𝐌𝐘𝐈𝐍𝐓 𝐌𝐎 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐭𝐨𝐫𝐞

  • Home
  • Myanmar
  • Yangon
  • 𝐌𝐘𝐈𝐍𝐓 𝐌𝐎 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐭𝐨𝐫𝐞

𝐌𝐘𝐈𝐍𝐓 𝐌𝐎 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐭𝐨𝐫𝐞 ရွှေ သတင်းစုံ

22/04/2023

ပလက်တီနမ် Vs ရွှေဖြူ

19/04/2023

#ကျောက်စိမ်းပညာ

04/04/2023

ရွှေကျိုခြင်းအနုပညာ

စျေးဝယ်တွေပြန်လာရောင်းတဲ့ ပစ္စည်းကို ပြန်သန့်စင်ဖို့ ရွှေကိုဘယ်လိုကျိုသလဲ?

30/03/2023

3D Jewellery Designer

25/03/2023

ပလက်တီနမ်အကြောင်းလေးအကျဉ်းဒီနေ့တော့ မင်မင်လေ့လာထားသလောက် ပလက်တီနမ်အကြောင်းလေး နည်းနည်းပြောပြမယ်နော်။ ပလက်တီနမ်ဆိုတာဟာလည်...
23/03/2023

ပလက်တီနမ်အကြောင်းလေးအကျဉ်း

ဒီနေ့တော့ မင်မင်လေ့လာထားသလောက် ပလက်တီနမ်အကြောင်းလေး နည်းနည်းပြောပြမယ်နော်။ ပလက်တီနမ်ဆိုတာဟာလည်း မိန်းကလေးတွေရဲ့ အကြိုက်ထဲက တစ်ခုပဲမလား။ ရွှေကိုကြိုက်ကြတဲ့ မိန်းကလေးတွေလည်း ရှိသလို တစ်ချို့ကတော့ ဖန်စီဆန်တဲ့ပုံစံလေး ကြိုက်ကြတာဖြစ်လို့ ပလက်တီနမ်ကိုရွေးချယ်ကြပါတယ်။

ပလက်တီနမ်ကိုတော့ Pt လို့ သင်္ကေတသတ်မှတ်ပြီး အက်တမ်အမှတ် ၇၈ ဖြစ်တဲ့ ဓာတုဒြပ်စင်တစ်မျိုးပါ။ ပလက်တီနမ်က စပိန်စကားလုံး “ပလက်တီနို” ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာပါတယ်။ ပလက်တီနမ်က တူးဖော်စရိတ်များတာရယ်၊ သိပ်သည်းဆလည်း များတာကြောင့် ရွှေထက် ပိုပြီး ဈေးကြီးပါတယ်။ ရွှေတန်ချိန် ၁၅၀၀ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပလက်တီနမ်ကို နှစ်စဉ် ၁၆၀ သာ တူးဖော်နိုင်ပါတယ်။ အများစုဟာ ရွှေဖြူနဲ့ ပလက်တီနမ်ကို မကွဲပြားကြပါဘူး။ ရွှေဖြူနဲ့ ပလက်တီနပ်က မတူပါဘူး။ ရွှေဖြူက ပလက်တီနမ်ထက်ပိုပြီး ဈေးသက်သာပါတယ်။ ဒါ့ကြောင့်လည်း ပလက်တီနမ် ဈေးကြီးတဲ့အခါမှာ ရွှေဖြူတွေလည်း ခေတ်စားလာတာနဲ့အမျှ တစ်ချို့တွေက ရွှေဖြူဝတ်ဆင်ရတာကို နှစ်သက်လာခဲ့တာပါ။ ဒီတော့ မင်မင်တို့က သူတို့ရဲ့အသားတံဆိပ်လေးကို ကြည့်ပြီး ပလက်တီနမ်လား၊ ရွှေဖြူလား ဆိုတာ ခွဲခြားလို့ရပါတယ်နော်။ ပလက်တီနမ်ဆိုရင် သူ့ရဲ့သင်္ကေတဖြစ်တဲ့ (pt) ဆိုတာလေး ပါပါတယ်။

