ့အဖြစ်..
အခုအများကြီးသက်သာပြီးရှင်းရှင်းလင်းလင်းပြန်ဖြစ်လာတာလေးသဘောကျမိလို့..

Right with Me

7th Feb တုန်းကပြေးတဲ့ 10km Run. 🏃‍♀️💦Distance - 10kmDuration - 01:13Avg Pace - 07’11” /km✨Benefits of Running ✅Cardiovas...
09/02/2025

7th Feb တုန်းကပြေးတဲ့ 10km Run. 🏃‍♀️💦

Distance - 10km
Duration - 01:13
Avg Pace - 07’11” /km

✨Benefits of Running

✅Cardiovascular Fitness
✅Heart Health
✅Mood and Energy Levels
✅Healthy Bones
✅Lower Chronic Disease Risk
✅Immune System and Oxygen Flow
✅Release Endorphins: Healthy Mind
✅Help You Live Longer
✅Help With Weight Loss : Burn Calories

Right with Me

1st Feb တုန်းက 11km ပြေးဖြစ်တာလေး.. 🏃‍♀️💦ဒီရက်ပိုင်း Twice a week လောက်တော့ 10km ပံုမှန်လေးပြေးဖြစ်နေပါတယ် ပန်းနုတော့..H...
09/02/2025

1st Feb တုန်းက 11km ပြေးဖြစ်တာလေး.. 🏃‍♀️💦

ဒီရက်ပိုင်း Twice a week လောက်တော့ 10km ပံုမှန်လေးပြေးဖြစ်နေပါတယ် ပန်းနုတော့..

Half marathon 21km challenge ပြန်ခေါ်ဖို့တော့ try နေပါတယ်..

တူတူပြေးချင်တယ်ဆို welcome ပါရှင်.. 😊
Train ပေးမယ်ပြေးတာပါ.. 😁

Right with Me 🏠🥦🍓

I did 10km running today. 🏃‍♀️💦Did you do any workout today too? 😉 Right with Me 🏠🥦🍓
27/01/2025

I did 10km running today. 🏃‍♀️💦

Did you do any workout today too? 😉

Right with Me 🏠🥦🍓

Sports I am into these days. 🏸🏃‍♀️💨👟ပန်းနုတို့ရဲ့ ချစ်ရပါသော customer တွေရော ခုတလော ဘာလေ့ကျင့်ခန်းတွေ အားကစားတွေလုပ်ဖြစ်...
23/01/2025

Sports I am into these days. 🏸🏃‍♀️💨👟
ပန်းနုတို့ရဲ့ ချစ်ရပါသော customer တွေရော ခုတလော ဘာလေ့ကျင့်ခန်းတွေ အားကစားတွေလုပ်ဖြစ်ကြလဲရှင့်? 😊

ပန်းနုကတော့ 10km marathon & badminton လေးလုပ်ဖြစ်နေပါတယ်.. 🌸
အဓိကကစားချင်တာတွေစားရဖို့ပါ.. 😁 စားပြီးသောက်ပြီးတက်လာမယ့်ဝိတ်ကိုမတက်ရအောင်ထိန်းထားနိုင်ဖို့ ချွေးများများထွက်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ဖြစ်နေပါတယ်.. 💪

Gym မသွားနိုင်လို့အကြောင်းပြချက်တွေပေးရဘူးနော်.. 😌
ချွေးထွက်စေတဲ့ ဘယ်ကိုယ်လက်ေလ့ကျင့်ခန်းမဆို weight loss ကိုအထောက်အကူပြုပါတယ်.. of course.. Gym သွားပြီးကစားနိုင်ရင်တော့ body လှလှလေးထွက်မှာပေါ့နော်..
ကိုယ်အချိန်လေးရသလို ကိုယ်အားသလို ကိုယ်နိုင်သလောက်လေးလုပ်နိုင်တဲ့ ဝါသနာပါတဲ့ sport ဖြစ်ဖြစ် exercise လေးတွေဖြစဖြစ်လည်းလုပ်လို့ရပါတယ်ဆိုတာလေးပါ.. ❤️

