ဦးစပ်ကြီး

ဦးစပ်ကြီး Myanmar's leading Chili Brand, manufactured with world-class solar dryer technology for spices.

Leading Myanmar Food Processor of Safe, Hygienic, Nutritious, Best Quality Dried Chili, Ginger, Turmeric, Onion, Garlic, Lemongrass by using new innovative way of solar dryer

မိသားစုထဲမှာ အစပ်မစားနိုင်သူတွေ ပါနေတဲ့အခါ ဟင်းချက်ရင်းနဲ့ ငရုတ်သီးမှုန့် လျှော့ခတ်ရတော့ အရောင်ရော အနံ့ပါ ဖျော့သွားတတ်ပါ...
09/08/2026

မိသားစုထဲမှာ အစပ်မစားနိုင်သူတွေ ပါနေတဲ့အခါ ဟင်းချက်ရင်းနဲ့ ငရုတ်သီးမှုန့် လျှော့ခတ်ရတော့ အရောင်ရော အနံ့ပါ ဖျော့သွားတတ်ပါတယ်။ 🤔

အိမ်ရှင်မတို့ ဒီလိုအခက်အခဲကြုံနေရရင်တော့ ဦးစပ်ကြီး အပုငရုတ်သီးမှုန့် ကို သတိရလိုက်ပါ!

ဦးစပ်ကြီးအပုငရုတ်သီးမှုန့်က (အပု၊အောက်ဆွဲ၊မိုးထောင်) ရွေးချယ်စရာသုံးမျိုးမှာ အစပ် Level အနိမ့်ဆုံးဆိုပေမယ့် ဟင်းအရောင်ရော အနံ့ပါဖျော့သွားမှာ မပူရဘဲ ဟင်းအရောင် ရဲရဲလေးနဲ့ မွှေးကြိုင်နေစေပြီး အစပ်မစားနိုင်သူတွေလည်း ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမှာပါ။

#ဦးစပ်ကြီး #ငရုတ်သီးမှုန့်

ယနေ့ဟာ မြန်မာလူမျိုးတို့ ကုသိုလ်သီလ ဆောက်တည်ရာ အထွတ်အမြတ်နေ့တစ်နေ့ဖြစ်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ ပဲဖြစ်ပါတယ်။ မ...
29/07/2026

ယနေ့ဟာ မြန်မာလူမျိုးတို့ ကုသိုလ်သီလ ဆောက်တည်ရာ အထွတ်အမြတ်နေ့တစ်နေ့ဖြစ်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ ပဲဖြစ်ပါတယ်။

မင်္ဂလာရှိတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစပ်ကြီးမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Sat Gyi #ဦးစပ်ကြီး #ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြည့်

ဟင်းအိုးထဲ ခတ်လိုက်တာနဲ့ နှာခေါင်းထဲ တိုးဝင်လာမယ့် ဟင်းခတ်အမွှေးအကြိုင်စစ်စစ်ရဲ့ ရနံ့နဲ့ စားလိုက်တိုင်း လျှာပေါ်စွဲကျန်မ...
22/07/2026

ဟင်းအိုးထဲ ခတ်လိုက်တာနဲ့ နှာခေါင်းထဲ တိုးဝင်လာမယ့် ဟင်းခတ်အမွှေးအကြိုင်စစ်စစ်ရဲ့ ရနံ့နဲ့ စားလိုက်တိုင်း လျှာပေါ်စွဲကျန်မယ့် အစပ်အရသာဆိုတာဘယ်လိုလည်း? 🤔

“မွှေးလည်းမွှေးရမယ်..အစပ်အဟပ်လည်း ထိမိနေရမယ်” ဆိုတဲ့အတိုင်း အနံ့နဲ့ အရသာ တွဲဖက်ညီမှုဟာ ဟင်းတစ်ခွက်ရဲ့ အသက်ပါပဲ။

ဒီလို မွှေးလည်းမွှေးပြီး ..အစပ်အဟပ်လည်း ထိမိနေဖို့ဆိုရင် ဦးစပ်ကြီးရဲ့ ထုတ်ကုန်တွေဟာ အိမ်ရှင်မတို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဆိုတာ အသေအချာပဲပေါ့..

