Zin Health Care Products

Zin Health Care Products Prevention is better than cure.

11/05/2026
15/04/2026

Check out Zin Health Care Products’s video.

12/03/2026

ဒေါက်တာတင်မာထက်၏ လင်ဇီးနှင့် ပျားဝတ်မှုန်အကြောင်း 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 𝙇𝙄𝙑𝙀 အမေးအဖြေများအား 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ ဓာတ်စာနဲ့ပတ်သက်ပြီး လေ့လာရာတွင် အဆင်ပြေစေရန်အတွက် Video File အား စာအုပ်အဖြစ် လွယ်ကူစွာ ဖတ်ရှုနိုင်ရန် စုစည်းမှု - ၇၁ (သားအိမ်အလုံးတည်ခြင်းအကြောင်း) (၂၆.၉.၂၀၂၅) စာအုပ် 𝐏𝐃𝐅 ဖိုင်အား Download ပြုလုပ်ပြီးဖတ်ရှုနိုင်ပါပြီ .....
👇👇👇👇👇
https://drive.google.com/file/d/1jrcGkbxG3pXYun-BQl-84oskQGnglB2Y/view?usp=sharing
---------


🏡 အရောင်း – သန်လျှင်မြို့ အချက်အချာနေရာကောင်း📍 သန်လျှင်မြို့(မြို့မတောင်ရပ်ကွက် / သုခလမ်း)🚶‍♂️ မြို့မဈေးသို့ ၂ မိနစ်လမ်း...
04/03/2026

🏡 အရောင်း – သန်လျှင်မြို့ အချက်အချာနေရာကောင်း

📍 သန်လျှင်မြို့
(မြို့မတောင်ရပ်ကွက် / သုခလမ်း)
🚶‍♂️ မြို့မဈေးသို့ ၂ မိနစ်လမ်းလျှောက်ယုံ
🏦 MAB Bank, KBZ Bank အနီး
🛒 Orange Supermarket အနီး
📮 စာတိုက် / စည်ပင်ရုံး အနီး
🏥 လေဆာဆေးရုံကြီးအနီး
🎬 ရုပ်ရှင်ရုံအနီး
📐 မျက်နှာစာ – 40 ပေ
📏 အရှည် – 73 ပေ / 80 ပေ (မြေအနည်းငယ်စောင်းပုံ)
📊 စုစုပေါင်း ~3,060 sqft ဝန်းကျင်

📜 ဂရန်မြေ

🚗 ကားနှစ်စီးရှောင်လမ်း (လမ်းခင်းကောင်း)
🏚 အိမ်ဟောင်းပါရှိ (မြေတန်ဖိုးဖြင့်ရောင်းမည်)

စီးပွားရေးလုပ်ရန်၊ အဆောက်အဦအသစ်ဆောက်ရန် အလွန်သင့်တော်သော အချက်အချာနေရာကောင်း ဖြစ်ပါသည်။

💰 ဈေးနှုန်း – 19,500 သိန်း (ညှိနှိုင်း)
📞 စိတ်ဝင်စားသူများ CB သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။
0️⃣9️⃣ 2️⃣5️⃣9️⃣8️⃣1️⃣4️⃣0️⃣5️⃣0️⃣

02/03/2026

“ဆရာ၊ ကျွန်မ သွေးဆုံးကိုင်မှာ ကြောက်တယ်…”

ဒါက ဆရာ မကြာခဏ ကြားရတဲ့ စကားပါ။

အမျိုးသမီးအများစုဟာ သားအိမ်နဲ့ သားဥအိမ်ရောဂါ ပြင်းထန်စွာ ခံစားနေရပြီး- အသားလုံး အကျိတ်တွေ၊ သွေးလုံး (endometriosis)၊ ထပ်ခါတလဲလဲ နာကျင်ကိုက်ခဲမှု၊ သွေးဆင်းများတာတွေ... စတာတွေ ဖြစ်နေကျပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက ရောဂါမဟုတ်ဘူး။

