Aung Myo Thwin ကျောက်စိမ်းရောင်းဝယ်ရေး / ဖားကန့်ရတနာမြေသို့/09796166664 ?

  • Home
  • Myanmar
  • Yangon
  • Aung Myo Thwin ကျောက်စိမ်းရောင်းဝယ်ရေး / ဖားကန့်ရတနာမြေသို့/09796166664 ?
15/12/2025
19/11/2025
မှော်ထဲ သွားချင်တယ်လို့ ပြောတဲ့ ကျောက်ဝါသနာရှင် ညီလေးတို့ရေ မှော်ထဲမှာ ကျောက်ကောင်းတစ်လုံးရဖို့ လွယ်တယ် မထင်ပါနဲ့ ယခု ပု...
13/05/2025

မှော်ထဲ သွားချင်တယ်လို့ ပြောတဲ့ ကျောက်ဝါသနာရှင် ညီလေးတို့ရေ မှော်ထဲမှာ ကျောက်ကောင်းတစ်လုံးရဖို့ လွယ်တယ် မထင်ပါနဲ့ ယခု ပုံထဲက ရေမဆေးသမားတွေဘယ်လောက်များလဲ ကြည့်ထားပါ ကျောက်ကောင်းက ခန ထားအူး ကျောက်မျိုးတစ်လုံးရဖို့တောင်မလွယ်ဘူး ညီတို့ရေ
နောက်တစ်ချက်က မှော်ထဲက မူးယစ်ဆေးပေါတော့ကွာ စိတ်ထိန်းနိုင်မှ တော်ကာကြမယ် မှော်ထဲက တော်တော်များများ မူးယစ်ဆေးစွဲကြတာက အလုပ်ပင်ပန်းတာရယ် မိသားစုနဲ့ဝေးတော့
ေစိတ်လေတယ် နောက်ပြီး ကိုယ်တက်လာတုန်းက ထင်ခဲ့တာက ဒီလောက်ပင်ပန်းဆင်းရဲမယ်မထင်ခဲ့တာရယ် လုပ်တိုင်းမဖြစ်လို့စိတ်ညစ်တာရယ် ကျောက်ကောင်းလို့ ထင်ရတဲ့ကျောက်က
မကောင်း၊ မကောင်းဘူးထင်တဲ့ကျောက်ကကောင်းပြီး သူများစားသွားလို့ စိတ်ညစ်တာကတမျိုး ဒီလိုတွေ ကြောင့်စိတ်ထွက်ပေါက်ရှာရင်းနဲ့
တခါတလေနဲ့ ဘာမှ မဖြစ်ပါဘူးလေ ဆိုပြီ မူးယစ်ဆေးစမ်းသုံးမိတာက စပြီး အစရှိ တနောင်နောင်ဆိုသလို မူးယစ်နွံထဲနစ်ပြီး အိမ်မပြန်နိုင်ပဲ လမ်းဘေးသေတဲ့သူတွေ အများကြီး ညီရေ
နောက်ပြီး ကျင်းပြိုတာ ရေကန်ပေါက်တာ နွံကန်ပေါက်တာ ကျန်တဲ့ အန္တရယ်တွေလဲအများကြီးပေါ့
ကျောက်စိမ်းဆိုတာ လွယ်လွယ်မရဘူး 💰ကျောက်ဆိုတာ နာမည်ပါလာပီးသာပါ 💸
ညီအကိုတို့ရေ ဒါကြောင့် ဖားကန့် သွားချင်တဲ့ ကျောက်ဝါသနာရှင်ညီလေးတို့ရေ ဖားကန့်သွားပြီ ကျောက်သွားရှာမယ်ဆိုရင် နိုင်ငံရေးတွေကောင်းမှသွားတာ ကောင်းပါတယ်လို့ စေတနာဖြင့်အကြံပေးလိုက်ပါတယ် ညီတို့ရေ...........အစစ အရာရာ ဂရုစိုက်ကြပါ မှော်ထဲက ညီကိုတို့ရေ...... — at ကချင်ပြည်နယ်/ဖားကန့်.

