Thant Rice

Thant Rice ဆန်အမျိုးမျိုး လက်လီ/လက်ကား ရောင်းဝ?

15/02/2026

#နောင်မွန်ရှမ်းဆန်
#ကြက်ဆီထမင်းချက်မယ်😋
#ဆူရှီလိပ်မယ်😋

🌾နောင်မွန်ရှမ်းဆန်ကို ဝယ်ယူနိုင်ပါပြီ🌾🍙နောင်မွန်ရှမ်းဆန်ကကြက်ဆီထမင်း၊ ဆူရှီ ထမင်းလိပ်လုပ်တဲ့အခါသုံးတဲ့လူကြိုက်များတဲ့ဆန်...
15/02/2026

🌾နောင်မွန်ရှမ်းဆန်ကို ဝယ်ယူနိုင်ပါပြီ🌾
🍙နောင်မွန်ရှမ်းဆန်ကကြက်ဆီထမင်း၊ ဆူရှီ ထမင်းလိပ်လုပ်တဲ့အခါသုံးတဲ့လူကြိုက်များတဲ့ဆန်လေးပါ
🍚ရှမ်းထမင်းချဉ်၊ငါးထမင်းနယ် လုပ်စားရင်လည်းခံတွင်းတွေ့ပြီးစားကောင်းလို့မှာနော်
🚚ရန်ကုန်မြို့အတွင်း ၁၂ပြည်မှ စပြီး ပို့ခ အခမဲ့၊အရောက်ပို့ ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီနော်🤗
မှာယူလို့ပါက
☎️09-443249922 ၊09-443249933
☎️01-3682934 ၊01-3681504၊01-3681209 ကိုဆက်သွယ်မှာယူနိုင်ပါတယ်
🌾

 #ဒံပေါက်ချက်နည်းဒန်ပေါက် ♡ ချက်နည်း ( ၆ ) နည်းBiryani 🍱🍛❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ဒန်ပေါက်ချက်နည်းပုံစံများစွာရှိပါတယ်မိမိနှ...
15/02/2026

