တန်တန်လေးဝယ်

တန်တန်လေးဝယ် ကျန်းမာရေးကို အထောက်အကူပြုမယ့် ပစ္စည်းများကို အတန်ဆုံးစျေးနှုန်းဖြင့် ရောင်းချပေးနေပါပြီ

ငလျင်ဒေသ ART သောက်နေရသူများအတွက် https://www.facebook.com/share/p/1EJZ9MSy6n/?mibextid=wwXIfr
03/04/2025

ငလျင်ဒေသ ART သောက်နေရသူများအတွက်

https://www.facebook.com/share/p/1EJZ9MSy6n/?mibextid=wwXIfr

“ငလျင်လှုပ်ခတ်မှုများဖြစ်နေသော ‌‌ဒေသများတွင် ART ဆေးကို နေ့စဉ် သောက်သုံးနေသူများ သိရှိရမည့် အချက်များ “

၁. မိမိ သောက်နေတဲ့ ART ဆေးတွဲကို သိရှိထားဖို့ ကြိုးစားပါ။ မသိရင် ဆေးဘူး ပတ်ပတ်လည်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားပါ။
၂. ဆေးထုတ်စာအုပ် မျက်နှာဖုံးကနေ အတွင်းနောက်ဆုံးစာမျက်နှာအထိ ဓာတ်ပုံရိုက်ပြီး ဖုန်းထဲ သိမ်းထားပါ။ စာသားတွေကို သေသေချာချာ ဖတ်လို့ရအောင် အလင်းရောင်ကောင်းတဲ့နေရာမှာ ရိုက်ပါ။ မှုန်ဝါးနေတာ ရှိရင် အသစ် ထပ်ရိုက်ထားပါ။
၃. ဖြစ်နိုင်ရင် ဆေးဘူးနဲ့ ဆေးထုတ်စာအုပ်ပုံတွေကို ယုံကြည်ရသူ တစ်ဦးဦးဆီသို့ Messenger ကနေ ပို့ထားပြီး သူ့ဆီမှာလည်း သိမ်းထားခိုင်းပါ။
၄. မိမိ လက်ထဲမှာ ရှိတဲ့ ဆေးကို ချွေတာပြီး ရက်ခြားသောက်တာ၊ တစ်ခြမ်းချိုးသောက်တာ လုံးဝ မလုပ်ရပါဘူး။ ဒီလိုလုပ်ရင် ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေပါတယ်။
၅. လက်ထဲမှာ ရှိတဲ့ ဆေးကုန်သည်အထိ ဆရာဝန်/ ဆရာမ ညွှန်ကြားထားသည့်အတိုင်း နေ့စဉ် သောက်သုံးရမှာဖြစ်ပါတယ်။
၆. ဆေးမကုန်ခင်ကတည်းက သတိထားပြီး ဆေးထုတ်နိုင်ဖို့ ကြိုးစားပါ။
၇. မိမိပုံမှန်ဆေးကုသမှုခံယူနေတဲ့နေရာကနေ အခြားဒေသတစ်ခုခုကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေမယ်ဆိုရင် ART ဆေးဆက်လက်ထုတ်ယူသောက်သုံးနိုင်ဖို့အတွက် အကူအညီ ပေးနိုင်တဲ့ နေရာများနဲ့ ချိတ်ဆက်ပါ။

အကူအညီ လိုအပ်ပါက တိုင်ပင်ဖော် Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

📱09 943 211 414, 09 944 321 919,
📱09 406 911 919, 09 457 119 191
📱 09 797 211 414, 09 797 211 919






အဆီစုပ်ထုတ်ကုသခြင်း (Liposuction) မှာ ဖြစ်တတ်တဲ့ ပြဿနာများ ်ပြသည်။ #အဆီစုပ်ထုတ်ကုသခြင်း Liposuction က အရေပြားအောက်က ပိုန...
05/01/2025

