03/10/2023
Crispy Fried Fish Cake
ငါးဖယ်ကွင်း အကြွပ်ကြော်
ပါဝင်ပစ္စည်းများ(Ingredients)
1 Fish cake (ငါးဖယ်) 160g
2 Onion 50g
3 Chinese Cabbage 30g
(မုန်ညှင်းဖြူ)
4 Bread crumbs 50g
(မုန့်ကြွပ်)
5 Parsley English 1g
(အင်္ဂလိပ်နံနံ)
6 Salt 2g
7 Pepper(ငရုပ်ကောင်း) 2g
8 Oregano 0.5g
9 Shun Toe Toe/ MSG 2g
( အချိုမှုန့်)
10 Egg 1pcs
11 Flour (ဂျုံမှုန့်) 30g
ပြင်ဆင်ခြင်း
အထက်ပါ ပါဝင်ပစ္စည်းများထဲမှ Oregano နှင့် Parsley English နှစ်မျိုးသည် ရှာဖွေရခက်ခဲသဖြင့် မထည့်လျှင်လည်းရပါသည်။ အနံ့အသက် အနည်းငယ်သာ ပြောင်းလဲမည် ဖြစ်ပြီး မထည့်လျှင်လည်း ရသော ပါဝင်ပစ္စည်းများဖြစ်ပါသည်။ ပထမဦးစွာ Onion /ကြက်သွန်နီကို ဓားဖြင့်ကျေညှက်နေအောင်နုတ်နုတ်စဉ်း ပါမည်။ပြီးလျှင်ကြက်သွန်နီနုတ်နုတ်စဥ်း (chopped onion)ကို ဒယ်အိုးတစ်ခုတွင် ဆီအနည်းငယ်ထည့်၍ဆီသတ်(sauteထိုး) ပါမည်။ကြက်သွန်နီအရောင်ပြောင်း၍ အနံ့မွှေးလာလျှင် ခွက်တစ်ခုတွင်ထည့်၍ အအေးခံထားရပါမည်။ မုန်ညှင်းဖြူကိုလည်း ကြက်သွန်နီ နုတ်နုတ်စဉ်းထားသကဲ့သို့ နုတ်နုတ်စဉ်းထားရပါမည်။ ငါးဖယ်အသားကိုလည်း အရသာမထည့်သေးဘဲ သူ့ချည်းပဲ စေးလာအောင် နှယ်ပေးရပါမည်။
ငါးဖယ်စေးလာလျှင် ဆီသတ်ထားသောကြက်သွန်နီ၊ နုတ်နုတ်စဉ်းထားသော မုန့်ညှင်းဖြူတို့ကို ထည့်၍ နှယ်ရပါမည်။ (သတိ -လက်အိတ်စွပ်ပါ🤗) ။။
ပြီးလျှင်ဆား၊ငရုပ်ကောင်း ၊အချိုမှုန့်အနည်းငယ်ခန့်ထည့်၍ နှံ့စပ်အောင်နှယ်ပေးရပါမည်။။ အချိုမှုန့်မစားသူများအနေနှင့် အချိုမှုန့်အစားထိုး Shun Toe Toe ဟင်းသီးဟင်းရွက်မှုန့်ကိုအသုံးပြုနိုင်ပါသည်။အနံ့မွှေးစေရန်အတွက် Oreganoအမှုန့် နှင့် Parsley English ကို နုတ်နုတ်စဉ်း၍ အနည်းငယ်စီ ထည့်ပေးရပါမည်။ နောက်ဆုံးအနေနှင့် Bread crumbs (ပေါင်မုန့်ကြွပ်) 10g ခန့်ကိုပါ ရောထည့်၍ ဖွဖွလေးနှယ်ပေးရပါမည်။သို့မှသာ အတွင်းကော အပြင်ကော ကြွပ်ကြွပ်ရွရွလေးဖြစ်သော Fish Cake ကို ရမည်ဖြစ်ပါသည်။ # # Breadcrumbs များလွန်းလျှင်လည်း ငါးဖယ်သည် မစေးတော့ပဲ ခပ်ဖွာဖွာကြီး ဖြစ်နေတက်ပါသည်။