#ဒံပေါက်ချက်နည်း

ဒန်ပေါက် ♡ ချက်နည်း ( ၆ ) နည်း
Biryani 🍱🍛
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဒန်ပေါက်ချက်နည်းပုံစံများစွာရှိပါတယ်မိမိနှစ်စိတ်ကြိုက်ပုံစံဖြင့်ချက်နိုင်ပါတယ်ခုချက်ထားတဲ့ချက်နည်းကတော့ကျွန်မတို့မိသားစုအကြိုက်ပုံစံပါ။ဟင်းခပ်မွေးကြိုင်အနံ့သင်းသင်းနဲ့အဆီအစိမ့်လျော့ထားခြင်းဖြစ်ပါတယ်။ဒန်ပေါက်ချက်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွဲကြပါတယ်။ ဆိုဖီယာကတော့ဒန်ပေါက်ကိုဆီများများအနှစ်များများနဲ့စားရတာမကြိုက်ပါဘူး။ခုချက်ထားတာကကြက်သားနဲ့ထမင်းကိုခွဲချက်ထားပါတယ်။
ပါဝင်ပစ္စည်း
*********
ဒံပေါက်ဆန် ( )- တပြည်
ကြက်သွန်နီ - ၃၀သား (ကြက်သွန်ကြော်ခြေထားသောထမင်းစားပန်းကန်လုံးတစ်လုံး)
ဆား - ၁ဇွန်း (စားပွဲတင်ဇွန်း)
ဒန်ပေါက်မဆလာ - တဇွန်း
သကြား -၂ဇွန်း
အချိုမှုန့် - ဇွန်းတဝက်
ဆီ - ၅ကျပ်သား
ထောပတ်- ၅ကျပ်သား
သီဟိုဠ်စေ့- တဆယ်သား
စပျစ်ခြောက်- ၅ကျပ်သား
ပဲစိမ်းလုံး - တဆယ်သား
ကာလာ အစိမ်းရောင်
ကာလာ လိမ္မော်ရောင်
ဆန်ပြုတ်ရန်လိုအပ်သောပစ္စည်း
*****************
ကရဝေးရွက် - ၅ရွက်
သစ်ဂျပိုးခေါက် -၂ချောင်း
ဆား - တစ်ဇွန်း
ကြက်သားချက်ရန်
************
ကြက်သားကိုအရင်ဆုံးလိုသလိုခုတ်ထစ်ပြီး ဆား၊ဆနွင်း ၊အရောင်တင်၊ကြက်သွန်ေ ကြာ် ၊ဒိန်ချဉ်၊ဂျင်း၊ကြက်သွန်ဖြူ၊ဆီ၊မဆလာတို့ဖြင့်နှပ်ထားပါ။ ပ်ထားပါ။ကြက်ကိုအနှစ်အနည်းငယ်နဲ့ကြက်သား နှပ်ပုံစံချက်ထားပါ။
ဒန်ပေါက်မဆလာ
*************
ဇီယာ-၅ကျပ်သား
ဖာလာစေ့-ရှစ်စေ့
လေးညင်း - ရှစ်စေ့လှော်ပြီးကြိတ်ထားပါ။
ကြက်သွန်ကြော်အရော
****************
ကြက်သွန်နီကြော်ကိုအရင်ကြေအောင်ခြေပါ။ခြေပြီးပါကပန်းကန်လုံးတလုံးဖြင့် ချိန်ပြီးဇလုံတခုတွင်ထည့်ကာဆား၁ဇွန်း၊ သကြား၂ဇွန်း ၊အချိုမှုန့် ဇွန်းတဝက်၊ ကြိတ်ထားသောမဆလာ၁ဇွန်းမောက်မောက်ထည့်ကာ ရောမွေထားပါ။
ဒန်ပေါက်ချက်နည်း
*************
(၁)ဆန်ကိုနာရီဝက်ခန့် ရေစိမ်ထားပါ။
(၂)ရေနွေးတအိုးတည်ကာပွက်ပါကကရဝေးရွက်နှင့်သစ်ဂျပိုးခေါက်ထည့်ပါ။ ဆား၁ဇွန်းထည့်ကာစိမ်ထားသောဆန်ကိုရေစစ်ပြီးထည့်ပြုတ်ပါ။
တဝက်ကျက်အနေအထားရပါကဇကာတွင်ရေစစ်ထားပါ။ (၃)ပြီးလျှင်အဖုံးလုံသည့်အိုးတခုတွင်ဆန်ကိုသုံးပုံတပုံခန့်ထည့်ပါ။ အရသာရောစပ်ပြီးသားကြက်သွန်တဝက်ကိုဆန်ပေါ်တွင်ဖြန့်ခင်းပါ။
(၄)အပေါ်မှာဆန်တပုံထပ်ခင်းပါကျန်ကြက်သွန်ကြော်တဝက်ကိုခင်းထည့်ပါ။(၅)ပြီးလျှင်လက်ကျန်ဆန်များကိုခင်းထည့်ပြီးလျှင်သီဟိုဠ်စေ့၊စပျစ်ခြောက်၊ပဲစိမ်းတို့ကိုထည့်ပါ။
(၆)ထမင်းအိုးထောင့်တနေရာတွင်ကာလာနှစ်ရောင်ကိုနေရာခြားပြီးရေဖျော်ပြီးထည့်ပါ။ပြီးလျှင်အဖုံးလုံလုံဖြင့်ဖုံးပြီးအောက်မီး များများဖြင့်ခဏတည်ကာအပူပေးပါ။
(၇)အငွေ့ထွက်ပါကအောက်မီးလျော့ချကာအပေါ်မီးအောက်မီးနည်းနည်းဖြင့်နှပ်ပေးပါ။
(၈)အငွေ့ကောင်းကောင်းထွက်လာပါက ထမင်းနှပ်ပါပြီ။
(၉)နှပ်ပြီးသားထမင်းကိုမီးဖိုပေါ်မှချကာ(နှပ်ထားသောအိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါက အိုးချိန်းရန်မလို ) အိုးကြီးကြီးသို့မဟုတ်ဘမ်းကြီးကြီးတခုတွင်သွန်ချပြီးဆီနှင့်ထောပတ်ထည့်ကာဖြေးဖြေးချင်းဆန်လုံးမပျက် အောင်သာသာရောမွေပေးပါ။
(၁၀)ထမင်းကြက်သွန်အရသာကာလာအားလုံးကိုယောက်မဖြင့်သာသာရောမွေပြီးအိုးတွင်ပြန်ထည့်ပြီးဖုံးအုပ်ထားပါ။ (၁၁)နှပ်ထားသောကြက်သားဖြင့်ပွဲပြင်ပြီးသခွားသီးချဉ်ပူစီနံဘာလချောင်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀နောက်တနည်းအနေဖြင့်အသားနှင့်ထမင်းရောချက်လိုပါအသားကိုတဝက်ကျက်အနေအထားထိချက်ထားပြီးထမင်းနှပ်သည့်အချိန်တွင်အိုးအောက်ခြေတွင်အသားနှင့်အနှစ်တို့ကိုခင်းပြီးအပေါ်မှာပြုတ်ထားသောဆန်တထပ်ကြက်သွန်တထပ်ခင်းပြီးအထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါသည်။....................
Sofia
# # # # # # # # # # # # # # # # # # # # # # # # # # #
ဆိတ်သား ကီးမား ဒန်ပေါက်
---------------------------------
မိသားစုနဲ့ တူတူလုပ်စားနိုင်ဖို့ ဆိတ်သား ကီးမား ဒန်ပေါက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်...
--------------------------------
ကီးမား ပါဝင်ပစ္စည်းများ

ဆိတ်သား – ၄၅၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
ကြက်သွန်နီ – ၈လုံး (နှုတ်နှုတ်စင်းပါ)
ကြက်သွန်ဖြူ - ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း - လက်တဆစ် (ညက်အောင် ထောင်းထားပါ)
ငရုတ်သီးစိမ်း – ၄-၅ တောင့် (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဖာလာ - ၆စေ့
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းစေ့ - ၈လုံး (မညက်တညက်ထောင်းထားပါ)
မဆလာ – လက်ဖက်ရည်ဇွန်း တဝက်
သစ္ဂ်ပိုး - ၁ခု
ဆား – လက်ဖက်ရည်ဇွန်း တဝက်
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စင်းပါ)
--------------------------------
ကီးမားချက်နည်း

၁။ ကီးမားချက်ရန် ဒယ်ထဲ ဂီ(သို့) ထောပတ် (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။

၂။ ပြီလျှင် ခရမ်းချဉ်သီး၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ သစ်ဂျပိုး ဆား ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ဆိတ်သား၊ ငရုတ်သီးစိမ်း၊ ဇီယာ၊ နံနံစေ့မှုန့်၊ ဖာလာ၊ ငရုတ်ကေင်း ရေ(၂ခွက်) တို့ကို ထည့်ပြီ ဆီပြန်သည်အထိ မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ တည်ပေးပါ။

