Thea mgkyi

Thea mgkyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thea mgkyi, Grocers, sapal, Yangon.

23/05/2026

စီရင်ထုံးများ ကိုးကား ဖော်ပြနည်း
===================

ဦးတင်ဝင်း ၊ ညွှန်ကြားရေးမှူး (ငြိမ်း)

တရားရုံးများက ဆုံးဖြတ်ရာတွင် စီရင်ထုံးကိုသာ ကိုးကား ဆုံးဖြတ်လေ့ရှိပြီး စီရင်ချက်ကို ကိုးကား ဆုံးဖြတ်မှု အလွန်နည်းပါးသည်ကို လေ့လာတွေ့ရှိရသည်။ စီရင်ချက်များတွင် စီရင်ထုံးများကို ကိုးကား ဖော်ပြရာ၌ တရား ရုံးများလက်စွဲ အပိုဒ် ၃၃ အရ စီရင်ချက်၏ စာကိုယ်တွင် ဖော်ပြလျက် စီရင်ထုံး၏ ခုနှစ်၊ အတွဲနှင့် စာမျက်နှာ တို့ကို အောက်ခြေမှတ် ချက်၌ ဖော်ပြရသည်။ ထို့ပြင် စီရင်ထုံးများ ရည်ညွှန်း ခေါ်ဝေါ် သုံးစွဲခြင်းကို တရားရုံးများ ညွှန်ကြားလွှာ လက်စွဲ (၁၉၄၆-၁၉၇၀)တွင် အောက်ပါအတိုင်း ညွှန်ပြသည်။

"စီရင်ထုံးများစာရင်း"

(၁) အိန္ဒိယစီရင်ထုံး (Indian Law Reports) (Rangoon Series) (၁၉၂၃-၁၉၃၆)

(၂) ရန်ကုန်စီရင်ထုံး (Rangoon Law Reports) (၁၉၃၇-၁၉၄၂) နှင့် (၁၉၄၆-၁၉၄၇)

(၃) မြန်မာနိုင်ငံ စီရင်ထုံးများ (Burma Law Report) (၁၉၄၈- --)

(၄) ရွေးချယ်စီစဉ်ထားသည့် စီရင်ထုံးများ (Selected Judgment) (၁၈၇၂-၁၉၂၂)

(၅) ပုံနှိပ်ပြီးစီရင်ထုံးများ (Printed Judgments) (၁၉၈၁-၁၉၀၀)

(၆) အောက်မြန်မာပြည် စီရင်ထုံးများ (Lower Burma Rulings) (၁၉၀၀-၁၉၂၂)

(၇) အထက်မြန်မာပြည် စီရင်ထုံးများ (Upper Burma Rulings) (၁၉၈၂-၁၉၂၂)

(၈) ဒန်ကလေ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Ruling by Dunkely)

(က) အတွဲ(၁) (၁၈၇၂-၁၉၂၂)

(ခ) အတွဲ(၂) (၁၉၂၃-၁၉၃၇)

(၉) ဦးဘိုးသာ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Rulings (Civil and Criminal) by U Bo Tha) (၁၉၃၇-၁၉၅၅)

"ခေါ်ဝေါ်ရည်ညွှန်းနည်း"

(၁)(က) ယခင်က King-Emperror Vs Ngs Aung Myat ဟု ခေါ်ဝေါ်သည်ကို ယခု __ အစိုးရ နှင့် မောင်အောင်မြတ် ဟု ခေါ်ဝေါ်ရပါမည်။

(ခ) ယခင်က Mi Me Vs Mi Shwe Ma ဟု ခေါ်ဝေါ်သည်ကို ယခု __ မမဲ နှင့် မရွှေမ ဟု ခေါ်ဝေါ်ရပါမည်။

(၂) ဘုရင် (The King) ဘုရင်ဧကရာဇ် (King Emperor) စသည်တို့ကို အစိုးရ (Government) အစား ပြည်ထောင်စု မြန်မာနိုင်ငံ (The Union of Burma) ဟု ပြောင်းလဲ ခေါ်ဝေါ်ပါသည်။

"ရည်ညွှန်းပုံ"

ဥပမာ __
(၁) အတွဲ-၇၊ ရန်ကုန်စီရင်ထုံးများ၊ စာ-၁၊ 7 Rangoon.P.1

(၂) ၁၉၅၈ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်)၊ စာ-၂၉၊ 1958, B.L.R. (H.C) p.29.

(၃) ၁၉၆၀ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာ-၂၀၊ 1960, B.L.R. (S.C) p.20.

(၄) ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားရုံးချုပ်)၊ စာ-၄၃၃၊ 1963, B.L.R. (C.C) p.433.

(၅) ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (အထူးရာဇဝတ်ရုံး အယူခံအဖွဲ့)၊ စာ-၁၂၉၊ 1966 B.L.R. (Special Criminal Courts' Appeal Court) p.129.

(၆) ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (စစ်ဘက် အယူခံ)၊ စာ-၈၊ 1966, B.L.R. (Court Martial Appeal Court) p.8.

"စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက် အပြည်အစုံကို ဖတ်ရှုမှသာလျှင် အမှု အချက်အလက် တို့ကို သိမြင် နိုင် သည်။ ခေါင်းစီးမှတ်ချက် တို့သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းမျှသာ ပြုနိုင်သည်။ စီရင် ထုံးပါ အမှု အကြောင်းအရာနှင့် ဆုံးဖြတ်ရန် အမှု အကြောင်းအရာ တို့ကို ကောင်းစွာ နှိုင်းယှဉ်ရသည်။ ပြီးမှသာ စီရင် ထုံး၏ လမ်းညွှန်မှုကို ယူသင့်သလောက် ယူအပ်သည်။ စီရင်ထုံး နောက်သို့ ဆုံးဖြတ်ရန် အမှု၏ အကြောင်း ခြင်းရာက လိုက်ရန်မဟုတ်။ အမှု အကြောင်းခြင်းရာကို ဥပဒေနှင့် စပ်ဟပ်ရာတွင် အခက်အခဲ ရှိ သရွေ့သာ လျှင် စီရင်ထုံးက ဆီလျော်သမျှ ထောက်ကူရန် ဖြစ်သည်။ အမှန်မှာ စီရင်ထုံး တစ်ရပ်သည် သက် ဆိုင် ရာ အမှုတွင် ပေါ်ပေါက်သော ဖြစ်ရပ်အတွက်သာ အဖြေ ဖြစ်သည်။ အမှုအားလုံးတွင် တရားသေ အသုံးပြု ရန် မဟုတ်ချေ။" ဦးထွန်း နှင့် ဒေါ်သိန်းငွေ (၁၉၇၁ မတစ စာ-၈၃) နှင့် ပထစ နှင့် စိုးမြင့်နိုင် (၁၉၉၁ မတစ ၅၃)

စီရင်ထုံး ဟူသည် ဖြစ်ရပ်ချင်း တူသော အမှုများအတွက်သာ ထုံးသာဓ က ဖြစ်ကြောင်း ၁၉၅၄ ခုနှစ် ကတည်း ကပင် တရားလွှတ်တော်က မစ္စတာ ဆပ်ဝမ်ကူ နှင့် မစ္စတာ H.R ရမ်း (1954 BLR 306) တွင် ညွှန်ပြခဲ့ပြီး ဖြစ် သည်။ ဦးထွန်းအောင်သာ နှင့် နိုင်ငံတော် အမှု (၁၉၆၉ မတစ ၅၈) တွင် စီရင်ထုံး လမ်းညွန်မှုကို ခံယူပုံ ခံယူ နည်းနှင့် ပတ်သက်၍ ဤသို့ အကျယ်တဝင့် ရှင်းပြသည်။

"မှုခင်းတစ်ရပ်ကို ကိုင်တွယ် စစ်ဆေးရာတွင် ပြစ်မှုမြောက်စေသော အင်္ဂါ ရပ်များ စုံညီ ထင်ရှားခြင်း ရှိ၊မရှိကို ကောင်းစွာ ဖော်ထုတ်၍ စစ်ဆေးအပ်သည်။ ပြစ်မှုမမြောက် ကင်းလွတ်စေသော အချက်များ ရှိနိုင်ကလည်း ဖော်ထုတ်၍ စစ်ဆေးအပ်သည်။ အချက်အလက် စုံလင် ထင်ရှား ပိုင်နိုင်ပြီးမှ ဥပဒေနှင့် စပ်ဟပ်ညှိနှိုင်း၍ အဆုံး အဖြတ်ကို ပေးရာသည်။