သူတို့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုကတော့-

👉 “ခွဲစိတ်ပြီးနောက် သွေးဆုံးရင် ဘာဖြစ်မလဲ”

အဲဒီကြောက်ရွံ့မှုကို ဆရာ နားလည်ပါတယ်။

လူမှုကွန်ရက် Facebook Tiktop တွေမှာ ပူပြင်းတဲ့ ချွေးထွက်ခြင်း၊ စိတ်ခံစားချက် ပြောင်းလဲခြင်း၊ အိုမင်းခြင်း၊ ခြောက်သွေ့ခြင်း၊ အားနည်းခြင်းတွေအကြောင်း ပြောကြတာကြောင့်…

သွေးဆုံးတာက ကြောက်စရာကောင်းတယ်လို့ ထင်ရစေပါတယ်။

ဒါပေမယ့် အဲလို ပြောနေတဲ့သူတွေက သားအိမ် သားဥအိမ် ထုတ်လို့ ဖြစ်နေကြတာတွေ ပြောနေတာဘဲ ဖြစ်ပြီး သူတို့သာ ရောဂါရှိတဲ့ သားအိမ် သားဥအိမ်တွေများ မထုတ်ခဲ့ရင် ဘာဖြစ်မယ်ဆိုတာ မပြောကြပါဘူး

သားဥအိမ်နဲ့ သားအိမ် နှစ်ခုစလုံး ပြင်းထန်စွာ ရောဂါရှိနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားလို့ မရနိုင်ပါဘူး

တစ်ခါတစ်ရံမှာ ရောဂါကို ဖယ်ရှားတာက ခန္ဓာကိုယ်အတွက် အလုံခြုံဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

ဟုတ်ပါတယ် - သားဥအိမ်နှစ်ခုလုံးကို သဘာဝအတိုင်း သွေးဆုံးခြင်း မတိုင်ခင် ဖယ်ရှားလိုက်ရင် သွေးဆုံးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါပေမယ့် အမှန်တရားကတော့-

🌿 အမျိုးသမီးတိုင်း ပြင်းထန်စွာ ခံစားရတာ မဟုတ်ပါဘူး။

🌿 ရောဂါလက္ခဏာတွေကို ကုသနိုင်ပါတယ်။

🌿 ဟော်မုန်း အစားထိုးကုထုံး (HRT) ကို စနစ်တကျ ကုသမယ်ဆိုရင် အမျိုးသမီးအများစုအတွက် ဘေးကင်းပါတယ်။

🌿 ဘဝအရည်အသွေး ကောင်းမွန်နေနိုင်ပါသေးတယ်။

ပိုအန္တရာယ်များတာကတော့ -
• အဆက်မပြတ်နာကျင်မှုနဲ့ နေထိုင်ခြင်း
• သွေးထွက်များပြီး သွေးအားနည်းရောဂါနဲ့ နေထိုင်ခြင်း
• ကြီးထွားလာတဲ့ အကျိတ်တွေနဲ့ နေထိုင်ခြင်း
• ကင်ဆာကို ကြောက်ရွံ့ခြင်းနဲ့ နေထိုင်ခြင်း

သွေးဆုံးခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။
ကုသမှုမခံယူရတဲ့ ရောဂါဟာ အသက်အန္တရာယ်ပေးနိုင်ပါတယ်

ဆရာဝန်တစ်ယောက်အနေနဲ့ ဆရာဟာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ကိုယ်တွင်းအင်္ဂါတွေကို ဖယ်ရှားဖို့ မထောက်ခံပါဘူး။

ဆရာတို့ ခွဲစိတ်ကုသမှု အကြံပြုတဲ့အခါ လူနာကို ကာကွယ်ပေးချင်လို့ပါ - ထိခိုက်အောင် မဟုတ်ဘဲ ကယ်တင်ချင်လို့ပါ။