Right with Me 🏠🥦🍓

နှစ်သစ်အစဥ်အလာလေးအတိုင်း 2025 နှစ်သစ်မှာ မိတ်​ဟောင်းမိတ်သစ်အားလုံးအတွက် new year promotion ​ပေးတဲ့အစီစဉ်လေးပြန်လာပါပြီရှ...
03/01/2025

နှစ်သစ်အစဥ်အလာလေးအတိုင်း 2025 နှစ်သစ်မှာ မိတ်​ဟောင်းမိတ်သစ်အားလုံးအတွက် new year promotion ​ပေးတဲ့အစီစဉ်လေးပြန်လာပါပြီရှင်.. 💭🌸🍓

✨ Christmas မှာ​ရော new year မှာ​ရော ​ပျော်ပွဲရွှင်ပွဲ​တွေနွှဲပြီးကြပြီဆို​တော့..
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ new year resolution ကို weight loss လို့​တွေးထားကြမယ့်သူ​တွေအားလုံးအတွက် ဒီ promotion ​လေးက အချိန်ကိုက် အဆင်သင့်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်..

✨ ပန်းနုတို့ဆီက အနည်းဆုံး၁ကြိမ်ကစပြီးမှာယူဖူးတဲ့ မိတ်​ဟောင်း customer ​​တွေအတွက် 1st Jan 2024 ကစပြီး 1month (4weeks) plan ကိုဝယ်ယူလျှင် 15% discount ရရှိမှာဖြစ်ပြီး..
✨ခုမှစတင်မှာယူမယ့် new comers ​တွေက​တော့ 10% discount ရရှိမှာဖြစ်ပါတယ်ရှင်.. 💗
✨ 1month မဟုတ်ပဲ 1week plan 2weeks plan မှာယူမယ့် customer ​တွေအတွက်က​တော့ 5% discount ကို ၁ကြိမ်ရရှိမှာဖြစ်ပါတယ်ရှင်..

✨Promotion ကာလက​တော့ 2025 January ၁လလုံးဖြစ်ပါတယ်..

Discount ရှိလား discount ရှိလား​မေး​​မေး​နေကြ​သူ​တွေအတွက် Right with Me မှာ new year discount ​ပေး​နေပါပြီလို့.. 🌸
January ၁လလုံး​တော့​ပေးထား​ပေမယ့် 1month plan မှာယူမယ့် အကိုအမများ discount ကို 2times ဖြစ်ဖြစ်ရ​​အောင် ဥာဏ်စွမ်းရှိသ​လောက် အသုံးချတတ်ပါ​စေရှင်.. 🥰

A day late but we wish you a 'Happy New Year' and may the new year bring you happiness, peace and prosperity. 🍀Wishing y...
02/01/2025

A day late but we wish you a 'Happy New Year' and may the new year bring you happiness, peace and prosperity. 🍀

Wishing you a joyous 2025! 💫

And as usual.. နှစ်သစ်တိုင်းမှာလုပ်ပေးနေကြအစဥ်အလာလေးအတိုင်း 2025 နှစ်သစ်မှာလည်း မိတ်​ဟောင်းမိတ်သစ်အားလုံးအတွက် new year promotion ​အစီအစဥ်ပြန်လာပါပြီနော်.. 💭🌸🍓

နောက်ပို့စ်လေးမှာ detail အတိအကျလေးရေးပြီးပြန်တင်ပေးပါဦးမယ်ရှင့်.. 🥰
Stay tuned!! 🔔

Right with Me 🏠🥦🍓

🍱 ••• HEALTHY BENTO BOX ••• 🍱ဝိတ်ကျချင်တာမျိုးမဟုတ်ပဲ စနစ်တကျစား​သောက်တဲ့ပုံစံ​လေးစားချင်တာမျိုးအတွက် Healthy Bento Box ...
12/12/2024

🍱 ••• HEALTHY BENTO BOX ••• 🍱

ဝိတ်ကျချင်တာမျိုးမဟုတ်ပဲ စနစ်တကျစား​သောက်တဲ့ပုံစံ​လေးစားချင်တာမျိုးအတွက် Healthy Bento Box ​လေးရှိပါတယ်ရှင်.. 🍱🍓

✨ Are you still eating unhealthy foods?
✨ Have you ever considered changing your eating style?