White Gold ကတော့ (Au) ဆိုပြီး သင်္ကေတရှိပါတယ်။ ပလက်တီနမ်ကို ၁၇၃၅ တွင် တောင်အမေရိကရှိ Ulloa နဲ့ ၁၇၄၁ တွင် Wood တို့က ရှာဖွေ့တွေ့ရှိခဲ့ကြပါတယ်။ ၁၈၂၂ ခုနှစ်မှာတော့ ရှရားရှိ Ural တောင်တန်းများမှာ ပလက်တီနမ်ကိုရှာဖွေတွေ့ရှိကြပါတယ်။ အရင်ကဆိုရင် ပလက်တီနမ်ဟာ ရွှေလိုမျိုး ရေပန်းစားတာမျိုး မဟုတ်ပေမယ့် အခုခေတ်မှာဆိုရင်တော့ ပလက်တီနမ်က လူငယ်တွေကြားမှာ အရမ်းခေတ်စားလာပါတယ်။ နောက်ပြီး ပလက်တီနမ်ဟာလည်း ရင်းနှီးမြှုပ်နှံလို့ အဆင်ပြေတဲ့ သတ္တုပစ္စည်းတစ်မျိုးပါပဲ။

Myint Mo
Jewellery Store
23.March .2023

ရွှေနှင့်ရောစပ်သောသတ္တုများနှင့် ဗဟုသုတရဖွယ်များဒီတစ်ခါ ရွှေနဲ့ပတ်သတ်ပြီး မျှဝေပေးခြင်းတဲ့ အကြောင်းလေးကတော့ မိမိတို့ဝတ်ဆ...
20/03/2023

ရွှေနှင့်ရောစပ်သောသတ္တုများနှင့် ဗဟုသုတရဖွယ်များ

ဒီတစ်ခါ ရွှေနဲ့ပတ်သတ်ပြီး မျှဝေပေးခြင်းတဲ့ အကြောင်းလေးကတော့ မိမိတို့ဝတ်ဆင်အသုံးပြုနေတဲ့ ရွှေလေးတွေကို အဆင်တန်ဆာအဖြစ် ပြုလုပ်ကြတဲ့အခါ ဘယ်လိုသတ္တုအမျိုးအစားတွေကို‌ ရွှေနဲ့ ရောစပ်ပြီးပြုလုပ်သလဲဆိုတာနဲ့ ရောစပ်လိုက်တဲ့ သတ္တုအမျိုးအစားပေါ် မူတည်ပြီး အဝါရောင်ရွှေအပြင် ဘယ်လိုထူးခြားတဲ့အရောင်တွေအနေနဲ့ တွေ့နိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်နော်။

ရွှေဟာ အလွန်အဖိုးတန်သော တွင်းထွက်သယံဇာတ သတ္တုတစ်ခုဖြစ်သည်သာမကပဲ ၎င်းသည် တန်ဖိုးရှိသောကျောက်မျက်ရတနာများအတွက် အဆင်တန်ဆာပြုလုပ်၍ ဖန်တီးမှုများတွင်လည်း အသုံးပြုမှုအများဆုံးနှင့် လူကြိုက်အများဆုံး သတ္တုတစ်မျိုးဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်တွင်လည်း ရွှေသည် ၎င်း၏ သဘာဝအလှအပနှင့် အရောင်တောက်ပမှုတို့အတွက် အစဉ်အဆက် တန်ဖိုးထားမက်မောခြင်းခံခဲ့ကြရသည့် သဘာဝတရားကြီး၏လက်ဆောင်မွန်တစ်ခု လို့လည်း ဆိုနိုင်သည်။ သို့သော် ရွှေစင်များသည် အလွန်ပျော့ပျောင်းသောကြောင့် ကျောက်မျက်ရတနာများနှင့် တန်ဆာဆင်၍ ဝတ်ဆင်မည်ဆိုပါက ကျောက်များ၏မာကျောမှုဒဏ်နှင့် ဝတ်ဆင်သူ၏ပွတ်တိုက်မှုဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ကျိုးပဲ့ ပျက်ဆီးနိုင်သည်။

