Aung Htoo Sann Healthy Food Products

Aung Htoo Sann Healthy Food Products ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသော?

Polar Ice Pack တွေ ပြန်ရပြီနော်။ ကာကာတို့ရေ
08/01/2026

Polar Ice Pack တွေ ပြန်ရပြီနော်။ ကာကာတို့ရေ

မင်္ဂလာပါရှင် ..
Polar Ice Pack လေးတွေ ပစ္စည်းပြန်ဝင်ပါပီရှင်
စျေးနှုန်းအပြောင်းအလဲလေးတွေရှိတာမို့ အသေးစိတ်ကို Chat Box မှတစ်ဆင့်မေးမြန်းနိုင်ပါတယ်ရှင့် …

28/06/2025

Chia Seeds Sold out !!!

18/12/2024

ကာကာတို့ရေ December လ Chia Seeds ဈေးနှုန်း ‌update တွေကတော့

👉 Organic Chia Seeds 250g 1ဘူး ...... 7500ks

👉 Organic Chia Seeds 250g 1ထုတ် ...... 7000ks

👉 Organic Chia Seeds 500g 1ထုတ် ...... 13000ks (out of stock)

👉 Organic Chia Seeds 1000g 1ထုတ် ...... 25000ks

Messenger CB (သို့) 09443099579,09774598811 ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော်....ကာကာတို့ရေ ။

ကာကာတို့ရေ   August လမှ စပြီး ပြောင်းလဲသွားတဲ့  Chia Seeds ဈေးနှုန်း ‌update တွေကတော့👉 Organic Chia Seeds 250g 1ဘူး .......
02/08/2024

ကာကာတို့ရေ August လမှ စပြီး ပြောင်းလဲသွားတဲ့ Chia Seeds ဈေးနှုန်း ‌update တွေကတော့

👉 Organic Chia Seeds 250g 1ဘူး ...... 7300ks

👉 Organic Chia Seeds 250g 1ထုတ် ...... 6800ks

👉 Organic Chia Seeds 500g 1ထုတ် ...... 13000ks (out of stock)

👉 Organic Chia Seeds 1000g 1ထုတ် ...... 25000ks

လက်ရှိမှာတော့ 250g အထုတ်နဲ့ ဘူးတွေ ဝယ်ယူသူတွေ အတွက် save promotion လေးရှိပါတယ်နော် ကာကာတို့ရေ ။

Messenger CB သို့ 09443099579,09774598811 ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော်....ကာကာတို့ရေ ။

ကာကာတို့ရေ ချီယာစေ့ ဈေး အပြောင်းအလဲတွေ ရှိတာကြောင့် မကြာခင် update ဈေးတွေ တင်ပေးမယ်နော်။
02/08/2024

ကာကာတို့ရေ
ချီယာစေ့ ဈေး အပြောင်းအလဲတွေ ရှိတာကြောင့် မကြာခင် update ဈေးတွေ တင်ပေးမယ်နော်။

"Polar Ice Jelly Pack ရဲ့ ဈေးနှုန်းထားအသစ်များ"Polar Ice Jelly Pack ကို အမြဲအားပေးခဲ့ပါသော ချစ်ခင်လေးစားရတဲ့ Customer မျ...
11/06/2024

"Polar Ice Jelly Pack ရဲ့ ဈေးနှုန်းထားအသစ်များ"

Polar Ice Jelly Pack ကို အမြဲအားပေးခဲ့ပါသော ချစ်ခင်လေးစားရတဲ့ Customer များ ခင်ဗျ….🙏🏻

ငွေစျေးနှုန်း၊ကုန်ကြမ်းစျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် Polar Ice Jelly Pack ရေခဲအထုပ်လေးများရဲ့ စျေးနှုန်းကို လက်ရှိစျေးနှုန်းမှ
400ml အထုပ်ကြီး : 1000 MMK
200 ml အထုပ်သေး : 800 MMK ကျပ်အဖြစ်တိုးမြင့်မည်ဖြစ်ပါတယ် ခင်ဗျ။