ကျန်းမာ​ရေးနဲ့အစားအ​သောက်က ဒွန်တွဲ​နေတာဖြစ်ပါတယ်.. ခု​နောက်ပိုင်း ကျန်းမာ​ရေးအတွက် Healthy eating style က​တော်​တော်​ခေတ်စားလာတယ်..
အဓိကအားဖြင့် အသက်၄၀​ကျော်လာတာနဲ့ အစားအ​သောက်ကို စနစ်တကျစားဖို့လိုအပ်လာပြီဖြစ်ပါတယ်..

Use your plate as a guide. Aim to fill:
▪︎One quarter of your plate with vegetables
▪︎One quarter of your plate with fruits
▪︎One quarter of your plate with whole grain foods
▪︎One quarter of your plate with protein foods

Healthy eating pattern should be this way according to Canada's food guide and many others as well.

You can prepare by yourself as it is not complicated to follow or you can simply order from me. 🌸

Are you ready to eat right with me? 💕

☎️ Feel free to reach me at 09421080848 ☎️

*Articles about Healthy eating*
Part 1: https://www.facebook.com/105257185096907/posts/121857946770164/
Part 2: https://www.facebook.com/105257185096907/posts/124874459801846/

𝗗𝗶𝗲𝘁 𝘃𝘀. 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲: 𝗪𝗵𝗮𝘁’𝘀 𝗯𝗲𝘀𝘁 𝗳𝗼𝗿 𝘄𝗲𝗶𝗴𝗵𝘁 𝗹𝗼𝘀𝘀? 𝗪𝗵𝗮𝘁 𝗺𝗮𝘁𝘁𝗲𝗿𝘀 𝗺𝗼𝘀𝘁?------------------------------------------------ဝိတ်ကျ...
04/12/2024

𝗗𝗶𝗲𝘁 𝘃𝘀. 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲: 𝗪𝗵𝗮𝘁’𝘀 𝗯𝗲𝘀𝘁 𝗳𝗼𝗿 𝘄𝗲𝗶𝗴𝗵𝘁 𝗹𝗼𝘀𝘀? 𝗪𝗵𝗮𝘁 𝗺𝗮𝘁𝘁𝗲𝗿𝘀 𝗺𝗼𝘀𝘁?
------------------------------------------------

ဝိတ်ကျဖို့အတွက်ဘာကပိုအရေးပါတာလဲ? Diet လား? Exercise လား?
ဝိတ်ကျချင်သူများ.. ဝိတ်ချနေသူများအတွက် အထောက်အကူဖြစ်စေမှာမို့ article လေးကိုဆက်ဖတ်သွားပေးပါရှင်..

ဝိတ်ချဖို့အတွက် ကယ်လိုရီပမာဏလျှော့ချဖို့လိုအပ်ပါတယ်.. စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏထက် ပိုများတဲ့ကယ်လိုရီပမာဏကိုခန္ဓာကိုယ်ကသုံးစွဲလိုက်တဲ့အခါ Weight loss ဖြစ်စဥ်ဖြစ်ပါတယ်..

Calorie ဆိုတာဘာလဲ?
Calorie ဆိုတာ ခန္ဓာကိုယ်ရဲ့စွမ်းအင်တစ်မျိုးပဲဖြစ်ပါတယ်.. စားသုံးလိုက်တဲ့ food and beverages တွေကနေ ကယ်လိုရီအနေနဲ့စွမ်းအင်ကို ခန္ဓာကိုယ်အတွက်အေထာက်အပံ့ပေးပါတယ်.. သုံးစွဲဖို့လိုအပ်တဲ့ energy ထက်ပိုများတဲ့ energy တွေကို fat အနေနဲ့သိုလှောင်တဲ့အတွက် weight gain ဖြစ်လာပြီး.. food and beverages ကနေလုံလောက်တဲ့ energy (calorie) ပမာဏမရရှိတဲ့အခါ stored fat တွေကနေ energy ယူတဲ့အတွက် weight loss ဖြစ်ပါတယ်..
ဒီလို calorie supply ထက် demand ကများနေတဲ့အတွက် stored body fat ကနေ energy ယူသုံးတဲ့ဖြစ်စဥ်ကို calorie deficit လို့ခေါ်ပါတယ်..