ဥပဒေကို အဓိပ္ပာယ် ကောက်ယူရာတွင် လမ်းညွှန်မှု လိုမှသာ ဆီလျော်ရာ မြန်မာနိုင်ငံ စီရင်ထုံး တို့ကို သုံးသပ် ကိုးကားရသည်။ တစ်မှုနှင့် တစ်မှု အကြောင်းခြင်းရာ မှုခင်းဖြစ် အခြေအနေ ထပ်တူညီသည်ဟု မရှိနိုင်သဖြင့် စီရင်ထုံးတို့၏ လမ်းညွန်မှုကို ကောင်းစွာသော သတိဖြင့်သာ ခံယူရသည်။ အချက်အလက် စုံလင်ထင်ရှား ပိုင် နိုင်ခြင်း မရှိသေးဘဲ စီရင်ထုံးကို ရှာလျှင် ဆီလျော်ရာကို မတွေ့ဘဲလည်း ရှိတတ်သည်။ ဖြစ်ပျက်ခဲ့သော အချက် အလက်အတွက် စီရင်ထုံး ရှာခြင်းမျိုးထက် ကြိုက်နှစ်သက်ရာ စီရင်ထုံး အတွင်းသို့ ဝင်အောင် အချက် အလက်တို့ကို သွတ်သွင်းသည့် သဘောမျိုးလည်း ဖြစ်သွားတတ် သည်ကို သတိပြု၍ ဆင်ခြင်ရသည်။

ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌လည်း စကားပြေအရ အများနားလည် လက်ခံ၍ သဘာဝကျသော အဓိပ္ပာယ်ကို ယူခြင်းက ပို၍ မှန်ကန်တတ် သည်။ ယင်းသို့ အဓိပ္ပာယ် ဖွင့်ဆိုမှသာလျှင် ဥပဒေကို ပြည်သူအများ နားလည် လက်ခံမည်။ လိုက်နာ လေးစားကြမည်။ ဥပဒေနှင့် ပြည်သူ ရင်းနှီးကာ ဥပဒေများ သက်ဝင်လှုပ်ရှားမည်။ တရား သူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင် မိမိတို့ရှေ့သို့ ရောက်လာ သော အမှုအခင်းများကို စစ်ဆေး စီရင်ရာတွင်ကား မှုခင်းဖြစ်ပျက် ကာလ၊ ဒေသအခြေအနေ ပတ်ဝန်းကျင်၊ လူနေမှု၊ ဓလေ့ထုံးတမ်း စသည်တို့ကို စစ်ဆေး ဆင်ခြင်ကာ ဥပဒေဘောင် အတွင်းက မျှတမှန်ကန်၍ အများ နားလည်သည့် သဘာဝကျသောတရားကို စီရင်အပ်ပေသည်။အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ထားကိုး ကားလျှင် တရားစီရင်ရေသည် မြန်မာ ပီသမည် မဟုတ်ပေ။

မြန်မာ့ အခြေအနေနှင့် ကင်း၍ ပြည်သူနှင့် ဝေးဖွယ်ရာသာ ရှိသည်။ ပြည်သူအများက နားလည် လက်ခံခြင်း သည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက် ဖြစ်သည်။ အဓိက တန်ခိုး အာနိသင် ဖြစ်သည်။ တရားဥပဒေ သည် စာအုပ်ကြီးများ၊ စီရင်ထုံးများတွင် စကားလုံးများ အဖြစ်သာလျှင် တည်နေရန် မဟုတ်။ အမြဲ သက်ဝင် လှုပ်ရှား၍ ထာဝစဉ် ပြောင်းလဲနေသော လူ့အဆောက်အအုံ၊ လူမှုရေး တို့တွင် ထိရောက်စွာ ပါဝင် ၍ အကျိုးပြု ရမည်။ ထို့ကြောင့် တရားဥပဒေသည် တစ်ဖက်တွင် ဥပဒေ ဘောင်ကို ဖောက်ကျော်ခြင်း မပြု၊ ထုံးတမ်းလည်း ညီညွတ်စေ၍ တစ်ဖက်တွင်လည်း ပြောင်းလဲ တိုးတက်မှုတွင် အားသစ်ဖြင့် တက်ကြွစွာ သက်ဝင်လှုပ်ရှား နိုင်ရ မည်။ လူ့အဆောက်အအုံ တိုးတက်မှု၊ လူမှုရေး တို့နှင့် အကိုက်အညီ ပြဋ္ဌာန်းထားသော ဘောင်အတွင်းမှ မှန် ကန် မျှတစွာ ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုအပ်သည်။ တရားမျှတ မှန်ကန်ခြင်း ဆိုသည်ကို ပြည်သူတို့က နား လည် လက်ခံခြင်းဖြင့် မှတ်ကျောက် တင်အပ်ပေသည်။"

"တရားသူကြီး တစ်ဦးသည် ပြစ်မှု တစ်ခု၌ မည်သည့်အချက်များသည် အရေးကြီးသော အင်္ဂါရပ်များ ဖြစ်သည် ကို ဆန်းစစ်ရသည့် အပြင်၊ အမှုတစ်ခု၏ အကြောင်းခြင်းရာများ အရ မည်သည့် အကြောင်းကြောင့် ပြစ်မှုမှာ သက်သေ မထင်ရှား ဟု ပြောနိုင်ကြောင်းကို ဖော်ပြရန် တာဝန်ရှိ သည်။ တရားရုံးချုပ်သည် အချို့အမှုများ၌ အကြောင်းခြင်းရာချင်း မဖြစ်စလောက် ကွဲလွဲရုံမျှနှင့် တကယ် ကျူးလွန်သော ပြစ်မှု၏ သဘောကို တစ်မျိုးတစ်ဖုံ ဆုံးဖြတ်ကြသည်ဟု တရားသူကြီး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီး တစ်ဦးတစ်ယောက်က ပြောဆို၍ အမှုနှစ် ခု၏ အကြောင်း ခြင်းရာ များသည် တိတိကျကျ တူညီခြင်း ရှိမရှိကို ဂရုတစိုက်ဆန်း စစ် ကြည့်ရှုခြင်း မရှိ၊ မိမိရှေ့ ရှိ အကြောင်းခြင်းရာ များသည် မိမိ ရည်ရွယ်သော အမှုမှ အကြောင်းခြင်းရာ များနှင့် လုံး၀ တူညီသည်ဟု မည် သို့ မည်ပုံ ပြောဆိုနိုင်ကြောင်းကို ဖော်ပြခြင်း မပြုဘဲ ဆုံးဖြတ်ချက် တစ်ခုကို လိုက်နာသည်မှာ မှန်ကန်ခြင်း မရှိ ချေ။" ဟု မောင်လှမောင် ပါ-၇ နှင့် ပထစ အမှုတွင် ညွှန်ပြသည်။

စင်စစ် လက်အောက် တရားရုံးတစ်ရုံးသည် မိမိအထက် တရားရုံးချုပ်၏ စီရင်ထုံးကိုသာ လိုက်နာရန် တာဝန် ရှိပြီး၊ အခြား (အခြားနိုင်ငံ) တရား ရုံးချုပ်မှ ဆန့်ကျင်သော စီရင်ထုံးကို လိုက်နာခြင်း မပြုရန် စူးဂျူးတင် နှင့် မာစိန် (6 Ran 261) အမှု တွင်တရားရုံးချုပ်၏ လမ်းညွှန်ချက်ကို အထူး သတိချပ်ရန် လိုသည်။ မသောင်း နှင့် မောင်ဖေတင် (၁၉၅၇ မတစ ၂၅၉) စီရင်ထုံး အရ ဆိုလျှင် အကယ်၍ အဆင့်အတန်း တူညီသော တရားဝန်ကြီး ရုံး နှစ်ရုံးမှ စီရင်ထုံး နှစ်မျိုး ရှိနေလျှင် အောက်ရုံးများက မည်သည့် စီရင်ထုံးများက မှန်သည်၊ မည်သည့် စီရင် ထုံး များက မှားသည်ဟု ပြောခွင့် မရှိဘဲ မိမိ၏ ဆင်ခြင်တုံဉာဏ်ဖြင့် သဘောကျ နှစ်ခြိုက်သော စီရင်ထုံးကိုသာ လိုက်နာရန် ဖြစ်ကြောင်း တရားလွှတ်တော်၏ ထောက်ပြချက်ကို လိုက်ရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။

ဦးတင်ဝင်း ၊ ညွှန်ကြားရေးမှူး (ငြိမ်း)

Crd; https://www.facebook.com/754896747914185/posts/810824695654723/

05/05/2026

ဦးတိုက်လျှောက်ထားခြင်းဆိုသည်မှာ
----------------------------------------------------------------------------

ဦးတိုက်လျှောက်လွှာဆိုသည်မှာ ရဲအရေးမပိုင်သော အမှုများ တရားစွဲဆိုခြင်းနှင့် သက်ဆိုင်ပါသည်။

ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင်သတင်း ပေးခြင်း ( Information in non-cognizable case) ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၅၅(၁) တွင် ပြဌာန်းဖော်ပြထားသည် -

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၁)

"ရဲစခန်းတစ်ခု၏ နယ်မြေအတွင်း၌ ရဲအရေးယူပိုင်ခွင့်မရှိသော ရာဇဝတ်မှုတစ်ရပ် ကျူးလွန်သည့်အကြောင်း ၎င်း ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးထံ သတင်းပေးလာလျှင် ရဲအရာရှိသည် ထိုသတင်းပေးချက်၏ အကျဉ်းချုပ်ကို အထက်တွင် ဆိုခဲ့သည့်အတိုင်း ထားရှိသည့်စာအုပ်တွင် ရေးသွင်း၍ ထိုသတင်းပေးသူကို ရာဇဝတ်တရားသူကြီးထံ သွားရောက်ရန် လမ်းညွှန်ပေးရမည် ဟူ၍ ပြဌာန်းထားသည်။"

တရားခံအား ဖမ်းမိန့်(ဝရမ်း) မပါဘဲ မဖမ်းဆီးနိုင်သောအမှုကို ရဲအရေးမပိုင်မှုဖြစ်ကြောင်းနှင့် ရဲအရေး ပိုင်/မပိုင် ကို ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား(၂) တွင် ခွဲခြားဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၂)

ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင် စုံစမ်းထောက်လှမ်းခြင်း ( Investigation into non- cognizable case )နှင့် ပတ်သက်၍ သက်ဆိုင်ရာတရားသူကြီး၏ အမိန့်မရရှိဘဲ မည်သည့်ရဲအရာရှိကမျှ ရဲအရေးယူပိုင်ခွင့်မရှိသော အမှုကို စုံစမ်းထောက်လှမ်းခြင်း မပြုရဟု ပြဌာန်းထားသည်။

သာမန်အားဖြင့် ရဲအရေးပိုင်သော ရာဇဝတ်မှုများကို ရဲစခန်းသို့ သတင်းပေးတိုင်ချက်ဖွင့်ရပြီး ရဲအရေးမပိုင်သော ရာဇဝတ်မှုများကို တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုရမည် ဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာ ကြောင့် ရဒအရေးပိုင်သောအမှုကို ရဲစခန်းသို့ သတင်းပေးတိုင်ချက်မဖွင့်ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလာလျှင် တရားရုံးမှ လက်ခံအ‌ရေးယူနိုင်သည် ဖြစ်သည်။

အများပြည်သူတို့သည် ရဲအရေးပိုင်သော ရာဇဝတ်မှု၊ ရဲအရေးမပိုင်သော ရာဇဝတ်မှုဟူ၍ ခွဲခြားတက်ခြင်းမရှိသဖြင့် ရဲအရေးမပိုင်သော ရာဇဝတ်မှုကို ရဲစခန်းသို့ သတင်းပေးတိုင်ကြားသောအခါ ဥပဒေအရ ရဲက လက်ခံစုံစမ်းထောက်လှမ်းခွင့် မရှိကြောင်း အသိပေးသည့်တိုင် ကျေနပ်မှုမရှိတက်သော ကြောင့် တိုင်ချက်အပြည့်အစုံကို ‌ရေးမှတ်၍ သက်ဆိုင်ရာ ပုံစံ(က)/(ခ) ဖြင့် တရားရုံးသို့ ပေးပို့ရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ဦးတိုက်လျှောက်ထားခြင်းတွင် အောက်ပါအချက်များ ပါဝင်ရမည် -

(၁) ရဲအရေးမပိုင်သည့် ပြစ်မှုဖြစ်က တရားရုံးသို့ တရားလိုကိုယ်တိုင် ဦးတိုက်လျှောက်ထား စွဲဆိုရမည်။

(၂) ရဲအရေးမပိုင်သည့် အမှုဆိုသည်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၄(၁)(ဎ) အရ ရဲအရာရှိတစ်ဦးဦးအား ဝရမ်းအမိန့်စာ မရလျှင် ဖမ်းဆီးခွင့်မရသည့် အမှုများကိုဆိုလိုသည်။

(၃) တိုင်လျှောက်ချက်တွင် အောက်ပါ အင်္ဂါရပ်များပါဝင်ရမည်-

(က) နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်လျှောက်ချက် ဖြစ်ရမည်။
(ခ) ရာဇဝတ်တရားသူကြီးထံသို့ တိုင်လျှောက်ခြင်း ဖြစ်ရမည်။
(ဂ) လူတစ်ဦး ပြစ်မှုကျူးလွန်ကြောင်း ဖြစ်ရမည်။
(ဃ) ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ဖော်ပြပါရှိရမည်။

(၄) အစွပ်စွဲခံရသူမှာ တစ်ယောက်(သို့) အများဖြစ်နိုင်ပြီး တရားလိုမှာ တစ်ဦးတည်း ဖြစ်ရမည်။
နစ်နာသူနှစ်ဦးဖြစ်လျှင် တစ်ဦးက တရားလိုဖြစ်ပြီး ကျန်တစ်ဦးက သက်သေအဖြစ် အစစ်ခံလျှင် လုံလောက်သည်။

(၅) ရဲအရေးပိုင်သည့်အမှု (ပုဒ်မ-၄၂၀) ဖြစ်လင့် ကစား ရဲစခန်းသို့ မတိုင်ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားစွဲ ဆိုနိုင်သည်။

တရားရုံးက လိုအပ်သည်ဟု ထင်မြင်က တိုင်ချက်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ရဲစခန်းသို့ ပြစ်ကျင့် ၂၀၂ အရ တာဝန်ပေးနိုင်သည်။ ရဲအစီရင်ခံစာရမှ ဆက်လက်ဆောင်ရွက်ရမည်။

(၆) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၉၃ မှ ၄၉၆ ထိ ကျူးလွန်သူအား အရေးယူပေးရန် နစ်နာသူကိုယ်တိုင် တရားလို ပြုလုပ်၍ တိုင်းကြားရမည်။ ခြွင်းချက်အားဖြင့် နစ်နာသူသည် (၁၈) နှစ်အောက်ဖြစ်ခြင်း၊ ဆွံ့အနားမကျန်သူဖြစ်က တရားရုံး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးဦးက တရားလိုအဖြစ် ဆောင်ရွက်နိုင်သည် ( ပြစ်ကျင့် - ၁၉၈)

(၇) ပြစ်မှုတိုင်းကို သာမန်အားဖြင့် ပြစ်မှုကျူးလွန်ရာအရပ်ရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံး၌ စွဲဆိုရမည်။ (ပြစ်ကျင့် ၁၇၇)

(၈) ရာဇဝတ်မကင်းသော အလွဲသုံးစားမှု၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတွင် ပြစ်မှုကျူးလွန်သည့်ဒေသ (သို့) ပစ္စည်းလက်ခံရာဒေသ (သို့) ပစ္စည်းသိမ်းဆည်းရာဒေသ၌ စွဲဆိုနိုင်သည်။ ( ပြစ်ကျင့် ၁၈၁(၂))

(၉) ပြစ်မှုဆိုင်ရာအမှုများကို တရားမမှုမှာကဲ့သို့ ကိုယ်စားလှယ်လွှဲအပ်၍ စွဲဆိုခွင့်မရှိပါ။

(၁၀) ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၅၊ ၁၉၆၊၁၉၈၊၁၉၉ အရ အချို့ပြစ်မှုများကို သက်ဆိုင်ရာပုဂ္ဂိုလ်မှ တိုင်တန်းမှသာ တရားရုံးက အရေးယူဆောင်ရွက်ခွင့်ရှိပါသည်။

(၁၁) ဦးတိုက်လျှောက်လွှာတွင် ရုံးခွန်တော် တံဆိပ်ခေါင်း ၅ဝိ/- ကပ်ရမည်။

(၁၂) ဦးတိုက်လျှောက်လွှာနှင့်အတူ အထောက်အထား စာရွက်စာတမ်းများ ရှေ့နေပါဝါနှင့် တရားလိုပြ သက်သေစာရင်းတို့ကို ပူးတွဲတင်ပြရမည်။

(၁၃) သက်ဆိုင်ရာတရားရုံး၌ အမှုတင်သွင်းရမည်။ တရားရေး ဦးစီးအရာရှိက လိုအပ်ချက် ရှိ၊ မရှိ စစ်ဆေးပြီးနောက် ပြစ်ကျင့်-၂ဝ၁ အရ သက်ဆိုင်ရာ တရားသူကြီးထံ တင်ပို့လေ့ရှိသည်။

