Sea -Food Definition

Sea -Food Definition Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sea -Food Definition, Grocers, Yangon.

မဟူရာညဆိုးထဲက အပြာရောင်နတ်မိမယ်လေး သို့မဟုတ် Sunny Leone****************************************************************...
13/03/2023

မဟူရာညဆိုးထဲက အပြာရောင်နတ်မိမယ်လေး သို့မဟုတ် Sunny Leone

*************************************************************************
သူမအကြောင်းလေး ပြန်ရေးမယ်လို့ တွေးမိတော့ ဖတ်မိတဲ့သူတွေက ကျွန်တော့်ကို နှာခေါင်းရှုံ့ချင် ရှုံ့လိမ့်မယ်။ဘာဖြစ်လို့လည်းဆိုတော့ သူမက ပရော်ဖက်ရှင်နယ် Pornstar တစ်ယောက်။အပြာမင်းသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။
ကျွန်တော်တို့နိုင်ငံမှာတော့ လိင်ကိစ္စနဲ့ပတ်သက်တဲ့ လုပ်ငန်းကိစ္စတွေကို ဖိနှိပ်ထားတာဆိုတော့ သူမလို တရားဝင်အပြာမယ်ဆိုတာတော့ မတွေ့ဘူးသေးပါဘူး။
Sunny Leone ဆိုတာ သူမရဲ့ နာမည်ရင်းမဟုတ်ပါဘူး။ပုရိသကြိုက်မဂ္ဂဇင်းတစ်ယောက်ဖြစ်တဲ့ Penthouse မဂ္ဂဇင်းပိုင်ရှင်က မှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။
အိန္နိယ အနွယ်ဝင် ပန်ချာပီလူမျိုးဖြစ်ပြီး ငယ်နာမည်က Karenjit Kaur Vohra ဖြစ်ပါတယ်။ May 13 1981 မှာမွေးပြီး 34နှစ်ရှိပြီဖြစ်ပါတယ်။
ငယ်စဉ်ကာလက အိန္နိယနိုင်ငံထဲမှာ နေထိုင်ခဲ့ကြပြီး ကတ်သလက်ဘုရားကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ဟော်ကီကစားခြင်းကို နှစ်သက်တဲ့သူမက အဲဒီဟော်ကီကစားခြင်းကြောင့်ပဲ သူမအပျိုစင်ဘဝကို အသက်ဆယ့်ခြောက်နှစ်အရွယ်မှာပဲ ကစားဖော်တစ်ယောက်ဆီကို အပ်နှင်းခဲ့ရပါတယ်။အဲဒီအချိန်ကတည်းက လိင်ကိစ္စအပေါ်သာယာမိခဲ့တဲ့ သူမက အသက်ဆယ့်ရှစ်နှစ်လောက်မှာ လိင်စိတ်စွဲလန်းခြင်းဟာ ရောဂါတစ်ခုလိုဖြစ်လာခဲ့ပါတယ်။အဲဒီနောက်တော့ သူမမိသားစုဟာ မီချီဂန် ကာလီဖိုနီးယား စတဲ့ ဘိုးဘွားတွေရှိတဲ့ ဒေသတွေဆီ ပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ယင်းကာလတွေကတော့ မိသားစုနဲ့ နွေးထွေးစွာ နေထိုင်ခဲ့တဲ့ကာလတွေလို့သတ်မှတ်နိုင်ပါတယ်။
သူနာပြုကျောင်းကိုဆက်တက်ခဲ့ပြီး ကြားထဲမှာ ဂျာမဏီမုန့်ဖုတ်ဆိုင်တစ်ခုမှအလုပ်ဝင်ခဲ့ပါသေးတယ်။2001ခုနှစ်လောက်မှာPenthouse ဓါတ်ပုံဆရာတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး သူတို့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ရာကနေ အပြာမယ်အဖြစ် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
PentHouse ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ခြင်းက သူမဘဝတစ်ခုလုံး ရွှေရောင်တောက်ပလာစေတော့တာပါပဲ။ယင်းနှစ်အတွင်းမှာပဲ အခြားမဂ္ဂဇင်းတွေကပါ သူမပုံတွေကို ထည့်သွင်းဖော်ပြခဲ့ကြပါတော့တယ်။
2003ခုနှစ်မှာ Penthouseကပေးတဲ့ ဆုကိုရရှိခဲ့ပြီး အဲဒီနောက်မှာ ပုရိသအကြားရေပန်းစားတဲ့အပြာမယ်အဖြစ် 2008 .2010.2012 တွေမှာ ဆုတွေရရှိခဲ့ပါတယ်။