ဒါကြောင့် ရိုးရိုးကြည့်မယ်ဆို weight loss အတွက် Diet ပဲပါဝင်ပတ်သက်တယ်ထင်ပါလိမ့်မယ်..

Diet လုပ်လာတာအချိန်ကြာလာတာနဲ့အမျှ လူ့သဘာဝအရ ပုံမှန် routine ကိုပြန်သွားတတ်ကြပါတယ်..
တစ်သက်လုံးဘယ်သူမှ Diet လုပ်ပြီးမနေနိုင်ပါဘူး..လျှော့စားရာကနေ ပုံမှန်အတိုင်းပြန်စားမယ်.. ပိုဆိုးလာပြီး ကိုယ်ပုံမှန်စားနေကြထက်ပိုစားတာမျိုးတွေဖြစ်လာတဲ့အခါ calorie deficit နဲ့ကိုယ်လျှော့ထားခဲ့တဲ့ weight တွေအားလုံးပြန်တက်လာပါတယ်..

𝗧𝗵𝗲𝗻, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 𝗜𝘀 𝗠𝗼𝗿𝗲 𝗜𝗺𝗽𝗼𝗿𝘁𝗮𝗻𝘁 𝗧𝗵𝗮𝗻 𝗗𝗶𝗲𝘁 𝗳𝗼𝗿 𝗪𝗲𝗶𝗴𝗵𝘁 𝗟𝗼𝘀𝘀?
-----------------------------------------------------------

Diet တစ်မျိုးတည်းလုပ်ပြီး ရေရှည်တည်တံ့တဲ့ sustainable weight loss ကိုထိန်းမထားနိုင်ဘူးဆို Exercise/workout တစ်မျိုးတည်းနဲ့ရော အလုပ်ဖြစ်မှာလား?

NSCA ရဲ့ Official Research Journal ဖြစ်တဲ့ The Journal of Strength and Conditioning Research အရ.. အ​ဖြေက မဖြစ်ပါဘူးရှင်..
[https://journals.lww.com/nsca-jscr/pages/currenttoc.aspx]

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တက္ကသိုလ်က သုတေသီတွေကနေ overweight အမျိုးသမီး 81ယောက်ပါဝင်တဲ့ Fitness Program Study ကိုလုပ်ခဲ့ပါတယ်..

၃လကြာတဲ့ဒီလေ့လာမှုမှာ ၁ပတ်ကို၃ရက်နဲ့ treadmill workout လုပ်ခိုင်းခဲ့ပြီး အစားအသောက်ပိုင်းကို ကြပ်မတ်ခြင်းအရှိပဲ ပုံမှန်အတိုင်းစားစေပါတယ်..
၃လကြာပြီးနောက်မှာ အမျိုးသမီး 70% ဟာ လေ့ကျင့်ခန်းတွေလုပ်နေပါရက် body fat တွေပိုတိုးလာတာကိုတွေ့ခဲ့ရပါတယ်..
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကို နိဂုံးချုပ်မပြောခဲ့ပေမယ့် ဒီ 70% အမျိုးသမီးတွေက Exercise လုပ်နေပေမယ့် အစားအသောက်တွေပိုတိုးစားခဲ့ပြီး calorie intake ပိုများနေခဲ့တာကြောင့်လို့ကောက်ချက်ချခဲ့ကြပါတယ်..
(ဒါက Gym သွားပြီး ဝိတ်မကျဘူးအော်နေတဲ့လူတွေပါ.. 😁 စားသောက်ထားတာတွေကို Gym သွားပြီး burn လိုက်ပြီလို့ထင်နေကြသူများပါ.. 😁)

𝗛𝗼𝘄 𝗱𝗼𝗲𝘀 𝘄𝗲𝗶𝗴𝗵𝘁 𝗹𝗼𝘀𝘀 𝘄𝗼𝗿𝗸? : 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 𝗮𝗻𝗱 𝗗𝗶𝗲𝘁 𝘁𝗼 𝗞𝗲𝗲𝗽 𝘁𝗵𝗲 𝗪𝗲𝗶𝗴𝗵𝘁 𝗢𝗳𝗳 𝗶𝗻 𝘁𝗵𝗲 𝗟𝗼𝗻𝗴 𝗧𝗲𝗿𝗺
-------------------------------------

80% 𝙙𝙞𝙚𝙩, 20% 𝙬𝙤𝙧𝙠𝙤𝙪𝙩.
It is also said that.. 70% 𝙙𝙞𝙚𝙩, 30% 𝙬𝙤𝙧𝙠𝙤𝙪𝙩.