၄။ နောက်ဆုံးမှ မဆလာ၊ ပျဉ်တော်သိမ်းရွက်၊ နံနံပင် အုပ်ပေးပါ။
--------------------------------
ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ

ဒန်ပေါက်ဆန် ( ) - နို့ဆီဘူး ၄လုံး ( #သန့်စပါယ်ရှယ်ပေါ်ဆန်းမွှေး တွင် ဝယ်ယူနိုင်သည်)
ဇီယာစေ့ - စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ - စားပွဲတင်ဇွန်း ၂ဇွန်းစာ
Saffron - စားပွဲတင်ဇွန်း ၃ဇွန်း
--------------------------------
ဒန်ပေါက်ဆန်ချက်နည်း
~~~~~~~~~~~~

၁။ ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၂။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၃။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

၄။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။

မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တဝက်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၅။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တဝက်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။
-----------------------------------------------------

ဆိတ်သား ကီးမား ဒန်ပေါက် ချက်နည်း
~~~~~~~~~~~~~~~~~~~~

၁။ ခုဆိတ်သား ကီးမား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ဆိတ်သား ကီးမား (တဝက်)ကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ဆိတ်သား ကီးမားအပေါ်မှ ဆန်များကို ခင်းလိုက်ပါ။

၄။ ထို့နောက် ကျန်ဆိတ်သားကီးမား ကို ထက်ခင်းပါ၊ သူအပေါ်မှ ဒန်ပေါက်ဆန်များ ခင်းပေးပါ။

၅။ အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း)၊ သီဟိုဌ်စေ့၊ စပျစ်သီးခြောက် ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။

၆။ ကျက်ပြီဆိုလျှင် ဆိတ်သားကီးမား ဒန်ပေါက်များကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရ။ အခုဆိုလျှင် ဆိတ်သားကီးမား ဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
***************************
ပိုး ချက်တဲ့ ဒန်ပေါက်..

အရသာကို မအီဘဲ ခပ်ဆိမ့်ဆိမ့်နဲ့ ခပ်စပ်စပ်လေးဖြစ်အောင် ချက်ထားတာ.. 😋

-----

ချက်နည်းတွေ အများကြီးရှိပေမယ့် ပိုးကတော့ အချိန်လည်း သိပ်မကုန်၊ လူလည်း သက်သာအောင် ချက်နည်းရိုးရိုးလေးပဲ သုံးထားပါတယ်.. အိန္ဒိယမကျ ဗမာမကျ ကပြားဒန်ပေါက်ပဲဆိုပါတော့.. အိမ်ချက်ဒန်ပေါက်အနေနဲ့ လွယ်ပြီး စားကောင်းပါတယ်..

ကြက်သားအတုံးကို ဒန်ပေါက်ဆိုင်လောက်မကြီး၊ အိမ်မှာစားနေကျဆိုက်ထက် နည်းနည်းပိုပြီး အတုံးကြီးအောင် တုံးပါမယ်.. အရသာအတွက် ဒိန်ချဉ်၊ ဆား၊ ဒန်ပေါက်မဆလာ၊ ကြက်သွန်ဖြူမှုန့်၊ သစ်ကြပိုးခေါက်မှုန့်၊ ပူစီနံရွက်၊ ငရုတ်သီးအစေ့လွတ် အခြောက်တောင့်နဲ့ ရောနယ်ပြီး နာရီဝက်လောက် နှပ်ထားပါတယ်.. သိုးသား၊ ကြက်အသည်းအမြစ်၊ သတ်သတ်လွတ် ကြိုက်တာနဲ့ ချက်စားလို့ ရပါတယ်..

ကြက်သားကို နှပ်ထားတုန်းမှာ ဆန်ကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါတယ်.. ပြီးတော့ အိုးအလွတ်တစ်လုံးထဲ ရေနဲ့ ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါတယ်.. ဒါက ထမင်းအိုး တည်ဖို့ပါ.. တချို့က ဒန်ပေါက်ထမင်းနဲ့ ရောတဲ့ ကြက်သွန်ကြော်အတွက် သတ်သတ်ဆီသတ်ပေမယ့် ပိုးကတော့ ကြက်သွန်ကြော်ကိုကျ ရယ်ဒီမိတ်ပဲ ထည့်သုံးပါတယ်.. Saffron တွေ ကရဝေးရွက်တွေက မရှိလို့ မထည့်ပါဘူးနော်.. 😅

ကြကသားချက်ဖို့ ဆီကို ရိုးရိုးဆီအရင်ထည့်ပြီး ဆီပူလာကာမှ Ghee ထောပတ်တစ်ဝက်ထည့်ပါတယ်.. ဒါမှ မွှေးတာပါ.. ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးပြီး ဆီသတ်၊ သစ်ကြပိုးခေါက်နဲ့ ဖာလာစေ့ထည့်.. ကြက်သားကို ထည့်ပြီး အပေါ်ယံအရေခွံတင်း ကျက်ရုံလေး တည်ပါတယ်.. သကြားမဆိုစလောက် ထည့်ပါတယ်.. ကြက်သားကို တခါတည်း ကျက်နေအောင် ချက်လိုက်ရင်ကျ ထမင်းနဲ့ ရောတည်ချိန်မှာ တအားနူးအိပြီး အသားတွေပြဲကုန်မှာ စိုးလို့ပါ..