Crd

***ကျောက်လောကထဲ ဝင်မယ်ဆို******သင်ကျောက်သမားတယောက် ဖြစ်လိုပါသလားလွယ်ပါသည် သို့သော် သင်ဝါသနာပါဖို့တော့ လိုပါသည် ပါရမီပါဖိ...
21/04/2025

***ကျောက်လောကထဲ ဝင်မယ်ဆို***

***သင်ကျောက်သမားတယောက် ဖြစ်လိုပါသလားလွယ်ပါသည် သို့သော် သင်ဝါသနာပါဖို့တော့ လိုပါသည် ပါရမီပါဖို့လဲ လိုပါသည် ဒါတွေမပါဘဲနှင့်တော့ သင်ကျောက်သမားတယောက် မဖြစ်နိုင်ပါ ဝါသနာနှင့်ပါရမီ ပါလျှင်ဖြစ်ပြီ။

***ဝါသနာ ပါရုံနဲ့ ကျောက်လုပ်စား လို့တော့ မရသေးပါ ကျောက်လောကကြီးက သင့်ကို မူကြိုတန်းအဖြစ် လက်ခံလိုက်ခြင်းမျှသာပါ အဲဒီကနေ တဆင့်ပြီးတဆင့် သင် အတွေ့အကြုံပေါင်း များစွာသင်ကြားရပါလိမ့်မယ် သင်ပေါင်းသင်း ဆက်ဆံတဲ့နယ်ပယ်က သူတွေဟာ မင်းရဲ့ဆရာတွေ‌ပေါ့။

***အဲဒီနေရာမှာ မင်း သန်ရာသန်ရာ လေ့လာလိုက်စားပါ ကျားတောထဲက သမင်တကောင်လို ပြေးဖို့လည်းပြင် အစာလည်စား မင်အနားကဟာတွေက ဆွဲစားသွားတတ်လို့ပါ ပြေးရင်း သွားရင်း
စားရင်းနဲ့ အတွေ့အကြုံတွေသင်ကြား ကျောက်လောကသားတွေအကြောင်း ကောင်းကောင်းသိရင်
မင်းပါရမီပါမယ် ထင်တဲ့ လိုင်း တလိုင်း လိုင်းထဲ ဝင်နွှဲလို့ ရပြီပေါ့။

***ဘယ်အလုပ်ဖြစ်ဖြစ် အောက်ခြေကစတာကောင်းတယ် မင်းက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်ကျက်စားရင် ပွဲစားလေးလုပ်ပေါ့ ကိုယ်ရွေးလိုက်တဲ့ ကိုယ့်ဝန်းကျင်က ဘာဂွင်တွေလုပ်စား တာလည်း အနဲဆုံးတော့သိမယ်။

*** ပုတီးလား ပန်းပုလား အချပ်လား အပွင့်လားအတစ်လား လက်ကောက်လား ဂွင်လား လုံးစွတ်လား အရေလား ဖြတ်သားလား ဖြတ်ရှုံးလား နန်းကျန်လား ဖြတ်ရှုံးပြန်လုံးလား အကျန်အဖန်လား အမှန်အကန်လား ဒီအခြေခံ လုပ်စားကြတဲ့ အထဲ မင်းဝင်နွဲလိုက် အုံးပေါ့ ဒါကို ဘောလုံးလိုပြောရင် ဂျူနီယာတန်း ခြေဝင်စမ်းရတဲ့ သဘော မင်းအစွမ်းနဲ့ သဘာက စီနီယာ ဖြစ်ခွင့်ရဖို့စွမ်းဆောင် ပေးလိမ့်မယ်။

***ဘဝတခုတည်ဆောက်တဲ့အခါ နေသားတကျဖြစ်ဖို့ အချိန်ကုန်မယ် ကိုနုံရင် နုံသလို ငွေပါထပ်ကုန်မယ် အဲဒီအခါမှ အတွေ့အကြုံ ရင့်ကျက်တဲ့ ကျောက်သမားဘဝကို ရမှာပါ ဒါဆို စီနီယာဖြစ်ပြီ
ကိုယ်လုပ်မဲ့ လိုင်းကို ပိုင်ပိုင််နိုင်နိုင် ဂရုစိုက် လုပ်ပါ
ဟိုဟာဟုတ် နိုးနိုး ဒီဟာဟုတ် နိုးနိုး ရိုးရိုးမလုပ်ရင်တော့ ကျားဆွဲတာ ခံရတတ်တယ်။