ရွှေကိုများသောအားဖြင့် ကြေးနီသတ္တုနှင့်ရောစပ်မှုမှာ အများဆုံးဖြစ်ပြီး ဇင့်၊ တိုက်တေနီယမ်၊ ငွေ၊ နီကယ်၊ သွပ် စသောသတ္တုများနှင့်လည်း ရောစပ်၍ လက်ဝတ်ရတနာ အဆင်တန်ဆာများ ပြုလုပ်လေ့ရှိသည်။ နိုင်ငံတကာစံနှုန်းများအရ Karat ဖြင့် ရွှေလက်ဝတ်တန်ဆာများ၏ သန့်စင်မှု ရာခိုင်နှုန်းကို ဖော်ပြကြပြီး မြန်မာနိုင်ငံတွင်မူ ပဲရည်ဖြင့် ဖော်ပြလေ့ရှိသည်။ သန့်စင်ပြီးရွှေ ၉၉.၅ ရာခိုင်နှုန်းပါဝင်သော ၁၆ ပဲရည် (၂၄ ကာရက်) နှင့် သန့်စင်ပြီးရွှေ ၉၆ ရာခိုင်နှုန်းပါဝင်သော ဒုတိယအရည်အသွေးအကောင်းဆုံး ၁၅ ပဲရည် (၂၃ ကာရက်) တို့သည် ရွှေပါဝင်မှုပမာဏ များပြားသည့်အတွက် အလွန်ပျော့ပျောင်းသည်။ ထို့ကြောင့် ၎င်းအား အခြားသောကျောက်မျက်ရတနာများနှင့်အတူ ရွှေထည်ပစ္စည်းအနေဖြင့် ထည့်သွင်းပြုလုပ်၍မရနိုင်ဘဲ ၁၄ ပဲ ၂ ပြား (၂၂ ကာရက်) တွင်မူ သန့်စင်ပြီးရွှေ ၉၀ ရာခိုင်နှုန်းဝန်းကျင်သာပါဝင်သဖြင့် ၎င်းရွှေအမျိုးအစားကို ကျောက်မျက်ရတနာများ ထည့်သွင်းပြုလုပ်ရာတွင်အသုံးပြုနိုင်သည်။ သို့သော် မာကျောသိပ်သည်းမှု ပမာဏအများဆုံးဖြစ်သည့် စိန်ကိုမူ ၁၂ ပဲရည် (၁၈ ကာရက်) ရွှေပါဝင်မှုပမာဏ ၇၅ ရာခိုင်နှုန်းရှိသည့် အမျိုးအစားတွင်သာ လက်ဝတ်တန်ဆာအဖြစ် အသုံးပြုလို့ရမည် ဖြစ်သည်။