ကြက်သားကျက်ခါနီးမှာ မီးပိတ်လိုက်ပြီး ခုနက ရေနွေးတည်ထားတဲ့ထဲ ghee ထောပတ်နည်းနည်း၊ ဒန်ပေါက်မဆလာနည်းနည်း၊ သစ်ကြပိုးမှုန့်၊ လေးညှင်းခြောက်ပွင့် ထည့်ပါတယ်.. အဲ့ရေထဲ ဆန်ကို ဆယ်မိနစ်လောက် ထည့်တည်ပြီး ဆန်စေ့တွေ နည်းနည်းလောက် ကြည်လာပြီဆိုရင် ဆန်ကို ရေပြန်စစ်ပါတယ်.. ပိုးက ဆိုးဆေးထည့်ရတာ မကြိုက်လို့ ကြက်သားချက်ကတည်းက အနှစ်များများ ဆီလေးပိုထည့်ထားပြီး အဲ့ကရတဲ့အရောင်ကိုပဲ သုံးပါတယ်..

အခုတခါကျ ဒန်ပေါက်တည်မယ့်အိုးခပ်ကြီးကြီးထဲ ထမင်းထည့်၊ ကြက်သားထည့်၊ ကြက်သွန်ကြော်(ရယ်ဒီမိတ်) ထည့်.. ပြီးရင် ထမင်း၊ ကြက်သား၊ ကြက်သွန်ကြော်၊ ပူစီနံ အထပ်လိုက် နောက်တစ်ခါထည့်.. အပေါ်ဆုံးမှာ ထမင်းပြန်အုပ်လိုက်ရုံပါပဲ.. ပြီးရင် Oven ထဲထည့် နာရီဝက်ထားလိုက်ပါတယ်.. အဲ့လိုဆို Ghee ထောပတ်အနံ့ ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့ မအီတဲ့ ဒန်ပေါက်ခပ်စပ်စပ်လေး ရပါပြီ.. ပိုးတော့ ဒန်ပေါက်ထမင်းချည်း နှစ်ပန်းကန်တွယ်လိုက်မိတာပါပဲ..

Poe Phyu Thant

ကြက်သား ဒန်ပေါက် (၈ယောက်စာ)
~~~~~~~~~~~~~~~~~~~~

မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ

ဒန်ပေါက်ဆန် ( rice) ♦ နို့ဆီဘူး ၄လုံး ( #သန့်စပါယ်ရှယ်ပေါ်ဆန်းမွှေး တွင် ဝယ်ယူနိုင်သည်)
ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
Saffron ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ဝတ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

ကြက်သားနုပ်ထားရန် ပါဝင်ပစ္စည်းများ

ကြက်ပေါင် ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
ဂျင်း ♦ လက်တဆစ် (ထောင်းထားပါ)
ကြက်သွန်ဖြူ ♦ ၂ခု (ထောင်းထားပါ)
ကြက်သြန္နီ ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
ဒိန်ချဉ် (yoghurt) ♦ ၁ခြက္စာ
ဆီ (oil) ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
လေညှင်း (cloves) ♦ ၂ခု
ဖာလာစေ့ (cardamon) ♦ ၄ခု
ဇာပွင့် (Javetri) ♦ ၃ခု
ကလာဝေရွက် (bayleaf) ♦ ၂ခု
သစ္ဂ်ပိုး ♦ ၁ခု
ဇီယာ (cumin) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဇီယာမွုန့် (cumin pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် (coriander pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးမွုန့် (chilli pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် (tumeric pdr) ♦ စားပွဲတင်ဇွန်း တဝက်
ငရုတ်ကောင်းလုံး (အမဲ) ♦ စားပွဲတင်ဇွန်းတဝက် (မညက်တညက် ထောင်းထားပါ) (black pepper corn)
ငရုတ်သီးစိမ်း (green chilli) ♦ ၆ခု (စိတ်ပေးပါ)
ဆား (salt) ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
မာဆလာ (masala) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ပူစီနံ (mint) ♦ ၁စည်း (ပါးပါးလှီးပါ)
နံနံပင် (coriander) ♦ ၁စည်း (ပါးပါးလှီးပါ)
မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ဝယ်ယူနိုင်ပါသည်။

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။

၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။

၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၄။ ကြက်သားကို နုပ်ထားစဉ်အတွင်း ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။

မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တဝက်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တဝက်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ဒန်ပေါက် ချက်နည်း

၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။

၄။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။

၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
# # # # # # # # # # # # # # # # # # # # # #

ဒန်ပေါက်
~~~~~~