***ကျောက်စိမ်း လောကကြီးဟာ လိုင်းခွဲပေါင်းများစွာရှိလို့ ဂျူနီယာဘဝ အတွေ့အကြုံယူကတည်းက
ကိုယ်ဝါသနာပါရာ စိတ်တိုင်းကျ ရွေးချယ်ကြပါ နေရာ ဒေသ အလိုက် မှော်ထည်း ကလူနဲ့ မန္တလေးကလူ မူတော့ကွဲမယ်ပေါ့။

***မှော်ထဲကကျောက်သမား ပွဲစားကစချင်စမယ် မြေစာပုံပြေးပြီး ရေမဆေးက စချင်စမယ် မန္တလေးက ကျတော့ ဖြတ်ရူံးပြန်လုံး အကျန်အဖန်လေးနဲ့စချင်စမယ် ပွဲစားဖြစ်ဖြစ် တနန်းဖွင့် လက်ကောက်သား အချပ်သမားဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။

***အချိန်ရယ် ငွေရယ် သဘာရယ် ရှိသွားရင်တော့ အပြောကျယ်လှတဲ့ ကျောက်စိမ်းနယ်ပယ်မှာ အပေါင်းအသင်းကောင်းသာ ရှာပါတော့ ဟိုလိုင်းဒီလိုင်း ဘာပေတန်တွေနဲ့မှ တိုင်းစရာမလိုတော့ပါဘူးကြီးကြီးဖြစ်စေ သေးသေးဖြစ်စေ လက်လှမ်မှီသွားပြီမို့ ကျောက်စိမ်းအကြောင်း ကောင်းကောင်းသိနေပြီပေါ့ အဲလိုအချိန်က ကျောက်ပေါပြီး မိတ်ကောင်းဆွေကောင်း ရှားတဲ့ကာလပါ။

***တကယ်တော့ ကျောက်လောကမှာ အလိုအပ်ဆုံး အရာဟာ ငွေက အဓိက မဟုတ်တော့ဘူး ရိုးသားမှု့ နဲ့သူငယ်ချင်းကောင်း ပါ တဦးအပေါ် တဦး အပြန်အလှန် ယုံကြည်ရသော သစ္စာ ရှိသော ရလိုမှု့နည်းပြီး ဝါသနာကို အရင်းခံသော သူငယ်ချင်းကောင်း မိတ်ဆွေ ကောင်းပါဘဲ။

***ကျောက်လုပ်ပြီး ပျော်ပျော် နေချင်ရင်ရိုးသားပါ
‌ဆင်းရဲတာ ချမ်းသာတာ ကံတရားက စီမံပေးပါလိမ့်မယ် စိတ်ကောင်းလေးတခုက သင့်ဘဝကို လှပစေမှာ အမှန်ပါ မိမိဘဝ ရေငုတ်ကျင်းခောတ် ကတည်းက ကျောက်ဝယ်ရောင်း လုပ်ခဲ့တာ အလိမ် အညာမပါခဲ့ဘူး။

***ယနေ့အထိလည်း ကျောက်လုပ်ဆဲပျော်ပျော်ပါးပါးဘဲ စည်းစိမ် ဥစ္စာဆင်းရဲ ချမ်းသာဆိုတာ အတိတ်ကံ အကြောင်း တရားတွေလည်း ပါတယ် မဟုတ်လား လက်ရှိဘဝမှာ စိတ်ချမ်းသာ ဖို့ကလည်း အရေးကြီးတာဘဲမဟုတ်လား စိတ်ချမ်းသာ အောင်သာ နေသွားကြ စမ်းပါဗျာ။

*ဥစ္စာ ကံပေး မရသေး နှောင့်နှေး ဗျာပါ မရှိရာ*

Photo.Credit. (ကိုစံမြန်မာ)

ကျောက်နဲ့ပတ်သက်တဲ့စာပေဗဟုသုတများကို
မကြာမကြာ တင်ပေးမှာမို့ ပေ့စ်လေးမှာ like and shareလေးလုပ်ပေးပါလို့
copy SLW
CRD