Facebook ပေါ်က ကြောက်ရွံ့မှုတွေကြောင့် သင့်လျော်တဲ့ ကုသမှုကို နှောင့်နှေးအောင် မလုပ်ပါနဲ့။

ကျန်းမာရေးက ကြောက်ရွံ့မှုထက် ပိုအရေးကြီးပါတယ်။

မိမိရဲ့ ဆရာဝန်ကို မေးခွန်းများများ မေးပါ။

ရောဂါအခြေအနေကို နားလည်ပါ။

ပြီးရင် ယုံကြည်မှုရှိရှိ ဆုံးဖြတ်ပါ။

🌸အမျိုးသမီးတိုင်းဟာ

🌸 နာကျင်မှု တစ်စုံတစ်ရာ မရှိဘဲ နေထိုင်ရန် ထိုက်တန်ပါတယ်

🌸 ကျန်းမာဘေးကင်းလုံခြုံမှုတွေနဲ့ ထိုက်တန်ပါတယ်။

🌸 သင့်လျော်တဲ့ ဂရုစိုက်မှုတွေ ကုသမှုတွေနဲ့ထိုက်တန်ပါတယ်။

🌸ကင်ဆာရောဂါဖြစ်မှာကို ကြောက်ရွှံစိုးထိတ်ပြီး မနေရတဲ့ ဘဝနဲ့ ထိုက်တန်ပါတယ်


09/02/2026

လူငယ်တွေမှာ ကင်ဆာအဖြစ်များလာခြင်းရဲ့ အကြောင်းရင်းများကို ရှာဖွေခြင်း

ကျနော့်ညီငယ်တစ်ယောက် အသက် ၂၈ နှစ်အရွယ်မှာ အူမကြီးကင်ဆာဖြစ်တယ်။ ဘယ်လိုမှ မထင်မှတ်ထားသေးတဲ့အချိန်မှာ ကင်ဆာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဒီနေ့လည်း အသက် ၃၀ အရွယ်တစ်ဦး အသည်းကင်ဆာ နောက်ဆုံးအခြေအနေဖြစ်နေလို့ စိတ်အဆင်ပြေအောင် ဘယ်လိုမျိုးစာအုပ်တွေ ပေးဖတ်သင့်ပါသလဲလို့ အကြံတောင်းခံရတယ်။ ကင်ဆာဆိုတာ အရင်က အသက်ကြီးသူတွေမှာဖြစ်တဲ့ရောဂါ။ အခုကျတော့ အသက် ၃၀ ဝန်းကျင် လူငယ်လူရွယ်တွေမှာပါ အဖြစ်များလာတဲ့ ပြဿနာတစ်ခုဖြစ်လာတယ်ဆိုတာ တွေ့ရလိမ့်မယ်။ ကိုယ့်အနီးနားဝန်းကျင်မှာကို ကင်ဆာသံ ကျယ်ကျယ်လောင်လောင်ဖြစ်လာတယ်။ စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာပါတယ်။

(က)။ ဘာလို့ လူငယ်တွေ ကင်ဆာဖြစ်လာရတာလဲ။

လူငယ်တွေမှာ ကင်ဆာပိုဖြစ်လာတဲ့ကိစ္စအပေါ် ဆန်းစစ်ရာမှာ အားကောင်းတဲ့အချက် (၄) ချက်တွေ့ရပါတယ်။