ကြက်သား ဒန်ပေါက် အလွယ်ချက်နည်း..
မမီးက ဘာစမာတီ ချက်နည်းကို သူများဆီက လေ့လာပီး လုပ်ကြည့်တာ..ရေလုံးဝ မဆေးဘူး..။ နောက်ပိုင်း စာတွေ ဖတ်ကြည့်တော့..U.S က ဆန်တွေကို ရေမဆေးလည်း ချက်နိုင်ပါတယ်တဲ့.. တခြားတိုင်းပြည်ကတင်သွင်းတဲ့ ဆန်တွေကိုတော့ ရေ ဆေး ရမယ်တဲ့..။
အိုးအပြည့် ဘယ်တော့မှ မချက်ပါနဲ့..။ မမီး ၅ ခွက် အိုးမှာ ၂ခွက်ဘဲ ချက်တယ်..အဲဒီ ထက်ပိုလိုက်တာနဲ အိုးကျပ်ပီး ထမင်းမလှ..။
မမီးတို့ စိတ်ကြိုက် မဆလာနံ့ သိတ်မများဘဲ..ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ် ချက်လေးပါ..။ စားလို့ အရမ်းကောင်းပါတယ်..။
မမီး အရောင် အတွက် ကုကမံကို မသုံးဘဲ အလွယ်တကူ ရနိုင်တဲ့ အစာ ဆိုးဆေးတွေကို သုံးထားပါတယ်.. US မှာ နေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့ အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်..မြန်မာ မှာ နေသူများကတော့ သိမ်ကြီးစျေးနဲ့ ကိတ်မုန့် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ..ပရဆေး ဆိုင်တွေမှာ ၇နိုင်မယ် လို့ ထင်ပါတယ်..။ သူငယ်ချင်းလေး တယောက် အကြံပေးဘူးတယ်.. ပဲငံပြာရည် အပျစ်အနည်းငယ်ထမင်းပေါ်မှာ ထည့်ပေးရင် အရောင်ပိုလှပါတယ်တဲ့...။
ကြက်သားဟင်း
1. ကြက်ပေါင် ................. ၂ ချောင်း
2. ကြက်သွန်ဖြူ ...............၂ မွှာ
3. ချင်း ပါးပါး ..................၁ ပြား
4. ကြက်သွန်နီ................ အရွယ် လတ် ၁ လုံး
5. ဆီ ..............................၂ စားပွဲဇွန်း
6. ငြုတ်သီးမှုန့်.................. ၁/၄ လက်ဘက်ရည်ဇွန်း ( အရောင်တင်မှုန့်)
7. ဒိန်ချဉ်........................... ၂ စားပွဲဇွန်း
8. ကြက်သွန်နီကြော် ........... ၃ စားပွဲဇွန်း
9. ဒန်ပေါက် မဆလာ........... ၁ စားပွဲဇွန်း

ချက်နည်း
1. ကြက်သားကို သန့်စင်အောင်ဆေး၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။

2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊

3. အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။

4. ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန်နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊

ဒန်ပေါက်ထမင်း
1. ဘက်စမာတီဆန်.............. ၂ ခွက် ( rice cooker cup)
2. ထောပတ်(Ghee) .............၁ လက်ဘက်ရည်ဇွန်း
3. သစ်ကြပိုးခေါက် ................ ၁ လက္မ အရွယ်
4. ကရဝေးရွက်....................... ၁ ရွက်
5. ကြက်သွန်နီကြော် ..................၁/၂ ခွက် (rice cooker cup)
6. အဝါရောင်............................. ၂-၃ စက်
7. လိမ္မော်ရောင် .......................... ၁-၂ စက်
8. ဆား ..................................၁/၂ လက်ဘက်ရည်ဇွန်း
9. သကြား ..............................၁ လက်ဘက်ရည်ဇွန်း
ချက်နည်း
1. ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ၊
2. ထမင်းကျက်တဲ့ အခါ တဝက် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါတယ်၊
3. ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပီ
Credit
*********************************

