09/09/2026
၉.၉.၂၀၂၆ (ဗုဒ္ဓဟူးနေ့) ဒီနေ့လေးကတော့ နဝင်းဓာတ် အရမ်းကောင်းမွန်တဲ့ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေး ဖြစ်တာကြောင့် မိမိတို့ နှစ်သက်ရာ ဂုဏ်တော်များကို (၉) ခေါက် ပွားများအားထုတ်နိုင်ကြပါတယ်ရှင့်။
ကျမကတော့ ဒီနေ့လေးမှာ ပဋ္ဌာန်းဒေသနာတော်နှင့် မဟာသရဏဂုံ ဂုဏ်တော်ကြီးကို စိတ်ကြည်လင်ချမ်းမြေ့စွာဖြင့် ရွတ်ဖတ်ပူဇော်ပြီးပါပြီ။
ပြုပြုသမျှ မြတ်ကုသိုလ်အဖို့ဘာဂများကို မိတ်ဆွေအပေါင်းအားမျှဝေလိုက်ပါတယ်ရှင့်။ ထပ်တူညီမျှ ကုသိုလ်ရရှိကြပြီး ယနေ့တစ်နေ့တာ လုပ်ဆောင်သမျှ ကိစ္စအဝဝ အဆင်ပြေချောမွေ့ကြပါစေကြောင်း မေတ္တာပို့သဆုတောင်းပေးလိုက်ပါတယ်ရှင့်။🙏🏻🙏🏻🙏🏻