07/12/2024
အားလုံးပဲ နေကောင်းကျန်းမာရှိကြရဲ့လားခင်ဗျာ။
မတွေ့ရတာတောင် အတော်ကြာပြီ တစ်နှစ်လောက်ရှိပြီပေါ့။
အကုန်လုံးကိုအမြဲတမ်းသတိရနေပါတယ်။
အခုထက်ထိ ကျွန်တော်တို့သာလီစွစားသောက်ကုန်တွေကို သတိတရလှမ်းမေး လှမ်းဝယ်နေကြတဲ့ အမျိုးတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော့်ဆီမှာသာ ပစ္စည်းတွေကျန်သေးရင် လာလာမေးကြတဲ့အမျိုးတွေကို မရောင်းတော့ဘဲ အကုန်လုံး လက်ဆောင်ပေးပစ်လိုက်ချင်တဲ့အထိကို ကျေးဇူးလည်းတင်ရတယ်။ အားလည်းနာရပါတယ်။
တကယ်ကို ကျွန်တော်လည်းပြန်ရောင်းချင်နေတာပါ။
ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရေခြားမြေခြားကိုရောက်သွားတော့ လောလောဆယ်မှာ ရပ်ထားရတဲ့အနေအထားဖြစ်နေတာပါ။
ဟိုတစ်လောတုန်းကတောင် ငှက်ပျောသီးကိုနံရံမှာတိပ်နဲ့ကပ်ထားတဲ့သတင်းနာမည်ကြီးနေတုန်းက တွေးမိသေးတယ်။
ဪ ငါလည်း သာလီစွမျှင်ငပိဖြစ်ဖြစ် ပုစွန်ခြောက်ဖြစ်ဖြစ် တစ်ခုခုကို နံရံမှာ တိပ်နဲ့ကပ်ပြီး ဈေးရောင်းလိုက်ရင် ငါ့ဖောက်သည်တွေသဘောကျကျမှာပဲဆိုပြီး တွေးမိသေးတယ်။
သတိရပါတယ် အဲ့လိုမျိုးပေါက်ကရတွေ ရေးတာတောင် အားပေးကြတဲ့အမျိုးတွေကို။
အဲ့ဒါကြောင့် ကျွန်တော်တစ်ခုခုကိုပြန်ပြီး ကူညီပေးချင်ပါတယ်။
ကျွန်တော်ရောက်နေတဲ့ နိုင်ငံကထီထိုးချင်တယ်ဆိုရင်ပြောပါ။ ကျွန်တော်ထိုးပေးပါမယ်။
စင်ကာပူထီပါ။
ပိုက်ဆံလည်း သူ့ဈေးအတိုင်းပဲပေးရင် ရပါတယ်။
ဝန်ဆောင်ခမယူပါဘူး။
ဒီမှာကတော့ဈေးချိုတာပေါ့။ ToTo ထီဆို တစ်စောင်ကိုမှ တစ်ဒေါ်လာပဲရှိတယ်။ စင်ကာပူဒေါ်လာဈေးနဲ့ဆို တစ်စောင်ကို 3300 ပေါ့။ sweep ဆိုရင်တော့ 3ဒေါ်လာပေါ့။
ထိုးချင်ရင်ပြောပါ။ ထီပေါက်ရင်လည်း ပေးစရာမလိုပါဘူး။ ကိုယ့်ဟာကိုယ်ထုတ်ပေးပြီး ပို့ပေးပါမယ်ခင်ဗျာ။
ကျွန်တော်တို့ဆိုင်ပြန်ဖွင့်တဲ့အခါ ပြန်အားပေးရင်ရပါပြီ။
ပုံကတော့ ဘာတင်ရမှန်းမသိတာနဲ့ မင်းသားတစ်ယောက်ပုံကိုပဲ ခွင့်တောင်းပြီးတင်လိုက်ပါတယ်။