ဒန်ပေါက်ချက်နည်း
~~~~~~~~~~
( ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက် )

(ဆိုင်ချက်နည်းလေးဖြစ်ပါတယ်. Share ထားလိုက်နော် ..)
အလှူတွေမှာလည်း ကြွေးလို့ရပါတယ်.

ဆန် ပေါ်ဆန်မွှေး ၄ လုံး
ကြက်သား ၆၀ ကျပ်သား တကောင်
ကြက်သွန်နီကြော် ၁၀ ကျပ်သား
ဆီ ၅ ကျပ်သား ဆီကျက်ချက်ထားပါ ထောပတ် ၅ ကျပ်သား
ဒိန်ချဉ် ၁ ခွက် အကြမ်းပန်ကန်လုံး
ဒန်ပေါက်အရောင်အဝါ အနည်းငယ်
နို့စိမ်း ဘူးတဝက်ခန့်
မဆလာ ၁ ဇွန်း ဟင်းစားဇွန်း
သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း အနည်းငယ်စီ
ပူစီနံ ၂ စီး အသေး ပါးပါးလှီးထား
(ဖာလာ လေညင်း သစ်ဂျပိုးခေါက် အနည်းငယ်စီ) ၅ပွင့်ခန့်
ဂျင်းလက်တဆစ်ခန့် ကြက်သွန်ဖြူ တလုံး ရောထောင်းရန်
ငရုပ်စိမ်းမှုန့် ၁ဇွန်း teaဇွန်း
ဆား ၃ဇွန်းခန့်teaဇွန်း ဟင်းချက်စားသည်ထက်ပိုထည့်
အချိုမှုန့် ၂ ဇွန်းခန့် tea ဇွန်း
ကြက်သားတကောင်ကို ၈ ပိုင်းတုံးရေဆေးထား

ကြက်သားနှပ်ကြမယ် ..

အသား ကြက်သွန်ကြော် ဒိန်ချဉ် ဂျင်းကြက်သွန်ဖြူ မဆလာ ပူစီနံ ဖာလာလေညှင်းသစ်ဂျပိုး
ဆား အချိုမှုန့် ငရုပ်စိမ်း တို့အားရောမွှေလိုက်ပါ ပီးလျှင်ကြက်သားတုံးများကိုဖယ်ထုတ်လိုက်ပါ အရသာနှံ့စေရန်အနှစ်များကိုသပ်သပ်တကြိမ်နယ်ပေးပါ
ထမင်းပေါင်းအိုးနှင့်ချက်ပါမယ် အသေးဆုံးဆန်လေးလုံးဆန့်အိုးဖြစ်ရပါမယ်
ပေါင်းအိုးအတွင်း အသားတုံးများကိုဖြန့် စီလိုက်ပါအနှစ်မပါစေပါနှင့် အနှစ်များကို အသားတုံး အပေါ်မှဖြန့်တင်လိုက်ပါ ကြက်သားနှပ်ပီးပါပီး။ သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း တို့ကို ကြက်သားနှပ်အပေါ်မှ ဖြန့်တင်လိုက်ပါ ဆီကျက်ကိုဘေးမှ ဖြန့်လောင်းပါ တနာရီခန့်ထာပေးပါ။ အရောင်ကိုရေဖြင့် ပန်ကန်လုံးတလုံးစာခန့်ဖျော်ထားပါ။

ထမင်းချက်ကြမယ်

ဆန်ကိုပြုတ်ရန် အိုးလွတ်တလုံးနှင့် ရေနွေးမပြည့်တပြည့်တယ်ပါ။
ဆန်ကိုရေဆေးပီး စစ်လိုက်ပါ
ရေနွေးဆူလျှင် ဆန်ထည့်ပြုတ်ပါ ။
ဆားအနည်းငယ်ရေနွေးအိုးတွင်ထည့်ပီး ဖြေးညှင်စွာမွှေပါ။မိနစ်အနည်းငယ်ကြာရင်ပွက်လာပါမည်
ဆန်မကျက်ခင် (ထမင်းရေငှဲ့ချက်သောအခါ ကျက်ကာနီး မာဆတ်သော) ထမင်းမဖြစ်မှီ စပ်ကြားအချိန်တွင်
ဇကာတခုအတွင်းသို့သွန်ထည့်လိုက်ပီးရေနွေးများကုန်အောင်စစ်လိုက်ပါ။
ထို့နောက် ပေါင်းအိုးအတွင်းရှိ
အသားနှပ်အပေါ်မှ လောင်းထည့်လိုက်ပါ ။
ထမင်း အပေါ်မှ နို့စိမ်းထောပတ်တို့ကို ဖြန့်ထည့်ပီး အရောင်ရေကို အပေါ်ဆုံးမှဖြန့်ပီးထည်းလိုက်ပါ။
အဖုံး ပိတ်လိုက်ပီး ပေါင်းအိုးခလုပ်ကိုနှိပ်ပီး ထမင်းချက်သည့်အတိုင်းချက်ပါ။ ထမင်းကျက်လျှင် အပေါ်မှထမင်းများကို ခပ်ယူပီး ထမင်းသပ်သပ် အနှစ်များသီးသန့် ဖြစ်စေရန် ပြုလုပ်ပါ။ မိမိတို့စိတ်တိုင်းကြ အနှစ်များကို ထမင်းဖြင့် ရောသမပီး စားသုံးနိုင်ပါသည်။

#(အိုးကြီးကဲ့သို့ ဂျုံ့ဖြင့် လေလုံ ပိတ်ပီး မီးသွေး ခဲဖြင့် အပေါ်မီးအောက်မီး ပြန်နှပ်ခြင်းသည် အနည်းငယ်ခက်ခဲသဖြင့် ပေါင်းအိုးဖြင့် ချက်စားနိုင်ရန်တင်ပြလိုက်ပါသည်။)

U Nan ဒန်ပေါက်ထောပတ်ထမင်း
photo credit
*********************************

😍 လွယ်လွယ်ကူကူ ပေါင်းအိုးလေးနဲ့ #ဒန်ပေါက် ချက်စားကြရအောင် 😋
~~~~~~~~~~~~~~~~~~~~~
`` ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ´´

လိုအပ်တဲ့ပစ္စည်းတွေကတော့

ဒန်ပေါက်ဆန်
နို့စိမ္း
ထောပတ်(အပူပေးထားပါ)
ပဲစိမ်း
စပျစ်စေ့ခြောက်
သီဟိုစေ့
သကြား
ဆား
ကြက်သားမှုန့်
ဆီ
ကြက်သွန်ကြော်
ဒန်ပေါက်အရောင်ဆေးရည်
ဒန်ပေါက်မဆလာ
(ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)...
ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ

ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..

(ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)

ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ

ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ..

ပီးရင်
ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နို့်စိမ်း
သီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ..
ပီးရင် အပေါ်ကနေ ဒန်ပေါက်အရောင်ကို ကွက်ကြားလောင်းထည့်ပေးပါ.
အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကို အပေါ်ဆုံးကနေတင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ...
ပီးရင် မီးခလုတ်နှိပ်ပီ ၄၅မိနစ်ဆိုကျက်ပါပီ...

#ကြက်သား ကိုတော့ ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ...ကြက်းသားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ

(ဆန်ကိုဆယ်ပီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တါတွေ အမြန်ဆုံးလုပ်ပါ)..
#အိန္ဒိယဘာစမာတီ_သန့်စပါယ်ရှယ်ပေါ်ဆန်းမွေး
#တွင်ဝယ်ယူပါ013681209_013681504
#013682934. 09443249922. 09443249933
ဘုရင့်နောင်ပွဲရုံ

09/02/2026
အိန္ဒိယဘာစမာတီ (  25 kg. )အိတ်နီ ရပြီဖုန်းဆက်မှာကြားလိုက်ပါ....အိမ်အရောက်ပို့ ဝန်ဆောင်မှူပစ္စည်း ဈေးနှုန်းအာမခံဆန်မျိုးစ...
29/05/2021

အိန္ဒိယဘာစမာတီ ( 25 kg. )အိတ်နီ ရပြီ
ဖုန်းဆက်မှာကြားလိုက်ပါ....

