ပျားရည်

ပျားရည် သဘာဝပျားရည်စစ်စစ်ကိုသုံးစွဲစေချင်?

09/12/2021

ပျားရည်စစ်ကြောင်းအာမခံသည်😁

ပျားရည်စစ်စစ်ရပါပြီတပုလင်း10000ပါ
05/12/2021

ပျားရည်စစ်စစ်ရပါပြီ
တပုလင်း10000ပါ

30/11/2021

ပျားရည်လိုရင်မှာပါရှင်
သဘာဝပျားရည်စစ်စစ်တွေပါရှင်

10/11/2021

🍯🍋 သံပယို နှင့် ပျားရည်သောက်ရင် ဘာအတွက်ကောင်းလဲ?

🍯ပျားရည်ကော 🍋သံပုရာသီးကောဟာ သူ့ဟာနဲ့သူ ကျန်းမာရေးကောင်းစေတဲ့ပစ္စည်းတွေအဖြစ် လူသိများပေမယ့် နှစ်မျိုးပေါင်းလိုက်ရင် ပိုမိုကောင်းမွန်တဲ့ အာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်

🍯 ပျားရည်ဆိုတာ ထူပျစ်စေးထန်းတဲ့ရွှေအိုရောင်အရည်တစ်မျိုးဖြစ်ပြီး ပျားကောင်တွေ ပန်းပွင့်တွေရဲ့ဝတ်ရည်တွေကို စုပ်ယူသိုလှောင်ခြင်းဖြင့် သဘာဝအတိုင်းဖြစ်ပေါ်လာရပါတယ်

တချို့လူတွေက ပျားရည်ကို သကြားအစားထိုးသုံးစွဲကြပါတယ် ဘာလို့လဲဆိုတော့ သဘာဝအချိုဓာတ်ကိုပေးစွမ်းနိုင်တဲ့ ဒီပစ္စည်းလေးက ဘက်တီးရီးယားတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိနဲ့ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိလို့ပါရှင့်

နောက်ပြီးပျားရည်မှာ သံဓာတ်၊ ဇင့်ဓာတ်၊ ဗိုက်တာမင် ဘီစစ်၊ အမျှင်ဓာတ်တို့လို ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေလည်း စုံလင်စွာပါဝင်ပါတယ်

🍋သံပုယိုသီးကတော့ စစ်ထရစ်အက်ဆစ်ပါဝင်မှုကြောင့် သန့်ရှင်းရေးပစ္စည်းတစ်မျိုးအဖြစ်ထင်ရှားပြီး အစွမ်းထက် ဘက်တီရီးယားနဲ့ ရောဂါပိုးမွှားတိုက်ဖျက်ရေးဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်

🍋သံပုယိုသီးကိုလည်း antioxidant နဲ့ အာဟာရဓာတ်ကြွယ်ဝမှုကြောင့် ဆေးမြီးတိုအဖြစ်အသုံးပြုကြပါတယ်

သံပုယိုသီး ပျားရည်ကို ရေနွေးတစ်ခွက်ထဲကိုထည့်လိုက်ပြီးရောမွှေသောက်လိုက်ပါ။

ပျားရည်ဟာ ရေနွေးနွေးလေးထဲမှာ ပိုမိုလျင်မြန်စွာပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်အတွက်ကော၊ စိတ်ကြည်လင်မှုအတွက်ပါကောင်းမွန်တဲ့ ဖျော်ရည်လေးဖြစ်လာမှာပါ

ပျား/သံပုရာဖျော်ရည်ဟာ အစာအိမ်ထဲက အစာခြေတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ အူလမ်းကြောင်းကိုလည်း ရှင်းလင်းပေးပါတယ်။ နောက်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ရှင်သန်စေမှုကလည်း ကာကွယ်ပေးပါတယ်။
ဒါတင်မကသေးပါဘူး။ ပျား/သံပုရာဖျော်ရည်က ဆီးရွှင်စေတဲ့အတွက် ဆီးလမ်းကြောင်းအတွက်လည်းကောင်းမွန်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ရှင်းလင်းပေးတဲ့ detox ဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးသွားခြင်းက မလိုလားအပ်တဲ့ ဆားတွေ၊ အဆီတွေ၊ အဆိပ်အတောက်တွေနဲ့ ရေတွေကို ခန္ဓာကိုယ်ထဲက စွန့်ထုတ်ပေးတဲ့အတွက် ကျောက်ကပ်ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။
၂။ ကိုယ်အလေးချိန်ကျဆင်းစေတယ်

