Kyi Thu Oo

Kyi Thu Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyi Thu Oo, Grocers, Yangon.

အချစ်ရေးတစ်ခုမှာ ရှိရမဲ့အချက်များ- ရိုးသားမှု- ယုံကြည်မှု - သစ္စာရှိခြင်း- နားလည်မှု - လေးစားမှု- လက်တွေ့လုပ်ဆောင်ခြင်း ...
18/08/2023

အချစ်ရေးတစ်ခုမှာ ရှိရမဲ့အချက်များ
- ရိုးသားမှု
- ယုံကြည်မှု
- သစ္စာရှိခြင်း
- နားလည်မှု
- လေးစားမှု
- လက်တွေ့လုပ်ဆောင်ခြင်း

၁) ရိုးသားမှု (Honestly)
တစ်ဦးနဲ့တစ်ဦး ရိုးသားမှု မရှိရင် လူနှစ်ယောက်က ဘယ်လိုမှ လက်တွဲလို့မရဘူး။
တကယ်ချစ်ရင် မလိမ်ညာရဘူး။ရိုးသားရမယ်။
ပြောပြသင့်တာ အကုန်ပြောပြရမယ်။ဝန်ခံရမယ်။

၂)ယုံကြည်မှု (Trust)
ချစ်တဲ့အခါ သံသယတွေ မရှိသင့်ဘူး။
သံသယရှိရင် အစကတည်းက မချစ်တာ
ပိုကောင်းတယ်။ချစ်ပြီဆိုရင် ယုံကြည်မှု
ရှိရတယ်။လူတစ်ယောက်ကို သံသယတွေနဲ့
မချစ်သင့်ဘူး။တကယ်ပူလောင်စေတာမလို့။
ချစ်ပြီးရင် ယုံကြည်ပေးပါ။အတိုင်းအတာ
တစ်ခုထိတော့ ယုံကြည်ပေးလိုက်ပါ။

၃) သစ္စာရှိခြင်း(Loyalty)
ကိုယ်ရွေးချယ်လိုက်တဲ့လူက နောက်ကွယ်မှာ
ဖြစ်စေ၊ ရှေ့မှာဖြစ်စေ သစ္စာတရားနဲ့ အမြဲမိတ်ဆွေဖွဲ့နိုင်ရမယ်။သစ္စာရှိဖို့ လိုတယ်။
အချစ်ဆိုတာ သစ္စာရှိတာကနေ စတယ်။
ခဏတာအတွက်နဲ့ အနှစ်နှစ်အလလ အနားမှာ
ရှိနေပေးသူကို စွန့်ပစ် မသွားဖို့ သိပ်လိုတယ်။
အချစ်စစ်သည် ပျော်ရွှင်မှုတွေပဲ ရှိနေရမယ်
မဟုတ်ဘူး။ကောင်းကောင်းဆိုးဆိုး အားလုံး
အတူတူ မျှဝေခံစားပေးနိုင်ဖို့ပါ။

၄) နားလည်မှု (Understand)
ရေရှည်လက်တွဲဖို့ဆို ဒီလိုပဲ တစ်ဦးအပေါ်
တစ်ဦးနားလည်ပေးရင်း၊ ညှိယူရင်း
ရှေ့ဆက်ရတာပါပဲ။ဒီအချက်ကို ကျော်ဖြတ်နိုင်ဖို့
သိပ်ခက်ခဲတယ်။လုပ်နိုင်တဲ့အခါလည်း
အတော် ကြည်နူးစရာကောင်းသွားတယ်။
တစ်ဦးကပဲ နားလည်မှုပေးရတာလည်း
မဟုတ်သေးဘူး။နားလည်မှုပေးတယ်ဆိုပြီး
လူပါးဝလို့ မရဘူး။ယုံကြည်မှုအလွဲသုံးစား
မလုပ်ကောင်းဘူး။တန်ဖိုးထားတတ်ရမယ်။

၅)လေးစားမှု (Respect)
မကျော်သင့်တဲ့စည်း မကျော်တာ။မပြောသင့်တဲ့စကားဆို မပြောတာ။တစ်ဖက်လူရဲ့အားနည်းချက်ကို မပြောတာ စသဖြင့် ဒါတွေက လေးစားမှုပြတဲ့သင်္ကေတပါပဲ။
ငါနဲ့တောင် ပတ်သက်ပြီးပဲဆိုပြီး ကိစ္စအဝဝမှာ
ဝင်ပါလို့မရဘူး။လေးစားမှုရှိရမယ်။
ကိုယ့် boundaries နဲ့ ကိုယ်ရှိရတယ်။

၆)လက်တွေ့လုပ်ဆောင်ခြင်း (Acting)
အချစ်မှာ စကားလုံးတွေပဲ မလုံလောက်ဘူး။
လက်တွေ့ကျကျ ချစ်ပေးဖို့လည်း လိုတယ်။
ဝယ်ပေးနိုင်တာဆို ဝယ်ပေးလိုက်ပါ။
လုပ်ပေးနိုင်တာဆို လုပ်ပေးလိုက်ပါ။
ဘာမှမလုပ်နိုင်သေးရင် စကားလုံးအကြီးတွေ
မပြောနဲ့။ဘာမှ အနှစ်သာရ မရှိလို့။
ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်ပြောတဲ့
လူထက် ကြံရည်တစ်ခွက်ချက်ချင်းဝယ်တိုက်
တဲ့လူက များစွာ သာပါတယ်။Action
ဆိုတာ အဲတာပဲ။

လူနှစ်ယောက်ချစ်တာကို ငါးမျှားတာနဲ့
ကိုယ်ကတော့ တင်စားချင်တယ်။ငါးမျှားရင်
ကြိုးကို တင်းလွန်းရင်လည်း အဆင်မပြေသလို
လျှော့လွန်းရင်လည်း အဆင်မပြေပါ။ကြိုးကို
သေချာချိန်ပြီး မျှားမှ ငါးရမယ်။
အချစ်လည်း ထိုနည်းတူပဲ။ပြောရရင်တော့
balance မျှနေရမယ်။ဒါမှ ကြည်နူးစရာ
ကောင်းမယ်၊trauma နည်းမယ်။
အချစ်ကြောင့် သင်ပိုပျော်ရွှင်ပါစေ လို့
ဆန္ဒပြုလိုက်ရပါတယ်။

#နူးနူးအောင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kyi Thu Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category