အချောထည်ထပ်ထုတ်ရင်သုံးဖို့ဒီဇိုင်းလေးတွေသိမ်းမယ်ဗျာCrd
01/03/2025

အချောထည်ထပ်ထုတ်ရင်သုံးဖို့ဒီဇိုင်းလေးတွေသိမ်းမယ်ဗျာ
Crd

ကျောက်စိမ်းဂဏန်း စားကြပါဦး။စားမယ့်သူများ မန့်ပေးပါ😁😁😁Photo ** Crd
24/02/2025

ကျောက်စိမ်းဂဏန်း စားကြပါဦး။

စားမယ့်သူများ မန့်ပေးပါ😁😁😁

Photo ** Crd

ကျောက်စိမ်းအစစ်ဟုတ်မဟုတ်ဆန်းသပ်စစ်ဆေးရန်နည်းလမ်းများ...မိမိဝယ်ယူမည့်ကျောက်သည် ကျောက်စိမ်းအစစ် ဟုတ်သည်မဟုတ်သည်ကိုဆန်းစစ်ရ...
19/02/2025

ကျောက်စိမ်းအစစ်ဟုတ်မဟုတ်ဆန်းသပ်စစ်ဆေးရန်နည်းလမ်းများ...
မိမိဝယ်ယူမည့်ကျောက်သည် ကျောက်စိမ်းအစစ် ဟုတ်သည်မဟုတ်သည်ကိုဆန်းစစ်ရာ၌ အောင်ဖော်ပြပါအချက်အလက်များသည် သေချာသောနည်းလမ်းများမဟုတ်သည့်တိုင်အောင် ကျောက်စိမ်းအစစ်ဖြစ်နိုင်ကြောင်းအသိသညှာတခုတော့ပေးနိုင်ပါလိမ့်မည်...
(လေပူဖောင်းများကိုရှာဖွေပါ)...
အခွံရောင်ပြုပြင်ရန်ကျောက်စိမ်းများကိုဆေးဆိုးသောအခါ ကျောက်ကောင်းတလုံးကဲ့သို့ မာကျောမှု့ပြန်လည်ရရှိစေရန် "ပိုလီမာ" ထိုးသွင်းခြင်းဖြင့်ပြုပြင်ရပါသည်။ ထိုအခါ တချို့သောနေရာများ၌လေခို၍ လေဟာနယ်နေရာလွတ်လေးများဖြစ်ကျန်ရစ်ခဲ့တတ်ပါသည်။ ခွံပြင်ကျောက်တုမှန်းသိရှိစေရန် ၎င်းကျောက်အားရေစိမ်ကြည့်ပါက ပူစီဖောင်းငယ်လေးများ ရေပေါ်သို့တက်လာခြင်းကိုမြင်နိုင်ပါသည်။

(အပူချိန်စစ်ဆေးခြင်း)...
ကျောက်စိမ်းအစစ်သည် သဘာဝအတိုင်းဆိုလျှင် အေးစိမ့်သောအအေးဓာတ်ရှိပါသည်။ စစ်ဆေးရန် နည်းလမ်းမှာ ကျောက်စိမ်းကိုလက်ထဲတွင်ဆုပ်ကိုင်ထားပြီး ၎င်း၏အပူချိန်ကိုရရှိအောင်ခံစားရခြင်းဖြစ်ပါသည်။ ပူနွေးလာပါက ခဏကြာအောင်ဖယ်ထားပြီးမှလက်ထဲသို့ပြန်ထည့်ပါ။ ကျောက်စိမ်းအစစ်ဖြစ်လျှင် အလွန်လျင်မြန်စွာပြန်လည်အေးသွားပါလိမ့်မည်။ သို့သော်လည်း အပူ​ချိနဖြင့်စစ်ဆေးမှု့သည် မိမိနှင့်ရောင်းသူကြား ကျောက်စိမ်းအားကြည့်ရှု့လေ့လာချိန် ကြာမြင့်စွာမပေးနိုင်ခြင်းကြောင့် ခက်ခဲသော စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။

(ခြစ်ရာစမ်းသပ်ခြင်း)...
ကျောက်စိမ်းအစစ်သည် အလွန်မာကျောပြီး အလွန်သိပ်သည်းသောကြောင့် ခြစ်ရာပွန်းရာထင်စေဖို့ လုပ်ဆောင်ရန်မလွယ်ကူပါ။ အခွံမျက်နှာပြင်အားစစ်ဆေးနေစဥ် မိမိ၏လက်သည်းဖြင့် သို့မဟုတ် ကျောက်ကြည့်ဓာတ်မီးဖြင့် ခြစ်ရာထင်နိုင်မထင်နိင် စမ်းသပ်ခြင်းပြုလုပ်ကြည့်ပါ။ ခြစ်ရာထင်ကျန်စေရန်ပြုလုပ်ရလွယ်ကူပါက ကျောက်စိမ်းသည်အတုဖြစ်နိုင်သည်။ (ကျောက်ပိုင်သိအောင်တော့လုပ်၍မရပါ)