Diet သည် စားသုံးမယ့် calorie intake နဲ့ပတ်သက်တဲ့ တစ်ခုတည်းသော factor ဖြစ်ပြီး.. exercise သည် သုံးစွဲမယ့် energy expenditure နဲ့ပတ်သက်တဲ့ factor တွေထဲကတစ်ခုဖြစ်ပါတယ်..
ဘယ်လိုပဲဖြစ်ဖြစ် weight loss အတွက် ၂မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်..
အတိုချုံးပြောရရင်..𝒕𝒉𝒆 𝒔𝒂𝒇𝒆𝒔𝒕 𝒂𝒏𝒅 𝒎𝒐𝒔𝒕 𝒔𝒖𝒔𝒕𝒂𝒊𝒏𝒂𝒃𝒍𝒆 𝒘𝒂𝒚 𝒕𝒐 𝒓𝒆𝒅𝒖𝒄𝒆 𝒘𝒆𝒊𝒈𝒉𝒕 𝒊𝒔 𝒂 𝒄𝒐𝒎𝒃𝒊𝒏𝒂𝒕𝒊𝒐𝒏 𝒐𝒇 𝒎𝒊𝒏𝒅𝒇𝒖𝒍 𝒏𝒖𝒕𝒓𝒊𝒕𝒊𝒐𝒏 𝒑𝒓𝒂𝒄𝒕𝒊𝒄𝒆𝒔 𝒂𝒏𝒅 𝒓𝒆𝒈𝒖𝒍𝒂𝒓 𝒆𝒙𝒆𝒓𝒄𝒊𝒔𝒆 𝒊𝒏 𝒕𝒉𝒆 𝒍𝒐𝒏𝒈 𝒕𝒆𝒓𝒎.

Research တွေအရလည်း diet + exercise နှစ်ခုပေါ်အခြေခံထားတဲ့ weight loss program တွေဟာ physical acticity တစ်ခုတည်းအပေါ်အခြေခံထားတဲ့ program တွေထက ရေတိုရော ရေရှည်မှာပါပိုအကျိုးသက်ယောက်မှုများတာတွေ့ရပါတယ်..

● 𝗧𝗵𝗲 𝗥𝗼𝗹𝗲 𝗼𝗳 𝗗𝗶𝗲𝘁 𝗶𝗻 𝗪𝗲𝗶𝗴𝗵𝘁 𝗟𝗼𝘀𝘀
1. Manage Calorie Intake
2. Support Satiety Signals
3. Preserve Muscle Mass
4. Boost Metabolism
5. Support Sustainability
6. Support Overall Health

● 𝗧𝗵𝗲 𝗥𝗼𝗹𝗲 𝗼𝗳 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 𝗶𝗻 𝗪𝗲𝗶𝗴𝗵𝘁 𝗟𝗼𝘀𝘀
1. Increased Calorie Expenditure
2. Build Muscle Mass
3. Maximize Metabolism
4. Enhance Appetite Regulation
5. Increase Diet Flexibility
[နောက်မှဒီအချက်လေးတွေကို Heading နဲ့သက်သက်ပြန်ရေးတင်ပေးပါမယ်ရှင်.. အသေးစိတ်မဟုတ်လည်းအချက်လေးတွေဒီတိုင်းဖတ်ရင်တောင်နားလည်မှာပါ..]


𝗠𝗮𝗸𝗲 𝗚𝗼𝗼𝗱 𝗙𝗼𝗼𝗱 𝗖𝗵𝗼𝗶𝗰𝗲𝘀
-------------------------------------------

Healthy meal and good food အတွက်ကရှေ့မှာတစ်ခါရေးထားဖူးတဲ့ Healthy Plate guideline လေးအတိုင်းစားဖို့ပါရှင်..

