Mahar Loka Wellness

Mahar Loka Wellness Better Health, Better Life

11/04/2026

"ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း...
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်အေးချမ်းပါစေ။
ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေလို့
"မဟာလောက" ကုမ္ပဏီမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"

#သင်္ကြန် #မဟာလောက #သင်္ကြန်ဆုတောင်း

10/04/2026

"အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ"

"နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း... မဟာလောကုမ္ပဏီမှ မိဘပြည်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းမိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🙏

အားလုံးပဲ နှစ်သစ်အတာအသင်္ကြန်မှာ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

#သင်္ကြန်

သွေးတိုး၊ ဆီးချိုရှိသူတွေ သင်္ကြန်လည်မယ်ဆိုရင်... ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသ...
09/04/2026

သွေးတိုး၊ ဆီးချိုရှိသူတွေ သင်္ကြန်လည်မယ်ဆိုရင်...
ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်

မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်အခါသမယကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ကောင်းလှတဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေနဲ့ သွေးတိုး၊ ဆီးချို ဝေဒနာရှင်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ဖို့ အောက်ပါအချက်လေးတွေကို အထူးသတိပြုစေချင်ပါတယ်ခင်ဗျာ။

(1) အပူရှိန်ကို သတိပြု၊ ရေဓာတ်ကို အလေးပေးပါ။

အရမ်းပူတဲ့ ရာသီမျိုးမှာ သွေးတိုးဝေဒနာရှင်တွေအတွက် နှလုံးအလုပ်လုပ်နှုန်း ပိုမိုမြန်ဆန်လာတတ်ပါတယ်။ ဒါကြောင့် နေပူပြင်းတဲ့ နေ့လယ်ခင်းအချိန်တွေမှာ အပြင်ထွက်တာထက် အေးမြတဲ့ အရိပ်အောက်မှာ အနားယူဖို့ တိုက်တွန်းပေးပါ။ ရေဓာတ်မခန်းခြောက်အောင် ရေနဲ့ ဓာတ်ဆားရည်ကို မကြာခဏ သောက်ဖို့မမေ့ပါနဲ့။

(၂) စတုဒိသာ အလှူနှင့် ဆီးချိုဝေဒနာ

မြန်မာ့ဓလေ့ စတုဒိသာကျွေးမွေးတဲ့ မုန့်လုံးရေပေါ်နဲ့ အတာမုန့်မျိုးစုံဟာ အရသာရှိလှပေမယ့် ဆီးချိုဝေဒနာရှင်တွေအတွက်တော့ အချိုဓာတ် အလွန်များပြားနိုင်ပါတယ်။ စားချင်တယ်ဆိုရင်တောက် နည်းနည်းလောက်ပဲ မြည်းပါ။

(၃) အေးမြတဲ့အတာရေနဲ့ ကျန်းမာရေး

နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေအေးအေးနဲ့ လောင်းချတာမျိုးက သွေးတိုးရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ "အေးအေးလူလူ နားပြီးမှ ရေချိုးပါ" လို့ သတိပေးပေးပါ။ ဆီးချိုရောဂါ အခံရှိသူတွေဟာ ကြာလာတဲ့အခါ ခြေဖျား၊ လက်ဖျားတွေမှာ ရှိတဲ့ အာရုံကြောတွေ ထုံကျင်လာတတ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ ရေကစားရင်း ခဲလုံးနင်းမိတာ၊ ဖန်စူးတာ ဒါမှမဟုတ် ရှမိတာမျိုး ဖြစ်တဲ့အခါ နာကျင်မှုကို ချက်ချင်းမသိနိုင်ဘဲ ဒဏ်ရာကြီးလာမှ သတိထားမိတတ်ကြပါတယ်။သာမန်ရှနာလေးကနေ အနာဆွေးဖြစ်တာ၊ ပြည်တည်တာတွေအထိ လွယ်လွယ်ကူကူ ဖြစ်သွားနိုင်ပြီး ကုသရတာလည်း ပိုခက်ခဲပါတယ်။