Ready use polar ice pack လေးတွေကတော့

💢ခဲပြီးသား အသင့်သုံး 400ml အကြီး တထုတ် 1500ks

💢ခဲပြီးသား အသင့်သုံး 200ml အကြီး တထုတ် 1200ksဖြင့် ရောင်းချပေးနေပြီ ခင်ဗျ။



သံဗူးဆိုတာ ....ခုတော့ တပြည်လုံး အအေးဆိုင်တွေမှာ ရနေပါပြီ...သူ့ရဲ့ အစ ကြံဆတီထွင်ခဲ့သူက တက္ကသိုလ်မြေထဲက အီကိုကင်တင်းကြီး(စ...
15/04/2024

သံဗူးဆိုတာ ....
ခုတော့ တပြည်လုံး အအေးဆိုင်တွေမှာ ရနေပါပြီ...
သူ့ရဲ့ အစ ကြံဆတီထွင်ခဲ့သူက တက္ကသိုလ်မြေထဲက အီကိုကင်တင်းကြီး(စီနီယာ) (ပန်းချီခန်းဆောင် အနောက်) မှ ဦးယမ်းဘီလူး ပဲဖြစ်ပါတယ်။

သူက တက္ကသိုလ်ဓမ္မာရုံနောက်က ဝန်ထမ်းလိုင်းမှာနေပါတယ်။၁၉၇၄.၇၅ ဇာတ်ရှိန်တွေမြင့်နေစဥ် နေပူပူမှာ အမောတွေပြေစေဖို့ ...ဇီးအဆီနဲ့သစ်ခွအဆီတို့ကို အချိုးအမျိုးမျိုးနဲ့ပေါင်းစပ် Titration ကြည့်ရာကတကြိမ်မှာ လိုချင်တဲ့ Concentration ကိုရပြီး...ဖျော်စပ်ရောင်းကြည့်တော့ အရင် လိမ္မော်ရည်၊ ဇီးဖျော်ရည် သစ်ခွရည် သံပုရာရည် တွေထက် သိသိသာသာ ပိုမိုရောင်းရတာကိုတွေ့ရသတဲ့။

ခေတ်မီအောင် သံပုရာသီးစိတ်လေးလည်းပါသပေါ့။ နာမည်တစ်ခုခုတော့ပေးမှဆိုပြီး အီကိုမိန်းမလှကျွန်းသူတွေ ကိုကင်ပွန်းတပ်ခိုင်းတော့ တနေ့မှာ ကျောင်းသူတွေက
သံဗူး လို့အမည်ပေးလိုက်တာ ဦးယမ်းဘီလူးကြီးလည်း
သဘောကျလက်ခံရာက သူ့ဆိုင်မှာလက်မလည်တော့သတဲ့။

နောက်တော့ အဲဒီ့ကျောင်းသူတွေကို သံဗူး အဓိပ္ပါယ်
လက်တို့ မေးကြည့်မှ..အဲဒီ့ မဆလခေတ်ကာလ မှောင်ခိုစျေးမှာစဝင်လာတဲ့ အလွန်စျေးကြီးတဲ့ ကိုကာကိုလာ သံဖြူဘူးတွေကို တုပပြီး သံဗူးရယ်လို့ လွယ်လွယ်ထိထိ မှည့်ခေါ်လိုက်ကြတာဖြစ်ကြောင်း ရှေးဟောင်းနှောင်းဖြစ် လွမ်းစရာဗဟုသုတကလေးကို တင်ပြလိုက်ရပါကြောင်း...။ ။

ကိုကြီးပိန်(ဘူမိ)
မန္တလေးဆောင်
Kyaw Mor Aung Acc မှ ကူးယူ ဖော်ပြပါသည်။
https://www.facebook.com/share/p/b9sBvQgQ2N7ZvosJ/?mibextid=oFDknk

မင်မင်ကို Customer တွေ ပြန်ပြောပြတဲ့ Chia Seed ကောင်းကြောင်း အချို့....▶️▶️▶️အန်တီက  Chia Seed လေးသောက်လို့ ဒူးနာတာလေး လ...
03/03/2024

မင်မင်ကို Customer တွေ ပြန်ပြောပြတဲ့ Chia Seed ကောင်းကြောင်း အချို့....