ဦးစပ်ကြီးရဲ့ ဟင်းခတ်မှုန့်တွေက မည်သည့်အနံ့တု၊ ဓာတုဆိုးဆေး မျှ လုံးဝ(လုံးဝ) မပါဝင်ဘဲ ခေတ်မီနည်းပညာများနဲ့ စနစ်တကျသန့်စင်ထုတ်လုပ်ထားတာကြောင့် အိမ်ရှင်မတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို နေ့စဥ် စိတ်ချလက်ချ ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။

အိမ်သားတွေအတွက် နေ့စဥ် သန့်ရှင်းလတ်ဆတ်ပြီး အနံ့အရသာပြည့်စုံတဲ့ ဟင်းလျာတွေကို ဖန်တီးပေးနိုင်ဖို့ အခုပဲ ဦးစပ်ကြီးရဲ့ Message Box ကိုဆက်သွယ်လိုက်တော့နော်။

#ဦးစပ်ကြီး #ငရုတ်သီးမှုန့်

”ငရုတ်သီးမှုန့်က ပိုရဲလေ ပိုစပ်လေ... ဆိုတာ အမှန်လား?” 🌶️🤔ငရုတ်သီးမှုန့်ဝယ်တဲ့အခါ ပိုနီပြီး ရဲနေတဲ့အထုပ်ကိုမှ ပိုစပ်မယ်၊ ...
20/07/2026

”ငရုတ်သီးမှုန့်က ပိုရဲလေ ပိုစပ်လေ... ဆိုတာ အမှန်လား?” 🌶️🤔

ငရုတ်သီးမှုန့်ဝယ်တဲ့အခါ ပိုနီပြီး ရဲနေတဲ့အထုပ်ကိုမှ ပိုစပ်မယ်၊ ပိုကောင်းမယ်ထင်ပြီး ရွေးဝယ်တတ်တဲ့ အိမ်ရှင်မတွေ ရှိကြလား?

တကယ်တော့ "ပိုရဲလေ ပိုစပ်လေ" ဆိုတဲ့ အယူအဆဟာ အမှားအယွင်းတစ်ခုဖြစ်ပါတယ်။ ငရုတ်သီးရဲ့ အစပ်ဓာတ်နှင့် အရည်အသွေးဟာ အရောင်ပေါ် မူတည်တာမဟုတ်ဘဲ သူ့ရဲ့ မျိုးကွဲပေါ်မှာပဲ မူတည်တာဖြစ်ပါတယ်..

ဈေးကွက်ထဲမှာမြင်တွေ့ရလေ့ရှိတဲ့ အရောင်အဆမတန် ရဲနေတဲ့ ငရုတ်သီးမှုန့်တွေဟာ ဝယ်သူမျက်စိကျအောင် ဓာတုဆိုးဆေးတွေ သုံးထားတတ်တာကြောင့် စားသုံးမိမယ်ဆိုရင် ရေရှည်မှာ မိသားစုကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် မိသားစုကျန်းမာရေးအတွက် စိတ်ချရဖို့ဆိုရင်တော့ မည်သည့်ဓာတုဆိုးဆေးမျှမပါဝင်ဘဲ စစ်မှန်တဲ့ ငရုတ်သီးစစ်စစ်ကို စနစ်တကျ အ‌ခြောက်ခံပြီး အမှုန့်ကြိတ်ထုတ်လုပ်ထားတဲ့ ဦးစပ်ကြီး ငရုတ်သီးမှုန့် ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ✨

"ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက်ဖြစ်ဖို့ ဦးစပ်ကြီးကို သတိရလိုက်ပါ"

#ဦးစပ်ကြီး #ငရုတ်သီးမှုန့်

၁၉ ဇူလိုင်မမေ့နိုင်
19/07/2026

၁၉ ဇူလိုင်မမေ့နိုင်

ဦးစပ်ကြီးရှိနေမှထုထောင်းစရာလိုသေးလို့လား???မီးဖိုချောင်မှာ လှီးရ၊ ခွာရ၊ ထုရ၊ ထောင်းရဆိုတာ ဦးစပ်ကြီးစသုံးပြီဆိုတာနဲ့ မလ...
16/07/2026

ဦးစပ်ကြီးရှိနေမှ
ထုထောင်းစရာလိုသေးလို့လား???