အဆီစုပ်ထုတ်ကုသခြင်း (Liposuction) မှာ ဖြစ်တတ်တဲ့ ပြဿနာများ

်ပြသည်။

#အဆီစုပ်ထုတ်ကုသခြင်း Liposuction က အရေပြားအောက်က ပိုနေတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် ပြုလုပ်တဲ့ အလှအပဆိုင်ရာ ကုထုံးတစ်ခုဖြစ်ပါတယ်။

ဘယ်လို ကုသမှုမဆို အန္တရာယ် အနည်းနဲ့ အများရှိတာမို့ အဆီစုပ်ထုတ်ကုသခြင်းမှာလည်း ဖြစ်နိုင်တဲ့ အန္တရာယ်တွေရှိပါတယ်။ သုတေသနတွေရဲ့ အဆိုအရ အဆီစုပ်ထုတ်ကုသခြင်းမှာ ဘေးထွက် အန္တရာယ် ၅ ရာခိုင်နှုန်းလောက်ဖြစ်တတ်ပြီး သေလောက်တဲ့ အန္တရာယ်ကတော့ ၅၀၀၀ မှာ ၁ ယောက်လောက်ထိ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

အဖြစ်များတဲ့ အန္တရာယ်တွေကတော့
👉ပြုလုပ်တဲ့ နေရာတွင် ရောင်ရမ်းနှင့် သွေးခြေဥခြင်း
👉နာကျင်မှုခံစားရခြင်း
👉ပြုလုပ်သည့်နေရာတွင် ထုံကျင်ခြင်း
👉အရေပြားအသွင်ပုံစံ မမှန်ခြင်း

အဖြစ်နည်းတဲ့ အန္တရာယ်တွေထဲမှာတော့
👉အဆီခဲ သွေးကြောထဲရောက်ရာမှတဆင့် အဆုတ်တွင် ပိတ်တတ်ခြင်း (အဖြစ်နည်းသော အန္တရာယ် တစ်ခုဖြစ်သော်လည်း အသက်အန္တရာယ်ထိရှိနိုင်ပါတယ်။)
👉အာရုံကြောများ၊ သွေးကြောများ၊ ကြွက်သားများ၊ အဆုတ်၊ နှလုံး၊ ကျောက်ကပ်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း
👉ထုံဆေး မေ့ဆေး၏ နောက်ဆက်တွဲ ပြဿနာများဖြစ်ခြင်း
👉ပိုးဝင်ခြင်းနှင့် အနာသေချာမကျက်ခြင်း
စသည်တို့ ဖြစ်တတ်ပါတယ်။

အဲ့ဒါကြောင့် အဆီစုပ်ထုတ်ကုသခြင်းကို လုပ်ဆောင်ရန်သင့်မသင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပြီး ပြုလုပ်ရာမှာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်၊ ပစ္စည်းကိရိယာပြည့်စုံတတန်တန်လေးဝယ်ေးရုံတို့မှာသာ ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

သဘာဝကျကျ ပိန်ချင်တယ် ဆို #တန်တန်လေးဝယ် မှာ NK #ဝိတ်ချပန်းကန် ရှိနေပါတယ်နော်။


#အဆီစုပ်ထုတ်ကုသခြင်း

နေ့စဉ် ပုံမှန် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်လို့ရမယ့် ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဆရာတို့ရဲ့ Ziwakacare Doctors YouTube...
29/10/2024

နေ့စဉ် ပုံမှန် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်လို့ရမယ့် ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဆရာတို့ရဲ့ Ziwakacare Doctors YouTube channel လေးမှာ ကြည့်လို့ရနေပါပြီ။

https://youtu.be/pI9amOp8tVQ?feature=shared

စာသား အပြာလေးပေါ်နှိပ်ပြီး ကြည့်လို့ရပါတယ်။

Youtube မှာ cc ဆိုတာလေးကိုနှိပ်ပြီး Setting က subtitles မှာ Burmese ကိုရွေးရင် ဘာသာပြန်စာသား​လေးပါ လာပါမယ်။