• Fill Quarter plate with wholegrains
• Fill Quarter plate with good sources of protein
• Fill Half plate with fruit and vegetables

Singapore Physical Acticity guidelines အရ strength training 2ရက်လုပ်ခြင်းအားဖြင့် healthy weight ကိုထိန်းထားနိုင်ပြီး.. Muscle တက်လာစေတဲ့အပြင်.. ကိုယ့်ခန္ဓာကိုယ်ရဲ့ overall health ကျန်းမာရေးကောင်းမွန်မှုကိုပါအထောက်အကူပြုပါတယ်..

𝗣𝗶𝗰𝗸 𝗮 𝗦𝘂𝗶𝘁𝗮𝗯𝗹𝗲 𝗔𝗰𝘁𝗶𝘃𝗶𝘁𝘆
--------------------------------------

Exercise အနေနဲ့ ကိုယ်နဲ့ကိုက်ညီနဲ့ activities တွေကိုရွေးချယ်ပါ..

Workout ဟာ လုပ်နေကျမဟုတ်သူတွေရဲ့ခန္ဓာကိုယ်အတွက် ပြင်းထန်တဲ့ activity ဖြစ်ပါတယ်.. အထူးသဖြင့်ဝိတ်များတဲ့သူတွေအတွက် အောက်ပိုင်းခြေလက်အဆစ်တွေ (lower limb joints) အပေါ် ဖိအားပိုများစေပါတယ်..

low-intensity workout program တွေဖြစ်တဲ့ Yoga, jogging, aqua-jogging, water-based activity တွေကသက်သောင့်သက်သာဖြစ်ပြီး ဒူးခေါင်းနဲ့ အရိုးအဆစ်တွေအပေါ်ဖိအားနည်းစေတဲ့ activity တွေဖြစ်ပါတယ်..
(Beginners တွေဆို workout ကိုလည်း low-intensity workout လေးတွေလုပ်နိုင်ရင်လုပ်ပြီး workout အားမသန်ရင်ခုနက activity မျိုးတွေ ရေကူးတာ စက်ဘီးစီးတာ လမ်းလျှောက်တာမျိုးတွေပြုလုပ်လို့ရပါတယ်ရှင်..)

ပြီးရင်လည်းတစ်နေရာတည်းမှာပဲရပ်မနေပဲ ကိုယ့် body ကလုပ်နိုင်စွမ်းတိုးလာတာနဲ့အမျှ workout intensity ကိုလည်း mild to moderate, moderate to intense အထိဖြည်းဖြည်းချင်းတိုးလုပ်သွားသင့်ပါတယ်..

𝗢𝘁𝗵𝗲𝗿 𝗙𝗮𝗰𝘁𝗼𝗿𝘀 𝘁𝗵𝗮𝘁 𝗜𝗻𝗳𝗹𝘂𝗲𝗻𝗰𝗲 𝗪𝗲𝗶𝗴𝗵𝘁 𝗟𝗼𝘀𝘀 𝗦𝘂𝗰𝗰𝗲𝘀𝘀
---------------------------------------------

• 𝘾𝙤𝙣𝙨𝙞𝙨𝙩𝙚𝙣𝙘𝙮: Diet and workout လုပ်တော့လုပ်ပါတယ် consistency မရှိရင် (ကောက်ရိုးမီးပေါ့ 😁) weight loss ကခရီးမရောက်ပါဘူး.. နေ့တိုင်းညတိုင်း diet တွေ workout နေ့လုပ်ဖို့မလိုပါဘူး.. ကိုယ်လုပ်နေတဲ့ plan အတိုင်း stick to the plan ဖြစ်ဖို့တော့လိုအပ်ပါတယ်.. Consistency and adherence are key for success ပါ..

• 𝙇𝙞𝙛𝙚𝙨𝙩𝙮𝙡𝙚: Stress and Sleep က BMI ကိုသက်ရောက်မှုရှိပါတယ်.. အိပ်ချိန်မှန်မှန်အိပ်ဖို့ stress မများဖို့လည်းလိုအပ်ပါတယ်..