(၁၄) ထို့နောက် တရားသူကြီးက ပြစ်ကျင့်-၂ဝဝ အရ တရားလိုအား ကျမ်းတိုက်၍ ပဏာမစစ်ချက် ရယူပါသည်။ တရားလိုမှ အသေးစိတ် ထွက်ဆိုရန် မလိုပါ။

(၁၅) အမှုအဖြစ်အပျက်ကို တရားသူကြီးရှေ့တွင် တရားလိုကိုယ်တိုင် စစ်ဆေးမှု ခံယူ၍ တရားလိုရှေ့နေ က ဦးဆောင်၍ မေးမြန်းနိုင်သည်။

(၁၆) အစစ်ခံချက်ကို တရားလိုအား ပြန်လည်ဖတ်ပြပြီးနောက် အောက်တွင် လက်မှတ်ရေးထိုးစေပါသည်။ (၁၇) အရေးမယူထိုက်ဟု ထင်မြင်က ပြစ်ကျင့်-၂ဝ၃ အရ လျှောက်ထားမှုကို ပလပ်ခွင့်ရှိသည်။

(၁၈) ပဏာမစစ်ဆေးပေါ်ပေါက်ချက်အရ တရားသူကြီးက ယင်းအမှုကို စစ်ဆေးရန် လုံလောက်သော အကြောင်းရှိက မည်သည့်ပုဒ်မဖြင့် အရေးယူကြောင်း အမိန့်ချမှတ်ရမည်။ ထို့နောက် ပြစ်ကျင့်- ၂ဝ၄ အရ အစွပ်စွဲခံရသူထံ သမ္မာန်စာ ဆင့်ခေါ်ရန် တရားလိုက တံဆိပ်ခေါင်း တင်သွင်းရမည်။ လိုအပ်လျှက် ဝရမ်းစာ ထုတ်ဆင့်နိုင်ပါသည်။ ဝရမ်းစာ ထုတ်ဆင့်ခကို တရားလိုက ပေးသွင်းရ ပါမည်။ ဆင့်စာခ မပေးသွင်းက တရားရုံးမှ သမ္မာန်စာ ဆင့်ဆိုခြင်း မရှိသည့်အပြင် အမှုကို ပလပ် ခွင့် ရှိပါသည်။ ထိုသို့ ပလပ်လျှင် တရားလိုမှ ထပ်မံ၍ ဦးတိုက်လျှောက်ထားနိုင်သည်။

(၁၉) ပြည်သူ့ဝန်ထမ်းက ဦးတိုက်စွဲဆိုမှုဖြစ်က ဆင့်စာခ ကင်းလွတ်ပါသည်။

(၂ဝ) အစွပ်စွဲခံရသူအား ရှာဖွေမတွေ့၍ သမ္မာန်စာ အတည်မဖြစ်က ဆင့်ဆိုခ ထပ်မံတင်သွင်း၍ သမ္မာန် စာအသစ် ထပ်ထုတ်ရမည်။

(၂၁) တိုက်ရိုက်လျှောက်ထားမှုတွင် ရုံးချိန်းတိုင်း၌ တရားလို လာရောက်ရန် တာဝန်ရှိပါသည်။ ပျက်ကွက် လျှင် တရားခံဘက်မှ အမှုကို ပလပ်ပေးရန် လျှောက်ထားနိုင်ပါသည်။ ရဲအရေးမပိုင်သည့် အမှု ဖြစ်ပြီး ပြေငြိမ်းခွင့်ရက တရားခံကို တရားရှင် လွှတ်နိုင်သည်။ (ပြစ်ကျင့်-၂၅၉)

(၂၂) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၉၇ (သို့မဟုတ်) ၄၉၈ တွင် လင်ယောက်ျားကိုယ်တိုင် တိုင်ကြားစွဲဆို ရမည်။ သို့ရာတွင် လင်သား ခရီးသွားနေခိုက်ဖြစ်လျှင် စောင့်ရှောက်သူတစ်ဦးဦးက တရားရုံး၏ ခွင့်ပြုချက်ဖြင့် တရားလို ပြုလုပ်တိုင်ကြားနိုင်သည်။ (ပြစ်ကျင့်-၁၉၉)

(၂၃) တရားလိုက တရားခံအပေါ် တရားမကြောင်း စွဲဆိုထားခြင်းဖြင့် ပြစ်မှုကြောင်းဖြင့် တရား မစွဲဆို နိုင်ဟု ဥပဒေ တားမြစ်ချက် မရှိပေ။