(တကယ်လို့ VPN ကြောင့် Log in ဝင်ခိုင်းနေရင် Open in Browser or open in YouTube ကို နှိပ်ပြီး ကြည့်ပေးကြပါနော်။)


#ဝိတ်ချ

ဝိတ်ချဖို့ ပြင်းထန်တဲ့ နည်းလမ်းတွေကို အချိန်တိုတိုပဲ လုပ်တာထက် ပုံမှန်လေးရေရှည် ထိန်းသွားနိုင်တဲ့ နည်းလမ်းတွေ ကို ရွေးချ...
26/10/2024

ဝိတ်ချဖို့ ပြင်းထန်တဲ့ နည်းလမ်းတွေကို အချိန်တိုတိုပဲ လုပ်တာထက် ပုံမှန်လေးရေရှည် ထိန်းသွားနိုင်တဲ့ နည်းလမ်းတွေ ကို ရွေးချယ်သင့်ပါတယ်။

ဝိတ်ချဖို့ ပြင်းထန်တဲ့ လမ်းစဉ်တွေကို တခါတည်း လုံးဝ ပြောင်းလဲလိုက်တာထက် ပုံမှန် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ကို ရွေးချယ်တာ ပိုပြီး အောင်မြင်နိုင်ချေ ရှိပါတယ်။ အစားအသောက်ကို လုံးဝမစားတာ၊ အများကြီး လျှော့လိုက်တာ တွေ မျိုးက ရေရှည် ဆက်လုပ်သွားနိုင်ပါ့မလားဆိုတာ ပြန်စဉ်းစားစရာရှိပါတယ်။

NK ဝိတ်ချပန်းကန်မှာဆို ဝိတ်ချဖို့အတွက် စားသင့်တဲ့ အချိုးအစားအတိုင်း စနစ်တကျ စားသွားနိုင်ဖို့ သေချာ လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ပုံမှန် အစားအသောက် စားသောက်ပုံစံကို ပြောင်းလဲချင်တယ်ဆိုရင် NK ဝိတ်ချပန်းကန်က သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

NK ဝိတ်ချပန်းကန်က ဘာကြောင့် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်သလဲဆိုတာ ကြည့်လိုက်ရအောင် -

* စနစ်တကျ စားသောက်ခြင်း - သင့်အတွက် သင့်တော်တဲ့ အချိုးအစား နဲ့ စားသောက်နည်းလမ်းတွေ ကို ပေးထားပါတယ်။
* အာဟာရ ပြည့်ဝခြင်း - လိုအပ်တဲ့ အာဟာရဓာတ်တွေ ကို ပြည့်ဝစွာ ရရှိစေပါတယ်။
* ရေရှည် ထိန်းသိမ်းနိုင်ခြင်း - ပုံမှန် စားသောက်ပုံစံ ကို ပြောင်းလဲပေးတာကြောင့် ရေရှည် ထိန်းသိမ်းနိုင်ပါတယ်။

ဝိတ်ချဖို့ စိတ်ကူးရှိရင် တခါတည်း လုံးဝ ပြောင်းလဲတာထက် ပုံမှန်လေး ထိန်းသွားနိုင်တဲ့ နည်းလမ်းတွေ ကို ရွေးချယ်ပြီး NK ဝိတ်ချပန်းကန် ကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။


#ဝိတ်ချ
#ဝိတ်လျှော့

ဆေးခန်း ဆေးဆိုင်မှာ သွေးပေါင်သွားချိန်တာထက် မိမိအိမ်မှာပဲ သွေးပေါင်ချိန်နိုင်မယ်ဆို အိမ်မှာချိန်တဲ့ သွေးပေါင်က သွေးတိုးဘ...
20/03/2024

ဆေးခန်း ဆေးဆိုင်မှာ သွေးပေါင်သွားချိန်တာထက် မိမိအိမ်မှာပဲ သွေးပေါင်ချိန်နိုင်မယ်ဆို အိမ်မှာချိန်တဲ့ သွေးပေါင်က သွေးတိုးဘယ်လောက်ရှိလဲဆိုတာကို ပိုပြီး သေသေချာချာ ပြနိုင်တယ်လို့ ဆိုပါတယ်။