▶️▶️▶️အန်တီက Chia Seed လေးသောက်လို့ ဒူးနာတာလေး လျှော့သွားတယ်။

▶️▶️▶️ ညီမကတော့ Chia Seed ကို Detox water ထဲ ထည့်ပြီး တနေကုန်သောက်တာ အဆင်ပြေတယ်။

▶️▶️▶️ အကို က အူရောင်ငန်းဖျားရောဂါ (တိုက်ဖိုက်ရောဂါ) ဖြစ်လို့ သူငယ်ချင်း တယောက်ညွှန်းလို့ သောက်ရင်း အစာအိမ် အတွက်ပါ အဆင်ပြေသွားတယ်။

▶️▶️▶️ အန်တီက ဆီးချို ဖြစ်ကာစ မို့ ကြော်ငြာတာတွေ့တွေ့နေလို့ ချီယာစေ့ကို ပုံမှန်ဝယ်သောက်ကြည့်တာ ဆီးချိုကျဆေးပါ လျော့ သောက်လို့ရပြီလို့ ဆရာဝန် ညွှန်ကြားတဲ့ အဆင့်ထိရောက်သွားတယ်။

▶️▶️▶️ ဝမ်းချုပ်တာ ဘာဆေးမှ မတိုးလို့ မင်မင်ဆီ ""Chia Seed သောက်ရင် ဝမ်းချုပ်တာ သက်သာလားလို့ ""မေးရင်း ဝယ်သောက်တာ တကယ်ဘဲ ဝမ်းသိပ်မချုပ်တော့လို့ ကျေနပ်တဲ့ အမ တယောက်ရဲ့ ပီတိ .....

မင်မင်ကိုယ်တိုင်လဲ ဥပါဒ် မဖြစ် ၊ ဘေးထွက် ဆိုးကျိုး မရှိတဲ့ Chia Seeds ကို ကျန်းမာရေး အတွက် သောက်သလို ကိုယ်ခန္ဓာလည်း မဝစေတဲ့ ကောင်းကျိုးပါရလိုက်တယ်နော်။

ကဲ ကာကာတို့လည်း လက်တွေ့စမ်းဝယ်ပြီး သောက်ကြည့်နော်။

🛑🛑တခုဘဲ ကျောက်ကပ်ရောဂါရှိတဲ့သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါလို့ အကြံပြုပါရစေ။

နွေပူပူမှာ အမောပြေပြီး ကျန်းမာဖို့ ချီယာစေ့ နဲ့ တွဲသောက်လို့ရတဲ့ နည်းလေးတွေကို ပုံတွေအောက်မှာ ပေးလိုက်ပါတယ်နော်။

ဒီလ အတွက် Chia Seed‌ ရဲ့ အထူး ဈေးနှုန်းလေးတွေက
👉250g 1ထုတ် 6000ks (15ရက်စာ)
👉250g 1ထုတ် 6300ks (15ရက်စာ)
👉500g 1ထုတ် 10000ks ( 1လစာ)
👉1kg 1ထုတ် 18000ks ( 2လစာ)

မှာယူချင်သူများ messenger CB သို့ 09774598811,09443099579 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်‌။

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..ပထမ ၁၀ နှစ်ကတော...
02/03/2024

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..

ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...

ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...

တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...

စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...

ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...

ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...

နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...

( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)

ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...

သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...

ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...

ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရတော့ဘူး...

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...

ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...

ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...

ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...

နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...

ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!

- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...

- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...

- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...

- အရေးအကြီးဆုံးကတော့

ဘဝကို ကိုယ်က အသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..