"မိဘဘိုးဘွားတို့ ကျန်းမာမှ သားသမီးမြေးမြစ်တို့ ပျော်ရွှင်ရမှာပါ"

ဒီနှစ်သင်္ကြန်မှာ ကုသိုလ်လည်းရ၊ ကျန်းမာရေးလည်း မထိခိုက်စေဖို့ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး၊ ဆီးချို ရှိသူတွေကို ဒီသတင်းစကားလေးနဲ့အတူ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးလိုက်ကြရအောင်ဗျာ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာ အတာသင်္ကြန်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏✨

# #ဆီးချို

ဆီးချိုတိုင်းတော့မယ်ဆို ဒီအချက်တွေကို သတိထားဆီးချိုသမားများအတွက်     #             #ဆီးချို
24/03/2026

ဆီးချိုတိုင်းတော့မယ်ဆို ဒီအချက်တွေကို သတိထား

ဆီးချိုသမားများအတွက်

# #ဆီးချို

"ဆီးချို အမျိုးအစား (၁) နဲ့ (၂) ... ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ?       #ဆီးချိုရောဂါ
24/03/2026

"ဆီးချို အမျိုးအစား (၁) နဲ့ (၂) ...
ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ?
#ဆီးချိုရောဂါ

သင် ဒါတွေတကယ်ရော သိရဲ့လား?              #မဟာလောကကုမ္ပဏီ
23/03/2026

သင် ဒါတွေတကယ်ရော သိရဲ့လား?

#မဟာလောကကုမ္ပဏီ

23/03/2026

ဆီးချိုသမားများအတွက် # #ဆီးချို

21/03/2026

"အာရောဂျံ ပရမံ လာဘံ" ဆိုသလိုမျိုး
ကျန်းမာခြင်းသည် အကြီးဆုံးသော "လာဘ်" ကြီးတစ်ပါးပါ။

#မဟာလောကကုမ္ပဏီ

ဆီးချိုဝေဒနာရှင်တွေအတွက် 'အချို' မပါပေမယ့် 'အာဟာရ' အပြည့်ပေးနိုင်တဲ့ အဖော်မွန် 🥛ဆီးချိုရှိသူတွေအတွက် အဓိက စိန်ခေါ်မှုက က...
18/03/2026

ဆီးချိုဝေဒနာရှင်တွေအတွက် 'အချို' မပါပေမယ့်
'အာဟာရ' အပြည့်ပေးနိုင်တဲ့ အဖော်မွန် 🥛

ဆီးချိုရှိသူတွေအတွက် အဓိက စိန်ခေါ်မှုက ကြွက်သားတွေ အားနည်းလာတာနဲ့ နုံးချိတာပါ။

Diabecare Protein Powder မှာ Sugar Free ဖြစ်ရုံတင်မကဘဲ...
✅ ကိုယ်ခံအားအတွက် Colostrum
✅ ဦးနှောက်နဲ့ နှလုံးအတွက် DHA & Omega 3
✅ ကြွက်သားတွေအတွက် High Protein စတဲ့ Essential Nutrients တွေ စုံလင်စွာ ပါဝင်ပါတယ်။

နေ့စဉ် ခွန်အားပြည့်ဝဖို့ Diabecare နဲ့ စတင်လိုက်ပါ။

"

18/03/2026

ရုံးက ဝန်ထမ်းတွေကို သင်္ကြန် Plan လိုက်မေးကြည့်သောအခါ

💦💦💦 #သင်္ကြန် #သင်္ကြန်အစီအစဉ်ဘာရှိလဲ

ဆီးချိုဖြစ်တာ အချိုစားလို့တင် မဟုတ်ဘူးဆိုတာ သင်သိပါသလား?လူအများစုက အချိုစားလို့ပဲ ဆီးချိုဖြစ်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်...
17/03/2026

ဆီးချိုဖြစ်တာ အချိုစားလို့တင် မဟုတ်ဘူးဆိုတာ သင်သိပါသလား?

