ဆု-Healthy Food

ဆု-Healthy Food Food for your health

BKK သို့ order လေး တဖြတ်🎉လိုသလောက် ယူပြီး ပြန်သိမ်းထားလို့ရအောင် ထုပ်ပိုးမှုပုံစံလေး ပြောင်းလဲပေးထားပါတယ်။ #ငါးခြောက်ဖုတ...
26/04/2025

BKK သို့ order လေး တဖြတ်🎉
လိုသလောက် ယူပြီး ပြန်သိမ်းထားလို့ရအောင် ထုပ်ပိုးမှုပုံစံလေး ပြောင်းလဲပေးထားပါတယ်။

#ငါးခြောက်ဖုတ် #ငါးရံ့ခြောက် #သဘာဝ #နေလှန်း #မီးသွေးဖုတ်

ရေချိုငါးရံ့ကို ကိုယ်တိုင်နေလှန်း မီးသွေးမီးဖိုနဲ့ ဖုတ်ထားတဲ့ အိမ်လုပ် ဆားပေါ့ ငါးရံ့ခြောက်ဖုတ် စစ်စစ် ရပါပြီရှင့်။💥💥💥ဓါ...
16/02/2025

ရေချိုငါးရံ့ကို ကိုယ်တိုင်နေလှန်း မီးသွေးမီးဖိုနဲ့ ဖုတ်ထားတဲ့ အိမ်လုပ် ဆားပေါ့ ငါးရံ့ခြောက်ဖုတ် စစ်စစ် ရပါပြီရှင့်။
💥💥💥ဓါတုဗေဒ ဆိုးဆေး/အချိုမှုန့်/ယမ်းစိမ်းများ လုံးဝ လုံးဝ သုံးစွဲထားခြင်းမရှိကြောင်း အာမခံဖြင့် ရောင်းချပေးပါသည်။💯💯💯
ဈေးနှုန်း(100g) - 13,500/-
မှာယူလိုပါက -☎️09 970218274 /
Page messenger သို့ဆက်သွယ်မှာယူနိုင်ပါတယ်။
ပြည်ပသို့ပို့မည့် order များ ကြိုတင်မှာယူ‌ေပးပါရန်။🙏🙏🙏
#ငါးရံ့ခြောက်
#ဆားပေါ့
#အိမ်ချက်

 #သင်္ကြန်စာ အုန်းနို့ကျောက်ကျော၊နို့သစ်ခွကျောက်ကျော၊သစ်ခွကျောက်ကျော။အချိုမကြိုက်တာရယ် ဆီးချိုရှိတဲ့ သူတွေပါ စား လို့ရအေ...
14/04/2024

#သင်္ကြန်စာ
အုန်းနို့ကျောက်ကျော၊နို့သစ်ခွကျောက်ကျော၊သစ်ခွကျောက်ကျော။
အချိုမကြိုက်တာရယ် ဆီးချိုရှိတဲ့ သူတွေပါ စား လို့ရအောင် သကြားကို product အညွှန်းမှာပါတာရဲ့ တဝက်ပဲသုံးထားပါတယ်။သန့်စင်ထားတဲ့သကြားဖြူကိုမသုံးဘဲ သဘာဝ သကြားအညိုကိုပဲ ကျန်းမာရေးနဲ့ညီညွတ်အောင် သုံးထားပါတယ်။

03/08/2023

#ကင်ဆာ ဝေဒနာရှင် များ ကော်ဖီ သောက်လို့ရပါသလား? ☕️☕️☕️☕️

- ရတာပေါ့ 👍👍👍👍

👉 အကောင်းဆုံးက #ကော်ဖီ မှုန့် အစစ် ကို နှပ်ပြီး နွားနို့လေးနဲ့ သောက်တာ ပေါ့

👉👉 #သကြား ရော ထည့်လို့ရလား - နည်းနည်း ထည့်ပေါ့ (သာမာန် လူလဲ နည်းနည်း ပဲ ထည့်ခိုင်းတာနော်…. ကင်ဆာ မို့လို့ သကြား မစားခိုင်းတာ ဘာညာ မဟုတ်ဘူး) (သကြားများရင် လူတိုင်းအတွက် မကောင်းတာ….)