အရည်အသွေးကောင်းမွန်ပြီး ၅ နှစ် အာမခံပါတဲ့ Yuwell သွေးပေါင်ချိန်စက်တွေကို “တန််တန်လေးဝယ်”မှာ ဝယ်ယူလို့ရနေပါပြီနော်။

ကျပ် ၇၅၀၀၀ ထဲနဲ့ ရရှိနိုင်မယ့်အပြင် အထူးကုနဲ့ ကျန်းမာရေး ပညာပေး အမေးအဖြေ ပြုလုပ်နိုင်မယ့် ၁၀၀၀၀ တန် ကူပွန်ကုဒ်ပါ ရရှိမှာမို့ အခုပဲ ဝယ်ယူလိုက်ပါနော်။

09893200668 ကိုလည်း ဖုန်းဆက် မှာယူနိုင်ပါတယ်နော်။

#တန်တန်လေး​ဝယ်

တစ်ပတ်ကို ၁ ပေါင်ကနေ ၄ ပေါင်နှုန်းထိ ကျစေနိုင်မယ့် အစီအစဉ်ဒီ NK ဝိတ်ချပန်းကန်လိုမျိုး diet plate တွေနဲ့သာ သေချာစားမယ်ဆို...
12/03/2024

တစ်ပတ်ကို ၁ ပေါင်ကနေ ၄ ပေါင်နှုန်းထိ ကျစေနိုင်မယ့် အစီအစဉ်

ဒီ NK ဝိတ်ချပန်းကန်လိုမျိုး diet plate တွေနဲ့သာ သေချာစားမယ်ဆိုရင် တစ်ပတ်ကို အဲ့လောက်ထိကျနိုင်တယ်လို့ နိုင်ငံတကာမှာ ဆိုထားပါတယ်။ အထူးသဖြင့် ကိုယ်တွေ နိုင်ငံလို ထမင်းအစားများတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး အကျင့်ကို ပြောင်းလဲပေးခြင်းအားဖြင့် ကျန်းမာရေးနဲ့လည်း ပိုမိုညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်မှာပါ။

ထမင်းများများစားမိလေ့ရှိတဲ့ နေ့လည်စာနဲ့ ညစာ ထမင်းစားတဲ့အခါမှာ ဒီလိုမျိုးပန်းကန်လေးနဲ့ သေချာစားမယ်ဆိုရင် ထမင်းအစားနည်းသွားပြီး ဟင်းသီးဟင်းရွက်ဘက်ကို ပိုစားမိနိုင်မှာဖြစ်လို့ ဗိုက်လည်း ပြည့်သင့်သလောက် ပြည့်စေမှာပါ။

ဒီပန်းကန်လေးနဲ့မှ မဟုတ်ဘဲ ကိုယ့်ဘာသာ အိမ်မှာ ထမင်းပန်းကန်ပြားနဲ့ အခုပြထားတဲ့ အချိုးအစားအတိုင်း စားလည်းရပါတယ်။ ဒါပေမယ့် NK ဝိတ်ချပန်းကန်မှာက သေချာလေး Portion လေးတွေ ခွဲပေးထားတဲ့အတွက် ပိုစားမိချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ပါ အကူအညီပေးမှာပါပဲ။ တစ်ခုတော့ရှိတာပေါ့နော်။ တစ်နပ်ကို တစ်ခါပဲ ထည့်စားရမှာဖြစ်ပြီး ထပ်ထပ်ထည့်စားမနေဖို့တော့လိုပါမယ်။

နေ့လည်စာရော ညစာပါ ၂ နပ်လုံးပြောင်းစားနိုင်ရင် ပိုကောင်းမှာဖြစ်ပြီး အခုမှ အကျင့်စလုပ်ချင်သူတွေအတွက် ညစာ တစ်နပ်လောက်ကို စစားကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်။