#မျှတလမ်းညွှန်

26/04/2026

သက်သေခံအက်ဥပဒေရဲ့ နလုံးသားအချို့💜
••••••••••••••••••••••••••••••••••••••••••

1🩷

အမည်၊ စတင်ချိန်၊ နယ်ပယ်—
ဥပဒေတစ်ခုရဲ့ မွေးဖွားခြင်း။
တရားလမ်းရဲ့ အစတစ်ခုပဲ။

2🩷

ဖျက်သိမ်းမှုများ—
ဟောင်းသွားသောလမ်းများကို
အသစ်အတွက် ချန်ထားခဲ့သည်။

3🩵

အဓိပ္ပာယ်များ—
စကားလုံးတိုင်းမှာ
တရားရဲ့ အသက်ဝင်နေတယ်။

4💚

ယူဆချက်များ—
တခါတလေ အမှန်မမြင်ရင်
ဥပဒေက လမ်းညွှန်ပေးတယ်။

5🩷

သက်ဆိုင်မှု—
ဆိုင်တဲ့အရာသာ
တရားရဲ့ တံခါးထဲဝင်နိုင်တယ်။

6❤️

တစ်ဆက်တည်းဖြစ်ရပ်—
အချိန်တစ်ခုထဲက
ဖြစ်ရပ်တွေဟာ အမှန်ကို ဆက်စပ်တယ်။

7🧡

အကြောင်းအကျိုး—
ဖြစ်ရခြင်းနောက်က
အကြောင်းတစ်ခု မရှိမဖြစ်။

8💙

အပြုအမူ၊ အလိုဆန္ဒ—
စိတ်ထဲကအရာတွေက
အပြုအမူမှာ ထင်ဟပ်တယ်။

9❤️

ရှင်းလင်းချက်များ—
မရှင်းတဲ့အမှန်ကို
အလင်းတစ်စင်းပေးတယ်။

10💙

ပူးပေါင်းကြံစည်မှု—
စကားမပြောလည်း
လုပ်ရပ်တွေက ပြောနေတယ်။

11❤️

မဖြစ်နိုင်ခြင်း—
အမှန်ကို
မဖြစ်နိုင်တာနဲ့ စမ်းသပ်တယ်။

12💚

ပျက်စီးမှု—
အမှန်ကို သိဖို့
အကျိုးအပျက်ကို ကြည့်ရတယ်။

13🧡

အခွင့်အရေးများ—
အတိတ်က ဆုံးဖြတ်ချက်တွေက
လမ်းညွှန်ပေးတယ်။

14💚

စိတ်အခြေအနေ—
မြင်မရတဲ့ စိတ်ကို
အပြုအမူနဲ့ဖတ်ရတယ်။

15🩷

အလားတူဖြစ်ရပ်—
တူညီမှုတွေထဲမှာ
အမှန်ကို ရှာတွေ့တယ်။

16❤️

လုပ်ရိုးလုပ်စဉ်—
အမြဲဖြစ်နေကျအရာတွေက
ယုံကြည်မှုကို တည်ဆောက်တယ်။

17♥️

ဝန်ခံချက်—
ကိုယ်တိုင်ပြောတဲ့စကားက
အမှန်ကို နီးစပ်စေတယ်။

18❤️

ပါတီများ၏ ဝန်ခံချက်—
သက်ဆိုင်သူရဲ့စကားက
အလေးထားရတယ်။

19🩷

ကိုယ်စားလှယ်၏ စကား—
သူ့နေရာမှာပြောသူ
အမှန်ကိုလည်း သယ်ဆောင်တယ်။

20🩷

အတည်ပြုချက်—
အခြားသူတစ်ယောက်က
စကားကို အလေးချိန်ပေးတယ်။

21❤️

ဝန်ခံချက်၏ သက်သေတန်ဖိုး—
ကိုယ်ပြောခဲ့တာကို
ကိုယ်တိုင်ရင်ဆိုင်ရတယ်။

22❤️

စာရေးဝန်ခံချက်—
စာတစ်ရွက်ထဲက စကားက
တည်မြဲတယ်။

23❤️

လျှို့ဝှက်ဝန်ခံချက်—
တချို့စကားတွေကို
တရားမကြားသင့်ဘူး။

24♥️

ဖိအားအောက်ဝန်ခံချက်—
ကြောက်ရွံ့မှုနဲ့ပြောတာကို
တရားမယုံ။

25💚

ရဲရှေ့ဝန်ခံချက်—
တစ်ခါတလေ
အာဏာအောက်မှာ အမှန်မဖြစ်နိုင်။

26❤️

ထိန်းသိမ်းထားစဉ်ဝန်ခံချက်—
လွတ်လပ်မှုမရှိရင်
စကားလည်း မလွတ်လပ်ဘူး။

27💙

ရှာဖွေတွေ့ရှိမှု—
ပြောခဲ့တာကနေ
အမှန်တစ်ခု ထွက်ပေါ်လာတယ်။

28🩷

ပြန်လည်သဘောတူမှု—
အမှားကို ပြန်ပြင်ရင်
တရားလက်ခံနိုင်တယ်။

29🩷

အခြေအနေမပြည့်စုံသော်လည်း—
တချို့စကားတွေက
သက်သေဖြစ်နိုင်တယ်။

30💜

ပူးတွဲတရားခံ၏ ဝန်ခံချက်—
တစ်ယောက်ရဲ့စကားက
အခြားသူအပေါ်လည်း သက်ရောက်တတ်တယ်။

31❤️

ဝန်ခံချက်များ၏ သက်သေတန်ဖိုး—
တစ်ခါတလေ စကားတစ်လုံးက
ကိုယ်ကိုယ်တိုင်ကို ပြန်ဖမ်းတတ်တယ်။

