25/02/2026
📸 Medicube Exosome Shot: အိမ်မှာတင် Clinic ရောက်သွားသလို ခံစားရမယ့် Next Level Skincare 🧪 အပိုင်း (၂)
💎 Main Benefits အနေနဲ့က Zero Exosome Shot (Pore Ampoule)အပြာရောင်ကို အဓိကအားဖြင့် ချွေးပေါက်ကျဉ်းစေဖို့ (Pore Tightening) ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျုံ့သွားအောင် လုပ်ဆောင်ပေးပါတယ်။Exosome ရဲ့ သဘောသဘာဝအတိုင်း ဆဲလ်တွေကို ပြန်လည်နိုးကြားစေပြီး Skin Barrier ကိုခိုင်မာစေကာအသားအရေကိုလည်းနုပျိုစေပါတယ်။ပုံမှန် Serum တွေထက် အရေပြားထဲကို ပိုမိုနက်ရှိုင်းစွာ စိမ့်ဝင်မှု အားကောင်းအောင်ဖန်တီးထားပါတယ်။
💎 Medicube က "Exosome Coated Spicules" နည်းပညာကိုသုံးထားတာဖြစ်ပါတယ်။Spicules ဆိုတာ ပင်လယ်ရေမှော်တွေကနေရတဲ့ အလွန်သေးငယ်တဲ့ အပ်ချောင်းပုံစံ အမှုန်လေးတွေပါ။ သူတို့ကအရေပြားပေါ်မှာလမ်းကြောင်းလေးတွေ ဖွင့်ပေးလိုက်တဲ့အတွက် Exosome ဓာတ်တွေက အရေပြားအတွင်းပိုင်းထဲအထိ တိုက်ရိုက်ရောက်သွားတာ ဖြစ်ပါတယ်။ဒါကြောင့် လိမ်းလိုက်တဲ့အခါ အပ်နဲ့စူးသလို စပ်ဖျဉ်းဖျဉ်း (Tingling Sensation) ခံစားရတတ်ပါတယ်။ ဒါဟာ ပစ္စည်းအာနိသင် အလုပ်လုပ်နေတဲ့ သဘောဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။
💎 Medicube Zero Exosome Shot ကအမာရွတ်/ချိုင့်ခွက် (Atrophic Scars) တွေနဲ့ပတ်သက်ပြီးသက်သာနိုင်လားဆိုရင်တော့ အဖြေက "သက်သာနိုင်ပါတယ်၊ ဒါပေမဲ့ အကန့်အသတ်ရှိတယ်" လို့ ပြောရပါမယ်။ဘာကြောင့်လဲဆိုတာကိုလည်းသေချာခွဲခြားရှင်းပြပေးပါ့မယ်။
💎 Medicube Zero Exosome Shot ထဲမှာပါတဲ့ Spicules (Micro needling အပ်အသေးလေးများဖြင့် အရေပြားကို လှုံ့ဆော်ပြီး Collagen ပြန်လည်ထုတ်လုပ်စေခြင်းနဲ့ဆင်တူပါတယ်။) တွေဟာ အရေပြားကို အသေးစား ဒဏ်ရာလေးတွေ (Micro-injuries) ရအောင် လုပ်ပေးပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ နေရာကို ပြန်ပြုပြင်ဖို့ Collagen နဲ့ Elastin တွေကို အလိုအလျောက် ထုတ်လုပ်ပေးပါတယ်။Spicule က လမ်းကြောင်းဖွင့်ပေးလိုက်တဲ့နေရာကို Exosome က ဝင်သွားပြီး ဆဲလ်တွေကို "ပြန်လည်ပြုပြင်ကြတော့" လို့ အချက်ပေးတဲ့အတွက် အသားအရေ ပြန်ပြည့်လာဖို့ အထောက်အကူပြုပါတယ်။ရလဒ်အနေနဲ့ချိုင့်ခွက်အသစ်လေးတွေ ဒါမှမဟုတ် အရမ်းမနက်တဲ့ ချိုင့်ခွက်လေးတွေဆိုရင် အသားအရေ ပိုညီညာလာတာကို တွေ့ရနိုင်ပါတယ်။
