Mg Pyae Soneရွှေကျွန်းသား

Mg Pyae Soneရွှေကျွန်းသား Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Pyae Soneရွှေကျွန်းသား, Grocers, Yangon.

25/11/2025
23/11/2025

မင်္ဂလာနေ့သစ်လေးပါခင်ဗျ။
ဒီနေ့ည LIVE အစီစဥ်လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျ
ပြည်တွင်း/ပြည်ပ မှ တော်လှန်ထောက်ပို့ပြည်သူများခင်ဗျား ယနေ့ (23.11.2025)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီ အချိန်မှာ ကျွန်တော်တို့ပခုက္ကူခရိုင်၊အမှတ် (၁၁)တပ်ရင်းမှ ကျင်ပပြုလုပ်မည့် "အားဖြည့်ထောက်ကူ တို့ဆိပ်ဖြူ" ကျပ်သိန်း၂၀၀၀ ကမ်ပိန်းဖွင့်ပွဲအခမ်းအနားအား
၁။ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
၂။ဒါရိုက်တာကိုပေါက်
၃။ဆိုင်းဆရာ ကိုဖိုးသင်္ကြန်
၄။CDMမင်းသမီး မစန်းနီလာဝင်း
၅။ဆရာကျောင်း(တပ်ရင်းမှူး)
၆။ကိုတေဇ (တပ်ရင်းတည်ထောင်သူ)
၇။ကိုဝေယံ (အစီစဥ်တင်ဆက်သူ)တို့မှ ဝိုင်းဝန်းအားဖြည့်ဆွေးနွေးသွားမည်ဖြစ်သောကြောင့်တိုက်ရိုက်ကြည့်ရှု အားပေးရင်းအားဖြည့်ထောက်ကူပေးကြပါဦးလို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။
တိုက်ရိုက်ကြည့်ရှုနိုင်မည့် နေရာများ👇👇👇
# TV
# #မြို့တော်
# #သံလွင်ခက်
# #ဖက်ဒရယ်FM
# #ခေတ်သစ်
# #မဇ္ဈိမ
# #ပခုက္ကူခရိုင်၊အမှတ် (၁၁) တပ်ရင်း Pageတို့မှာ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပမှ တော်လှန်ထောက်ပို့ပြည်သူများအား အသိပေးကြေငြာအပ်ပါတယ်ခင်ဗျား။

23/11/2025
23/11/2025

အားရ ကျေနပ် ပီတိဖြစ်ရပါတယ်🥰

23/11/2025

#စစ်ကြောင်းသတင်း
23-11-2025(1:30pm)

ယ​နေ့မနက် (9:30am) ခန့်က တဲကြီးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ နေ့ခင်း(1:30pm )ခန့်မှာတော့ နယ်သတ်ရွာဘုန်း​ကြီးကျောင်းထဲကိုရောက်နေပြီး တောတိုက်နေအိမ်တွေ တောတိုက်တဲတွေကို မီးရှို့ခဲ့ တယ်လို့သိရပါတယ်။
နယ်သတ်ရွာ ဘုန်းကြီးကျောင်းထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လဲ သိရပါတယ်။

စစ်​ကြောင်းရောက်နေတဲ့ ဧရိယာတွေက်ို လေကြောင်းတိုက်ခိုက်မှုတွေလည်း တရစပ်လုပ်နေတာဖြစ်တဲ့အတွက်စစ်ကြောင်းဧရိယာနဲ့နီးတဲ့ မြိုင်နယ် ပေါက်နယ်မှပြည်သူများ စစ်ကြောင်းအသိ လေကြောင်းသတိ အမြဲ ရှိနေကြပါခင်ဗျာ။

22-11-2025 ပျက်ကျခဲ့တဲ့ စကစ စက်တပ်လေထီးတစီး

23/11/2025

ဇီးကုန်းမြို့ KTV မှာ​ပျော်ပါး​နေတဲ့စစ်သားနဲ့ ရဲ​တွေကိုPDF စီးနင်းတိုက်ခိုက် ၇ ဦး​သေဆုံ

နိုဝင်ဘာ-၂၃၊၂၀၂၅။မိုမို/People's Spring

ပဲခူးတိုင်း၊ဇီးကုန်းမြို့ပေါ်က KTV ကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်သား နဲ့ ရဲ ခုနှစ်ဦးသေ
ဆုံးတယ်လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၂၂ ရက်)ည ၁၁ နာရီဝန်းကျင် တိုက်ခိုက်မှုမှာ G 3 တစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည်အတောင့် ၈၀၊ အီကွေ့မန့် နှစ် ခု၊ ဓား ၃ လက်နဲ့ လက်ထိပ်တစ်ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။

"ကေတီဗီကို စခ၊ရခ ခုနှစ်ဦး ရောက်နေတယ်ကြားတယ်။အဲဒါကြောင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အကုန်သေတယ်။မြို့မရဲစခန်း နဲ့က နှစ်ဖာလုံ၊သုံးဖာလုံပဲ ဝေးတာ။တိုက်ခိုက်မှုကို နှစ်မိနစ်၊သုံးမိနစ်နဲ့အတိအကျ အကောင်အထည်ဖော်ခဲ့ရတယ်"လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှု ဖြစ်စဥ် အကြောင်း လူထုနွေဦးကို ရှင်းပြပါတယ်။

ပစ်ခတ်မှုအပြီး ဇီးကုန်းမြို့မရဲစခန်းက စစ်ကူကား တွေလာလို့ ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့တာလည်းလုပ်ခဲ့တာ​ကြောင့်စစ်ကူကားနောက် ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယ်။

အဆိုပါစစ်ဆင်​ရေးကိုနတ်စစ်သည်တပ်ဖွဲ့နဲ့ ကြို့
ပင်ကောက်မြို့နယ်အခြေစိုက် BTZM တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်သားနဲ့ ရဲတွေသေဆုံးမှု အ​သေးစိပ်အ​ခြေအ​နေနဲ့ပတ် သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒါ့အပြင် နိုဝင်ဘာလ ၁၁ ရက်က ကြို့ပင်ကောက်မြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲမဲစာရင်း
စစ်ဆေးသူ နဲ့ သတင်း ပေး(ဒလန်)လုပ်နေသူရဲ့ နေအိမ်တွေအထိကွင်းဆင်းသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည် က ထုတ်ပြန်ထားပါတယ်။

(သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ။
ဓါတ်ပုံ-နတ်စစ်သည်တပ်ဖွဲ့)

23/11/2025
23/11/2025

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Address

Yangon
MPS1995

Website

Alerts

Be the first to know and let us send you an email when Mg Pyae Soneရွှေကျွန်းသား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category