နှယ်ထားသော ငါးဖယ်ကိုအကွင်းလေးများကွင်းရန်ပြင်ဆင်ပါမည်။ ။ ခွက်သုံးခွက်ခန့်လိုပါမည်။ခွက်တစ်ခုတွင်ကြက်ဥတစ်လုံးကို အနှစ်ကော အကာပါရော၍ ခလောက်ထားပါ။ နောက်တစ်ခွက်တွင် ဂျုံမှုန့်ကို ထည့်ထားပါ။နောက်ဆုံးတစ်ခွက်တွင်Bread crumbs (ပေါင်မုန့်ကြွပ်)ကို ထည့်ထားပါ။
ငါးဖယ်ကွင်းလုပ်နည်း
နှယ်ထားသောငါးဖယ်ကို မိမိစိတ်ကြိုက် အရွယ်အစားလုပ်နိုင်ပါသည်။ပထမဦးစွာနှယ်ထားသောငါးဖယ်ကို အနည်းငယ်ယူ၍ လုံးဝန်းသွားအောင် လုံးပါမည် ။မုန့်လုံးရေပေါ်လုံးသကဲ့သို့)။ ပြီးလျှင် အနည်းငယ်ပြားသွားအောင် လက်ဖဝါးနှစ်ဖက်ဖြင့် ဖိပေးပါ။ ခပ်ပြာပြားလေးဖြစ်သွားလျှင် အလယ်တည့်တည့်ကို လက်ညှိုး၊လက်မနှစ်ချောင်းဖြင့် အသာအယာ အပေါက်ကလေး ဖြစ်အောင် လုပ်ပါမည်။ မညီမညာဖြစ်နေသော ဘေးနှုတ်ခမ်းလေးမျာကို ဂျေဒိုးနပ် 🥯ပုံစံလေး ဖြစ်သွားအောင် ညှိပေးပါ။ ကျန်နေသော ငါးဖယ်များကိုလည်း ထိုနည်းတူလုပ်၍ ငါးဖယ်ကွင်းလုပ်ပါမည်။ ငါဖယ်ကွင်းကို ဂျုံမှုန့်ဖြင့်လူးပါမည်။ညှင်သာစွာကိုင်တွယ်ပေးပါ။ငါးဖယ်ကွင်းများ ပျက်ထွက်ကုန်တက်ပါသည်။ပြီးလျှင် ခလောက် ထားသော ကြက်ဥထဲတွင် ခဏနှစ်ပြီး ဆယ်ယူကာ နောက်ဆုံးBread crumbs ကပ်ရပါမည်။ငါးဖယ်ကွင်းအားလုံး Breadcrumbs ကပ်ပြီးလျှင် စ၍ကြော်ပါမည်။
Deep Frying
ဆီကို အိုးထဲတွင်ထည့်၍ ပူလာအောင် တည်ထားပါ။ ဝါးတူကို ရေဆွတ်၍ ဆီဆူ၊မဆူ စမ်းကြည့်၍ရပါသည်။ (အလွယ်နည်း🤫) ဆီဆူလာလျှင် ငါးဖယ်ကွင်းမျာကို ထည့်၍ မီးလျော့ထားလိုက်ပါ။ မီးအေးအေးဖြင့်ကျက်အောင် ကြော်ပါမည်။ ဆီအရမ်းပူလွန်းလျှင်လည်း ခဏလေးဖြင့် ငါးဖယ်များ တူးကုန်တက်ပါသည်။ ငါးဖယ်များကျက်၍ အပြင်ဘက်အရောင်သည် Golden Brown ကာလာရသည့်အချိန်တွင် မီးကိုခပ်ပြင်းပြင်းပြန်တင်ထား လိုက်ပါ။သို့မှသာ ငါးဖယ်ထဲတွင်ဝင်နေသော ဆီများပြန်ထွက်လာပြီး ငါးဖယ်ကို ပိုမို ကြွပ်ရွှစေပါမည်။ ပြီးလျှင် ငါးဖယ်များကို ဆယ်ယူ၍ ဆီစစ်ထားလိုက်ပါ။။
ငါးဖယ်များကို ပန်းကန်ထဲတွင် ထည့်၍ မိမိနှစ်သက်ရာ Sauce ဖြင့်တွဲဖက်စားသုံးနိုင်ပါသည်။
ကြွပ်ရွှ မွှတ်ထနေသော Crispy Fried Fish Cake တစ်ပွဲရပါပြီခင်ဗျာ။
Let us give you good memories!