👎👎👎 3 in 1 ဆိုရင်ရော …. #အာဟာရ ဆရာဝန် တယောက် အနေနဲ့ တော့ အရမ်းအားမပေးပါဘူး။

❌❌❌❌ အရေးအကြီးဆုံးကတော့ ဆေးသောက်ရင် ရေနှင့် သာသောက်ပါ။ ကော်ဖီ နဲ့ ဆေး တွဲသောက်တာမျိုး လုံးဝ မလုပ်သင့်ပါ။

#နှလုံးရောဂါ နှင့် ညည #အိပ်မပျော် တဲ့ ကင်ဆာဝေဒနာရှင် များလဲ သောက်ဖို့ အားမပေးပါဘူး။ ရှောင်သင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အိပ်မပျော် #ကော်ဖီ #ကင်ဆာ #အာဟာရ

22/07/2023

အချိန်ကြာကြာချက်ရင် အာဟာရ ဆုံးရှုံးလား

ကျွန်တော်တို့ အားနေ စိုးရိမ်နေတာ ရှိတယ် အဲ့တာ ကတော့ အချိန်ကြာကြာ ချက်ရင် အာဟာရဆွေ ဆုံးရှုံး သွားမှာ ပဲ ဆိုတာ

တကယ်ဆုံးရှုံးလား????

ဆုံးရှုံးတာပေါ့ ….

ဒါဆို ခဏလေးပဲ ချက်သင့်သလား????

အစားအသောက် နဲ့ ကိုယ် ကြိုက်တဲ့ ပုံစံပေါ်အများကြီးမူတည်ပါတယ်။

ဥပမာ - အသီး အရွက် ဆို ခပ်စိမ်းစိမ်းလေး စားတတ်ရင် ခပ်စိမ်းစိမ်းကြော်ပေါ့ (မကြော်ခင် ရေတော့ သေချာ စင်အောင်ဆေးပါ)။ တချို့ကျတော့လဲ နွမ်းနွမ်းလေး ကြိုက်ရင် နွမ်းနွမ်း ကြော်ပါ။ #ဗီတာမင် #သတ္တုဓါတ် တွေ ပို ဆုံးရှုံးနိုင်ပေမယ် သုံးလို့မရအောင် နည်းသွားတာမျိုးမှ မဟုတ်တာ။ အသီးအရွက် စားလို့ အမျှင်ဓါတ် ရတာကို က တော်တော်လေး ကောင်းနေပါပြီ။

အသား ဆိုရင်တော့ ဘာအသားမဆို ကျက်အောင် ချက်ဖို့ အလွန်အရေးကြီးပါတယ်။ #ပုဇွန် တကွေး၊ #ငါး တနွေး ဆိုပြီး အစိမ်းတောင်စားသေးတာပဲ မကျက်တကျက် ချက်မယ်ဆိုပြီး မချက်သင့်ပါ။ ကျက်အောင်ချက်လို့ ဗီတာမင် သတ္တုဓါတ်တွေ ဆုံးရှုံးလားဆို ဆုံးရှုံးပါတယ်။ ဒါပေမယ့် မကျက်တဲ့ အသားစားမိလို့ အစာအဆိပ်သင့်တာက အသက် အန္တရာယ် ပါရှိပါတယ်။

ဒါဆိုရင် စိတ်ချလက်ချ ကျက်အောင်ပဲ ချက်စားကြပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အသီးအရွက် #ဟင်းသီးဟင်းရွက် #အသား
Card to original

01/07/2023

လူကြီးတွေ ဘာလို့ ပဲစားသင့်သလဲ????

အသက်အရွယ်ရလာတာနှင့် အမျှ #လူကြီးတွေ မှာ #သွေးတိုး၊ #ဆီးချို၊ သွေးတွင်း #ကိုလက်စထရော တက်တာ စတာတွေ အဖြစ်များလာပါတယ်။ အဓိက က လည်း အစားအသောက်တွေ ပုံစံ မမှန်တော့လို့ပါ။

ဒါကြောင့် အာဟာရ ပြည့်ပြည့်ဝဝ နှင့် စနစ်တကျ ကျန်းမာရေး နှင့် အညီ စားသင့်ပါတယ်။ အာဟာရ ပြည့်ပြည့်ဝဝ စားဖို့အတွက်ဆိုရင် ပဲအမျိုးမျိုး ကလည်း မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာ တမျိုးပါ။

ပဲစားပေးခြင်းဖြင့်

1. သွေးတွင်း ကိုလက်စထရော ကျစေခြင်း - #အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကျစေကာ တခြားသော နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို ရောဂါ တွေကိုပါ တဖက်တလမ်းက ကာကွယ်ပေးပါတယ်။

2. ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဆီလီနီယမ် ဓါတ် ပါဝင်တဲ့ အတွက် ကြောင့် #ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီလီနီယမ် ဓါတ် က အစားအစာ တိုင်းမှာ ပါလေ့မရှိပါဘူး။ ဒါပေမယ့် ပဲ အမျိုးမျိုး မှာတော့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

3. အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ကြောင့် လူကြီးတွေ မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာ ကိုလည်း သက်သာစေပြီး၊ အူမကြီး ကင်ဆာ ဖြစ်ပွားမှု့ နှုန်း ကိုလည်း ကျဆင်းစေပါတယ်။

4. #သက်ကြီးရွယ်အို အများစု က ဝါးရတာ အဆင်မပြေတာရယ်၊ အနံ့ မခံနိုင်တော့တာရယ်ကြောင့် အသား၊ငါး သိပ်မစားဖြစ်တတ်ကြပါဘူး။ ဒါကြောင့် အသားဓါတ် (Protein) တွေ လည်း ချို့တဲ့လာတတ်ပါတယ်။ ဒီလိုမျိုး အသားဓါတ် ချို့တဲ့တာမျိုး မဖြစ်ရအောင် ပဲတစ်မျိုးမျိုး စားပေးသင့်ပါတယ်။

5. ဒီအပြင့် #ဗီတာမင် ဘီ ကြွယ်ဝတဲ့ အတွက်ကြောင့် မှတ်ဉာဏ်စွမ်းအား ချို့တဲ့လာ တာ ကိုလည်း တဖက်တလမ်း က လျော့နည်းစေနိုင်ပါတယ်။

6. ပဲတွေမှာ #သံဓါတ် ကြွယ်ဝတဲ့ အတွက် လူကြီးတွေ မှာ ဖြစ်တတ်တဲ့ သံဓါတ်နည်းပြီး သွေးအားနည်းတာ ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

အစားအသောက်‌ကောင်းတွေ မရောင်းဖြစ်တော့ပေမဲ့ 😒အစားအသောက်‌‌ကောင်းတွေတော့ စားဖြစ်နေတုန်းပါပဲ😝ခုတလော မင်မင် ခရီးသွားတုန်းက အစာ...
18/01/2023

အစားအသောက်‌ကောင်းတွေ မရောင်းဖြစ်တော့ပေမဲ့ 😒
အစားအသောက်‌‌ကောင်းတွေတော့ စားဖြစ်နေတုန်းပါပဲ😝
ခုတလော မင်မင် ခရီးသွားတုန်းက အစားအသောက်လေးတွေကို share ပေးချင်စိတ်ပေါက်လာလို့ နည်းနည်းလောက် share ခွင့်ပြုပါနော်🤗

အစားအသောက်‌ကောင်းတွေ မရောင်းဖြစ်တော့ပေမဲ့ 😒အစားအသောက်‌ ကောင်းတွေတော့စားဖြစ်နေတုန်းပဲ😝ပြင်ဦးလွင်သွားတော့ စားဖြစ်ခဲ့တဲ့ မလ...
14/01/2023

အစားအသောက်‌ကောင်းတွေ မရောင်းဖြစ်တော့ပေမဲ့ 😒
အစားအသောက်‌ ကောင်းတွေတော့စားဖြစ်နေတုန်းပဲ😝
ပြင်ဦးလွင်သွားတော့ စားဖြစ်ခဲ့တဲ့ မလိုင်ပေါက်စီလေး အရမ်းကောင်းလွန်းလို့ share ပေးချင်လာလို့ပါ🤗
Breakfast စားဖို့ ကားဆရာကိုအရင်တုန်းက မေမြို့လာလည်ရင် စားဖြစ်နေကြ လက်ဘက်ရည်ဆိုင်ကိုပို့ခိုင်းတော့ အခုအရင်လို လက်ရာမကောင်းတော့ဘူး အရမ်းစားကောင်းတဲ့ ဆိုင်လိုက်ပို့ပေးမယ်ပြောလို့ သူခေါ်သွားတဲ့ဆိုင်လိုက်သွားတော့ မလိုင်ပေါက်စီ အရမ်းကောင်းတယ်ပြောလို့ မစားဖူးလို့ စားကြည့်တာ ကိုယ့်လို အအီအစိမ့်မကြိုက်တဲ့သူတောင် ကြိုက်သွားတယ်။
မြင်တဲ့အတိုင်း အထဲက ဌာပနာကို မလိုင်တွေထည့်ထားတဲ့ အပြင်အပေါ်က မလိုင်ဖက်တွေ ထပ်ဆမ်းထားပေးသေးတယ်။ဘေးနားမှာ သီဟိုစေ့၊ဖရုံ‌စေ့နဲ့ စပျစ်ခြောက်တွေ ထည့်ထားတဲ့အပြင် နွားနို့တခွက်ပါ ပါ‌ပြီး အဲ့ဒီအပေါ်ကို ဆမ်းစားရပါတယ်ရှင်။
သူ့ရဲ့ အရသာကတော့ အီစိမ့်ပစ်လဲ ပါပဲ🤩
ပြင်ဦးလွင်‌ ရောက်ရင် စားကြည့်ဖို့မမေ့နဲ့နော်❤️