မီးဖိုချောင်မှာ လှီးရ၊ ခွာရ၊ ထုရ၊ ထောင်းရဆိုတာ ဦးစပ်ကြီးစသုံးပြီဆိုတာနဲ့ မလိုအပ်တော့တဲ့ အရာတွေပါ။

ဦးစပ်ကြီးက ဟင်းချက်တာက ပင်ပန်းမှုလို့ မပြောရလေအောင် ဟင်းတစ်ခွက်မှာမပါမဖြစ် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို သန့်ရှင်းလတ်ဆတ်စွာအသင့်သုံးနိုင်ရန် အမှုန့်အနေနဲ့ ထုတ်လုပ်ပေးတာဆိုရင် သုံးဖူးတဲ့ အိမ်ရှင်မတွေအကြိုက်တွေ့နေကြပါပြီ..

လိုသလောက်ယူလို့ အသားဟင်းတွေမှာနှပ်လို့ ၊ အရည်သောက်တွေမှာ ထည့်ခပ်လို့ ဦးစပ်ကြီးနဲ့ အတူ စမတ်ကျကျ ဟင်းချက်ကြပါစို့။

ဦးစပ်ကြီး ကြက်သွန်ဖြူမှုန့် ၊ ကြက်သွန်နီမှုန့်များကို City Mart, Ocean ဆိုင်များနှင့် နီးစပ်ရာ ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ် ခင်ဗျာ...

#ဦးစပ်ကြီး #ကြက်သွန်နီမှုန့်

“ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့် ဦးစပ်ကြီး ငရုတ်သီးမှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို မြန်မာနိုင်ငံအနှံ့ သုံးစွဲ...
15/07/2026

“ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့် ဦးစပ်ကြီး ငရုတ်သီးမှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို မြန်မာနိုင်ငံအနှံ့ သုံးစွဲသူများထံရောက်ရှိစေမည်။”

မှိုဆိပ်ကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဦးစပ်ကြီး ငရုတ်သီးမှုန့်နှင့်ဟင်းခတ် အမွှေးအကြိုင်ကို မြန်မာနိုင်ငံအနှံ့ မှ စားသုံးသူများထံ ရောက်ရှိစေ‌ရန်၊ ပိုမိုကောင်းမွန်ပြီး စိတ်ချရသော ဝန်ဆောင်မှုများဖြင့် အချိန်မှီ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ ဦးစပ်ကြီး ငရုတ်သီးမှုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းအနေနဲ့ Mega Lifesciences Ltd အား ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) နေ့စတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးအတွက် “တစ်ဦးတည်း ဖြန့်ဖြူးရေးကိုယ်စားလှယ်ကြီး (Exclusive National Distributor)” အဖြစ် ဝမ်းမြောက်စွာ ခန့်အပ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ထိုသို့ခန့်အပ်မှုကြောင့် ဦးစပ်ကြီး ငရုတ်သီးမှုန့်နှင့်ဟင်းခတ်အမွှေးအကြိုင် များထုတ်ကုန်များ၏ လက်ကားဈေးနှုန်းများ ပြောင်းလဲမှုရှိမှာမဟုတ်ဘဲ Online နှင့် Website မှ Customer များလည်း မူလအတိုင်းဆက်လက်မှာယူနိုင်မည်ဖြစ်ပါသည်။

ဦးစပ်ကြီး  ရုံးခန်းအသစ်ဖွင့်လှစ်ခြင်းနှင့် ဝါဆိုသင်္ဃန်းဆွမ်းကပ်ခြင်း အလှူ ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင်  အမှ...
15/07/2026