အဝါရောင်ရွှေ လက်ဝတ်ရတနာများသည် လူကြိုက်အများဆုံး အရောင်ဖြစ်နေဆဲ ဖြစ်သော်လည်း ယနေ့ခေတ်တွင် ရွှေကိုမတူကွဲပြားသော အရောင်များစွာဖြင့် ရနိုင်သည်။ ရွှေကိုမာကြောမှုရှိစေရန် ရောစပ်ရာတွင် အသုံးပြုသော သတ္တုပမာဏအနည်းအများနှင့် မတူညီသော သတ္တုများရောစပ်မှုက ရွှေကိုပုံမှန် အဝါရောင်မှ အခြားသော ထူးခြား၍ ရှားပါးသော အရောင်များအထိ ဖန်တီးနိုင်ကြသည်။‌ ဥပမာအားဖြင့် အဝါရောင်ရွှေနည်းတူ ယခုအခါအသုံးပြုမှုများသော White Gold ရွှေဖြူ၊ Platinum ပလက်တီနမ်၊ Rose Gold တို့အပြင် Red Gold (ရှရှားရွှေဟုလူသိများသည်) ၊ Blue Gold ၊ Green Gold နှင့် Black Gold စသည့် ထူးခြားသောအရောင်များလည်း တွေ့ရတတ်သည်။ သို့သော် ထူးခြားဆန်းပြားသော အရောင်အသွေးများ စုံလင်စွာဖန်တီး၍ ရွှေကို ဝတ်ဆင်မှု ခေတ်စားလာသော်လည်း အဝါရောင်ရွှေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဘဝ၏အရေးကြီးဆုံး အခမ်းအနားများနှင့် အထိမ်းအမှတ်များအတွက် အလွန်သင့်တော်သော လက်ဆောင်မွန်တစ်ခုအဖြစ် တန်ဖိုးထားသတ်မှတ်ထားမှုက ယခုတိုင်မ‌လျော့သော အဖိုးထိုက်တန်မှုဖြင့် တည်ရှိနေဆဲဖြစ်သည်။ အရောင်၏တောက်ပမှုနှင့် တည်မြဲမှုမှာလဲ မူလ အဝါရောင်ရွှေသည် ပို၍အရောင်ထွက်အားကောင်း၍ တောက်ပမှုအားဖြင့်အချိန်ပို၍ကြာအောင် တည်မြဲမှုရှိသည်။

အခုစာဖတ်ပရိတ်သတ်ကြီးအနေနဲ့ရော ပုံမှန်ဝတ်ဆင်နေကျ အဝါရောင်ရွှေအပြင် အခြားသော အရောင်တွေထဲကရွေးချယ်ပြီးဝတ်ဆင်ကြမယ်ဆို ဘယ်လိုအရောင်လေးတွေက ကိုယ့်အတွက် ပိုဆွဲဆောင်မှုရှိမလဲဆိုတာ စဉ်းစားကြည့်ကြရအောင်နော်။

MYINT MO
Jewellery Store
20 March 2023

GENERALစိတ်ကူးယဉ် ရွှေဈေးနဲ့ လက်ရှိအချိန် ရွှေရောင်းချင်တဲ့သူတွေ သိထားသင့်တဲ့ အချက်များရွှေအတက်အကျ ခန့်မှန်းနိုင်ဖို့ ခက...
16/03/2023

GENERAL
စိတ်ကူးယဉ် ရွှေဈေးနဲ့ လက်ရှိအချိန် ရွှေရောင်းချင်တဲ့သူတွေ သိထားသင့်တဲ့ အချက်များ

ရွှေအတက်အကျ ခန့်မှန်းနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေလေးကို သုံးသပ်ချင်ပါတယ်။ ဆက်တက်မလား မသိပါ။ ကျမလားမသိပါ။ ဒါပေမယ့် ကျွန်မအနေနဲ့သာဆိုရင် လက်ရှိလိုင်းပေါ်မှာ ပေါက်နေသော ရွှေစျေးသည် တစ်နိုင်ငံလုံးက အခေါက်ရွှေစျေးအတူတူမဟုတ်ဘူး ဆိုတာ နားလည်လက်ခံစေချင်ပါတယ်။

နောက်တစ်ခုက အခုလိုင်းပေါ်က အခေါက်စျေးသည် သန့်စင်ပြီး စံချိန်မှီသော အကယ်ဒမီ AC စျေး၏ ရောင်းစျေးသာဖြစ်သည်။ သူတို့ပြန်ဝယ်စျေးသည် မြို့ကြီးများဖြစ်သော ရန်ကုန် မန္တလေးတွင်တောင် လေးသိန်း သို့မဟုတ် သုံးသိန်းခွါဝယ်နေကြပါသည်။