04/10/2022

မှတ်ဉာဏ်ကိုအထောက်အကူပြုမယ့် အစားအစာ ၉ မျိုး
--------------------

၁။ အဆီဓာတ်ကိုအခြေခံထားတဲ့ Salad Dressings များ

ဗီတာမင်အီး ပါဝင်မှုနှုန်းများတဲ့ အဆီဓာတ်ကို အခြေခံထားတဲ့ Salad Dressings တွေ၊ အစေ့တွေ၊ အခွံမာသီးတွေ၊ မြေပဲနဲ့ ဂျုံတို့ စားပါ။

၂။ ငါး

ဆော်လ်မွန်ငါး၊ တူနာငါး၊ ပလာတူးငါး စတဲ့ ငါးတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ Omega 3 ၊ Fatty Acids တွေနဲ့ Docosahexaenoic Acid(DHA) တွေ အပြည့်အဝ ပါဝင်ပါတယ်။ ဦးနှောက်မှာဆိုရင် DHA ဟာ အာရုံကြောရဲ့ ပုံမှန်လုပ်ငန်းစဥ်တွေကို အထောက်အကူပြုပါတယ်။

၃။ အစိမ်းရင့်ရောင် အရွက်များများပါတဲ့ ဟင်းသီးဟင်းရွက်များ

ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ပန်းမုန်လာတွေဟာ ဗီတာမင်အီးနဲ့ ဖောလစ်ဓာတ်ပါဝင်မှုနှုန်း မြင့်မားပါတယ်။

၄။ထောပတ်သီး

ထောပတ်သီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင်အီးအပြင် ဗီတာမင်စီပါဝင်မှုနှုန်းလည်း မြင့်မားတာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။

၅။ နေကြာစေ့

နေကြာစေ့အပါအဝင် အစေ့အဆံတွေဟာ ဗီတာမင်အီး ပါဝင်မှုနှုန်း မြင့်မားတဲ့အစားအစာတွေဖြစ်ပါတယ်။ နေကြာစေ့ တစ်အောင်စစားမယ်ဆိုရင် ဗီတာမင်အီး နေ့စဥ်လိုအပ်ချက်ရဲ့ ၃ဝ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပါတယ်။

၆။ မြေပဲနဲ့ မြေပဲထောပတ်

ဒီနှစ်မျိုးစလုံးဟာ အဆီပါဝင်မှု မြင့်မားပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပမာဏကိုသာ ဖြစ်ပေါ်စေပါတယ်။ နှစ်မျိုးလုံးမှာ ဗီတာမင်အီးပါဝင်တယ်။

၇။ ဝိုင်နီ

လေ့လာမှုတွေအရ ဝိုင်နီနဲ့ အရက်သောက်တာက အယ်လ်ဇိုင်းမားဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ လိုတာထက် ပိုသောက်မယ်ဆိုရင်တော့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေပါတယ်။

၈။ ဂျုံ

ဂျုံဟာ အမျင်ဓာတ်ပါဝင်မှုမြင့်မားပြီး အသီးအရွက်တွေ၊ အခွံမာသီး၊ အစေ့၊ သံလွင်ဆီ၊ ဝိုင်တို့နဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ဒီလိုစားသုံးမယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

၉။ ဘယ်ရီသီးများ

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီနဲ့ တခြားဘယ်ရီမျိုးနွယ် အသီးတွေဟာ အသက်အရွယ်ကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတာကို ထိန်းချုပ်ပေးပါတယ်။