💎 ဘယ်လို ချိုင့်ခွက်တွေအတွက် အလုပ်မဖြစ်နိုင်ဘူးလဲဆိုရင်တော့။အမာရွတ် ချိုင့်ခွက်က အရမ်းနက်ရင် (ဥပမာ- Ice-pick scars ဒါမှမဟုတ် အသားအောက်ကနေ ဆွဲထားတဲ့ Fibrous tissue ရှိနေရင်) Skincare လိမ်းရုံနဲ့ ပြန်ပြည့်ဖို့ ခဲယဉ်းပါတယ်။ (ဝက်ခြံဖြစ်ပြီးကျန်တက်တဲ့အမာရွတ်နဲ့အမာရွတ်ချိုင့်ခွက်တွေအကြောင်းကို post တစ်ခုထပ်လုပ်ပေးပါဦးမယ်။ အဲ့ post ကိုဖတ်ပြီးမှအမာရွတ်နဲ့ ချိုင့်ခွက်တွေအကြောင်းနားလည်သွားမှာမို့ပါ။ )
💎 Medicube Zero Exosome Shot ဟာ အလှအပရေးရာ (Cosmetic) အဆင့်ပဲ ဖြစ်တဲ့အတွက် ဆေးခန်းတွေမှာလုပ်တဲ့ Professional Microneedling ဒါမှမဟုတ် Laser ကုထုံးတွေလောက်တော့ အာနိသင် မပြင်းထန်ပါဘူး။အဲ့အတွက်ကြောင့်အမာရွတ်ဟောင်းကြီးတွေနဲ့ နက်ရှိုင်းတဲ့ ချိုင့်ခွက်တွေအတွက်ဆိုရင်တော့ ဒီ Shot တစ်ခုတည်းနဲ့တင် မလုံလောက်နိုင်ပါဘူး။ Medicube Exosome Shot ဟာ အသားအရေ ချောမွေ့လာဖို့နဲ့ ချိုင့်ခွက်အပေါ်ယံလေးတွေကို သက်သာစေဖို့ အိမ်သုံးအနေနဲ့ အကောင်းဆုံးထဲမှာ ပါပါတယ်။ ဒါပေမဲ့ ချိုင့်ခွက်က အရမ်းနက်နေရင်တော့ ဒါကို သုံးကြည့်ရင်းနဲ့ လိုအပ်ရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး Laser ကုထုံးတွေ တွဲလုပ်တာက ပိုပြီး ထိရောက်တဲ့ ရလဒ်ကို ရစေမှာပါ။
Medicube Zero Exosome Shot အပြာရောင်(Pore အုပ်စု)ကအောက်ပါ Skin Type တွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
၁။ အဆီပြန်တဲ့ အသားအရေ (Oily Skin)
သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အဆီထိန်းပေးဖို့နဲ့ ချွေးပေါက်ကျဉ်းစေဖို့ ဖြစ်တာကြောင့် အဆီပြန်တတ်သူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။ လိမ်းလိုက်ရင် စေးကပ်မှုမရှိဘဲ အသားထဲ စိမ့်ဝင်သွားတဲ့ Texture မျိုး ရှိပါတယ်။
၂။ ချွေးပေါက်ကျယ်တဲ့ အသားအရေ (Large Pores)
အပြာရောင် Exosome Shot က ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျုံ့သွားအောင် အဓိက လုပ်ဆောင်ပေးပါတယ်။
၃။ ပေါင်းစပ်အသားအရေ (Combination Skin)
နှာခေါင်းနဲ့ နဖူး (T-zone) မှာ အဆီပြန်ပြီး ပါးမှာ ခြောက်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆီပြန်တဲ့ နေရာတွေကို ပိုပြီးအဓိကထားလိမ်းပေးလို့ ရပါတယ်။
၄။ အသားအရေ ကြမ်းတမ်းသူများ (Textured Skin)
အသားအရေက ညီညာမှုမရှိဘဲ အဖုအထစ်လေးတွေ ရှိနေတာ၊ အမာရွတ် ချိုင့်ခွက် အပေါ်ယံလေးတွေ ရှိနေတာမျိုးအတွက် အသားအရေ ချောမွေ့သွားအောင် ကူညီပေးနိုင်ပါတယ်။