အခုပန်းကန်လေးကို “တန်တန်လေးဝယ်”မှာ မှာယူလို့ရနေပါပြီနော်။ သီးသန့် အထူးစီစဉ်ပြီး ချက်ပြုတ်နေစရာမလိုဘဲ ကိုယ်နေ့စဉ် စားနေကျ အစားအစာတွေကိုမှ အချိုးအစား မှန်အောင် စားတဲ့ အကျင့်ကို ရစေမှာမို့ အခုပဲ Page Messenger မှာ မှာယူပြီး စားကြည့်ကြပါဦးနော်။

#တန်တန်လေးဝယ်
ိတ်ချပန်းကန်

ဒါမျိုးက မြန်မြန်မှာမှ ရမှာ Photo credits
01/03/2024

ဒါမျိုးက မြန်မြန်မှာမှ ရမှာ



Photo credits

လူကြီးမိဘတွေကို အကောင်းဆုံးလက်ဆောင်ပေးလိုက်ပါ။ဆီးချိုရှိတဲ့ လူကြီးမိဘတွေကို လက်ဆောင်ပေးချင်တာဖြစ်ဖြစ် ကိုယ်တိုင်သုံးဖို့...
28/02/2024

လူကြီးမိဘတွေကို အကောင်းဆုံးလက်ဆောင်ပေးလိုက်ပါ။

ဆီးချိုရှိတဲ့ လူကြီးမိဘတွေကို လက်ဆောင်ပေးချင်တာဖြစ်ဖြစ် ကိုယ်တိုင်သုံးဖို့ဖြစ်ဖြစ် ဝယ်မယ်ဆို အကောင်းဆုံးအစီအစဉ်လေးပါ။

လူသုံးများတဲ့ Thada တံဆိပ် ဆီးချိုဖောက်စက်ရယ်၊ Strip ပြား ၅၀ ရယ်၊ ဆီးချိုဖောက်အပ် ၁၀၀ ပါ တစ်ဘူးရယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဆီးချိုနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဗဟုသုတ အမေးအဖြေတွေကို အထူးကု သမားတော်နဲ့ မေးမြန်းနိုင်မယ့် group ထဲ ၂ လ ဝင်လို့ရတဲ့ ၁၀၀၀၀ ကျပ်တန် ကူပွန်ရယ်

အားလုံးပေါင်းကိုမှ ၃၅၀၀၀ ကျပ်ထဲနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

အခုပဲ “တန််တန်လေးဝယ်” Page Messenger မှာဖြစ်ဖြစ် 09893200668 ကိုဖြစ်ဖြစ်မှာယူလို့ရပါပြီနော်။

#တန််တန်လေးဝယ်

#ဆီးချို

#နှစ်သစ်

ဆရာပြောသလို ထမင်းကို အဲ့လောက်လျှော့စားရရင် ဘယ်ဗိုက်ဝတော့မလဲဆရာ။ ထမင်းကို ပန်းကန်ရဲ့ လေးပုံ တစ်ပုံပဲ စားဟုပြောလိုက်ချိန် ...
21/02/2024

ဆရာပြောသလို ထမင်းကို အဲ့လောက်လျှော့စားရရင် ဘယ်ဗိုက်ဝတော့မလဲဆရာ။

ထမင်းကို ပန်းကန်ရဲ့ လေးပုံ တစ်ပုံပဲ စားဟုပြောလိုက်ချိန် လူနာက ဆရာ့ကို ပြန်ပြောသော စကားဖြစ်သည်။

ဟုတ်တော့ ဟုတ်တယ် အကို။ ထမင်းကတော့ တော်တော်နည်းသွားတာ။ ဒါပေမယ့် ဒီ တစ်ဝက်ကို ဟင်းသီးဟင်းရွက်နဲ့ အသီးတွေ ထည့်ရမှာ။ အဲ့ဒါကို ပြည့်အောင် ပြန်ဖြည့်စားရင် ဗိုက်ပြည့်မှာပါ။