32💚

မရှိတော့သူ၏ စကား—
သေသွားပေမယ့်
အမှန်က မသေဘူး။

33💚

ယခင်သက်သေပြချက်—
တစ်ခါပြောခဲ့တာက
နောက်တစ်ခါမှာလည်း အသံတစ်ခုဖြစ်တယ်။

34🩵

စာအုပ်မှတ်တမ်းများ—
ရေးထားသောအမှတ်တရတွေက
အမှန်ကို ထိန်းသိမ်းထားတယ်။

35💜

တရားဝင်မှတ်တမ်း—
အာဏာရှိသူ၏ လက်မှတ်က
ယုံကြည်မှုတစ်ခု ဖြစ်စေတယ်။

36💚

အစိုးရစာရွက်များ—
အများအကျိုးအတွက်
ရေးထားသော စာများက သက်သေဖြစ်တတ်တယ်။

37🩷

ဥပဒေစာရွက်များ—
စကားလုံးတိုင်းမှာ
တရားရဲ့အသက်ရှိတယ်။

38🩷

နိုင်ငံခြားဥပဒေ—
နယ်မြေကွာပေမယ့်
အမှန်တရားက တူတယ်။

39💜

တစ်ပိုင်းတစ်စ စာ—
အပိုင်းတစ်ခုနဲ့ မလုံလောက်
အပြည့်အစုံကို ကြည့်ရမယ်။

40💙

တရားဆုံးဖြတ်ချက်—
ပြီးဆုံးသွားတဲ့အမှုက
နောက်တစ်ခါကို ထိခိုက်နိုင်တယ်။

41💜

နောက်ဆုံးအာဏာ—
တရားရုံး၏ ဆုံးဖြတ်ချက်က
အမှန်တရားတစ်ခု ဖြစ်လာတယ်။

42🩷

ဆက်စပ်ဆုံးဖြတ်ချက်—
တိုက်ရိုက်မဟုတ်ပေမယ့်
အလင်းပေးနိုင်တယ်။

43♥️

မသက်ဆိုင်သောဆုံးဖြတ်ချက်—
အရာတိုင်း မဟုတ်ဘူး
တရားကရွေးချယ်တယ်။

44🧡

လိမ်လည်မှု—
မှားယွင်းမှုအောက်မှာ
ဆုံးဖြတ်ချက်တောင် ပြိုလဲနိုင်တယ်။

45💚

ကျွမ်းကျင်သူ၏ အမြင်—
သိပ္ပံ၊ နည်းပညာ
အမှန်ကို ရှင်းလင်းပေးတယ်။

46🩵

အမြင်ကို အတည်ပြုခြင်း—
ကျွမ်းကျင်မှုတစ်ခုကို
အခြားအထောက်အထားများက ထောက်ခံတယ်။

47🩷

လက်ရေးသိသူ—
လက်ရေးတစ်ကြောင်းမှာ
လူတစ်ယောက်ကို ဖတ်နိုင်တယ်။

48💜

ရိုးရာနှင့် လေ့လာမှု—
အသိုင်းအဝိုင်းရဲ့ အတွေ့အကြုံက
အမှန်ကို ပံ့ပိုးတတ်တယ်။

49💜

ဓလေ့ထုံးတမ်း—
ကြာရှည်လာသော လမ်းကြောင်းက
ယုံကြည်မှုကို တည်ဆောက်တယ်။

50🩷

ဆက်ဆံရေး—
လူတွေအကြားရှိ ဆက်နွယ်မှုက
တရားရဲ့ အပိုင်းတစ်ခု ဖြစ်တယ်။

51🩷

အမြင်၏ အကြောင်းရင်း—
ဘာကြောင့်ဆိုတာကို သိမှ
အမြင်က အားရှိတယ်။

52🩷

အကျင့်သဘော (civil)—
အပြုအမူက
အမှုတစ်ခုကို အလှမပေးနိုင်ဘူး။

53💙

ကောင်းမွန်သောအကျင့် (criminal)—
အပြစ်မရှိမှုကို
တစ်ခါတလေ ကူညီတတ်တယ်။

54♥️

မကောင်းသောအကျင့်—
အတိတ်ကအမှားကို
အမြဲမဆောင်လာသင့်ဘူး။

55💚

နစ်နာမှုအတွက် အကျင့်—
တန်ဖိုးတစ်ခုကို
အကျင့်က သတ်မှတ်နိုင်တယ်။

56🧡

သက်သေမလိုအပ်သောအရာ—
အချို့အမှန်တွေက
ပြောစရာမလိုဘူး။

57💜

တရားရုံးသိထားသောအရာ—
သဘာဝအမှန်တွေကို
တရားရုံးက သိပြီးသား။

58🩷

သဘောတူချက်—
နှစ်ဖက်လုံး လက်ခံရင်
သက်သေမလိုတော့ဘူး။

59🩵

နှုတ်ဖြင့်သက်သေ—
မြင်၊ ကြား၊ ခံစားခဲ့တာတွေကို
စကားနဲ့ ပြောကြတယ်။

60🩷

တိုက်ရိုက်သက်သေ—
မျက်မြင်ဖြစ်ရမယ်
အမှန်နဲ့ နီးစပ်ဖို့။

61🩷

စာရွက်စာတမ်းအထောက်အထား—
အမှန်ကို မျက်စိနဲ့မမြင်လည်း
စာတစ်ရွက်က ပြောနိုင်တယ်။

62🩷

မူရင်းစာတမ်း—
ကူးယူချက်တွေကြားမှာ
အမှန်တရားက မူရင်းမှာပဲရှိတယ်။

63💜

ကူးယူစာတမ်း—
မူရင်းမဟုတ်ပေမယ့်
သက်သေတစ်ခု ဖြစ်နိုင်တယ်။

64🩷

စာတမ်းတင်ပြခြင်း—
တရားရုံးရှေ့မှာ
စာရွက်တစ်ရွက်က အသက်ဝင်တယ်။

65💜

မူရင်းမရှိသောအခါ—
ပျောက်ဆုံးသွားတဲ့အမှန်ကို
အခြားလမ်းနဲ့ရှာရတယ်။

66🩷

သတိပေးချက်—
စာတမ်းမတင်ခင်
အခြားဘက်ကို အသိပေးရမယ်။

67🩷

လက်မှတ်အတည်ပြုခြင်း—
လက်ရေးတစ်ကြောင်းက
အမှန်ကို အတည်ပြုတယ်။

68🩷

သက်သေဖြင့် အတည်ပြုခြင်း—
လက်မှတ်မယုံရင်
လူတစ်ယောက်က အတည်ပြုရတယ်။

69💜

သက်သေမရှိသောလက်မှတ်—
သက်သေမပါရင်
သံသယက ကျန်တတ်တယ်။

70🩷

တရားဝင်လက်ခံမှု—
တခါလက်ခံပြီးရင်
ငြင်းလို့မရတော့ဘူး။

71💜

မလက်ခံနိုင်သောစာတမ်း—
မသေချာတာကို
တရားမလက်ခံဘူး။

72💜

အများသုံးစာတမ်း—
လူတိုင်းသိနိုင်တဲ့အရာက
သက်သေဖြစ်တတ်တယ်။

73🩷

လက်ရေးနှိုင်းယှဉ်ခြင်း—
လက်ရေးတစ်ကြောင်းက
လူတစ်ယောက်ကို ဖော်ထုတ်တတ်တယ်။

74🩷

အများပြည်သူစာတမ်း—
အစိုးရလက်ထဲက စာတွေက
အမှန်ကို ထိန်းသိမ်းတယ်။

75💚

ပုဂ္ဂလိကစာတမ်း—
ကိုယ်ပိုင်စာတမ်းတွေက
လျှို့ဝှက်အမှန်တွေ သယ်ဆောင်တယ်။

76💚

စာတမ်းကြည့်ခွင့်—
အမှန်ရှာဖို့
ကြည့်ခွင့်က လိုအပ်တယ်။

77🩵

မိတ္တူအသုံးပြုခြင်း—
မူရင်းမရှိရင်
မိတ္တူက လမ်းညွှန်တယ်။

78♥️

အစိုးရမှတ်တမ်းမိတ္တူ—
နိုင်ငံတော်စာတွေက
ယုံကြည်မှုနဲ့ တည်ရှိတယ်။

79🧡

ယုံကြည်မှုယူဆချက်—
တရားဝင်စာတမ်းကို
မှန်ကန်တယ်လို့ယူဆတယ်။

80🩷

တရားရုံးမှတ်တမ်း—
တရားရုံးစာတွေက
ကိုယ်တိုင်သက်သေဖြစ်တယ်။

81🧡

သတင်းစာများ—
ရေးသားထားတာတွေက
အမှန်မဟုတ်လည်း ဖြစ်နိုင်တယ်။

82💚

စာအုပ်များ—
စာအုပ်ထဲကအမှန်က
ယုံကြည်မှုလိုတယ်။

83🩷

မြေပုံများ—
ကမ္ဘာကို ဖော်ပြတဲ့လမ်းက
တိကျမှုလိုတယ်။

84💙

သိပ္ပံစာတမ်း—
နည်းပညာအမှန်တွေက
စမ်းသပ်မှုနဲ့တည်တယ်။

85💙

အီလက်ထရောနစ်စာတမ်း—
ဒစ်ဂျစ်တယ်ကမ္ဘာမှာ
အမှန်တရားလည်းရှိတယ်။

86💚

တရားရုံးသတိထားမှု—
တရားရုံးက
ကိုယ်တိုင်သိတဲ့အရာကို ယုံတယ်။

87🩵

အများသိအချက်များ—
လူတိုင်းသိတဲ့အရာကို
သက်သေမလိုဘူး။

88❤️

အကြံပြုချက်များ—
အမြင်တစ်ခုက
လမ်းညွှန်ပေးနိုင်တယ်။

89♥️

စာတမ်းပျောက်ဆုံးမှုယူဆချက်—
မရှိတော့တာကို
မရှိတယ်လို့မယူဆဘူး။

90🩷

ရှေးဟောင်းစာတမ်း—
အချိန်ကြာလာတာနဲ့
ယုံကြည်မှုတိုးတတ်တယ်။

91🧡

စာချုပ်အထောက်အထား—
သဘောတူညီမှုက
စာရွက်ထဲမှာ အသက်ဝင်တယ်။

92🩷

နှုတ်သက်သေကန့်သတ်ချက်—
စာရေးထားပြီးရင်
နှုတ်နဲ့မပြောင်းနိုင်ဘူး။

93🧡

အဓိပ္ပာယ်မရှင်းလင်းမှု—
စကားတစ်လုံးက
တခါတလေ အမှန်ကို ဖုံးကွယ်တတ်တယ်။

94💚

ရှင်းလင်းစကား—
ရှင်းလင်းတဲ့စကားက
အမှန်ကို တောက်ပစေတယ်။

95💙

အပြင်အဆင်အမှား—
ရေးထားတာမမှန်ရင်
အမှန်ကို ပြန်ရှာရတယ်။

96🧡

အဓိပ္ပာယ်ဖွင့်ဆိုခြင်း—
စကားလုံးထက်
အဓိပ္ပာယ်က ပိုအရေးကြီးတယ်။

97🧡

စာချုပ်အဓိပ္ပာယ်—
ရေးထားတဲ့အတိုင်းသာ
အဓိပ္ပာယ်ယူရတယ်။

98🩷

ပြင်ပအခြေအနေ—
အပြင်ကအရာတွေက
အဓိပ္ပာယ်ကို ပြောင်းနိုင်တယ်။

99🧡

တရားရုံးအဓိပ္ပာယ်ဖွင့်ခြင်း—
တရားရုံးကသာ
နောက်ဆုံးအဓိပ္ပာယ်ပေးတယ်။

100💙

အထွေထွေအခြေခံ—
အဆုံးမှာတော့
အမှန်တရားကိုသာ ရှာရတယ်။

101🧡

သက်သေပြရန်တာဝန်—
ပြောသူကသာ
အမှန်ကို သက်သေပြရတယ်။

102🧡

ဘယ်ဘက်တာဝန်လဲ—
ဘယ်သူပြောလဲဆိုတာထက်
ဘယ်သူသက်သေပြမလဲဆိုတာ အရေးကြီးတယ်။

103❤️

အထောက်အထားတင်ပြခြင်း—
စကားမလုံလောက်ရင်
သက်သေက ဖြည့်ဆည်းတယ်။

104❤️

အထောက်အထားလက်ခံခြင်း—
တရားရုံးကသာ
အမှန်ကို ရွေးချယ်တယ်။

105🩵

ပြစ်မှုကင်းရှင်းမှုယူဆချက်—