𝗗𝗶𝗲𝘁 𝗮𝗻𝗱 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵
----------------------------------

ဝိတ်တက်ချင်နေသူ ဝိတ်ချချင်နေသူမဟုတ်ရင်တောင် balanced ဖြစ်တဲ့အစားအသောက်စားသောက်မှုပုံစံနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက်အများကြီးအကျိုးပြုပါတယ်..
ကိုယ်က overweight သမားဆို ဆီးချိုကနဦးအဆင့် (pre-diabetes) ဖြစ်နိုင်ခြေအများကြီးရှိပါတယ်.. ဒါကြောင့် ရိုးရိုးပုံမှန်လေ့ကျင့်ခန်းလေးတွေနဲ့ စားသောက်ပုံမှန်မှန်ကန်ကန်လေး စားသုံးခြင်းဖြင့် ဆီးချိုနဲ့အခြားရောဂါတွေဖြစ်ပွားနိုင်ခြေကိုလျှော့ချနိုင်ပါတယ်..

(အခုမှစမယ့် beginner တွေအနေနဲ့ လုပ်နေကျမဟုတ်တဲ့ exercise တစ်ခုခုစလုပ်မယ်ဆို မလိုလားအပ်တဲ့အန္တရာယ်တွေမဖြစ်ရအောင် ဆရာဝန်တွေ ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီးလုပ်သင့်ပါတယ်ရှင်.. Remember, safety first!) 😊

𝙏𝙝𝙚 𝘽𝙤𝙩𝙩𝙤𝙢 𝙇𝙞𝙣𝙚
--------------------------

Diet vs. Exercise for weight loss debate မှာ ဝိတ်ချချင်သူတွေအတွက် diet ကပိုပြီးအရေးကြီးပါတယ်.. ၂မျိုးလုံးက အရေးကြီးတဲ့အခန်းကဏ္ဍမှာပါပေမယ့်.. ဝိတ်ကျဖို့အတွက် အဓိကအချက်ဖြစ်တဲ့ calorie intake ကိုတိုက်ရိုက်ထိန်းချုပ်ပေးတဲ့အတွက် diet ကပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်.. diet တစ်မျိုးတည်းနဲ့လည်း sustainable weight loss မဖြစ်နိုင်စေတဲ့အတွက် ကိုယ့်ရဲ့ weight loss program ဟာ diet + exercise based ဖြစ်သင့်ပါတယ်ရှင်.. ဒီနည်းလမ်းဟာပဲ metabolism မြှင့်တင်ပေးပြီး muscle mass တွေကိုလည်းတည်ဆောက်နိုင်ထိန်းထားနိုင်တဲ့ sustainable weight loss way ဖြစ်ပါတယ်ရှင်.. ❤️

So, is diet or exercise better for weight loss? 😉

Right with Me 🏠🥦

Reference: Stephanie Kay Nutrition (Diet vs. Exercise: What’s best for weight loss?
Published on July 30, 2024 by Stephanie Kay)
Reference: Health Hub (Diet vs Exercise: What Matters Most for Sustainable Weight Management?)

Hello! 🌸It's been a while since we last posted about our daily routine meal packages because of the new job that I've st...
30/11/2024

Hello! 🌸

It's been a while since we last posted about our daily routine meal packages because of the new job that I've started lately, and I have been occupied with that most of my time.

But I want to let you all know that we are still giving this meal box service to our beloved customers everyday, in case you think that we stopped since we haven't been active on social media this past few months. 😊

ဒီလပိုင်းတွေမှာ လေယာဥ်မယ်အလုပ်လေးရပြီး training ဆင်းတာ စာတွေကျက်နေရတာနဲ့ page ဘက်ကိုမလှည့်ဖြစ်နေတာ.. page admin ကလည်းကိုယ်ပဲဆိုတော့..
Page မှာပို့စ်တင်တာလေးတွေရပ်နေလို့ မှာယူနေကြ customer တွေကတော့သိပေမယ့် တစ်ချို့က service မပေးတော့ဘူးထင်နေတာကြောင့်ရယ်ပါ..