ကျွန်တော်တို့ ဒီမှာက ထမင်းက အစားများပြီး ဟင်းသီးဟင်းရွက်ကျ နည်းနည်းလေးပဲ စားကြတာ။ ထမင်းကို ပဲ လျှော့ပြီး ဟင်းရွက်နဲ့ အသီးဘက်ကျ မတိုးရင်လည်း ဗိုက်ခဏလေးနဲ့ ပြန်ဆာတယ် ဖြစ်ကြမှာပါ။

အဲ့ ဟင်းရွက် အကန့်ထဲကိုက ဟင်းရွက်တင်မကဘူး။ အသီးလေးတွေလည်း ထည့်စားလို့ရတယ်နော်အကို။ ဆီးချိုရှိတဲ့ သူဆိုလည်း ဆီးချိုနဲ့ တည့်တဲ့ မချိုတဲ့ အသီးတွေ ထည့်စားပေါ့အကို။

ဪ ဟုတ်သားပဲ။ ဆရာပြောသလို ဒီအကန့်ထဲမှာ ဟင်းရွက်နဲ့ အသီးတွေ ထည့်ပြီး စားကြည့်ပါမယ်။

ဟုတ်အကို။ ဆီးချိုထိန်းချင်သူတွေရော ဝိတ်ချချင်သူတွေပါ အသုံးဝင်မယ့် ပန်းကန်လေးပါ။ ကိုယ့်ဘာသာဆို အဲ့လို သေချာ မစားဖြစ်မှာစိုးလို့ အကန့်လေးတွေနဲ ့ သေချာ လုပ်ပေးထားတာပါ။

ဟုတ်ကဲ့ပါဆရာ။

NK ဝိတ်လျှော့ပန်းကန်များကို မှာယူလိုတယ်ဆိုပါက တန်တန်လေးဝယ် တွင် မှာယူနိုင်ပါတယ်နော်။

အများသိစေရန် Share ပေးခြင်းဖြင့်လည်း ကူညီပေးကြပါဦးနော်။

#ဝိတ်လျှော့ပန်းကန်
#ဝိတ်ချပန်းကန်
#တန်တန်လေးဝယ်

"ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာသူ များအတွက်..."ပတ်ဝန်းကျင်မှာ ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် (များသောအားဖြင့် အသက် ၄၅ နောက်ပိုင...
18/02/2024

"ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာသူ များအတွက်..."

ပတ်ဝန်းကျင်မှာ ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် (များသောအားဖြင့် အသက် ၄၅ နောက်ပိုင်း ) လူကြီးသူမတွေ '' ခါးနာတယ် ဒူးနာတယ် အဆစ်အ​မြစ်တွေ ယောင်ယမ်းကိုက်ခဲတာ လှုပ်တောင်မလှုပ်နိုင်ဘူး'' .. ဆိုတဲ့ ညည်းသံတွေ ကြားဖူးကြတယ်ဟုတ်💁‍♀️

များသောအားဖြင့် ဒီလိုလက္ခဏာတွေကို ခံစားရတဲ့အဓိက အကြောင်းအရာက Osteoarthritis လို့ခေါ်တဲ့ အရိုးနှစ်ခုကြားရှိ Cartilage (အရိုးနုလေးများ) ထိခိုက်ဒဏ်ရာရ​ခြင်း၊ ပါးလွှားခြင်း​ရောဂါကြောင့် ခံစားရတာပါ။❗️

ကိုယ်ခန္ဓာမှာရှိတဲ့ အရိုးနှစ်ခုဆုံရာ Joint တွေတိုင်းမှာ Cartilage လို့ခေါ်တဲ့ အရိုးနုလေးတွေတည်ရှိ​ပြီး ၎င်းတို့က အရိုးအဆစ်တွေရဲ့လှုပ်ရှားမှုတိုင်းမှာ Cushion သဖွယ် ဆောင်ရွယ်ပေးပါတယ်။