01/10/2022

အမျိုးသမီးတွေကို အလိုလျှောက် ဝလာစေတဲ့
ဟော်မုန်း (၁၀) မျိုး
********************************

အမျိုးသမီးတိုင်း စိုးရိမ်လေ့ရှိတဲ့ ပြဿနာတစ်ခုက
အလွန်အမင်း ဝလာမှာကို စိုရိမ်ကြတာပါ။ ဝလာခြင်းရဲ့ အဓိကအကြောင်းရင်းက ဟော်မုန်းမညီမျှမှုကြောင့်လို့ ဆိုကြပေမယ့် ဟော်မုန်းမညီမျှရခြင်းရဲ့ အဓိက
အကြောင်းတရားက စားသောက်မှုပုံစံ၊ မကျန်းမာတဲ့
အလေ့အထတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ
ကြောင့်ပဲ ဖြစ်ပါတယ်။ဟော်မုန်းရဲ့ အဓိကလုပ်ဆောင်
ချက်က သင့်ရဲ့အစာစားချင်စိတ်ကို ထိန်းညှိပေးခြင်း၊
ဇီဝဖြစ်ပျက်မှုကြိမ်နှုန်း၊ ရေဓါတ်ထိန်းသိမ်းခြင်း
ရုပ်ပိုင်းစိတ်ပိုင်းလှုပ်ရှားမှုနဲ့ အခြားအရာတွေကို
လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန်ပြောင်းလဲခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်
တွင်းမှာ ဓါတုပစ္စည်းတွေ မညီမျှမှုကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကိုမရည်ရွယ်ပဲနဲ့
အလိုလျှောက် ဝလာစေတဲ့ ဟော်မုန်း ၁၀ မျိုးရှိပါ
တယ်။

၁။ Estrogen

အက်စ်ထရိုဂျင် လို့ခေါ်တဲ့ အမျိုးသမီးလိင်ဟော်မုန်း
ဟာ ရာသီစက်ဝန်းကိုထိန်းချုပ်ဖို့အတွက်ပဲမဟုတ်ပါဘူး။
မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်၊ စိတ်ပိုင်း
ဆိုင်ရာစွမ်းရည် နဲ့ အိပ်စက်ခြင်းတွေကိုပါ ပြောင်း
လဲနိုင်စွမ်းရှိပါတယ်။ အဆိုပါဟော်မုန်းနည်းပါးလာ
တာနဲ့အမျှ စိတ်အပြောင်းအလဲမြန်ခြင်း၊ ပူအိုက်ခြင်းနဲ့ ခါးပတ်လည်အဆီစုခြင်းတွေကို ဖြစ်ပေါ်လာစေပါ
တယ်။

၂။ Thyroid hormone

Thyroid hormone ဟာThyroidဂလင်းတွေကတဆင့် thyroxine, triiodothyronine
ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ထုတ်ပေးပြီး ကိုယ်အပူချိန်၊
ဇီဝဖြစ်ပျက်မှု ဦးနှောက်ကျန်းမာရေး အစားခြေစနစ
်တွေအတွက် လုပ်ဆောင်ပေးပါတယ်။ လှုပ်ရှားမှုနည်းပါးတဲ့အချိန်တွေမှာ အဆိုပါဟော်မုန်းဟာ နည်းပါး
လာပြီး ကိုယ်အလေးချိန်တိုးမှု၊ စိတ်ပိုင်းဆုတ်ယုတ်မှု၊ အအေးဒါဏ်မခံနိုင်မှုနဲ့ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်လာစေ
ပါတယ်။

၃။ Cortisol

သင်စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်ရဲ့adrenal
ဂလင်းတွေကနေတဆင့် ခန္ဓာကိုယ်ခုခံနိုင်မှုယန္တရားနဲ့ မကောင်းတဲ့စိတ်ခံစားချက်တွကနေ ကာကွယ
်ပေးနိုင်ဖို့ အဆိုပါဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်
ဒါပေမယ့် မကောင်းတဲ့စိတ်ခံစားချက်တွေ ကြာရှည်ခံစားရရင်တော့ အဆိုပါဟော်မုန်းဟာ တိုးပွားလာပြီး
ရလာဒ်ကတော့ အစားပိုစားလာမှုနဲ့ အဆီတက်လာမှု
ကို ဖြစ်စေပါတယ်။