ပျား/သံပုယိုရည်က ချိုမြမြအရသာရှိတယ်ဆိုပေမယ့်် ကယ်လိုရီတော့အများကြီး မပါဝင်ပါဘူး။ ဒါ့အပြင် ပျားရည်နဲ့ သံပုယိုရည် ပေါင်းစည်းရာကရလာတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးတဲ့အရာက ဝိတ်ကျဖို့အတွက် အကောင်းဆုံးဆေးဝါးတစ်မျိုးပါပဲ

ဒါတင်မက... သံပုရာသီးထဲမှာပါဝင်တဲ့ citrate တွေကလည်း ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုး ဖြစ်ပါတယ်။

၃။ ချောင်းဆိုးပျောက်တယ်

အကယ်၍ အအေးမိပြီးချောင်းတဟွတ်ဟွတ်ဆိုးနေတယ်ဆိုရင် (ဒါမှမဟုတ်) လည်ချောင်းနာနေတယ်ဆိုရင် အကောင်းဆုံးဆေးမြီးတို ကတော့ ပျားရည်နဲ့သံပုယိုသီးကိုရောပြီး သောက်လိုက်တာပါ

ပျား/ သံပုရာဖျော်ရည်က အသက်ရှူလမ်းကြောင်းကိုရှင်းလင်းပေးပြီး ယားယံခြင်းမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ယားယံခြင်းမဖြစ်တော့ ချောင်းလည်းမဆိုးတော့ဘူးပေါ

ဒါ့အပြင် ပျား/ သံပုယိုဖျော်ရည်က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်း ကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။

၄။ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်

ပျားရည်မှာကော၊ သံပုယိုရည်မှာပါ ဘက်တီးရီးယားကာကွယ်ပေးတဲ့အစွမ်းသတ္တိတွေပါတဲ့အတွက် (၂) ခုပေါင်းလိုက်ရင် အစာအိမ်အတွက် အကောင်းဆုံးအားဆေးတစ်မျိုးပါ

သူဟာအစာအိမ်နဲ့ အူလမ်းကြောင်းထဲက ဘက်တီးရီးယားပိုးမွှားတွေကို သေစေရုံသာမက သံပုယိုသီးထဲမှာပါဝင်တဲ့ အက်ဆစ်ဓာတ်ကြောင့် အစာခြေခြင်းလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်

နောက်တစ်ခုကတော့ ပျား/ သံပုယိုရည်သောက်ခြင်းက သည်းခြေရည်ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပြီး ရှေ့လျှောက်အစာခြေမှု လုပ်ငန်းတွေကိုလည်း အထောက်အကူပြုပါတယ်

❌ NO Sugar
✅ အမျှင်ဓာတ်များတယ်
📥 ChatBox မှာအမြန်မှာယူလိုက်ပါ
#ကျန်းမာရေးနဲ့ညီညွတ်တဲ့ပျားရည်သံပုယို

ပျားရည်နှင့် သံပုရာသီးတို့ သောက်သုံးခြင်းမှ ရရှိနိုင်မည့် ကျန်းမာရေးအကျိုးပြုချက် (၇) ချက်😋🍯 ပျားရည်နှင့် သံပုရာသီးကို ရ...
06/11/2021

ပျားရည်နှင့် သံပုရာသီးတို့ သောက်သုံးခြင်းမှ ရရှိနိုင်မည့် ကျန်းမာရေးအကျိုးပြုချက် (၇) ချက်😋

🍯 ပျားရည်နှင့် သံပုရာသီးကို ရေခပ်နွေးနွေးလေးနဲ့ (သို့) ရေခပ်အေးအေးလေးနဲ့ မနက်ခင်းတစ်ခွက်လောက်သောက်မယ်ဆိုရင်တော့ အောက်ပါအကျိုးကျေးဇူး (၇) ချက်ကို ရရှိနိုင်ပါတယ်ရှင်

(၁) အစာကြေလွယ်ခြင်း

နေ့စဉ် ပျားသံပုရာရည်ကို သောက်သုံးခြင်းဟာ အစာချေဖျက်ခြင်းလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ ပျားသံပုရာရည်ကဆိုရင် အစာအိမ်မှ အက်ဆစ်ရည်နဲ့ သည်းခြေရည်တို့ကို ပိုမိုထုတ်လုပ်ပေးတဲ့အတွက် အစာခြေဖျက်ခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို လျင်မြန်စွာ ရရှိစေပါတယ်။ ပျားသံပုရာရည်က ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