"သေဆုံးသွားရတာမျိုး"

မဖြစ်ပါစေနဲ့....။

Blissful MettaFlow :

အောင်နိုင်ထွန်း မြန်မာစာ

Photo ~ Nagano Prefecture, Japan

💥စတီးရွိုက်..တန်ဆေး…လွန်ဘေး 💥အဆစ်တွေနာလို့  #အကိုက်အခဲပျောက်ဆေး ဆိုပြီး ဝယ်သောက်လိုက်တာ #ကိုယ်တွေဖောလာတယ်  #ခြေလက်တွေလေး...
26/02/2024

💥စတီးရွိုက်..တန်ဆေး…လွန်ဘေး 💥

အဆစ်တွေနာလို့ #အကိုက်အခဲပျောက်ဆေး ဆိုပြီး ဝယ်သောက်လိုက်တာ
#ကိုယ်တွေဖောလာတယ် #ခြေလက်တွေလေးလံလာတယ် #အစားအသောက်ကတော့အလွန်စားကောင်းပဲ
#အိပ်လို့လည်းကောင်းပါတယ် ဆရာ ဒါပေမယ့် ဆေးဖြတ်လိုက်ရင်တော့ နေရတာ #နှုံးချိလာတယ် ဆေးပြန်သောက်လိုက်ရင်တော့ ပြန်ကောင်းလာတယ်ဆိုပြီး #စတီးရွိုက် ဆေးလာလာပြပြီး မေးတာကိုခဏ ခဏကြုံဖူးပါတယ်

💢ကျွန်တော် ဒီမှာအရင်ဆုံးပြောချင်တာကတော့ ဒီဆေးဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်တော့ဘေးဖြစ်ပ့မယ် သုံးတာတောင်မှ တန်ဆေး လွန်ဘေး ဆိုတာကိုအရင်ပြောချင်ပါတယ်💢

🌟ပထမဆုံး စတီးရွိုက်ဆိုတာဘာလဲဆိုတာကိုလေ့လာကြည့်ရအောင်
စတီးရွိုက်ဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေထွက်တဲ့ #ဟော်မုန်း တစ်မျိုးဖြစ်ပါတယ် ဆေးပညာအရ ( ) လို့ခေါ်ပါတယ်

ဦးနှောက်ရဲ့အညှာလို့ခေါ်တဲ့ (pituitary gland) ကနေ လှုံ့ဆော်ပေးပြီး ကျောက်ကပ်ရဲ့အပေါ်ဘက် (adrenal gland) လို့ခေါ်တဲ့ အစိတ်အပိုင်းကနေတစ်နေ့ကို ပုံမှန်နှုန်းအတိုင်း ထွက်ပေးနေတာပါ

ထူးခြားချက်ကတော့ မနက်ပိုင်းဆိုပိုထွက်ပြီးတော့ ညဘက်ဆို ထွက်တာနည်းပါတယ် ဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့ အာနိသင်တစ်ခုဟာ လူကိုနိုးကြားတက်ကြွမူကိုဖြစ်စေတာမို့ပါ ညဘက်နိုးကြားတက်ကြွနေလို့ကတော့ အိပ်တဲ့သူဆိုတာရှိမယ်မထင်တော့ဘူးဗျာ😅

🌟စတီးရွိုက်ဘာကြောင့်လိုအပ်ရတာလဲ
👉အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့ အာနိသင်ဟာ သွေးကြောထဲမှာရှိတဲ့ ညှစ်အားကိုထိန်းပေးထားလို့ပဲဖြစ်ပါတယ် (vascular tone)
ညှစ်အားကိုထိန်းပေးထားတဲ့အတွက် သွေးပေါင်ချိန်ကိုပုံမှန်ဖြစ်စေမယ်ဆိုတာလည်းသိထားစေချင်ပါတယ်

👉နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့
လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်မှာ အရေးကြီးတဲ့အပိုင်းကပါပါတယ် ဇီဝဖြစ်စဉ်ဆိုတာ ကျွန်တော်တို့ နေ့စဉ် စားသောက်နေကြတဲ့ ကစီဓာတ် အသားဓာတ် အဆီဓာတ် တွေကို သိုလှောင်ရာ အသုံးပြုရာမှာ အရေးကြီးတဲ့အပိုင်းကိုဆိုလိုပါတယ်
စတီးရွိုက်ဟာဆိုရင် အချိုကိုသိုလှောင်ပေးပါတယ်
အသားဓာတ်ကိုအသုံးပြုပါတယ် အဆီကိုလည်း သိုလှောင်ပါတယ်