ဥပမာ လိုင်းပေါ် ၃၇ သိန်းဟုတင်ထားလျှင် လက်တွေ့သွားရောင်းသည့်အခါ ၃၃ သိန်းဖြင့်သာ ဝယ်ယူကြသည်။ ထို့ကြောင့် အိမ်ထဲတွင် စျေးတအားတက်နေပြီ ရောင်းသင့်လား မေးသော အမေးများဖြင့်သာ အချိန်ကုန်မခံပါနှင့် လက်တွေ့ ဆိုင်ထိသွားပြီးတွက်ကြည့်ပါ တကယ် ပေါက်စျေးအမှန်သိရမှ ရောင်းရမလား မရောင်းရဘူးလားဆုံးဖြတ်သင့်ပါသည်။

ထပ်ဝယ်ရမလားဆိုလျှင် အားမပေးချင်ပါ ဆက်တက်ချင်တက်နိုင်သည်။ သို့သော် သုံးလေးသိန်းခွါနေသော အခြေအနေမှာ အခု ၃၇ သိန်းနဲ့ဝယ်ပြီဆိုပါစို့။ အိမ်မရောက်သေးဘူး ပြန်ရောင်းရင် ၃၃ သိန်းသာတန်တော့သည်။ အဘယ်ကြောင့်ဆိုသော် စျေးအတက်အကျကြမ်းသဖြင့် ဆိုင်များမဝယ်ရဲဘဲ ခွါသောအခြေအနေကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် အခုမှ ဒီစျေးတန်းကို ဝယ်မည်ကို အားမပေးပါ။ ရောင်းမည်ဆိုလျှင်လည်း သေချာတွက်ကြည့်ပြီးမှ သင့်မသင့်ဆုံးဖြတ်ပါ။ အိမ်ထဲကနေပြီး လိုင်းပေါ်က တင်နေသောစျေးများ ရမည်အထင်နဲ့ စိတ်ကူးယဉ်ရောင်းဝယ်နေခြင်းများ အဆင်မပြေပါ။ မိမိရွှေသည် ၁၄ ပဲရည်ဖြစ်နေပြီး အခေါက်စျေး ရချင်လို့မရနိုင်သလို အလျော့တွက်လက်ခ အများကြီးကျထားသော အထည်များဝယ်ယူထားပြီး အတုံးဝယ်ယူထားသူနှင့်အတူတူ လိုက်မြတ်ချင်လို့ မရတာကို သတိပြုသင့်ပေသည်။

စိတ်ပိုင်းဖြတ်နိုင်သော အမြတ်ဖြစ်ပါက ရောင်းပါ။ ငွေမလိုဘဲ ရောင်းရမလား မေးသူများအတွက်ကတော့ တစ်ခုပဲ မေးချင်ပါတယ်။ ရောင်းပြီးရင် ချက်ချင်းပြန်ဝယ်လို့ရသော ရွှေဆိုင် ရှိပါသလား။ ရှိလျှင် ရောင်းပါ ကြိုက်စျေးမှာ အချိန်မရွေး ပြန်ဝယ်ဖို့မလွယ်ရင် မရောင်းသင့်ပါ

အထူးသတိပြုသင့်သည်မှာ တစ်နိုင်ငံလုံး ရှိသမျှရွှေထည်ပစ္စည်းများသည် အခေါက်ဆိုတိုင်း အရည်ပြည့်ချည်းမဟုတ်ပါ။ ထို့ကြောင့် စျေးလည်းမတူနိုင်ပါ။ ကိုယ်ဝယ်ထားသည့် ရွှေသည် အရည်မပြည့်မီဘဲ အကယ်ဒမီ AC အတုံးစျေးတွေ လိုက်တုပပြီး လိုချင်လို့မရနိုင်ကြောင်း ထပ်ပြောပြပါရစေ။

MYINT MO
Jewellery Store

15/03/2023

လွမ်းဆွတ်သတိရနေပါကြောင်း🤣🤣😂😂

နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ အထည်ရဲ့ အတွင်းဘက်မှာ...24K , 22K , 21K,18K , . . . 916 , 925, 750, . ....
15/03/2023

နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ
အထည်ရဲ့ အတွင်းဘက်မှာ...