၁။ ၁၉၉၀ ဝန်းကျင်မွေးဖွားလာတဲ့လူငယ်လူရွယ်တွေဟာ သူတို့မိဘ၊ အဖိုးဖွားတွေထက်စာရင် ဇီဝကမ္မအိုမင်းမှုပိုမြန်တယ်လို့ ၂၀၂၄ မှာလုပ်ခဲ့တဲ့ လေ့လာချက်အရ တွေ့ရတယ်။ ငယ်ငယ်ကတည်းက ကြုံတွေ့ရတဲ့ စိတ်ဖိစီးတာ၊ အိပ်ရေးပျက်တာနဲ့ သဘာဝပတ်ဝန်းကျင်အဆိပ်အတောက်တွေ မြင့်လာတာကြောင့် ဆဲလ်တွေက မြန်မြန်ပျက်စီးပြီး ကင်ဆာဖြစ်နိုင်တဲ့အခြေအနေကို စောစောရောက်သွားတာ ဖြစ်နိုင်တယ်လို့ လူပေါင်း တစ်သိန်းခွဲကျော်ကိုလေ့လာခဲ့တဲ့စမ်းသပ်မှုရလဒ်ကနေ ကောက်ချက်ချတယ်။ အထူးသဖြင့် အဆုတ်၊ အူလမ်းကြောင်းနဲ့ သားအိမ်ကင်ဆာတွေမှာ ဒီအချက်က ပိုသိသာပါတယ်။ (Accelerated Biological Aging 2024-2025)

၂။ ကျနော်တို့ မျိုးဆက်ဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို အပြည့်အဝခံကြရမယ့် မျိုးဆက်ဖြစ်ပါတယ်။ အထူးသဖြင့် မိုက်ခရိုပလပ်စတစ်လို့ခေါ်တဲ့ မျက်စိနဲ့မမြင်ရအောင်သေးငယ်တဲ့ ပလပ်စတစ်အမှုန်မွှားတွေ ခန္ဓာကိုယ်ထဲ စုပုံလာတာကြောင့် ရောဂါတွေပိုများလာတယ်။ ၂၀၂၅ မှာလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် မိုက်ခရိုပလပ်စတစ်ဟာ သွေးကြောတွေထဲတင်မဟုတ်ဘဲ ကလေးအချင်း (Placenta) နဲ့ ဦးနှောက်လိုနေရာတွေပါ ရောက်နေပြီလို့ ဆိုပါတယ်။ ဒီအမှုန်တွေက ခန္ဓာကိုယ်အနှံ့ရောင်ရမ်းမှုတွေဖြစ်စေတယ် (အခုနောက်ပိုင်း အဆစ်အမြစ်ပြဿနာ အလွန်အဖြစ်များတာ သိသာတဲ့အချက်ပါ)။ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ပို့ဆောင်တယ်။ (The "Exposome" & Microplastics 2024-2025)

၃။ တာရှည်ခံပြုပြင်ထားတဲ့ အစားအသောက်တွေစားတာများပြီး အသီးရွက်စားနည်းတာ၊ ပိုးသတ်ဆေးတွေအလွန်အကျွံသောက်သုံးတာ၊ လှုပ်ရှားမှုနည်းတာနဲ့ အူလမ်းကြောင်း ဘက်တီးရီးယားတွေအတွက် ကောင်းတဲ့အစားအသောက်တွေမစားတာတွေကြောင့် အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းသွားတယ်။ ကင်ဆာအားပေးတဲ့ ဘက်တီးရီးယားပိုးတွေ ပိုတွေ့လာရတယ်။ (Gut Microbiome Dysbiosis 2024)

၄။ ကင်ဆာဆဲလ်တွေဟာ သကြားကြိုက်ပါတယ်။ ကျနော်တို့ မြို့ပြလူနေမှုပုံစံမှာ ဘာစားစား သကြားမပါတာ မရှိသလောက်ဖြစ်နေတယ်။ ဒီလိုသကြားစားသုံးမှုမြင့်တဲ့ လူနေမှုပုံစံကြောင့် ကင်ဆာဆဲလ်တွေအကြိုက်တွေ့ဖြစ်ပြီး အထိန်းချုပ်မရှိ ပိုပွားပိုပြန့်ပါတယ်။ (Ultra-Processed Foods (UPF) & Metabolic Chaos 2025)

