Shwe Myanmar နတ်တလင်းငါးပိနှင့် ငံပြာရည်

  • Home
  • Myanmar
  • Yangon
  • Shwe Myanmar နတ်တလင်းငါးပိနှင့် ငံပြာရည်

Shwe Myanmar နတ်တလင်းငါးပိနှင့် ငံပြာရည် အရသာရှိတဲ့ထမင်းဝိုင်းအတွက် သန့်ရှင်းလတ်ဆတ်ပြီး စျေးတန်တဲ့ နတ်တလင်းငါးပိနှင့် ငံပြာရည်စစ်စစ်

မြန်မာမှန်ရင် ငါးပိကြိုက်တယ်တဲ့...ငါးပိနဲ့ တို့စရာပါရင်ကို တော်တော်လေးမြိန်နေပြီမလား😋 #ရွှေမြန်မာငါးပိ   #ငါးငပိရည်ကျို ...
19/04/2024

မြန်မာမှန်ရင် ငါးပိကြိုက်တယ်တဲ့...

ငါးပိနဲ့ တို့စရာပါရင်ကို တော်တော်လေးမြိန်နေပြီမလား😋

#ရွှေမြန်မာငါးပိ #ငါးငပိရည်ကျို #ငါးပိ

ငါးပိထဲက အာဆင်းနစ်⚠️ငါးပိကြိုက်လို့ နေ့တိုင်းစားဖြစ်နေတဲ့ မိသားစုတိုင်းအတွက် ငါးပိစားတာလည်းစား၊ ပါတတ်တဲ့ ဘေးအန္တရာယ်ကိုလ...
19/04/2024

ငါးပိထဲက အာဆင်းနစ်⚠️

ငါးပိကြိုက်လို့ နေ့တိုင်းစားဖြစ်နေတဲ့ မိသားစုတိုင်းအတွက် ငါးပိစားတာလည်းစား၊ ပါတတ်တဲ့ ဘေးအန္တရာယ်ကိုလည်း ကြိုတင်ရှောင်ရှားမှ ရေရှည်ဆေးဖိုးဝါးခကုန်မှာတွေကနေ ရှောင်နိုင်မှာပါ။

ဒါကြောင့် ငါးပိမှာ တစ်ချို့တွေထည့်သုံးကြတဲ့ အာဆင်းနစ် အကြောင်းကိုလည်း ဝေမျှပေးချင်တယ်ရှင့်။

ရန်ကုန်မှာ အစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ စျေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး အစိုးရ အသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကို မကြာသေးခင်က သွားရောက် ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း ၄ ခုကသာ ငါးပိကို လက်ခံ စစ်ဆေးနိုင်တာ တွေ့ရပါတယ်။ အဲဒီထဲမှာပဲ ဓာတ်ခွဲခန်း၂ခုက အာဟာရတန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်းတစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။ တခြား ဓာတ်ခွဲခန်း တစ်ခုရဲ့ တွေ့ရှိချက်ကတော့ အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေ ပြောလို့မရဘူး၊ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့် ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက်ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝ အလျောက် ပါဝင်နိုင်သလို၊ ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့ ရှင်းပြပါတယ်။

အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာ ရှိနေကြောင်း ရန်ကုန်၊ လမ်းမတော် မြို့နယ် ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးရဲ့ မှတ်တမ်းများအရ သိရပါတယ်။

ငါးပိမှာ အာဆင်းနစ် ဘာလို့ပါနေရလဲဆိုတော့ အရည်ကျို ငါးပိ သိုလှောင်ကန်တွေမှာ လုပ်ငန်းရှင်တချို့က ကာလတိုအတွင်း ကုန်ချောထုတ်လုပ်ပြီးစီးချင်တဲ့အတွက် အရည်ကျိုငါးပိထဲ ယူရီးယားမြေသြဇာထည့်ကြတာကြောင့်ပါပဲ။

တစ်နည်းအားဖြင့် မြန်မြန်ပြီး၊ မြန်မြန်ထုတ်၊ မြန်မြန်ရောင်းချင်ကြတာမျိုးပေါ့။

ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့၊ ဒီလိုဓာတုပစ္စည်းရောနှောထားတာတွေ မပါဝင်တဲ့ ငါးပိကိုပဲ စားဖို့ မှာလိုက်ချင်ပါတယ်။