Page မှာ active ဖြစ်မနေပေမယ့် service ပုံမှန်အတိုင်း ပေးနေတုန်းပါပဲရှင်.. page messenger ကနေစာပို့ပြီးမှာယူတာဖြစ်ဖြစ် viber/ph တွေကနေဆက်သွယ်မှာယူတာဖြစ်ဖြစ် အကုန်လုံးကို ပုံမှန်အတိုင်းစာပြန်အကြောင်းပြန်ပေးနေပါတယ်.. 💕

Post တင်တာလေးတွေရပ်နေလို့ service မပေးဘူးမထင်ရအောင်အတွက်လည်း page အတွက်အချိန်လေးပေးပြီး ပုံမှန်အတိုင်း post လေးတွေပြန်တင်ပေးပါမယ်ရှင့်.. 🥰

We are always here to serve you and assist you with your needs at any time. ❤️

Right with Me 🥗🥢

🍱🍱🍱 တစ်​နေ့စာ Breakfast+Lunch+Dinner တွဲရက်​ Calorie Deficit Diet Meals လေး​တွေ ၁ပတ်စာပြင်​ပေးဖြစ်ပုံ​လေး​တွေစုတင်​ပေးလိ...
26/08/2024

🍱🍱🍱 တစ်​နေ့စာ Breakfast+Lunch+Dinner တွဲရက်​ Calorie Deficit Diet Meals လေး​တွေ ၁ပတ်စာပြင်​ပေးဖြစ်ပုံ​လေး​တွေစုတင်​ပေးလိုက်ပါတယ်.. 🍱🍱🍱

[ဒီ link မှာက ၁ပတ်လုံးအတွက် breakfast lunch dinner ၁မျိုးချင်းစီရိုက်ထားတာ​လေး​တွေ တင်ထား​​ပေးပါတယ်ရှင်...
https://www.facebook.com/share/p/MzLwXWComNr5c8Eo/?mibextid=Nif5oz]

----------------------------------------------

✳ ခန္ဓါကိုယ်ဖွဲ့စည်းပုံ​ပြောင်းလဲချင်တဲ့အခါ ဝိတ်တက်ချင်လို့ဖြစ်ဖြစ် ဝိတ်ကျချင်လို့ဖြစ်ဖြစ် (weight gain and weight loss), calorie balance ကအဓိကကျတဲ့ factor တစ်ခုဖြစ်ပါတယ်..

❇ ဝိတ်ကျချင်တဲ့အခါ ​လိုအပ်တာထက်​လျှော့စားရမယ်.. ဝိတ်တက်ချင်တဲ့အခါ လိုအပ်တာကိုပြည့်မှီ​အောင်စားရမယ်​ပေါ့..

[keto diet က carbohydrate ကို​လျှော့ချပြီး ketosis ဝင်​အောင်လုပ် energy အတွက် fat ကို​လောင်ကျွမ်း​စေခြင်းဖြင့် ဝိတ်ချတဲ့နည်းလမ်းပါ..
တစ်ဖက်မှာ keto နဲ့မတူတဲ့အခြား popular weight loss way တစ်ခုဖြစ်တဲ့ calorie deficit (calorie restriction) diet က ခန္ဓါကိုယ်ကလိုအပ်တဲ့ calorie ထက်​လျှော့စားသုံးပြီး ဝိတ်ချတဲ့နည်းလမ်းပါ.. ]

✳ ဒီ၂မျိုးကို comparison ဆန်ဆန်​​လေး​ရေးထားတာ​ရော.. weight loss weight gain difference အ​ကြောင်း​.. weight loss အတွက် meals ကိုဘယ်လို​တွေပြင်ဆင်တယ်.. ​weight gain ဆိုရင်လည်းဘယ်လို​တွေကွာခြားသွားတယ်ဆိုတာ​လေး​တွေ ရေးထားတဲ့ article ​လေးကို​တော့ ဒီ link မှာ​သေချာ​လေးဖတ်ကြည့်လို့ရပါတယ်ရှင်..
[https://m.facebook.com/story.php?story_fbid=573858471585085&id=100068828106088&mibextid=Nif5oz]

Right with Me 🏠🥦💕

Address

Yangon
11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959421080848

Alerts

Be the first to know and let us send you an email when Eat Right with Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eat Right with Me:

Share