(၂) ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

လေထုထဲရှိ အညစ်အကြေးများ၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ၊ စားသောက်နေထိုင်ပုံစနစ်များကြောင့် လူ့ခန္ဓာကိုယ်မှာ မမြင်နိုင်တဲ့ အဆိပ်အတောက်များ ရှိနေပါတယ်။ ပျားရည်နဲ့ သံပုရာရည်ကို ရေနွေးနွေးလေးနဲ့ သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် အသည်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ အရေပြားတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းမှ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၃) အသားအရည်ကို ကြည်လင်တောက်ပစေခြင်း

ပျားသံပုရာရည် နွေးနွေးလေးကို သောက်သုံးခြင်းက အသားအရည်ကို ကြည်လင်ဝင်းပစေရုံသာမက ဝက်ခြံထွက်ခြင်း၊ အဖုအပိန့်ထွက်ခြင်းတို့ကို သက်သာစေပါတယ်။ သံပုရာသီးကဆိုရင် အသားအရည်အတွင်းအပြင်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး သံပုရာရည်မှ ရရှိနိုင်တဲ့ citric acid က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က သံပုရာသီးကို အရေပြားပေါ်မှာတိုက်ရိုက်လိမ်းခြင်းကို ပြုလုပ်လေ့ရှိကြပြီး ထိုကဲ့သို့ပြုလုပ်ခြင်းက တစ်ချို့သော အသားအရည်တိုင်းအတွက် အဆင်မပြေပါ။ ဒါပေမဲ့ ရေနွေးလေးနဲ့ ပျားသံပုရာရည်ကို သောက်သုံးခြင်းကတော့ အန္တရာယ်မရှိဘဲ အသားအရည်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။

(၄) ကိုယ်ခံအားကောင်းမွန်စေခြင်း

ပျားရည်မှာဆိုရင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း၊ ဘတ်တီးရီးယားများကို ကာကွယ်ပေးတဲ့ အစွမ်းတွေရှိတဲ့အတွက် အဖျားနဲ့ တုပ်ကွေးများကို ကာကွယ်ပေးနိုင်တဲ့အပြင် allergies ဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ဖျားနာခြင်း၊ ရောဂါကူးစက်ခြင်းဖြစ်ပါက မြန်ဆန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။

(၅) အဆီများကိုလျော့ကျစေခြင်း

နေ့စဉ်နံနက်တိုင်း ပျားသံပုရာရည်ကို ရေနွေးပူပူလေးနဲ့သောက်သုံးခြင်းဟာ ဝမ်းမှန်စေပြီး ကိုယ်ခန္ဓာအဆိပ်အတောက်များကိုကင်းစင်စေရုံသာမကပဲ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီပိုများကိုပါ လျော့ကျစေပါတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေတဲ့အတွက်ကြောင့် တစ်နေ့လုံး ပေါ့ပါးလွတ်လပ်နေပြီး ကျန်းမာစေပါတယ်။

(၆) လည်ချောင်းနာခြင်းကို ကာကွယ်ပေးခြင်း

သံပုရာသီးက လည်ချောင်းထဲရှိ ချွဲ၊ သလိပ်များကို ကင်းစင်စေပြီး လည်ချောင်းတွင်းရှိ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားပေးတဲ့အတွက် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းတို့

ကို ကာကွယ်ကုသပေးနိုင်ပါတယ်။ ချောင်းဆိုနေပါက ပျားသံပုရာရည်နွေးနွေးလေးကို ဂျင်းလေးထည့်ပြီး သောက်ပါကလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၇) အားအင်တိုးစေခြင်း

ပျားရည်မှာ ဘတ်တီးရီးယားများကို ပိုးသတ်နိုင်တဲ့ အစွမ်းရှိတဲ့အပြင် အားအင်လည်းတိုးစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့အချိန်တွေမှာ သကြားနှင့် သကြားအစားထိုး အချိုဓါတ်အစား ပျားရည်သောက်သုံးခြင်းက အားအင်ကို ပြည့်ဝစေပြီး အကျိုးအာနိသင်ပိုရှိစေပါတယ်။

Crd.