ဦးစပ်ကြီး ရုံးခန်းအသစ်ဖွင့်လှစ်ခြင်းနှင့် ဝါဆိုသင်္ဃန်းဆွမ်းကပ်ခြင်း အလှူ ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် အမှတ်(၂၅၂/၁၆)၊ ရွှေဥဩ‌လမ်း၊ ‌ရွှေပြည်စိုးအိမ်ရာ၊ (၁၄/၂) ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန် ၌အောင်မြင်စွာကျင်းပခဲ့ပြီး ကြွရောက်ချီးမြှင့်ပေးကြသောမိတ်ဆွေသင်္ဂဟအပေါင်း ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ဦးစပ်ကြီး ရုံးခန်းသစ်ပြောင်းရွှေ့ကြောင်း အသိပေးအပ်ပါသည်။ဦးစပ်ကြီးကို အစဉ်အမြဲ အားပေးကြသော မိဘပြည်သူများခင်ဗျာ... 🙏 ယခင် ...
11/07/2026

ဦးစပ်ကြီး ရုံးခန်းသစ်ပြောင်းရွှေ့ကြောင်း အသိပေးအပ်ပါသည်။

ဦးစပ်ကြီးကို အစဉ်အမြဲ အားပေးကြသော မိဘပြည်သူများခင်ဗျာ... 🙏

ယခင် အမှတ်(၄၀၄/A)၊ ဇာနည် (၁၀)လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားသော ဦးစပ်ကြီး လုပ်ငန်း ရုံးခန်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၂) ရက်မှစ၍ အမှတ်(၂၅၂/၁၆)၊ ရွှေဥဩ‌လမ်း၊ ‌ရွှေပြည်စိုးအိမ်ရာ၊ (၁၄/၂) ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန် တွင် ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ချစ်ခင်စွာဖြင့် အသိပေးကြေညာအပ်ပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ – 09 887700088 / 09 887700077

Google Map: https://maps.app.goo.gl/Arpz4aNrp166wMa47

#ဦးစပ်ကြီး #ငရုတ်သီးမှုန့်

မိုးအေးအေးမှာ ဟင်းချိုပူပူလေးသောက်ချင်ပေမယ့် အချိန်မပေးနိုင်လို့ စိတ်ညစ်နေလား?...အလုပ်တွေရှုပ်ပြီး ဟင်းချိုချက်ဖို့ အချိ...
10/07/2026

မိုးအေးအေးမှာ ဟင်းချိုပူပူလေးသောက်ချင်ပေမယ့် အချိန်မပေးနိုင်လို့ စိတ်ညစ်နေလား?...

အလုပ်တွေရှုပ်ပြီး ဟင်းချိုချက်ဖို့ အချိန်မရတဲ့ ရက်တွေမှာဆို ဦးစပ်ကြီးရဲ့ ချဉ်ပေါင်ရွက်ဟင်းချိုထုပ် နဲ့ ကင်ပွန်းချဉ်ရွက်ဟင်းချိုထုပ် (၂) မျိုးရှိနေပြီမို့ ဘာမှပူစရာမလိုတော့ဘူးပေါ့ဗျာ။

ဈေးသွားစရာမလို၊ အရွက်သင်စရာမလိုဘဲ ရေနွေးလေးဆူရုံ၊ ပါဝင်ပစ္စည်းတွေကို ဖောက်ထည့်လိုက်ရုံနဲ့ အနံ့မွှေးပြီး ခံတွင်းတွေ့သွားစေမယ့် ဟင်းချိုပူပူတစ်ခွက်ကို အဆင်သင့်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မိုးအေးအေးလေးမှာ ခံတွင်းမြိန်ဖို့ဆို ဦးစပ်ကြီးရဲ့ ရွှေချိုမွှေး အသင့်သောက် ဟင်းချိုထုပ်လေးတွေကို Message Box ကနေအခုပဲ မှာယူလိုက်တော့နော်…။

#ဦးစပ်ကြီး #ရွှေချိုမွှေး #ဟင်းချို

Address

No (404/A) , Zarni 10 Street, South Okkala Tsp
Yangon
11091

Alerts

Be the first to know and let us send you an email when ဦးစပ်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဦးစပ်ကြီး:

Shortcuts

Share