13/10/2024
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက် နေထိုင်ခြင်းက ကျန်းမာစွာ ရှင်သန်နိုင်ဖို့ အလွန်အရေးကြီးပါတယ်
အစားအစာများကို ချိန်ညှိသုံးစွဲခြင်းက ရောဂါများကို ကာကွယ်ပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်
ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားမှ လူ့ဘဝရရှိခြင်းရဲ့ အဓိပ္ပါယ်က ပိုမိုပြီး ပြည့်စုံစေမှာပါ
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်၊ နေထိုင်ခြင်တယ်ဆိုရင်တော့ အောက်က အချက် ၆ ချက်အတိုင်း စားသောက် နေထိုင်ကြည့်ပါ
1️⃣ အာဟာရပြည့်ဝစွာ စားသောက်ခြင်း
သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရစာရင်းတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အာဟာရကြွယ်ဝသော အစားအစာအမျိုးမျိုးပါဝင်ရပါမယ်။ ဥပမာအနေနဲ့ဆိုရင် - အဆီနည်းသော ပရိုတင်းများ၊ နို့မျိုးစုံ၊ ငါး၊ အသီးအရွက် စသည့် အာဟာရရှိသော အစားအစာများကို စားသုံးပါ။
2️⃣ အချိန်မီ စားသောက်ခြင်း
သင့်ခန္ဓာကိုယ် အာဟာရလိုအပ်ချက်အရ မနက်စာ၊ နေ့လည်စာနှင့် ညစာကို အချိန်မီ စားသုံးရန် လိုအပ်တယ်။ အချိန်မီ အစာမစားခြင်းသည် ကျန်းမာရေးနှင့် သက်ဆိုင်သော ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
3️⃣ အဆီနှင့် ဆားကို လျော့ချခြင်း
နှလုံးရောဂါ ကာကွယ်ရန် အဆီနှင့် ဆားအရင်းအမြစ်ကို လျှော့စားရန် လိုအပ်ပါတယ်။ အရည်အသွေးကောင်းသော ဆီများကိုသာ သုံးစွဲပြီး အဆီအနည်းငယ်ပါသော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းပါ။
4️⃣ ရေကို လုံလောက်စွာ သောက်ခြင်း
သင့်ခန္ဓာကိုယ်အတွက် ရေသည် အလွန်အရေးကြီးပါတယ်။ တစ်နေ့လျှင် ရေကို မိမိအတွက် လိုအပ်သော ပမာဏပေါ်မူတည်ပြီး ၁.၅ လီတာမှ ၂ လီတာအထိ သောက်ပါ။
5️⃣ အချိုရည်နှင့် အချိုရည်မှုန့်များ လျော့စားခြင်း
သကြားနှင့် အချိုရည်များကို အများကြီးစားခြင်းက သွားများ ပျက်စီးခြင်းနှင့် သွေးအတွင်း ရောဂါများဖြစ်စေပါတယ်။
6️⃣ အခြားကျန်းမာရေးဆိုင်ရာ အစားအစာများကို စားသုံးခြင်း
နေ့စဉ်သုံးစွဲသော ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းအာဟာရ အပြင် မိမိရဲ့ အစားအစာထဲမှာ သကြားနည်းသော သီးနှံများကို စားသုံးပါ။
ယခု အကြံပြုချက်များအတိုင်း စနစ်တကျ စားသောက်ပါက သင့်ခန္ဓာကိုယ် ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်စေမှာ ဖြစ်ပါတယ်
--------------
* ကြော်ငြာ *
ကျန်းမာရေးနှင့် ညီညွတ်သော အသင့်စား မြန်မာအစားအစာများကို မှာယူလိုတယ်ဆိုရင်တော့ Mg Kyan ကို သတိရလိုက်ပါ
မြန်မာ့ အသင့်စား အစားအစာများကို ထိုင်း၊ မလေး၊ စင်္ကာပူ နှင့် ဂျပန်နိုင်ငံများသို့ အိမ်အရောက်ပို့ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီ
Mg Kyan - မြန်မာ အစားအစာများ