ရွှေမြန်မာ ငါးငပိရည်ကျိုမှာတော့ နတ်တလင်းဒေသရဲ့ သဘာဝထုတ်လုပ်နည်းအတိုင်း ရရှိလာတဲ့ ငါးပိကို ဓာတုအရောအနှော လုံးဝကင်းစင်စွာ ထုတ်လုပ်ထားတာကြောင့် စားဖူးသူတိုင်းသိ၊ သိပ်ကိုအရသာရှိတဲ့ ငါးပိ ဖြစ်နေတာပေါ့ရှင်

#ရွှေမြန်မာငါးပိ #နတ်တလင်းငါးပိ #အာဆင်းနစ်

ငါးပိရည် နှင့် တို့စရာအကြောင်းသိကောင်းစရာ🌶 မြန်မာမှန်ရင် ငါးပိရည်နဲ့တို့စရာစားဖူးရပါ့မယ်။ ငါးပိရည်နှင့် တို့စရာ ဆိုတာ ထမ...
19/04/2024

ငါးပိရည် နှင့် တို့စရာအကြောင်းသိကောင်းစရာ

🌶 မြန်မာမှန်ရင် ငါးပိရည်နဲ့တို့စရာစားဖူးရပါ့မယ်။ ငါးပိရည်နှင့် တို့စရာ ဆိုတာ ထမင်းမြိန်စေတဲ့့ အစားအစာဆိုလည်း မမှားပါဖူး ။ ငါးပိရည်ဆိုတာက ငါးပိကိုအရည်ဖျော်ထားတာပါ ။ငါးပိဆိုတာကတော့ ငါးသေးသေးလေးတွေကို ပဲဖြစ်ဖြစ် ၊ငါးတစ်မျိူးကိုပဲဖြစ်ဖြစ် ဆားအများကြီးထည့်ပြီး ပုပ်နေအောင်နှပ် ထားရတာပါ ။ကြာလာပြီး တော်တော်လေးပုပ်ပြီးမှ အနံ့လေးတော်တော်လေး မွှေးလာပြီဆိုမှ နှပ်ထားတဲ့ ငါးပိအိုးကို ဖွင့်ပြီးထုတ်စားရတာပါ။

🌶 ငါးပိရည်ကို တို့စရာမျိူးစုံနဲ့စားလေ့ရှိကြပါတယ်။တို့စရာဆိုတာကတော့အသီးအရွက်မျိူး စုံလေးတွေနဲ့ တို့ပြီး ထမင်းလေးထဲ ထည့်စားရတာပါ ။အဓိကအားဖြင့်ကတော့ သခွားသီး၊ ခရမ်းကျွတ်သီး၊ ဆလပ်ရွက် နဲ့ ချဉ်ဖတ်လေး တွေဖြစ်ကြပါတယ် ။

🌶 အစားအစာတိုင်းမှာ ကောင်းကျိူးနဲ့ ဆိုးကျိူးဆိုတာ ရှိပါတယ် ။ သန့််ရှင်းတဲ့ အစားအစာကတော့ များသောအားဖြင့် ကောင်းကျိူးများပါတယ် ။ အခုနောက်ပိုင်းမှာ ဓာတုဆိုးဆေးတွေ ပါဝင်တဲ့ ငါးပိတွေဟာဆိုရင် ကျန်းမာရေးကိုလည်းဆိုရွားစွာ ထိခိုက်စေပါတယ် ။ သတိထားပြီး စားတတ်ဖို့ လိုအပ်ပါတယ် ။ ငါးပိရည်ကို စားသုံးခြင်းကတော့ အများအားဖြင့် အဟာရကို ဖွံ့ဖြိုးစေပါတယ်ဒါတင်သာမကပဲ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ဆားဓာတ်ကို လည်းရရှိစေနိုင်ပါတယ်

🌶 သို့သော်ငြားလည်း အလွန်အကျွံစားသုံးခြင်းက သွေးတိုးခြင်းကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးနဲ့ ဆီးချိူ ရောဂါတွေပါဖြစ်လာနိုင်စေပါတယ်။

🌶 မြန်မာတို့ရဲ့ သမိုင်း အဆက်ဆက် ထမင်းဝိုင်းတိုင်းမှာ ငါးပိကမပါမဖြစ် ဖြစ်ခဲ့တာပါ။ နန်းတွင်းကနေ စပြီး အောက်ခြေလူတန်းစားအထိ ဟိုးအရင် တည်းက စားသုံးခဲ့ကြတာပါ။ ယနေ့ခေတ်ထိလည်း ဆင်းရဲချမ်းသာမရွေး စားသုံးနေဆဲပါ။ ပရိသတ်ကြီးတို့လည်း ငါးပိရည်ကို ကြိုက်နှစ်သက်မယ်ဆိုတာ လည်းမြေကြီးလက်ခတ်မလွဲပါပဲ...