❌ သတိထားရမဲ့အချက်ကလေးတွေလည်းရှိပါသေးတယ်။အရေပြား အရမ်းပါးလွှာပြီး Sensitive ဖြစ်တက်တဲ့သူများအတွက်အပြာရောင် Exosome Shot မှာပါတဲ့ အပ်ချောင်းလေးတွေ (Spicules) က စူးသလို ခံစားရစေတဲ့အတွက် အသားအရေ အရမ်းနုရင် နီမြန်းတာမျိုး ဖြစ်နိုင်ပါတယ်။အရေပြား အရမ်းခြောက်တက်တဲ့သူများအတွက်ဆိုရင်လည်းအပြာရောင်က အဆီထိန်းတဲ့ဘက်ကို ပိုသွားတဲ့အတွက်အသားအရေခြောက်တဲ့သူတွေ သုံးမယ်ဆိုရင် Moisturizer အပြင်းစား (ဥပမာ- 345 Cream) နဲ့ မဖြစ်မနေ တွဲသုံးရပါမယ်။တကယ်လို့သင်က "အဆီပြန်တယ်၊ ချွေးပေါက်ကျယ်တယ်၊ အမာရွတ်ချိုင့်ခွက် အနည်းငယ်ရှိတယ်၊ အသားအရေ ကြမ်းတမ်းတာ ဒါမှမဟုတ် Skincare လိမ်းပေမယ့် အထဲကို စိမ့်မဝင်သလို ခံစားနေရတယ်" ဆိုရင် ဒီအပြာရောင် Exosome Shot က သင့်အတွက် အကိုက်ညီဆုံး ပါပဲ။
အသုံးပြုပုံ (How to Use)✅
ဒီ Medicube Zero Exosome Shot က "Treatment" အမျိုးအစားဖြစ်လို့ သေချာစနစ်တကျ သုံးတက်ဖို့လိုပါတယ်။
✨ ညဘက်တွင်သာသုံးရန်ဖြစ်ပါတယ်။ပထမဆုံး မျက်နှာသစ်ပြီးတာနဲ့ ပထမဆုံးအဆင့် (First Step) အနေနဲ့ လိမ်းရပါတယ်။ပုံမှန် ထူးထူးတို့ skincare လုပ်တယ်ဆိုရင်တော့ မျက်နှာသစ်ပြီးတာနဲ့ Toner ကိုအရင်သုံးကြတာပါ။အခု Medicube ရဲ့ ညွှန်ကြားချက်အရကတော့ Toner မသုံးခင် (မျက်နှာသစ်ပြီးတာနဲ့) တိုက်ရိုက်လိမ်းတာက အထိရောက်ဆုံး ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ Toner သုံးပြီးမှ လိမ်းလို့ မရဘူးလားဆိုရင်တော့ "ရပါတယ်၊ ဒါပေမဲ့ အာနိသင် အနည်းငယ် လျော့သွားနိုင်တယ်" လို့ ဖြေပါတယ်။
၁။ ဘာကြောင့် မျက်နှာသစ်ပြီးပြီးချင်း လိမ်းခိုင်းတာလဲ?
Exosome Shot ထဲမှာပါတဲ့ Spicules (အပ်ချောင်းလေးတွေ) က အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး လမ်းကြောင်းဖွင့်ပေးရတာပါ။ မျက်နှာသစ်ပြီးစ အသားအရေက ဘာအလွှာမှ မရှိသေးတာကြောင့် အပ်လေးတွေက အရေပြားထဲကို အနက်ရှိုင်းဆုံးနဲ့ အထိရောက်ဆုံး စိမ့်ဝင်နိုင်ပါတယ်။
၂။ Toner အရင်သုံးလိုက်ရင် ဘာဖြစ်မလဲ?
Toner (အထူးသဖြင့် ပျစ်တဲ့ Toner မျိုး) အရင်လိမ်းလိုက်ရင် အရေပြားပေါ်မှာ အစိုဓာတ်အလွှာ (Moisture Layer) တစ်ခု ဖြစ်သွားပါတယ်။
အဲဒီအလွှာက အပ်ချောင်းလေးတွေ အရေပြားထဲဝင်ဖို့ အတားအဆီး (Buffer) ဖြစ်သွားတတ်ပါတယ်။ဒါကြောင့် အပ်စူးသလို ခံစားရတာ နည်းသွားနိုင်သလို၊ Exosome ဓာတ်တွေ စိမ့်ဝင်မှုလည်း အားနည်းသွားနိုင်ပါတယ်။
၃။ ဘယ်လိုအခြေအနေမျိုးမှာ Toner အရင်သုံးသင့်လဲ?