၄။ Insulin

အစားအစာတွေကနေတဆင့် သကြားဓါတ်ကို
သင်စားသုံးတဲ့အခါ သင့်ရဲ့သွေးက လျှင်မြန်စွာစုပ်
ယူပါတယ်။ သွေးထဲမှာ ဂလူးကိုစ့် ပမာဏ တိုး
လာတာနဲ့အမျှ သင့်ရဲ့ pancreas မုန့်ချိုအိတ်က
အင်ဆူလင်ဆိုတဲ့ ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ် အဆိုပါဟော်မုန်းဟာ သွေးတွေထဲမှာရှိတဲ့ သကြား
ဓါတ်ကို ဆဲလ်တွေဆီကို ပိုဆောင်ပေးပါတယ်။ ဆဲလ်တွေကနေတဆင့် ဂလူးကိုစ့်တွေကို ကိုယ်ခန္ဓာလုပ်ငန်း
စဉ်တွေအတွက် စွမ်းအင်အဖြစ်အသုံးပြုပေးပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံမှာ သကြားဓါတ်မြင့်မားလာ
တာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေဟာ ဂလူးကိုစ့်ကို ခံနိုင်ရည်ရှိလာကြပါတယ်။ ဒီအချိန်မှာ အဆိုပါ
ဟော်မုန်းဟာ အစားအစာတွေမှာပါတဲ့ ဂလူးကိုစ့်ကို
ဆဲလ်တွေဆီသို့ ပို့ဆောင်ပေးနိုင်စွမ်းမရှိတော့ပါဘူး။
မုန့်ချိုအိတ်ကလည်းး ဆဲလ်တွေအတွက် အာရုံခံစား
နိုင်စွမ်း မရှိတော့ပဲ အင်ဆူလင်တွေကို ပိုပိုပြီးထုတ်
လွှတ်ပေးလာပါတယ်။ အင်ဆူလင်ဟော်မုန်း ပမာဏ
မြင့်မားလာတာနဲ့အမျှ အဝလွန်ခြင်းကို ဖြစ်လာပါ
တော့တယ်။

၅။ Testosterone

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အတွက် အမျိုးသားတွေရဲ့ မျိုးပွားဟော်မုန်းပမာဏအနည်းငယ်ကိုဖန်တီးတာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ပြဿနာက တခါတစ်လေမှာတော့ အဆိုပါ Testosterone ဟော်မုန်းကို အလွန်
အကျွံထုတ်လုပ်မိတာပါ။ အမျိုးသမီးတွေရဲ့သားအိမ်
က အဆိုပါအမျိုးသားဟော်မုန်းကို အများအပြားထုတ်လွှတ်ပေးတဲ့အခါ အသံသြလာပြီး အင်ဆူလင်ခံနိုင်
ရည်ပိုရှိလာတောကြောင့် ဝလာစေပါတယ်။

၆။ Leptin

သင်စားပြီးလို့ ဗိုက်ပြည့်တဲ့အခါ အဆီဆဲလ်တွေက Leptin ဟော်မုန်းကို ဖြစ်ပေါ်စေပြီး အစားစားခြင်း
ကိုရပ်တန်းဖို့ ဦးနှောက်ကို အသိပေးပါတယ်။
တကယ်လိုဒီယန္တရားဟာ အလုပ်မလုပ်တဲ့အခါ
ကိုယ်ခန္ဓာမှာ ပေါင်ချိန်တွေတိုးလာစေပါတယ်။

၇။ Ghrelin

Ghrelin ဟော်မုန်းဟာလည်း အစားစားချင်စိတ်ကို ထိန်းညှိပေးတဲ့ အခြားဟော်မုန်းတစ်ခုဖြစ်ပါတယ်။
တကယ်လို့ သင့်ဗိုက်ထဲမှာဘာမှမရှိတဲ့အခါGhrelin ပမာဏ ပိုများလာပြီး ဆာလောင်မှုကို ဖြစ်စေပါတယ် အစားအစာတွေကို ပုံမှန်နှုန်းနဲ့ စားတဲ့အခါGhrelin ထုတ်လုပ်မှုကို လျော့ချပေးပါတယ်။ တချို့အဝလွန်
သူတွေမှာဆိုရင် အစားကိုများပြားစွာစားပြီးတာတောင်
မှ Ghrelin ထုတ်လုပ်မှုမြင့်မားနေဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့ဗိုက်ပြည့်ချိန်ဟာ ခဏပါပဲ။