♨ အခုတစ်ပတ်အတွက်တော့ ဒီဆောင်းပါးလေး ကိုဖတ်ပြီး ငါးပိလေး အပြေးလေးစားကြပါဦးနော်

မြန်မာဆိုတာနဲ့ ငါးပိဆိုတာ မပါမဖြစ်၊ ထမင်းဝိုင်းထဲ အရသာရှိဖို့ဆိုရင် ငါးပိရည်ကျို ကောင်းကောင်းလေးနဲ့မှ စားမြိန်တယ်ဆိုတာ မ...
18/04/2024

မြန်မာဆိုတာနဲ့ ငါးပိဆိုတာ မပါမဖြစ်၊ ထမင်းဝိုင်းထဲ အရသာရှိဖို့ဆိုရင် ငါးပိရည်ကျို ကောင်းကောင်းလေးနဲ့မှ စားမြိန်တယ်ဆိုတာ မြန်မာ့လျှာနဲ့ ငါးပိက သိပ်ကိုတွဲဖက်ညီနေလို့ပဲမလား...

😋ငါးပိက ကျန်းမာရေးအတွက် အားတွေဖြစ်တယ်၊ 💪အရိုးသန်မာစေတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းကိုသုံးပြီး ထုတ်လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

မဟုတ်ရင် ဓာတုပစ္စည်းအရောအနှောတွေပါဝင်တဲ့ငါးပိကို နေ့တိုင်းစားမိနေတာနဲ့ ကျန်းမာရေးကောင်းကျိုးတွေလည်းမရ၊ ပိုပြီးဘေးတွေ ဖြစ်လာတော့မှာပေါ့။

ငါးပိကြိုက်လို့ စားတာလည်းစားပါ
နေ့တိုင်းစားဖြစ်နေတဲ့ ငါးပိကို မှန်ကန်အောင်လည်း ရွေးချယ်ဖို့မမေ့ပါနဲ့😇

ဒါကြောင့် ငါးပိကြိုက်တဲ့ မိသားစုတိုင်းအတွက် စိတ်လည်းချရ၊ အရသာလည်းပိုရှိ၊ အနံ့လေးလည်းမွှေးနေအောင် နတ်တလင်း ငါးငပိရည်ကျိုစစ်စစ် ကို ရွှေမြန်မာတံဆိပ်နဲ့ ဖြန့်ချီပေးနေတာပါပဲ။

✅ ၁ ပိဿာကို ၇,၀၀၀ ကျပ်
✅ ၅၀ ကျပ်သားကို ၄,၀၀၀ ကျပ်
✅ ၂၅ ကျပ်သားကို ၂,၅၀၀ကျပ် နဲ့

စျေးနှုန်းလည်း သက်သာ၊ နတ်တလင်းဒေသထွက် ငါးပိစစ်စစ်ဆိုတော့ ရနံ၊ အရသာပိုင်းကလည်း ပြောစရာကိုမလိုအောင် ကောင်းပြီးသားဆိုတာအသိ

လတ်လတ်ဆတ်ဆတ်မို့ အိမ်မှာလည်း ရေရှည်သိမ်းထားမလား၊ ချက်ချင်းပဲချက်စားမလားဆိုတာ အိမ်ရှင်မတို့ စိတ်တိုင်းကျပဲပေါ့👍

✨လက်လီ ၂ ပိသာအထက် မှာယူသူတိုင်းအတွက် အရှေ့ဒဂုံ/မြောက်ဒဂုံအတွင်း Delivery Free နဲ့လည်း စနေ/တနင်္ဂနွေတိုင်း ပို့ဆောင်ပေးနေပါပြီ။

✨လက္ကားအတွက်ဆိုရင်တော့ ၁၀ ပိဿာအထက် မှာယူတိုင်း ရန်ကုန်မြို့တွင်း အိမ်အရောက် ဆိုင်အရောက် 🚚ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးပါတယ်နော်။

#ရွှေမြန်မာငါးပိ #နတ်တလင်းငါးပိ #ငံပြာရည် #ငါးငပိရည်ကျို #ငါးပိ

Address

East Dagon MyoThit
Yangon
11451

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar နတ်တလင်းငါးပိနှင့် ငံပြာရည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share