24K , 22K , 21K,18K , . . .
916 , 925, 750, . . .စ သည် ဖြင့် အမှတ်အသားလေးတွေရေးထားတတ်တယ်
အဲဒါတွေက ဘာကိုပြောတာလဲ ဆိုတာကို
မသိသေးတဲ့သူတွေအတွက်မျှဝေပေးချင်ပါတယ်။

အဲဒါတွေကို
အင်္ဂလိပ်လို Hallmarks လို့ ခေါ်ပါတယ်။
သတ္တုတွေရဲ့ သန့်စင်မှူ ပမာဏ ကို ဖေါ်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။

(ကျွန်​တော် တို့ဆီမှာ
၁၄ပဲ ရွှေရည် ။၁၅ပဲ ရွှေရည် ဆိုပြီး ရွှေအရည်အသွေးကို သတ်မှတ်သလိုပါဘဲ။)

*24K , 22K , 21K , 18K , . . . အကြောင်းကို အရင် ပြောပြချင်ပါတယ်။

K ဆိုတာ ကာရက်(Karat) ပါ ။

24 parts ကို အခြေခံပြီးသတ်မှတ်တယ်။

24K ဆိုရင် ရွှေစင် 100 % ပါဝင်တဲ့ ရွှေကို ဆိုလိုပါတယ်။

23K = 95.8 %
22K = 91.6 %
21K = 87.5 %
20K = 83.3 %
18K = 75 %
15K = 62.5 % , 14K= 58.3 %
10K = 41.6 % , 9K = 37.5 %
ရွှေစင် ပါဝင်တယ်လို့ ဆိုလိုတာပါ။

မြန်မာနိုင်ငံသုံး ရွှေရည်နဲ့နှိူင်းယှဉ်မယ်ဆိုရင်. . .

မီးလင်း ရွှေ 24k 999

15.ပဲ2ပြား 23k 958

15.ပဲ 22k 917

14.ပဲ2ပြား 21k 875

14ပဲ 20k 834

13.ပဲ2ပြား 19k 792

13ပဲ 18k 750

12ပဲ2ပြား 17k 708

12ပဲ 16k 667

11ပဲ2ပြား 15k 625

11ပဲ 14k 584

10ပဲ2ပြား 13k 542

10ပဲ 12k 500

9ပဲ2ပြား 11k 458

9ပဲ 10k 417

8ပဲ2ပြား 9k 375

8ပဲ 8k 333

7ပဲ2ပြား 7k 292

Karatကိုရွှေအရည်အသွေးကိုဖေါ်ပြဖို့အတွက်အဓိကသုံးတယ်။

*အထည်ရဲ့အတွင်းဘက်မှာ K မပါဘဲ 24,22,21,18, . . ဆိုပြီး ရိုက်လေ့ရှိပြီး တချို့သော
အထည်တွေမှာ Au 750 , 999 , Au 545 စသဖြင့်ရိုက်လေ့ရှိပါတယ်

Myint Mo(Jewellery Store)

ရွှေအတုအစစ် ခွဲခြားနိုင်သော နည်းလမ်းများဖြစ်ကြောင်းကို မှတ်ကျောက် (အချော) တိုက်ပြီး ရွှေရောင်ပြောင်းမပြောင်းသိနိုင်ပါသည်...
15/03/2023