(အသံစမ်းသပ်ခြင်း)...
ဤအချက်ဖြင့်စမ်းသပ်စစ်ဆေးဖို့လုပ်ဆောင်ရာတွင် သင့်ထံ၌ကျောက်စိမ်းအစစ်တလုံးရှိဖို့လိုအပ်ပါသည်။ ကျောက်စိမ်းအစစ်အား ခေါက်ကြည့်ပါကထွက်လာသောအသံနှင့် အတုအားခေါက်ကြည့်ပါကထွက်လာသောအသံများသည်တူညီခြင်းမရှိ။ ကျောက်စိမ်းအစစ်နှင့်အတုကို အကြိမ်ပေါင်းများစွာခေါက်ပြီး အသံကိုသေချာစွာနားထောင်ပါ။ ကျောက်စိမ်းအစစ်၏အသံသည် နက်နဲပြီး ပဲ့တင်ထပ်သောအသံထွက်မည်ဖြစ်သော်လည်း ကျောက်စိမ်းအတုအားခေါက်သောအသံသည် ပလပ်စတစ်ပုတီးစေ့နှစ်ခုကို အချင်းချင်းခေါက်နေသောအသံကဲ့သို့ကြားရမည်ဖြစ်ပါသည်။

(အားနည်းချက်ဖြင့်စမ်းသပ်မှု)... ကျောက်မျက်ရတနာများတွင် အပြစ်အနာအဆာများကို ပုံမှန်အားဖြင့် အားနည်းချက်ဟုယူဆသော်လည်း ၎င်းတို့သည် တစ်ခါတစ်ရံတွင် ကျောက်စိမ်းတလုံးအားအတုအစစ်ခွဲခြားရာ၌ ကောင်းမွန်စွာအထောက်အကူပြုတတ်ပါသည်။ ကျောက်စိမ်းတုံးတခု၏ ချို့ယွင်းချက်၊ အားနည်းချက်များသည် ၎င်းကျောက်စိမ်းအား ကျောက်စိမ်းစစ်မှန်ကြောင်းကိုသွယ်ဝှိက်သောနည်းလမ်းဖြင့်ရည်ညွှန်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းအတုပြုလုပ်သူများသည် ကျောက်စိမ်းကောင်းတလုံးနှင့်ဆင်တူရိုးမှားကျောက်ကောင်းတလုံးဖန်တီးရန်အတွက် ကျောက်စိမ်းတလုံး၏အပြစ်အနာအဆာများအား ဖျောက်ဖျက်ပစ်ရန်ရည်ရွယ်လုပ်ဆောင်သောကြောင့်ဖြစ်ပါသည်။
ကျောက်စိမ်းအစစ်ဟုတ်မဟုတ် စစ်ဆေးရန် နည်းလမ်းများစွာရှိသော်လည်း ဤစစ်ဆေးမှုများသည် မည်သည့်နည်းကမှ ၁၀၀% သေချာမှု့မရှိပါ။ တစုံတရာ အထောက်အကူပြုစေရန်သာတတ်နိုင်ပါသည်။
နောက်ဆုံးအဆင့်အနေနှင့်ပြောရလျှင် ကျောက်စိမ်းတလုံးအား အစစ်အမှန်ကြောင်းကို ဖြတ်ခုံတခုကသာအတည်ပြုပေးနိုင်ပါလိမ့်မည်။
ကျောက်မျက်ရတနာများ တိုးပွားရရှိကြပါစေ။

Page အား Like & follow လုပ်ထားချင်းဖြင့်
ဝင်ရောက်လေ့လာနိုင်ပါတယ်။
အများလေ့လာခွင့်ရအောင် Share ပေးချင်းဖြင့် ကူညီပါ။

Aung Myo Thwin Jade

Address

Yangon

Telephone

+959796166664

Website

Alerts

Be the first to know and let us send you an email when Aung Myo Thwin ကျောက်စိမ်းရောင်းဝယ်ရေး / ဖားကန့်ရတနာမြေသို့/09796166664 ? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category