(ခ) ဘယ်လိုကင်ဆာတွေ အတွေ့ရများလဲ - အထူးသဖြင့်တော့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေပိုအဖြစ်များပါတယ်။ အူမကြီးတလျှောက်ကင်ဆာ၊ အစာအိမ်နဲ့ မုန့်ချိုအိတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ တွေ့ရတယ်။

(ဂ) ဘယ်လို ကာကွယ်ကုသကြမလဲ။

ကင်ဆာဟာ အစားအသောက်အနေထိုင်ပေါ် အများကြီး (အများကြီး) မူတည်တဲ့ရောဂါဖြစ်ပါတယ်။ လောလောဆယ်မှာ အစအဆုံးမပြောင်းလဲနိုင်သေးဘူးဆိုရင်တောင် ကိုယ်တတ်နိုင်သလောက် ကျန်းမာတဲ့စားသောက်နေထိုင်မှုရရှိအောင် ကြိုးစားသင့်ပါတယ်။

၁။ ပြုပြင်ဖန်တီးထားတဲ့ တာရှည်ခံအစားအသောက်တွေ တတ်နိုင်သမျှ လျှော့ပြီး အသီးရွက်၊ အသားငါးကို ပိုစားပါ။
၂။ ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေလုပ်ပါ။ ဘယ်လိုအလုပ်ရှုပ်ရှုပ် တစ်ရက်တာရဲ့ ရသမျှ အချိန်တိုင်းမှာ လှုပ်ရှားမှုရှိတဲ့ နေထိုင်မှုဖြစ်အောင် ကြိုးစားယူပါ။
၃။ စိတ်ဖိစီးမှုကို ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်စေတဲ့နည်းလမ်းတွေနဲ့ ဖြေလျှော့နိုင်အောင် ကြိုးစားပါ။
၄။ ဆေးမှန်မှန်စစ်ပါ။ ကင်ဆာဟာ စောစောသိရရင် အပြီးပျောက်ကင်းအောင် ကုသနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ရောဂါရင့်မှသိရင် ဘယ်လိုကြိုးစားကြိုးစား မမီတော့တာမျိုးဖြစ်နိုင်တယ်။

13/01/2026

လင်ဇီးနှင့်ပျားဝတ်မှုန်အကြောင်း Facebook LIVE
အမှတ် (၁ - ၅၆ ) အမေးအဖြေများထဲမှ
လင်ဇီးနှင့် ပတ်သက်သော မေးခွန်းများကို
Download ပြုလုပ်ပြီးဖတ်ရှုနိုင်ပါပြီ .....

👇👇👇👇👇
https://drive.google.com/file/d/1kM0TpQ-hP2izYHzTLmTzFFVhnr2Po9QK/view?usp=sharing
---------

13/01/2026

လင်ဇီးနှင့်ပျားဝတ်မှုန်အကြောင်း Facebook LIVE အမှတ် (၁ - ၅၆ ) အမေးအဖြေများထဲမှ ကင်ဆာရောဂါ နှင့် ပတ်သက်သော မေးခွန်းများကို Download ပြုလုပ်ပြီးဖတ်ရှုနိုင်ပါပြီ .....
👇👇👇👇👇
https://drive.google.com/file/d/1SDTLCt8nzFA9wwe5HvXafoDquNnmUk7n/view?usp=sharing
---------

13/01/2026

လင်ဇီးနှင့်ပျားဝတ်မှုန်အကြောင်း Facebook LIVE အမှတ် (၁ - ၅၆ ) အမေးအဖြေများထဲမှ သွေးတိုးရောဂါ နှင့် ပတ်သက်သော မေးခွန်းများကို Download ပြုလုပ်ပြီးဖတ်ရှုနိုင်ပါပြီ .....
👇👇👇👇👇
https://drive.google.com/file/d/1KZQhOLpjl1Bt7eF8I_Z3vMpyVDyug2on/view?usp=sharing
---------


Address

Thanlyin
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959259814050

Website

Alerts

Be the first to know and let us send you an email when Zin Health Care Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share