တကယ်လို့ သင့်အသားအရေက အရမ်း Sensitive ဖြစ်တယ်၊ Exosome Shot ကို တိုက်ရိုက်လိမ်းရင် အရမ်းစပ်ပြီး မခံနိုင်ဘူး ဆိုရင်တော့ Toner ကို အရင်လိမ်းပြီးမှ Exosome Shot ကို လိမ်းလို့ရပါတယ်။ ဒါက အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေမယ့် Cushion Effect ကို ပေးပါတယ်။
Best Way to Apply ( အထိရောက်ဆုံးလိမ်းနည်း)
အထိရောက်ဆုံးအောင်လိမ်းချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း စမ်းကြည့်ပါ -
✨ မျက်နှာသစ်၊ ခြောက်အောင်သုတ်၊ Exosome Shot လိမ်း၊ ပြီးမှ Toner နဲ့ တခြား Serum တွေလိမ်းပါ။ (ဒါက အကောင်းဆုံးပါ)
✨ တကယ်လို့ Toner ကို ဂွမ်းနဲ့သုတ်ချင်တယ် (Cleaning လုပ်ချင်တယ်) ဆိုရင်တော့ Toner နဲ့ အရင်သုတ်၊ မျက်နှာပြန်ခြောက်အောင် ခဏစောင့်၊ ပြီးမှ Exosome Shot ကို လိမ်းပါ။
မှတ်ချက်: Toner သုံးပြီးမှ လိမ်းမယ်ဆိုရင် ရေလိုကျဲတဲ့ Toner (Watery Toner) မျိုးကိုပဲ သုံးပါ။ အဆီပါတဲ့ Toner ဒါမှမဟုတ် အရမ်းပျစ်တဲ့ Toner တွေကိုတော့ အရင်မသုံးဖို့ အကြံပြုလိုပါတယ်။
✨ Medicube Zero Exosome Shot ကိုလိမ်းတဲ့အခါနှိပ်နယ်ပေးရန်ဖို့လိုအပ်ပါတယ်။ လိမ်းတဲ့အခါ ပွတ်ရုံတင်မဟုတ်ဘဲ လက်ချောင်းလေးတွေနဲ့ ဖိပြီး နှိပ်ပေးခြင်းဖြင့် အပ်ချောင်းလေးတွေ အရေပြားထဲ စိမ့်ဝင်အောင် လုပ်ပေးရပါတယ်။လိမ်းပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကောင်းကောင်း ပြန်လိမ်းပေးဖို့ လိုပါတယ်။
အမာရွတ် ချိုင့်ခွက်တွေအတွက်ပိုပြီးထိရောက်စေဖို့ Exosome Shot ကိုအောက်ပါအတိုင်း တွဲဖက်သုံးစွဲအသုံးပြုဖို့အကြံပြုပါတယ်။
✨ PDRN နဲ့ တွဲသုံးပါ။DNA ပြန်လည်ပြုပြင်ပေးတဲ့ PDRN ပါတဲ့ Serum/Cream တွေနဲ့ တွဲသုံးရင် အသားပြည့်နှုန်း ပိုမြန်တတ်ပါတယ်။
✨ Moisturizer ကောင်းကောင်းသုံးပါ။အရေပြားက ဒဏ်ရာကို ပြုပြင်နေရတဲ့အချိန်မှာ အစိုဓာတ် ပြည့်ဝနေဖို့ အရမ်းအရေးကြီးပါတယ်။ Panthenol ဒါမှမဟုတ် Ceramides ပါတာတွေ သုံးပေးပါ။
✨ စိတ်ရှည်ဖို့လည်းအရေးကြီးပါတယ်။အမာရွတ် ချိုင့်ခွက်ဆိုတာ ဆဲလ်တွေ အသစ်ပြန်ဖြစ်ဖို့ အချိန်ယူရတာကြောင့် အနည်းဆုံး ၄ ပတ်ကနေ ၈ ပတ်အထိ ပုံမှန်သုံးကြည့်ဖို့ လိုပါတယ်။
❌သတိထားရမည့်အချက်များ
✨ စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ပါတယ်။ Exosome Shot လိမ်းပြီးတဲ့အခါ (၂၄) နာရီလောက်အထိ မျက်နှာကို ထိလိုက်တိုင်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။
✨ မျက်နှာကိုတိုက်ရိုက်မလိမ်းခင်စမ်းသုံးကြည့်ပါ။ မျက်နှာပေါ်မှာမလိမ်းခင် နားရွက်နောက် ဒါမှမဟုတ် မေးစေ့အောက်မှာ အရင်စမ်းလိမ်း (Patch Test) ကြည့်သင့်ပါတယ်။
✨ Active Ingredients အများကြီးနဲ့ရောသုံးတာကိုလည်းရှောင်ဖို့လိုအပ်ပါတယ်။ ဒီ Serum သုံးတဲ့ညမှာ Vitamin C, Retinol ဒါမှမဟုတ် Chemical Exfoliants (AHA/BHA) ပြင်းပြင်းထန်ထန်တွေနဲ့ တွဲမသုံးတာ အကောင်းဆုံးပါ။ အရေပြား အရမ်းနီမြန်းတာမျိုး ဖြစ်နိုင်လို့ပါ။
နေရောင်ခြည်ကိုလည်းရှောင်ရပါမယ်။ဒီလို Treatment မျိုးသုံးနေချိန်မှာ အရေပြားက နည်းနည်းပါးပါး Sensitive ဖြစ်နေတတ်လို့ မနက်ပိုင်း Sunscreen ကို မဖြစ်မနေ လိမ်းပေးရပါမယ်။ (နေလောင်ရင် အမာရွတ်တွေက ပိုထင်ရှားလာတတ်လို့ပါ)။
ချစ်တဲ့ထူး
Copyကူလ်ုက်မိသည်🙏
❌ Copy ကူးယူခွင့်မပြုပါရှင့် ❌
✅ လွတ်လပ်စွာ share နိုင်ပါသည်။ ✅