၈။ Neuropeptide Y

စိတ်ဖိစီးမှုဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဓါတု
အချိုးမကျမှုကို သိသိသာသာဖြစ်လာစေပါတယ်။
အစားစားချင်စိတ် တိုးပွားနေတဲ့အချိန်နဲ့ အချိုတွေကို
ပိုစားတဲ့အချိန်တွေမှာဆိုရင် Neuropeptide Y
ထုတ်လုပ်မှုအလွန်အကျွံဖြစ်လာစေပါတယ်။

၉။ Melatonin

ကောင်းစွာအိပ်စက်ခြင်းဟာ ဝိတ်ချဖို့အတွက်
ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အိပ်ပျော်နေတဲ့ အချိန်တွေမှာ သင့်ရဲ့ခန္ဓာကိုယ်က Melatonin နဲ့ ကြီးထွားဖွံ့ဖြိုးစေတဲ့ ဟော်မုန်း
တွေကို ထုတ်လွှတ်ပေးပြီး အားပြည့်ဖို့နဲ့ ဇီဝဖြစ်ပျက်မှုပမာဏကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
နေ့စဉ် ၇နာရီထက်ပိုနည်းအောင်အိပ်တဲ့အခါ
အဆိုပါစည်းချက်ညီမှုဟာ ချို့ယွင်းသွားပြီး Melatonin မျိုးဆက်ကိုထိခိုက်စေတာကြောင့်
ရောင်ရမ်းမှုနဲ့ အဝလွန်မှုပြဿနာတွေကို ဖြစ်လာစေ
ပါတယ်။

၁၀။ Serotonin

Serotonin ကတော့ဟော်မုန်းမဟုတ်ပဲ
အာရုံကြောဆိုင်ရာ လုပ်ဆောင်ပေးတဲ့ ဓါတ်တမျိုး
ဆိုရင် ပိုမှန်ပါလိမ့်မယ်။၎င်းဟာ ဦးနှောက်ဆဲလ်
တွေဆီကို အချက်ပြမှုတွေ ပိုဆောင်ပေးပြီး
ခံစားချက်၊ အိပ်စက်ခြင်း၊နာကျင်မှုနဲ့ အစားစားချင်စိတ်ကို ထိန်းညှိပေးပါတယ်။ တကယ်လို့ သင်မှာစိတ်ဓါတ်ကျမှုတွေရှိနေပြီး ဗီတာမင်ချို့တဲ့တဲ့အခါမှာ Serotonin ပမာဏကျဆင်းသွားပြီး
အိပ်မပျော်ရောဂါ၊ အစားမတရားစားခြင်း၊
နာတာရှည်နာကျင်မှု စတာတွေဖြစ်လာပါတော့တယ်။

မူရင်းအားCreditပေးပါတယ်

21/08/2022

ဈေးမရောင်းဖြစ်ပေမဲ့ ဆုတို့ရဲ့ customer လေးတွေကို knowledge လေးတွေမျှဝေပေးခြင်တာကြောင့် အခုတလော အဖြစ်များနေတဲ့ သိုင်းရွိုက်ရောဂါ အကြောင်း sharing လုပ်ပေးချင်ပါတယ်ရှင့်☺️
#သိုင်းရွိုက်
Thyroid gland ( သိုင်းရွိုက်ဂရင်း ) စွမ်းအင်အတွက်အရေးကြီးတဲ့ လည်ပင်းက လိပ်ပြာပုံစံ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တယ်။ သိုင်းရွိက်ဂရင်းကနေ သိုင်းရွိုက်ဟိုမုန်းတွေထုတ်ပေးပါတယ်။

Thyroid stimulating hormone ( TSH ) က သိုင်းရွိုက်ဟိုမုန်း အလုံအလောက်ထုတ်ပေးဖို့ တာဝန်ယူရတဲ့ ဟိုမုန်းဖြစ်ပြီး pituitary လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခုက ထုတ်ပေးပါတယ်။

သိုင်းရွိုက်ဟိုမုန်း T3 ကို Triiodothyronine လို့ခေါ်တယ်။ သိုင်းရွိုက်ဟိုမုန်း T3 က ကိုယ်ခန္ဓာအတွက် စွမ်းအင်ကို ထုတ်ပေးဖို့အဓိကကူညီတယ်။