အပြစ်မရှိဘူးဆိုတာ
အရင်ဆုံး ယုံကြည်တယ်။

106💜

သိသင့်သောအချက်—
သိနိုင်တဲ့သူကသာ
သက်သေပြရတယ်။

107🧡

အသက်ရှိမှုယူဆချက်—
ရှိတယ်လို့ယူဆပြီးမှ
မရှိတာကို သက်သေပြရတယ်။

108💚

သေဆုံးမှုယူဆချက်—
ပျောက်ဆုံးတာကြာရင်
မရှိတော့လို့ယူဆတတ်တယ်။

109♥️

ပိုင်ဆိုင်မှုယူဆချက်—
ရှိတယ်ဆိုတာကို
အခြားသူက ချေဖျက်ရတယ်။

110🧡

အခွင့်အရေးယူဆချက်—
တစ်ခါရထားရင်
မပျက်လွယ်ဘူး။

111🧡

ရိုးသားမှုယူဆချက်—
လူတစ်ယောက်ကို
အရင်ဆုံးယုံကြည်တယ်။

112🩵

သားဖွားမှုယူဆချက်—
ဥပဒေအရ သားဖြစ်မှုကို
လွယ်လွယ်မငြင်းနိုင်ဘူး။

113💜

နိုင်ငံတော်စာတမ်း—
အာဏာရဲ့စကားက
သက်သေတစ်ခုဖြစ်တယ်။

114🧡

သဘာဝယူဆချက်—
အတွေ့အကြုံကနေ
အမှန်ကို ခန့်မှန်းတယ်။

115♥️

Estoppel—
ပြောခဲ့တာကို
နောက်မငြင်းနိုင်ဘူး။

116🩵

အိမ်ငှားအကန့်အသတ်—
ငှားနေသူက
ပိုင်ရှင်ကို မငြင်းနိုင်ဘူး။

117❤️

လက်ခံပြီးနောက်ငြင်းခွင့်—
တစ်ခါလက်ခံပြီးရင်
ပြန်မပြောင်းနိုင်ဘူး။

118💜

သက်သေဖြစ်နိုင်သူ—
လူတိုင်းသက်သေဖြစ်နိုင်တယ်
နားလည်နိုင်မှုရှိရင်။

119🧡

မပြောနိုင်သူ—
စကားမပြောနိုင်လည်း
သက်သေဖြစ်နိုင်တယ်။

120🧡

အိမ်ထောင်ဖက်သက်သေ—
လင်မယားက
တစ်ယောက်အပေါ်သက်သေဖြစ်နိုင်တယ်။

121🧡

တရားသူကြီးသက်သေ—
တရားသူကြီးက
အမှုမှာသက်သေမဖြစ်ဘူး။

122🧡

လျှို့ဝှက်မှု—
လင်မယားစကားကို
တရားမဖော်ထုတ်နိုင်ဘူး။

123❤️

နိုင်ငံတော်လျှို့ဝှက်ချက်—
နိုင်ငံရေးအမှန်တွေကို
ထုတ်ဖော်ခွင့်မရှိဘူး။

124🩵

တရားဝင်လျှို့ဝှက်မှု—
အစိုးရအတွင်းကအရာတွေက
ကာကွယ်ထားရတယ်။

125💜

ရဲအချက်အလက်—
ရဲထံပေးထားတဲ့အရာက
လုံခြုံမှုရှိတယ်။

126🧡

ရှေ့နေ–အမှုသည်ဆက်ဆံရေး—
ယုံကြည်မှုက
လျှို့ဝှက်မှုဖြစ်တယ်။

127💙

အကူအညီပေးသူများ—
ရှေ့နေကိုကူညီသူလည်း
လျှို့ဝှက်မှုထဲပါဝင်တယ်။

128💚

လျှို့ဝှက်မှုဖွင့်ခြင်း—
ခွင့်ပြုချက်မရှိရင်
ဖွင့်လို့မရဘူး။

129🩵

တရားရုံးက အမိန့်—
တရားရုံးအမိန့်ရှိရင်
ဖော်ထုတ်ရတတ်တယ်။

130🩷

စာရွက်တင်ပြရန်တာဝန်—
ရှိတဲ့စာကို
တင်ပြရမယ်။

131💚

စာရွက်သိမ်းဆည်းခြင်း—
အရေးကြီးစာတွေကို
ကာကွယ်ထားရတယ်။

132🧡

မိမိအပြစ်ဖြစ်နိုင်သောအဖြေ—
မဖြေချင်လည်း
ဥပဒေက မေးတတ်တယ်။

133💚

သက်သေညီညွတ်မှု—
တစ်ယောက်ထဲမဟုတ်ပဲ
အများစုနဲ့မှ အမှန်ခိုင်တယ်။

134💜

သက်သေအရေအတွက်—
အရေအတွက်ထက်
အရည်အသွေးက အရေးကြီးတယ်။

135♥️

သက်သေစစ်ဆေးခြင်းအစဉ်—
မေးမြန်းခြင်းမှာ
စနစ်လိုတယ်။

136💜

တရားရုံးဆုံးဖြတ်ခွင့်—
ဘယ်သက်သေဝင်မလဲ
တရားရုံးက ဆုံးဖြတ်တယ်။

137🩵

မေးမြန်းခြင်း—
အမှန်ကိုရှာဖို့
မေးခွန်းက စတင်တယ်။

138🩷

အဓိကမေးခြင်း—
အမှန်ကို တိုက်ရိုက်မေးတယ်။

139🩵

စာရွက်ဖြင့်မေးခြင်း—
ရေးထားတဲ့စကားနဲ့
စမ်းသပ်တယ်။

140💚

အပိုမေးခြင်း—
အမှန်ကိုပိုနက်ရှိုင်းအောင်
မေးမြန်းတယ်။

141🩷

မေးခွန်းအဓိပ္ပာယ်—
မေးခွန်းကလည်း
သက်သေတစ်ခုဖြစ်နိုင်တယ်။

142♥️

မသင့်လျော်သောမေးခွန်း—
မေးလို့မရတာတွေရှိတယ်။

143❤️

ခွင့်ပြုမေးခွန်း—
ဥပဒေအရသာ
မေးနိုင်တယ်။

144🩷

စာတမ်းကိုမေးခြင်း—
စာရွက်ကိုဖတ်ပြီး
အမှန်ရှာတယ်။

145💙

လက်ရေးနှိုင်းယှဉ်—
စာလုံးတွေက
လူကိုဖော်ပြတယ်။

146💚

မေးမြန်းခြင်းအကန့်အသတ်—
မေးခွန်းကလည်း
ကန့်သတ်ချက်ရှိတယ်။

147🧡

အရေးကြီးမေးခွန်း—
အမှန်ထိသွားတဲ့
မေးခွန်းတွေ။

148💚

ယုံကြည်မှုစမ်းသပ်ခြင်း—
သက်သေကို
ယုံနိုင်မလားစမ်းတယ်။

149💚

မသင့်လျော်မေးခွန်းရှောင်ခြင်း—
မသင့်တာကို
မမေးရဘူး။

150🩵

သက်သေကာကွယ်မှု—
တချို့အဖြေတွေကို
ကာကွယ်ထားရတယ်။

151❤️

အရှက်ကာကွယ်ခြင်း—
မလိုအပ်တဲ့မေးခွန်းက
အနာတရဖြစ်စေတယ်။

152💙

အကျိုးမရှိသောမေးခွန်း—
အမှန်မတိုးတက်စေဘူး။

153💚

လိမ်လည်မှုဖော်ထုတ်ခြင်း—
အမှားကို
မေးခွန်းက ဖျက်ဆီးတယ်။

154💚

ဆန့်ကျင်မေးခွန်း—
အမှန်ကိုစမ်းသပ်ဖို့
ပြန်မေးတယ်။

155🧡

ယုံကြည်မှုဖျက်ခြင်း—
မမှန်တာကို
ဖော်ထုတ်တယ်။

156❤️

အထောက်အထားတိုးချဲ့—
အခြားအချက်တွေက
အမှန်ကိုခိုင်စေတယ်။

157💜

အတည်ပြုချက်—
ယခင်စကားကို
ပြန်ထောက်ခံတယ်။

158🩷

သက်သေရှင်းလင်းခြင်း—
အမှန်ကို
သန့်ရှင်းစေတယ်။

159❤️

မှတ်ဉာဏ်အကူအညီ—
မေ့သွားတာကို
ပြန်သတိရစေတယ်။

160🩵

မှတ်တမ်းအသုံး—
ရေးထားတာက
မှတ်ဉာဏ်အစားဖြစ်တယ်။

161💙

စာတမ်းပြန်သုံးခြင်း—
အမှတ်တရကနေ
အမှန်ကိုရှာတယ်။

162💚

မေးခွန်းကန့်သတ်ချက်—
အမှန်ကိုမဖျက်ရဘူး။

163❤️

စာတမ်းအတည်ပြု—
စာတစ်ရွက်က
အမှန်ကိုခိုင်စေတယ်။

164💜

တရားရုံးမှတ်တမ်း—
ရေးထားတာက
နောက်ဆုံးအမှန်ဖြစ်တယ်။

165🩷

တရားသူကြီးမေးခွန်းအာဏာ—
အမှန်ကိုရှာဖို့
တရားသူကြီးက လွတ်လပ်တယ်။

166🩵

စည်းမျဉ်း—
စနစ်မရှိရင်
အမှန်မတည်နိုင်ဘူး။

167💚

အမှားမရှိသော်လည်း အရေးမကြီးမှု—
အဆုံးမှာ
တရားမျှတမှုသာ အရေးကြီးတယ်။



✔️ ပြီးဆုံးပါပြီ

နှလုံးသားနဲ့ဖတ်ပေးပါရန်။

ဦးအောင်စည်ထွန်း
( ပြည်သူကြားကရှေ့နေ)

05/04/2026

ဒီကရီအတည်ပြုပုံပြုနည်း
*******************
ငွေပေးဆပ်ရန်ဒီကရီအား တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၃၀ တွင် ပြဌာန်းထားသည်။ ယင်းဒီကရီအား အတည်ပြုရာ၌ တရားရှုံးအား တရားမအကျဉ်းထောင် ချထားခြင်းဖြင့် ဖြစ်စေ၊ တရားရှုံးပိုင်ပစ္စည်းအား ဝရမ်းကပ်ကာ ရောင်းချခြင်းဖြင့်ဖြစ်စေ အတည်ပြုနိုင်သည်။

သီးခြားဖော်ပြထားသည့်ရွှေ့ပြောင်းနိုင်သောပစ္စည်းအတွက် ဒီကရီအား အတည်ပြုခြင်း။
***************************************************************

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၁ (၁) သည် ရွှေ့ပြောင်းနိုင်သောပစ္စည်းအတွက် ဒီကရီအား အတည်ပြုရာ၌ တရားရှုံးအား တရားမအကျဉ်းထောင် ချထားခြင်းဖြင့်ဖြစ်စေ၊ ပစ္စည်းအား ဝရမ်းကပ် ရောင်းချစေခြင်းဖြင့်ဖြစ်စေ အတည်ပြုနိုင်သည်။

နည်းဥပဒေ ၃၁(၂) သည် နည်းဥပဒေခွဲ (၁)အရ ဝရမ်းကပ်ခြင်းမှာ ၃လကြာ အတည်ဖြစ်ခဲ့သော်လည်း တရားရှုံးက ဒီကရီကို မလိုက်နာသဖြင့် ဝရမ်းကပ်ထားသောပစ္စည်းကို ရောင်းချပေးရန် တရားနိုင်က လျှောက်ထားလာပါက အဆိုပါပစ္စည်းအား တရားရုံးမှ ရောင်းချနိုင်သည်။

နည်းဥပဒေ ၃၁ (၃) သည် တရားရှုံးမှ မိမိပေးရန်ရှိသော ဒီကရီအား လိုက်နာ၍ ပေးဆပ်ခဲ့ပါက ၎င်းပိုင်ပစ္စည်းများအား ဝရမ်းကပ်ထားခြင်းသည် ရပ်စဲသွားသည်။