တခြားလိုအပ်တဲ့အချက်တွေကတော့
- ရောင်ရမ်းတာတွေကျစေတာ
- ကိုယ်ခံအားစနစ်ကို ကျစေတာ
- ဓာတ်မတည်းမူကိုနည်းစေတာ
- စိတ်ဖိစီးမူကိုလျော့နည်းစေတာ တို့ပဲဖြစ်ပါတယ်လို့မှတ်ထားရင်ရပါပြီ

🌟စတီးရွိုက်ပါဝင်သောဆေးများအသုံးပြုပုံ
အသုံးပြုပုံတွေကတော့ အင်မတန်မှများလို့ပြောလို့တောင်ကုန်မယ်မထင်ပါတယ်

💥အရေးကြီးဆုံးပြောချင်တာကတော့ မိမိသဘောနဲ့မိမိ မသောက်မိဖို့ လိုပါတယ် ကျားမြီးဆွဲမိသလိုပါပဲ ဆွဲပြီးရင်လွှတ်ဖို့ ခက်ပါတယ် ပါးပါးနပ်နပ်ကိုင်တွယ်မှသာရပါလိမ့်မယ်💥

အသုံးပြုပုံ
- အရိုးအကြောကိုက်ခဲသက်သာ
- ဓာတ်မတည့်မူလျော့စေ
- ကျောက်ကပ်အစားထိုးပြီးသူ
- ရင်ကြပ်ရောဂါ
- နာတာရှည်အဆုတ်လေပြွန်ရောင်
- ဂေါက်ရောဂါရှိသူ
- အရေပြားရောဂါအချို့( #နှင်းခူ ၊ )
အခြားအခြားသောအသုံးပြုပုံတွေလည်းအများကြီးရှိပါသေးတယ် အခုကတော့ အသုံးများတဲ့ ရောဂါတွေကိုရေးထားပေးတာပါ

🌟ဘေးထွက်ဆိုးကျိုးများ
ဒီအပိုင်းကတော့အရေးကြီးဆုံးပိုင်းပါ ကိုယ်စီးတဲ့မြင်းအထီး အမ သိထားဖို့အရေးကြီးပါတယ်

ဆေးဆိုတာ ဆရာဝန်ပေး သောက်ရင်ရပြီလို့ထင်တဲ့ အတွေးတွေဖျောက်စေချင်ပါတယ် မိမိခန္ဓာကိုယ်မိမိပိုင်ပါတယ် ဒါကြောင့် ဆုံးဖြတ်ဆင်ခြင်တွေးတောဖို့အရေးကြီးပါတယ်

ရေတို နဲ့ရေရှည်ဆိုပြီး (၂) ပိုင်းခွဲပြီးမျှဝေချင်ပါတယ်

🔸ရေတိုဘေးထွက်ဆိုးကျိုး
- စိတ်ကျခြင်း(ရောဂါလို့မဆိုလိုပါ)
- စိတ်တက်ခြင်း
- စိတ်မူမမှန်ခြင်း
- ခန္ဓာကိုယ်တွင်း ပိုး များ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း

🔸ရေရှည်ဘေးထွက်ဆိုးကျိုး
- အချိုတက်လာခြင်း(ဆီးချိုဖြစ်တတ်)
- သွေးပေါင်ချိန်တက်ခြင်း(သွေးတိုးရောဂါရတတ်)
- ဖောရောင်လာခြင်း
- လေးလံလာခြင်း
- အစာအိမ်ရောင်ရမ်းစေခြင်း(အနာဖြစ်စေတတ်)
- Moon face လို့ခေါ်တဲ့ မျက်နှာဝိုင်းကြီးဖြစ်လာတတ်ခြင်း
- အရေးပြားတွင် အကြောပြတ်ရာများပေါ်လာခြင်း(အထူးသဖြင့် ဗိုက်၊ပေါင်)
- အရေပြားများပါးလာခြင်း
- သွေးခြေဥတာအလွယ်တကူဖြစ်တတ်ခြင်း
- အထိုင်အထခက်ခြင်း
- အရိုးများပါးလာခြင်း(အရိုးပွရောဂါဖြစ်တတ်)
- အတွင်တိမ်ဖြစ်တတ်ခြင်း စတဲ့ဆိုးကျိုးတွေကတော့ စတီးရွိုက်ဆေးကို ၃ ပတ်ထက်ပိုပြီး ဆွဲသောက်ရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်