သိုင်းရွိုက်ဟိုမုန်း T4 ကိုThyroxine လို့ခေါ်တယ်။ သိုင်းရွိုက်ဟိုမုန်း စုစုပေါင်းရဲ့ ၈၀ % ရှိတယ်။ သိုင်းရွိုက်ဟိုမုန်း T4 က prohormone ဖြစ်ပြီး သိုင်းရွိုက် ဟိုမုန်း တာဝန်ကို ထမ်းဆောင်ဖို့ T4 ကနေ T3 ပြောင်းပေးရပါတယ်။

သိုင်းရွိုက်ဟိုမုန်း T4 ကနေ T 3 ကို အသည်း နှင့် အူလမ်းကြောင်းပြောင်းပေးပါတယ်။ Zinc , selenium , iron တို့က ကူညီပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟိုမုန်းနည်းသူတွေက zinc , selenium , iron ကြွယ်ဝစွာ ပါသော အစာတွေကို စားပေးသင့်တယ်။

T3,T4, TSH ပုံမှန် ဖြစ်ပြီး ရောဂါလက္ခဏာလည်း မရှိတဲ့ သိုင်းရွိုက် ကို ကျန်းမာတဲ့ သိုင်းရွိုက်( euthyroid ) လို့ ခေါ်ပါတယ်။

သိုင်းရွိုက် ဟိုမုန်း လျော့နည်းပြီး ၎င်းရဲ့လုပ်ငန်းတာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်တဲ့အခြေအနေကို Hypothyroidism ( ဟိုက်ပို သိုင်းရွိုက် ) လို့ခေါ်တယ်။

ဟိုက်ပို သိုင်းရွိုက်ရောဂါကြောင့် ( ၁ ) မောပန်းနွမ်းနယ်ခြင်း၊ ( ၂ ) ကိုယ်အလေးချိန်တက်လာခြင်း ၊ ၃ ) မျက်နှာ ဖောသွပ်သွပ်ဖြစ်ခြင်း၊ ( ၄ ) အအေးဒဏ်မခံနိုင်ခြင်း၊ ( ၅ ) အဆစ်အမြစ်ကြွက်သား နာကျင်ခြင်း ( ၆ ) ဝမ်းချုပ်ခြင်း၊ ( ရ ) အသားအရေ ခြောက်သွေ့ခြင်း ၊ ( ၈ ) ဆံပင်ခြောက်သွေ့ခြင်း၊ ဆံပင်ပါးခြင်း ၊ ( ၉ ) ချွေးထွက်နည်းခြင်း ( ၁၀ ) ဓမ္မတာများခြင်း နှင့် မမှန်ခြင်း ( ၁၁ ) သားသမီးမရခြင်း ( ၁၂ ) စိတ်ဓာတ်ကျခြင်း၊ ( ၁၃ ) နှလုံးခုန်နှေးခြင်း ( ၁၄ ) လည်ပင်းကြီးခြင်းတွေဖြစ်နိုင်တယ်။

သိုင်းရွိုက် ဟိုမုန်း များနေပြီး ၎င်းရဲ့လုပ်ငန်းတာဝန်ကို လိုတာထက်ပိုပြီးလုပ်ဆောင်နေတဲ့အခြေအနေကို Hyperthyroidism ( ဟိုက်ပါ သိုင်းရွိုက် ) လို့ခေါ်တယ်။

ဟိုက်ပါ သိုင်းရွိုက်ရောဂါကြောင့် ချွေးထွက်လွန်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုမြန်ခြင်း၊ လက်တုန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းနွယ်နယ်ခြင်း၊ အာရုံစိုက်၍ မရခြင်း၊ ရာသီမမှန်ခြင်း၊ ဆံပင်ကျိုးလွယ်ခြင်း၊ အိပ်မပျော်ခြင်း တွေဖြစ်နိုင်တယ်။

ဒေါက်တာဖြိုးမောင်မောင်

20/08/2022

ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့အချိန်မို့ ဆု တို့ရဲ့ Page ‌လေးကို ဆက်လက် run ဖို့အဆင်မပြေတော့လို့ ရပ်ထားခဲ့တာကြာပါပြီ။လာလာမေးကြ မှာကြတဲ့ customer တွေကို ငြင်းလွှတ်ရတာလည်း အရမ်းကို အားနာရပါတယ်ရှင်။
အဆင်ပြေတဲ့တနေ့ကြရင် ပြန်အားပေးဖို့လည်း မျော်လင့်လျက်ပါရှင့်
အားပေးမှုတိုင်းအတွက်ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏
#ဆုကြက်ပေါင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဆု-Healthy Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share