အသက်အရွယ်ကြီးရင့်လာလို့ဖြစ်စေ၊ ပြင်းထန်တဲ့ ထိခိုက်မှုမျိုးတွေနဲ့ အဝလွန်ခြင်း တွေကြောင့်ဖြစ်စေ အရိုးနုလေးတွေက တဖြည်းဖြည်းပါးလွှာပြီး လုံးဝမရှိတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

အဲ့ဒိအရိုးနုလေးတွေထိခိုက်လာတဲ့အခါ၊ မရှိတော့အခါမှာ လှုပ်ရှားမှုတွေပြုလုပ်တိုင်း မခံမရပ်နိုင်အောင်နာကျင်မှုမျိုးကိုခံစားရမှာပါ။

ဒါ့ကြောင့် အသက် ၃၅ နဲ့နောက်ပိုင်းမှာဆိုရင် Collagen Type 2 ကဲ့သို့ Cartilage (အရိုးနု) လေးတွေကို အားဖြည့်ပေးပြီး အသစ်ပြန်လည်တည်ဆောက်ရာတွင်များစွာအထောက်အကူပြုတဲ့ ဖြည့်စွက်စာများ ကိုမှီဝဲပေးဖို့လိုပြီး သင့်တော်မျှတ တဲ့ လေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါတယ်။✅️

Vistra Collagen Type 2 ဟာဆိုရင် ကြက်ရဲ့အရိုးနုလေးတွေကထုတ်လုပ်ထားပြီး အရိုးအဆစ်တွေ ကိုက်ခဲ့ယောင်ယမ်းတာကိုသက်သာစေကာ အရိုးနုလေးတွေကို ပြန်လည်ဖွဲ့စည်းရာတွင်များစွာအထောက်အကူပြုပါတယ်။✨️

လူကြီးများသာမက လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်သောအားကစားသမားလူငယ်များပါ မှီဝဲအသုံးပြုနိုင်ပါတယ်ရှင့်။👩

"Vistra Collagen Type Two" ၀ယ်ယူလိုပါက "တန်တန်လေး၀ယ်" တွင် ရရှိနိုင်ပါပြီရှင့်...🤗

"Vistra Collagen Type Two" တစ်ဗူး(အလုံး ၃၀ ပါ) >>> 55,000 ကျပ်

#တန်တန်လေး၀ယ်

ဟင်းသီးဟင်းရွက်များများ စားခြင်းဖြင့်ရနိုင်သော အဓိက အကျိုးကျေးဇူးများ- အရိုးကျန်းမာရေးကို ကောင်းစေသည်။- ဝိတ်ကို ထိန်းနို...
12/02/2024

ဟင်းသီးဟင်းရွက်များများ စားခြင်းဖြင့်ရနိုင်သော အဓိက အကျိုးကျေးဇူးများ

- အရိုးကျန်းမာရေးကို ကောင်းစေသည်။
- ဝိတ်ကို ထိန်းနိုင်စေသည်။
- ကင်ဆာကို ကာကွယ်ပေးနိုင်သည်။
- မျက််လုံးကျန်းမာရေးကို ကောင်းစေသည်။
- အရေပြားနှင့် ဆံပင်အတွက် ကောင်းစေသည်။
- သွေးတိုး၊ နှလုံး၊ လေဖြတ်စသည့် ရောဂါများကိုကာကွယ်ပေးနိုင်သည်။
- ဆီးချိုထိန်းရ ပိုမို လွယ်ကူစေသည်။
- ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

အဆိုပါ အကျိုးကျေးဇူးများကြောင့်လည်း ထမင်းပန်းကန်တစ်ချပ်၏ တစ်ဝက်ခန့်ကို ဟင်းသီးဟင်းရွက် အသီးအနှံများစားရန် ကျန်းမာရေးပညာရှင်များကို တိုက်တွန်းထားခြင်းဖြစ်ပါသည်။