🌟စတီးရွိုက်မဖြစ်မနေသောက်နေသူများ သိထားရမည့်အချက်များ💢
ဒီအပိုင်းကလည်းအရေးကြီးတဲ့ နောက်တစ်ပိုင်းပါ
တချို့က ခုလိုဘေးထွက်ဆိုးကျိုးတွေရှိလို့ မသောက်ချင်ဘူး ရပ်ပစ်လိုက်တာတွေရှိပါတယ်

❌လုံးဝ လုံးဝ မလုပ်မိစေဖို့ အရေးတကြီးမှာလိုပါတယ်❌

ရုတ်တရက်ရပ်လိုက်ရင် သွေးပေါင်ကျတာ အထိုင်အထမူးတာ သတိလစ်တာ အချိုဓာတ်အကျလွန်ပြီး အသက်အန္တရယ်ရှိတဲ့အထိဖြစ်တတ်ပါတယ်

တချို့ကဖျားနာနေလို့ တစ်ရက်တစ်လေ တစ်ပတ်တစ်လေနားပစ်တာ ဆေးသောက်စရာတွေများလို့ ချန်ခဲ့တာတွေလည်းလုပ်တတ်ကြပါတယ်

❌လုံးဝ မလုပ်ပါနဲ့လို့ မှာချင်ပါတယ်❌
ဖျားနာနေချိန်ဆို ပိုလို့တောင် သောက်သင့်ပါသေးတယ် ပျို့တာအန်တာရှိလို့မသောက်နိုင်ရင်တောင်အလားတူ ထိုးဆေးကိုထိုးရပါလိမ့်မယ်

ဆေးရုံ ဆေးခန်းအကြောင်းတစ်ခုခုကြောင်းသွားပြတိုင်း ဆရာဝန်ကို ဒီဆေးသောက်နေရကြောင်းပြောပေးပါလို့လည်း မှာချင်ပါတယ်

အဆုံးသတ်အားဖြင့်ပြောရမယ်ဆိုရင်

စတီးရွိုက်ဆိုတာ ….တန်ဆေး ….လွန်ဘေးပါဗျာ

ဒီလိုတွေရေးလို့လည်းကြောက်ပြီး သုံးသင့်သုံးထိုက်တဲ့နေရာမှာ အသုံးဘူးဆိုပြန်ရင်လည်း

ရောဂါတစ်ခုကို
ချွန်းနဲ့ထွင်းရတဲ့နေရာမှာ …. ပေါက်ဆိန်နဲ့ပေါက်ရသလိုဖြစ်တတ်ပါတယ်

ဒါကြောင့် သုံးသင့်တယ် သုံးရမယ်ဆိုရင်လည်း သေချာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန် နဲ့ပြသပြီးမှသာသောက်သင့်တယ်ဆိုတာရယ် ဒီဆေးသောက်နေပြီဆိုရင် ပုံမှန်ဆေးခန်းပြဖို့လိုတယ်ဆိုတာကို သိစေချင်ပါတယ်

အားလုံးပဲ မှန်ကန်သော ကျန်းမာရေးဗဟုသုတများတိုးပွါးပါစေဆုတောင်းလျှက်….

Dr Kyaw



#စတီးရွိုက်

Address

No. 16 , Ground Floor , Sa Ka Sein Street , Alone Township Yangon
Yangon
11111

Telephone

+959774598811

Website

Alerts

Be the first to know and let us send you an email when Aung Htoo Sann Healthy Food Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Htoo Sann Healthy Food Products:

Share