ပျားရည်စစ်စစ်မှာယူလိုပါက
09953465624ကို ဖုန်းဆက်မှာယူနိုင်ပါပီ
တစ်ပုလင်းအပြည့် 10000ကျပ်ပါရှင့်

ပနး်နှမ်းပျားရည်ပြီးတော့ဒုတိယတစ်ခေါက် ဇီးပန်းပျားရည် စစ်စစ်တွေပြန်ရပါပြီပုလင်းကြီးတစ်ပုလင်း10000ပုလင်းပြား6000ဈေးနည်းနည်...
03/11/2021

ပနး်နှမ်းပျားရည်ပြီးတော့
ဒုတိယတစ်ခေါက်
ဇီးပန်းပျားရည် စစ်စစ်တွေပြန်ရပါပြီ
ပုလင်းကြီးတစ်ပုလင်း10000
ပုလင်းပြား6000
ဈေးနည်းနည်းတက်သွားတယ်။

ပျားရည်ကြက်ကြော်🍗🍗🍗🍽️🍽️
02/11/2021

ပျားရည်ကြက်ကြော်
🍗🍗🍗🍽️🍽️

🌻အစာရှာပျားများက ပန်းဝတ်ရည်များကို စုပ်ယူ စုဆောင်းလာပြီး ပျားများက ပျားရည်အဖြစ်သို့ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသော သဘာဝ...
01/11/2021

🌻အစာရှာပျားများက ပန်းဝတ်ရည်များကို စုပ်ယူ စုဆောင်းလာပြီး ပျားများက ပျားရည်အဖြစ်သို့ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသော သဘာဝ ပျားရည်စစ်စစ် ဖစ်ပါသည်...

🍯 ပျားရည်သက်သက်တွင်သာမကပဲ ကြိုက်နှစ်သက်ရာ အဖျော် ယမကာ, မုန့် အစားအစာ တို့ဖြင့်လဲ ရောစပ်သုံးစွဲနိုင်ပါသည်...

🐝 အကျိုးအာနိသင် 🐝

- ပျားရည် တဇွန်းသောက်ရုံဖြင့် စွမ်းအင် ၃၅ ကယ်လိုရီ ရရှိမည့်အပြင် ရုပ်ပျို အသက်ရှည် အဆင်းလှမည်

- ဗီတာမင်နှင့် အင်ဇိုင်းများကို ရရှိခြင်း

- ဗိုင်းရပ်စ် ပိုးမွှားများကို ကာကွယ်ပေးခြင်း

- အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

- သွေးလည်ပတ်မှုကို ကောင်းစေခြင်း

- ဝမ်းမှန် အူရှင်းစေခြင်း

- ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

- ကလေးများအတွက်လဲ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေပါသည်

ပုလင်းကြီး တဘူး - 11000ကျပ်
ပုလင်းသေး တဘူး - 6000ကျပ်

🚖 ရန်ကုန် မြို့တွင်း အိမ်ရောက်ငွေချေ Delivery Service ရှိပါတယ်ရှင်

🚌 နယ်မြို့များ ကားဂိတ်တင်ပေးပါတယ်
Crd

 #ပျားရည်စစ်စစ်လိုချင်သူများအတွက် ရှမ်းပြည်ဒေသပျားရည်စစ်စစ်100%အာမခံပါတယ်။ရန်ကုန် - မန်းလေးမြို့တွင်းအိမ်အရောက်ဝန်ဆောင်မ...
30/10/2021

#ပျားရည်စစ်စစ်လိုချင်သူများအတွက် ရှမ်းပြည်ဒေသပျားရည်စစ်စစ်100%အာမခံပါတယ်။

ရန်ကုန် - မန်းလေးမြို့တွင်းအိမ်အရောက်ဝန်ဆောင်မှုလုပ်ပေးပါတယ်။
အခြားမြို့များကိုလည်းလိုချင်သလောက်ကားဂိတ်မှတဆင့််ပို့ပေးပါတယ်။

🍯ကြက်သွန်ဖြူ ပျားရည်(550g)=7000 ကျပ္

🍯ပျားရည် ပုလင်းကြီးတစ်လုံး= 10000 ကျပ်
09953465624

🐝ပျားရည်စစ်စစ်ရပါမယ်ခင်ဗျာ🐝  #အသင့်ရှိ #💁‍♀️တစ်ပုလင်းမှ 10000ကျပ် ပါဘဲ (ဈေးတန်လို့မစစ်မှာမပူပါနဲ့နော် တန်တန်လေးနဲ့စစ်စစ်...
28/10/2021