ထိုသို့ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင်မှုပုံစံ ရရှိစေမည့် NK ဝိတ်ချပန်းကန်လေးများကို တန်တန်လေးဝယ် တွင် ဝယ်ယူရရှိနိုင်ပါသည်။

ိတ်ချပန်းကန်

၅ နှစ် အာမခံပါတဲ့ Yuwell
10/02/2024

၅ နှစ် အာမခံပါတဲ့ Yuwell

အိမ်တစ်အိမ်မှာ မရှိမဖြစ်ရှိသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်တဲ့ သွေးပေါင်ချိန်စက်

အိမ်တိုင်းမှာ သွေးပေါင်အတက်အကျကို အချိန်မီသိရှိနိုင်ဖို့ စိတ်ချရတဲ့ Digital သွေးပေါင်ချိန်စက်တစ်ခုလိုအပ်ပါတယ်။ သွေးတိုးရှိမရှိ သိရှိဖို့ဖြစ်စေ၊ အထူးသဖြင့် သွေးတိုးရှိသူရှိနေရင် သွေးပေါင် ပုံမှန်ချိန်နိုင်ဖို့ဖြစ်စေ သွေးပေါင်ချိန်စက်တစ်ခု အိမ်မှာ လိုအပ်ပါတယ်။

အဲ့လိုမျိုးသွေးပေါင်ချိန်စက်ဆိုတာမှာလည်း အမျိုးအစားလည်းကောင်းမွန်ရမယ် စျေးနှုန်းလည်း သင့်တင့်မှ လည်း ပိုမို အဆင်ပြေမှာပါ။

အဲ့လို လိုအပ်ချက်တွေအတွက် Yuwell YE 660 B သွေးပေါင်ချိန်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

Amazon လိုကမ္ဘာ့အဆင့် Website တွေမှာပါ ရောင်းချတဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် တိကျမှန်ကန်မှုက စိုးရိမ်စရာမလိုပါဘူးနော်။ ၅ နှစ်အာမခံလည်းပေးထားတဲ့ အမျိုးအစားတစ်ခုလည်း ဖြစ်သလို ဒီနိုင်ငံအတွက် တရားဝင် ကိုယ်စားလှယ်က တင်သွင်းထားတာဖြစ်တဲ့ အတွက် ပိုမို အဆင်ပြေပါတယ်။

အဲ့လို သွေးပေါင်ချိန် ပုံမှန် ချိန်ကြည့်နိုင်ရုံအပြင် တန်တန််လေးဝယ် ကနေ ဝယ်ယူအားပေးမယ်ဆိုရင် သွေးတိုးအပါအဝင် ကျန်းမာရေး ဗဟုသုတဆိုင်ရာ အမေးအဖြေတွေကို အထူးကု သမားတော်ထံ မေးမြန်းနိုင်မယ့် Group ကို ဝင်ရောက်ဖို့ ၁၀၀၀၀ တန်ကူပွန်လေးပါ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

သီတင်းကျွတ်ကာလ လူကြီးမိဘတွေကို ဂါရဝပြုရင်လည်း သွေးပေါင်ချိန်စက်အပြင် အထူးကုနဲ့ပါ မေးမြန်းနိုင်မယ့် အစီအစဉ်ပါ ထည့်ပေးပြီးသားဆိုတော့ ဘာလိုသေးလဲပေါ့ဗျာ။

အခုလို Yuwell သွေးပေါင်ချိန်စက်လေးကို ၇၅၀၀၀ ကျပ်နဲ့ ဝယ်ယူရင်း အထူးကု သမားတော်နဲ့ ကျန်းမာရေး အမေးအဖြေ Group မှာ ပါဝင်နိုင်ဖို့ အခုပဲ Page Messenger မှာ ဆက်သွယ်မှာယူလိုက်ကြပါဦးနော်။ ဖုန်း 09893200668 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

#တန်တန်လေးဝယ်

#သွေးပေါင်ချိန်စက်

Address

Yangon

Telephone

+959893200668

Website

Alerts

Be the first to know and let us send you an email when တန်တန်လေးဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share