သူမက Penthouse ကုမ္ပဏီနှင့်သာမက Vivid ကုမ္ပဏီနဲ့လည်း လက်တွဲခဲ့ပြီး အဲဒီကုမ္ပဏီကနေ လိင်တူခြင်းသံဝါသပြုတဲ့ ဇာတ်လမ်းတွေကို ထုတ်လုပ်ခဲ့ကာ နောက်ထပ်အခြားလိင်မှုရေးရာဇာတ်ကားတွေကိုလည်းကိုယ်တိုင်ရောဒါရိုက်တာရောအဖြစ်ပါ ကုမ္ပဏီထောင်ပြီးထုတ်လုပ်ခဲ့ပါတယ်။လူကြိုက်များအောင်မြင်မှုရခဲ့ပါတယ်။အဲဒီနှစ်က Vivid နဲ့တွဲဖက်ထုတ်လုပ်တဲ့ Sunny in Brazil ဇာတ်ကားက ပုရိသတွေကြား ရေပန်းစားခဲ့တဲ့ Adult Movies တွေဖြစ်ခဲ့ပါတယ်။
Adult ဇာတ်ကားတွေရိုက်ကူးတဲ့သူမဟာ ဆုတွေတစ်သီကြီးရခဲ့သလို အိန္နိယနိုင်ငံက ရုပ်သံစီးရီးအချို့မှာလည်း အစီရင်ခံသူအဖြစ် လုပ်ခဲ့ပါသေးတယ်။သူမက ပရဟိတ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှူဒါန်းသူတစ်ဦးဖြစ်သကဲ့သို့ အုပ်ထိန်းသူမဲ့တဲ့ အိမ်မွေးတိရစ္ဆာန်ကလေးတွေအတွက် မျိုးဆက်ပွားသင်းကွပ်တဲ့ ကျန်းမာရေးရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လှုံ့ဆော်ခဲ့ပါသေးတယ်။
ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး Adult ဇာတ်ကားများကို ထုတ်လုပ်ခဲ့တဲ့သူမက အခုဆိုလျှင် အိန္နိယနိုင်ငံထုတ်ရုပ်ရှင်ကားများထဲတွင် အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အပြာမယ်ဘဝကလာခဲ့သူတစ်ဦးပီပီ ပုရိသကြိုက် အဖော်ချွတ်မယ်နေရာက သရုပ်ဆောင်ခဲ့ပေမယ့် ကျားမပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ပြီးဖြစ်ပါတယ်။အခုဆိုလျှင် ဘောလိဝုဒ်ကနေ သူမပါဝင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ်။
အခုလိုမျိုး ပုရိသတွေစွဲမက်အောင် ရုပ်ရှင်တွေမှာတက်တက်ကြွကြွအမြဲတမ်းဖြစ်အောင်ဘာတွေစားသလဲလို
မေးတော့ အသီးအရွက်နဲ့ နွားနို့ကိုပဲ အဓိကထား စားသုံးတယ်လို့ဖြေပါတယ်။
စွဲမက်ဖွယ်ခန္ဓာကိုယ်နဲ့လှပချောမောတဲ့ Sunny Leone က သူမခံယူချက်နဲ့ပတ်သက်လို့ ခုလိုမျိုးဖြေခဲ့ပါတယ်။
"လူတိုင်းပဲလေ ဘာသာတရားရဲ့ အဆုံးအမနဲ့ ကန့်သတ်မှုကိုတော့ လက်ခံရတာပါပဲ။ဘာသာတရားရဲ့အာဝါသအောက်မှာမွေ့လျော်ရခြင်းကလည်းအရမ်းမြင့်မြတ်တဲ့အခြင်းအရာတစ်ခုပါ။ဒါပေမယ့် ဘုရားက ခုလိုမျိုး အညှီအနှောက်ဆန်လွန်းတဲ့ မေထုန်ကိစ္စတွေကိုတော့ သဘောတွေ့ ကောင်းချီးပေးမှာမဟုတ်ပါဘူး။ငယ်စဉ်ကတည်းက ကျွန်မကဘာသာရေးကိုင်းရှိုင်းမိဘတွေအောက်မှာကြီးပြင်းခဲ့တာပါ။ကျွန်မလည်းဘာသာတရားကိုကိုးကွယ်ကိုင်းရှိင်းခဲ့ပါတယ်။တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းပုံမှန်တက်ပြီး ဘာသာရေးအဆုံးမတွေနဲ့ ကြီးပြင်းလာခဲ့တာလေ။ဒါပေမယ့် ကျွန်မဘဝမှာ မထင်မှတ်တာတွေကြုံခဲ့ရတယ်။မိဘတွေဖြစ်လိုတဲ့ဘဝတစ်ခုကိုဦးတည်ခဲ့ပေမယ့်ဆန့်ကျင်ရာလုပ်ငန်းတွေကိုပဲရွေးချယ်ခဲ့မိတယ်။ကျွန်မခေါင်းထဲကိုအဲဒီကိစ္စတွေကမိုးကြိုးသွားဝင်သလိုထိုးနှက်ခဲ့ခံစားခဲ့ရပါတယ်။ကျွန်မနောက်မဆုတ်ခဲ့ပါဘူး။ကျွန်မလုပ်ခဲ့တဲ့အလုပ်ကိုတိုးတက်သထက်တိုးတက်အောင်ကြိုးစားခဲ့ပါတယ်။ခုထက်ထိပေါ့ "
လက်ရှိကာလမှာတော့ သူမက အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပို့စ်ကိုရေးရတဲ့ရည်ရွက်ချက်က အကြောင်းအမျိုးမျိူးကြောင့် S*x Worker ဘဝကိုရောက်နေတဲ့ အမျိုးသမီးတွေ ဖတ်မိခဲ့ရင် ယခုမင်းသမီးလိုမျိုး စိတ်ဓါတ်မကျဖို့ အားမငယ်မိဖို့အတွက် ရေးသားခြင်းဖြစ်ပါတယ်။