🐝ပျားရည်စစ်စစ်ရပါမယ်ခင်ဗျာ🐝 #အသင့်ရှိ #

💁‍♀️တစ်ပုလင်းမှ 10000ကျပ် ပါဘဲ (ဈေးတန်လို့မစစ်မှာမပူပါနဲ့နော် တန်တန်လေးနဲ့စစ်စစ်လေးရစေချင်လို့ပါ🥰)

ပျားရည်၏ အသုံးဝင်ပုံများ
********************
(၁) အသားအရေကို နူးညံ့ ချောမွတ်လှပစေခြင်း
(၂) ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်း
(၃) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း
(၄) ဝက်ခြံများ ပျောက်ကင်းစေနိုင်ခြင်း
(၅) ဗောက်သေစေခြင်း
(၆) ဆံပင်ပြန်ပေါက်စေခြင်း
(၇) အစားအစာများတွင် ပျားရည်ထည့်၍
ချက်ပြုတ်နိုင်ခြင်း
(၈) ထိခိုက် ဒဏ်ရာများကို အနာကျက်မြန်စေခြင်း
(၉) အမာရွတ်များကို လျော့ပါး ပျောက်ကွယ်စေခြင်း
(၁၀) အပူလောင်ခြင်းအတွက်
အမြန်ဆုံးသက်သာစေခြင်း
(၁၁) ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ
ကာကွယ်ပေးခြင်း
(၁၂) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေခြင်း
(၁၃) စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
(၁၄) အရက်မူး ပြယ်စေခြင်း
မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။

" ပျားရည်အသုံးပြုပုံများ "

🔹ညအိပ်ယာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။

🔹ဝက်ခြံပျောက်ကင်းလိုပါက ၀က်ခြံနှင့် ပတ်ပတ်လည် အရေပြားပေါ်သို့ ပျားရည်သုတ်လိမ်းပါ ။ မိနစ် ၃၀ ခန့် ထားပြီးနောက် ရေနွေးနွေး နှင့် မျက်နှာသစ်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပါ။

🔹နှုတ်ခမ်းကွဲခြင်းများအတွက် ပျားရည်နှင့် နှုတ်ခမ်းကို မကြာခဏ သုတ်လိမ်းပေးပါ ။

🔹အသားအရည် ချောမွတ်စေရန် ပျားရည် နှင့် ခြေလက်၊ မျက်နှာ၊ လည်ပင်း အစရှိသည့် ချောမွတ်လိုသောနေရာများကို သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ ။ ပြီးမှရေချိုးပစ်ပါ။

🔹အပူလောင်ဒဏ်ရာများအတွက် ဂွမ်း(သို့) ပတ်တီးကို ပျားရည်စွတ်ပြီး ဒဏ်ရာပေါ် အုပ်ပါ။ အနာမကျက်မခြင်း တစ်နေ့ ၃ ကြိမ်ခန့် လဲလှယ်သင့်ပါတယ်။

🔹မနက်အိပ်ယာအထတွင် ပျားရည် တစ်ဇွန်းသောက်သုံးပါက အူလမ်းကြောင်းတစ်လျှောက် ပိုးမွှားများသေစေပြီး အူနံရံရှိ အကျိအချွဲများကို ရှင်းလင်းပေးနိုင်ပါတယ်။

🔹အရက်မူးနေပါက ပျားရည်ကို အမူးပြယ်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။

🔹ပင်ပန်းနွမ်းနယ်နေပါက ပျားရည် နှင့် သံပုရာရည်ကို ရောစပ်သောက်သုံးပါက နှလုံးငြိမ်စေပြီး အမောပြေစေပါတယ်။

🔹အစားမှားခြင်းအတွက် ရေနွေးထဲသို့ ပျားရည်ဇွန်းဝက်ခန့် ထည့်၍ သောက်သုံးပါက အစာအဆိပ်ပြေစေပါတယ်။

🔹လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊ အအေးမိခြင်းများအတွက် ရေနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။

#မူရင်းပို့စ်ပိုင်ရှင်အား Credit ပေးပါတယ်ခင်ဗျာ

#ပို့ခကတော့မြို့နယ်အလိုက်ရှိပါတယ်

#ပျားရည်

📲09953465624

📲09682086872

ရန်ကုန်မြို့။

28/10/2021

Happy Halloween ပျားရည်

ပျားရည်စစ်လား၊မစစ်လားပုံသာကြည့်ပါရှင့်😁
28/10/2021

ပျားရည်စစ်လား၊မစစ်လား
ပုံသာကြည့်ပါရှင့်😁

Address

Yangon

Alerts

Be the first to know and let us send you an email when ပျားရည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share