ရွှေအတုအစစ် ခွဲခြားနိုင်သော နည်းလမ်းများ

ဖြစ်ကြောင်းကို မှတ်ကျောက် (အချော) တိုက်ပြီး ရွှေရောင်ပြောင်းမပြောင်းသိနိုင်ပါသည်။ ငွေ၏အလေးစ(Ag)မှာ 107.86 ရှိပြီး ကြေး၏အလေးစမှာ 63.546 ဖြစ်ကာ အဖြိုက်နက်၏ အလေးစမှာ 183.85 ရှိပါသည်။

ရွှေအတု အစစ် ဘယ်လိုခွဲမလဲ 1

နောက်ထပ်နည်းလမ်းတစ်ခုသည် မီးဖုတ်၍ ရွှေအတုအစစ်ကို ခွဲခြားနည်းဖြစ်ပါသည်။ ရွှေအစစ်ဆိုပါက အရောင်ပြောင်းလဲခြင်းမျိုး မရှိပဲ ရွှေအတုဆိုပါက အရောင်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ သို့သော် မီးအရမ်းပြင်းလျှင် ရွှေသည် အရည်ပျော်နိုင်သည်ဆိုသည့် အချက်ကိုတော့ သတိထားသင့်ပါသည်။

ရွှေအတု အစစ် ဘယ်လိုခွဲမလဲ 2


ရွှေအတုအစစ်ကို မီးဖုတ်ပြီး ငရဲမီးထဲ စိမ်ကြည့်၍လည်း အရောင်ပြောင်းမပြောင်း သိနိုင်ပါသည်။ သင်၏ အရေပြားကို အခြေခံပြီး စမ်းသပ်ခြင်းဖြင့်လည်း ရွှေအတုအစစ်ကို ခွဲခြားနိုင်ပါသေးသည်။ ရွှေအစစ်ဖြစ်ပါက မိမိ၏ရွှေထည်ပစ္စည်းကို အချိန်ကြာသည့်တိုင်အောင် ဝတ်ထားပါက အရေပြားပေါ်တွင် ထွက်လာသည့်ချွေးနှင့် သာမန်ဓာတ်ပြုမှုသာ ဖြစ်ပြီး အရောင်ပြောင်းလဲခြင်းမျိုး မရှိနိုင်ဘဲ ရွှေအတုဖြစ်ပါကသိသာသည့် အရောင်ပြောင်းလဲမှုမျိုးကြုံတွေ့ရနိုင်ပါသည်။ သို့သော် ထိုနည်းလမ်းသည် အခုခေတ်တွင် ပိုမိုမြင့်မားသော နည်းပညာများကို အသုံးပြုထားသော ရွှေအတုများအတွက်ဆိုလျှင် ချက်ချင်းသိသာစေနိုင်ခြင်းရှိမည် မဟုတ်ပါ။

ရွှေအတု အစစ် ဘယ်လိုခွဲမလဲ 3

အထက်ပါဖော်ပြခဲ့သော ရွှေအတုအစစ်ခွဲခြားနိုင်သော နည်းလမ်းလေးများအပြင် မိမိဝယ်ယူခဲ့သောရွှေထည်များအပေါ် အာမခံချက်ရှိသည့် ရွှေစစ်ဆေးမှုမျိုးကို ပြုလုပ်ပေးနိုင်သောနေရာများတွင်သာ ရွှေအတု၊ အစစ်ကို စစ်ဆေးခြင်းဖြင့် တန်ဖိုးအတိအကျ၊ ပဲရည်အတိအကျကို သိနိုင်မည်ဖြစ်သောကြောင့် ပိုမိုတိကျခိုင်မာသော စစ်ဆေးမှုများကိုပြုလုပ်ရန် အကြံပြုတင်ပြလိုက်ပါသည်။

Myint Mo (Jewellery Store)
15.3.2023

Address

Yangon

Telephone

+9677638852

Website

Alerts

Be the first to know and let us send you an email when 𝐌𝐘𝐈𝐍𝐓 𝐌𝐎 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐭𝐨𝐫𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category