အိမ်အရောက်ပို့ ဝန်ဆောင်မှူ
ပစ္စည်း ဈေးနှုန်းအာမခံ
ဆန်မျိုးစုံ မှာကြည့်လိုက်နော်....
09443249922. 09443249933
01 3681209 013 681504 013682934

" #အိမ်ရှင်မတွေမသိသေးတဲ့ထမင်းချက်နည်း  #လျှို့ဝှက်ချက် (၉)  #ချက်"၁. ရှာလကာရည်ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေး...
09/05/2021

" #အိမ်ရှင်မတွေမသိသေးတဲ့ထမင်းချက်နည်း
#လျှို့ဝှက်ချက် (၉) #ချက်"

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ
ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့်
အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့
တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို
ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို
ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး
ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်
တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit
Foodie အိမ်ချက်လက်ယာ

အိမ်အရောက်ပို့ ဝန်ဆောင်မှူပစ္စည်း ဈေးနှုန်းအာမခံဆန်မျိုးစုံ   မှာကြည့်လိုက်နော်....09443249922.  0944324993301 3681209 0...
09/05/2021

အိမ်အရောက်ပို့ ဝန်ဆောင်မှူ
ပစ္စည်း ဈေးနှုန်းအာမခံ
ဆန်မျိုးစုံ မှာကြည့်လိုက်နော်....
09443249922. 09443249933
01 3681209 013 681504 013682934

မင်္ဂလာပါ အမျိုးတို့ရေသန့်ပေါ်ဆန်းမွှေးမှ အထူး Promotion အစီစဉ်🎅နောင်မွန်ရှမ်းဆန်(အသစ်)ကို၄၈၀၀၀ ကျပ်တည်းနဲ့ရောင်းချနေပြီ...
19/12/2020

မင်္ဂလာပါ အမျိုးတို့ရေသန့်ပေါ်ဆန်းမွှေးမှ
အထူး Promotion အစီစဉ်🎅

နောင်မွန်ရှမ်းဆန်(အသစ်)ကို၄၈၀၀၀ ကျပ်တည်းနဲ့
ရောင်းချနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်။

ပစ္စည်းအကန့်သတ်ရှိတာမို့ မရမရှိရလေအောင်ယခုပင်မြန်မြန်လေးမှာကြားဖို့တော့လိုမယ်နော်။

☎️ ၀၉၄၄၃၂၄၉၉၂၂ ၊ ၀၉၄၄၉၉၉၆၈၂၈
☎️ ၀၉၄၄၃၂၄၉၉၃၃ ၊ ၀၁၃၆၈၂၉၃၄
☎️ ၀၁၃၆၈၁၅၀၄ ၊ ၀၁၃၆၈၁၅၀၄ တို့ကို ခုပဲ ဖုန်းဆက်ပြီး မှာယူလိုက်တော့နော်

ဆိုင်မှာလာဝယ်ချင်တဲ့ အမျိုးတွေအတွက်ဆိုင်လိပ်စာကတော့
တိုက် (၃)အခန်း(၀၀၄)ဇေယျာမွန်အိမ်ရာ ဘုရင့်နောင်စျေးမျက်နှာစာတန်း ဘုရင့်နောင်လမ်းမကြီး မရမ်းကုန်မြို့နယ် ရန်ကုန်မြို့ မှာလည်းလာရောက်ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်

မင်္ဂလာပါ သန့်ဆန်ဆိုင်မှ ကြိုဆိုပါတယ်✨ရွှေဘိုပေါ်ဆန်းမွှေး     ၆၆၀၀၀ပုသိမ်ပေါ်ဆန်းမွှေး     ၅၆၀၀၀ဖျာပုံပေါ်ဆန်းမွှေး    ...
20/11/2020

မင်္ဂလာပါ သန့်ဆန်ဆိုင်မှ ကြိုဆိုပါတယ်✨

ရွှေဘိုပေါ်ဆန်းမွှေး ၆၆၀၀၀
ပုသိမ်ပေါ်ဆန်းမွှေး ၅၆၀၀၀
ဖျာပုံပေါ်ဆန်းမွှေး ၅၆၀၀၀
ရှမ်းဆန် ၅၅၀၀၀
ဝန်ထမ်းဆန်(ပခမ်း) ၃၆၀၀၀
မွှေးတလုံးပေါ်ကျွဲ ၄၂၀၀၀
ရွှေဘိုမဂျမ်းတော ၆၄၀၀၀

အိန္ဒိယ ဘာစမာတီ ၅၅၀၀၀
(ဆီးချိုဆန်) 25kg

ရန်ကုန်မြို့တွင်း အိမ်ကနေစိတ်ချလက်ချမှာယူနိုင်ပါတယ်။

▶အိမ်အရောက်ပို့ပေးခြင်း(အခမဲ့)အထပ် တက်ခ ပေးရန်မလိုပါ။

▶ဆန်သားနဲ့ ထမင်း မကြိုက်ပါက
ဝယ်ယူပြီး (7 ရက်) အတွင်း လဲလှယ်ပေးပါမည်။

နယ်ကမှာယူမည်ဆိုပါက ကားဂိတ်အထိ အခမဲ့ ဝန်ဆောင်မှု ပေးပါတယ်။QR pass လျောက်ထားတဲ့အတွက် မည်သည့်မြို့နယ်ကိုမဆို လွတ်လပ်စွာ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ပါတယ် 🙆‍♂️

အော်ဒါမှာရန်

Phone: 09443249922၊ 09449996828၊
09443249933၊ 013682934 ၊ 013682504 ၊
013681209

ChatBox မှာ ဆက်သွယ်နိုင်သလို Commentမှာလည်း မေးမြန်းနိုင်ပါတယ်။

တိုက် (၃)၊ အခန်း ၀၀၄၊ ဇေယျာမွန်အိမ်ရာ ၊
ဘုရင့်နောင်ဈေး၊မျက်နှာစာတန်း၊ဘုရင့်နောင်လမ်းမကြီး၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