ဘောလိဝုဒ်မှ သူမထွက်ရှိထားသော ဇာတ်ကားစာရင်း
(1) J**m 2 (2012)
(2) Shootout at Wadala(2013)
(3) Jackpot (2013)
(4) Ragini MMS 2 (2014)
(5) Vadacurry(2014) Tamlil ဘာသာစကားဖြင့်
(6) Hate Story 2(2014)
(7) Balwinder Singh Famous Ho Gaya(2014)
(8) Current Theega(2014)
(9) DK (2015)
(10) Ek Paheli Leela(2015)
(11) Kuch Kuch Locha Hai(2015)
(12) Mastizaade(2015)
(13) Tina and Lolo(2015)
Credit to- ညီလင်းအိမ် -ရုပ်ရှင်အကြောင်းပြောကြမယ်

လီဗာပူး Vsမန်ယူနိုက်တက် ပွဲမှ ဂိုးရလာဒ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဂိုးရလာဒ်ဖြစ်ကြောင်းလီဗာပူး ဂိုးသမားဟောင်း ကားရီယက် က မှတ...
09/03/2023

လီဗာပူး Vsမန်ယူနိုက်တက် ပွဲမှ
ဂိုးရလာဒ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဂိုးရလာဒ်ဖြစ်ကြောင်းလီဗာပူး ဂိုးသမားဟောင်း ကားရီယက် က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

⚽⚽⚽😁😁😁

You say you love rain but you use an umbrella to walk under it.You say you love sun but seek shelter when it is shining ...
09/03/2023

You say you love rain but you use an umbrella to walk under it.
You say you love sun but seek shelter when it is shining .
You say you love wind but when it comes you close
your windows.

So that's why I'm sacred when you say you love me.

``Bob Marley´´

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sea -Food Definition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category