လူအများစုက အချိုစားလို့ပဲ ဆီးချိုဖြစ်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ အဓိကအကြောင်းရင်း (၃) ချက်ရှိပါတယ်။

(၁) အင်ဆူလင် ခုခံမှု (Insulin Resistance)
ခန္ဓာကိုယ်ထဲက ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်မှု မရှိတော့တဲ့အတွက် သွေးထဲမှာ သကြားဓာတ်တွေ ပုံလာတာပါ။

(၂) ကြွက်သားထု လျော့နည်းခြင်း
ကြွက်သားတွေဟာ သွေးထဲက သကြားဓာတ်ကို အဓိက စားသုံးပေးတဲ့ နေရာဖြစ်ပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုနည်းလို့ပဲဖြစ်ဖြစ် ကြွက်သားအားနည်းလာရင် ဆီးချိုဖြစ်နိုင်ခြေ ပိုများလာပါတယ်။

(၃) အာဟာရ မမျှတခြင်း
ဗီတာမင်နဲ့ သတ္တုဓာတ် ချို့တဲ့တာ၊ အဝလွန်တာတွေကလည်း ဆီးချိုကို ဖိတ်ခေါ်နေသလိုပါပဲ။

တကယ်တော့ ဆီးချိုတက်ရတဲ့ လျှို့ဝှက်ချက်က ခန္ဓာကိုယ်ထဲမှာ "ကြွက်သားထု လျော့နည်းလာတာ" ကြောင့်ပါ။ ကြွက်သားတွေဟာ သွေးထဲက သကြားဓာတ်ကို လောင်ကျွမ်းပေးတဲ့ အင်ဂျင်တွေပါ။ အသက်ရလာလို့ ကြွက်သားတွေ အားနည်းလာရင် ဆီးချိုထိန်းရ ခက်လာတတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် အချိုရှောင်ရုံတင်မကဘဲ Protein (ပရိုတင်း) ပြည့်ဝဖို့က အသက်တမျှ အရေးကြီးပါတယ်။

ဆီးချိုဝေဒနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Diabecare ဟာ ရောဂါကို ထိန်းချုပ်ရုံတင်မကဘဲ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

အရည်အသွေးမြင့် Protein ပါဝင်လို့ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပြီး ခွန်အားကို ပြည့်ဝစေပါတယ်။ Omega 3 Fatty Acid က သွေးတွင်း အဆီဓာတ်ကို လျှော့ချပေးပြီး DHA က ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ အခြားသော ဖြည့်စွက်စာတွေမှာ မပါတတ်တဲ့ Colostrum ပါဝင်လို့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပြီး ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးပါတယ်။

သကြားဓာတ် လုံးဝမပါပဲ (Sugar Free) ဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ် တက်မှာကို စိတ်ပူစရာမလိုဘဲ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို တစ်ဝကြီး ရရှိစေမှာပါ။

ဆီးချိုဆိုတာ ကြောက်စရာမဟုတ်ပါဘူး၊ အာဟာရကို စနစ်တကျ ပြည့်ဝအောင် ဖြည့်တင်းနိုင်ဖို့ပဲ လိုတာပါ။

မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ချစ်ခင်ရတဲ့ မိဘဘိုးဘွားတွေအတွက်ဖြစ်စေ Diabecare ကို ရွေးချယ်ပြီး ကျန်းမာရွှင်လန်းတဲ့ လူနေမှုဘဝကို ဒီနေ့ပဲ ပြန်လည်စတင်လိုက်ပါ။

#ဆီးချိုသမားများအတွက် #ဆီးချို

ပျော်ရွှင်ကျန်းမာတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ 🌿မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ အဖော်မွန်ဖြစ်ဖို့ Ma...
16/03/2026

ပျော်ရွှင်ကျန်းမာတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ 🌿

မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ အဖော်မွန်ဖြစ်ဖို့ Mahar Loka Wellness က အမြဲအသင့်ရှိနေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ရော ချစ်ရတဲ့သူတွေကိုပါ ဂရုစိုက်ဖို့ မမေ့ပါနဲ့ဦးနော်။

Address

No-6, Moe Ma Kha Street, Malikha Housing, Thinganyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959780780500

Website

Alerts

Be the first to know and let us send you an email when Mahar Loka Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share