Thant Rice Company in Myanmar

မင်္ဂလာပါ သန့်ဆန်ဆိုင်မှ ကြိုဆိုပါတယ်✨ရွှေဘိုပေါ်ဆန်းမွှေး   ၆၆၀၀၀ပုသိမ်ပေါ်ဆန်းမွှေး   ၅၆၀၀၀ဖျာပုံပေါ်ဆန်းမွှေး     ၅၆၀...
05/10/2020

မင်္ဂလာပါ သန့်ဆန်ဆိုင်မှ ကြိုဆိုပါတယ်✨

ရွှေဘိုပေါ်ဆန်းမွှေး ၆၆၀၀၀
ပုသိမ်ပေါ်ဆန်းမွှေး ၅၆၀၀၀
ဖျာပုံပေါ်ဆန်းမွှေး ၅၆၀၀၀
ရှမ်းဆန် ၅၈၀၀၀
ဝန်ထမ်းဆန်(ပခမ်း) ၃၆၀၀၀
မွှေးတလုံးပေါ်ကျွဲ ၄၂၀၀၀
ရွှေဘိုမဂျမ်းတော ၆၄၀၀၀

ရန်ကုန်မြို့တွင်း အိမ်ကနေစိတ်ချလက်ချမှာယူနိုင်ပါတယ်။

▶အိမ်အရောက်ပို့ပေးခြင်း(အခမဲ့)အထပ် တက်ခ ပေးရန်မလိုပါ။

▶ဆန်သားနဲ့ ထမင်း မကြိုက်ပါက
ဝယ်ယူပြီး (7 ရက်) အတွင်း လဲလှယ်ပေးပါမည်။

နယ်ကမှာယူမည်ဆိုပါက ကားဂိတ်အထိ အခမဲ့ ဝန်ဆောင်မှု ပေးပါတယ်။QR pass လျောက်ထားတဲ့အတွက် မည်သည့်မြို့နယ်ကိုမဆို လွတ်လပ်စွာ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ပါတယ် 🙆‍♂️

အော်ဒါမှာရန်

Phone: 09443249922၊ 09449996828၊
09443249933၊ 013682934 ၊ 013682504 ၊
013681209

ChatBox မှာ ဆက်သွယ်နိုင်သလို Commentမှာလည်း မေးမြန်းနိုင်ပါတယ်။

တိုက် (၃)၊ အခန်း ၀၀၄၊ ဇေယျာမွန်အိမ်ရာ ၊
ဘုရင့်နောင်ဈေး၊မျက်နှာစာတန်း၊ဘုရင့်နောင်လမ်းမကြီး၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

Thant Rice Company in Myanmar

ကဲ အမျိုးတို့ရေ သုံးစွဲဖူးသူ အိမ်ရှင်မတိုင်းက ပြောနေကြပြီ ဆန်ဆိုရင် "သန့်မှသန့်" ပဲတဲ့ယနေ့သန့်ပေါ်ဆန်းမွှေးမှ 🌾🌾ရွှေဘိုပ...
29/09/2020

ကဲ အမျိုးတို့ရေ သုံးစွဲဖူးသူ အိမ်ရှင်မတိုင်းက ပြောနေကြပြီ ဆန်ဆိုရင် "သန့်မှသန့်" ပဲတဲ့
ယနေ့သန့်ပေါ်ဆန်းမွှေးမှ 🌾🌾

ရွှေဘိုပေါ်ဆန်းမွှေး ၆၆၀၀၀
ပုသိမ်ပေါ်ဆန်းမွှေး ၅၆၀၀၀
ဖျာပုံပေါ်ဆန်းမွှေး ၅၆၀၀၀
ရှမ်းဆန် ၅၀၀၀ဝ (pro)
ဝန်ထမ်းဆန် (ပခမ်း)၃၆၀၀၀
မွှေးတလုံးပေါ်ကျွဲ ၄၂၀၀၀
ရွှေဘိုမဂျမ်းတော ၆၄၀၀၀

စသည့် ဆန်မျိုးစုံကို ပိတ်ရက်မရှိ ပို့ဆောင်ကအခမဲ့ဖြင့် အိမ်တိုင်ရာရောက် စိတ်တိုင်းကျ ပို့ဆောင်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အော်ဒါမှာရန်

Phone: 09443249922၊ 09449996828၊
09443249933၊ 013682934 ၊ 013682504 ၊
013681209

ChatBox မှာ ဆက်သွယ်နိုင်သလို Commentမှာလည်း မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့ဆိုင်ဟာဆိုရင်ဖြင့် delivery service ပေးခဲ့တာ နှစ်၂၀ နီးပါးရှိနေပါပြီ ။ဒါကြောင့် Stay Home ကာလမှာ အိမ်ကနေ စိတ်ချလက်ချ မှာယူနိုင်ပါတယ်🙆‍♂️

နယ်ကမှာယူမည်ဆိုပါက ကားဂိတ်အထိ အခမဲ့ ဝန်ဆောင်မှု ပေးပါတယ်။QR pass လျောက်ထားတဲ့အတွက် မည်သည့်မြို့နယ်ကိုမဆို လွတ်လပ်စွာ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ပါတယ် 🙆‍♂️

တိုက် (၃)၊ အခန်း ၀၀၄၊ ဇေယျာမွန်အိမ်ရာ ၊
ဘုရင့်နောင်ဈေး၊မျက်နှာစာတန်း၊ဘုရင့်နောင်လမ်းမကြီး၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
Thant Rice Company in Myanmar

Address

Bayintnaung
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959443249922

Website

Alerts

Be the first to know and let us send you an email when Thant Rice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share