နည်းဥပဒေ ၃၁ (၄) သည် (၂/၃) တို့တွင် ပါရှိသော ၃လ ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားလာလျှင် တရားရုံးသည် စုစုပေါင်း ၆လ ထက်မပိုပဲ အချိန်တိုးပေးနိုင်သည်။

မှတ်ချက် ။ သီးခြားဖော်ပြသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း ဆိုသောစကားရပ်တွင် ငွေဒီကရီ မပါသည့်အတွက် ငွေဒီကရီအား ဤနည်းဥပဒေအရ အတည်မပြုနိုင် ။ငွေဒီကရီကို အတည်ပြုရာ၌ တရားရှုံးပိုင်ပစ္စည်းကို ဝရမ်းကပ်ပြီးနောက် ရောင်းချရာတွင် အချိန်ကာလ သတ်မှတ်ထားခြင်းမရှိပေ။ သီးခြားဖော်ပြသည့် ပစ္စည်းအား လက်ရောက်ပေးအပ်စေရန်အတွက် (၁) အချင်းဖြစ်ပစ္စည်းကို သိမ်းယူ၍ တရားနိုင်အား ပေးအပ်ခြင်း (၂) တရားရှုံးအား တရားမအကျဉ်းထောင်ချထားခြင်း (၃) တရားရှုံးပိုင်ပစ္စည်းကို ဝရမ်းကပ်ရောင်းချခြင်းတို့ဖြင့် အတည်ပြုနိုင်သည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ ဒီကရီအား အတည်ပြုခြင်း။
******************************************

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၃၅ (၁) သည် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား တရားရှုံးမှ တရားနိုင်ထံ လက်ရောက်ပေးအပ်စေရန် အမိန့်ချထားပြီးပါက ထိုဒီကရီအား တရားရှုံး သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ် သို့မဟုတ် ဒီကရီအား လိုက်နာရန် တာဝန်ရှိသူများမှ အဆိုပါပစ္စည်းအား တရားနိုင်ထံ လက်ရောက်ပေးအပ်ရမည်။ ၎င်းတို့သည် အဆိုပါပစ္စည်းအတွင်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန်သူ တစ်ဦးဦးအား ဖယ်ရှားနိုင်သည်။
(တရားရုံးမှလူများသည် အိမ်ရှင်များအား အပြင်သို့
မကာ ဆွဲထုတ်သွားခြင်းသည် ဤနည်းဥပဒေအရဖြစ်သည်။)
*********************************************

နည်းဥပဒေ ၃၅ (၃) သည် ဒီကရီအား လိုက်နာရန် တာဝန်ရှိသော သို့မဟုတ် ပစ္စည်းအား လက်ရှိဖြစ်သူ တရားရှုံးက တရားရုံးဝန်ထမ်းများအား လွတ်လပ်စွာ ဝင်ထွက်ခွင့်မပြုလျှင် (ဓလေ့ထုံးတမ်းအရ လူအများရှေ့ လာရောင်ခြင်းမရှိသော မည်သည့်မိန်းမကိုမဆို) ထွက်ခွာသွားစေရန် သတိပေးခြင်း ၊ အခွင့်အလမ်းပေးခြင်း ပြုပြီးနောက် မိမိဝန်ထမ်းများကိုစေလွှတ်၍ သော့ခလောက် သို့မဟုတ် မင်းတုံး တို့ကို ဖျက်ဆီးချိုးဖျက်ကာ အိမ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ (လူမှု့ကွန်ယက်ပေါ်တွင် တရားရုံးရှိ ဘိလစ် စာရေးကြီးများက အိမ်တံခါးများအား ဖျက်စီးကာ ဝင်ရောက်အတည်ပြုခြင်းမှာ ဤနည်းဥပဒေခွဲအရ ဖြစ်သည်။)
***********************************************************

အဆိုပါဒီကရီအား တရားရှုံးနှင့်အတူနေထိုင်သူ တရားရှုံး၏ဇနီးသည် ခင်ပွန်းသည်အပေါ်ချမှတ်သော ဒီကရီကို လိုက်နာရန်တာဝန်ရှိသည်။ လက်ရောက်ပေးအပ်ရန်ဖြစ်သော ဥပစာ၌ တရားရှုံးလဲမရှိ ဒီကရီအားလိုက်နာရန် တာဝန်ရှိသူများမရှိပဲ အခြားသူများ နေထိုင်လျက်ရှိခြင်းကြောင့် ပစ္စည်းကို တရားနိုင်အား မပေးအပ်နိုင်လျှင် အကျိုးအကြောင်း ဖော်ပြကာ အပ်ဝရမ်းကိုအတည်မပြုရကြောင်း တရားရုံးသို့ အစီရင်ခံရန်ဖြစ်သည်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်းဥပဒေ ၉၅ သည် တရားရှုံးမှာ ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆိုပါက ငြင်းဆိုသူ ငြင်းဆန်သူများအား အဆိုပါ ဥပစာအတွင်းမှ တရားရုံးအနေဖြင့် ဖယ်ရှားစေနိုင်သည်။

တရားနိုင်အား လက်ရောက်ပေးအပ်စေရာတွင် တရားရှုံး သို့မဟုတ် တရားရှုံး၏ အကျိုးကို လိုလားသူများက ဒီကရီအတည်ပြုခြင်းကို ခုခံတားဆီးခြင်း။
*********************************************************

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်းဥပဒေ ၉၇ (၁) သည် တရားရှုံးဘက်မှ ခုခံတားဆီးလျှင် သို့မဟုတ် ဟန့်တားလျှင် ယင်းကဲ့သို့ ခုခံတားဆီးကြောင်း သို့မဟုတ် ဟန့်တားကြောင်းကို တရားရုံးသို့ တိုင်တန်းနိုင်သည်။

နည်းဥပဒေ ၉၇ (၂) သည် ယင်းသို့တိုင်တန်းခံရပါက ခုခံတားဆီးသည်ကို လာရောက်ချေပရန် တားဆီးသူများကို တရားရုံးမှ ဆင့်ခေါ်ရမည်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၉၈ သည် တရားမျှတသော အကြောင်းမရှိပဲ တားဆီးခုခံဟန့်တားကြောင်း တရားရုံးမှ တွေ့ရှိပါက တရားရုံးသည် အဆိုပါပစ္စည်းအား တရားနိုင်သို့ လက်ရောက်ပေးအပ်စေရန် ညွှန်ကြားရမည်။ ယင်းညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နေသည်ကို ထပ်မံ ခုခံတားဆီး နှောက်ယှက်ပါက နှောက်ယှက်သူများအား အစိုးရစရိတ်ဖြင့် ရက်ပေါင်း ၃၀အထိ တရားမအကျဉ်းထောင်တွင် အကျဉ်းချထားစေရန် အမိန့်ချမှတ်နိုင်သည်။

ထိုသို့တားဆီး ခုခံခြင်းနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၈၃ တွင် ပြည်သူဝန်ထမ်းဖြစ်ကြောင်းသိလျက်နှင့် သို့မဟုတ် ယုံကြည်ရန်အကြောင်းရှိလျက်နှင့် ထိုပြည်သူ့ဝန်ထမ်း၏ ဥပဒေအရ အာဏာဖြင့် ပစ္စည်းသိမ်းယူခြင်းကို မည်သူမဆို ခုခံလျှင် ထိုသူကို ၆လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ် ၁သိန်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
********************************************

ကျနော်။ ဒါကြောင့်အိမ်ကိုမင်းမဲ့စရိုက်ဆန်ဆန်ဖျက်ရဲကြတာပေါ့နော်ဆရာ။
ဆရာ။ ဥပဒေကိုပြဌာန်းချက်ကိုငါမြန်မာလိုရေးထားတာပါသားရယ်။
ကျနော်။ သားစကားပြောလောသွားတာပါဆရာ။
ဆရာ။ အေးအေး။

ကျနော့်ဆရာသင်ပြထားသည့်မှတ်စုများကို မှတ်သားကာပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါသည်။ဥပဒေပြဌာန်ချက်အားမသိသည့် ပြည်သူတစ်ဦးဘဝမှ အကျဉ်းသားတစ်ဦးဘဝသို့ မရောက်စေလိုသောဆန္ဒအား အရင်းတည်လျက် # # #

လေးစားလျက်
***********
ဥပဒေလေ့လာသူ
*************
Credict ..pan nu may.
ကူးယူဖော်ပြပါသည်။

Address

Sapal
Yangon
3A

Telephone

+959795768944

Website

Alerts

Be the first to know and let us send you an email when Thea mgkyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category