Ta Tine Ya-ဒေသထွက်စားသောက်ကုန်များ

  • Home
  • Myanmar
  • Yangon
  • Ta Tine Ya-ဒေသထွက်စားသောက်ကုန်များ

Ta Tine Ya-ဒေသထွက်စားသောက်ကုန်များ Good Food, Good Mood

02/04/2024

အခါသင်္ကြန်ကျရင် အိမ်တွင်းအောင်းမယ့်မိသားစုများ၊ အလှူလုပ်ချင်တဲ့ ပုဂ္ဂိုလ်များ၊ လက်ဆောင်ပေးချင်တဲ့ သူလေးတွေ အတွက် တတိုင်းရက တစိတ်တပိုင်း ပါရမီ ဖြည့်ပေးပါရစေရှင် ❤️

“၂ ခါပြန်မရနိုင်တဲ့ အထူးစျေးတွေနဲ့ ရွှေစျေးမှာ လာဝယ်လို့ ရနေပါပြီနော်”

၁။ ထင်ပေါ်ထားဝယ်ကြက်ဥခေါက်မုန့် - 1500
၂။ တူးတူးဂျုံခေါက်ဆွဲနန်းပြား - 2800
၃။ တူးတူးကြက်ဥခေါက်ဆွဲ - 3000
၄။ ကိုးနဂါးကြက်ဥခေါက်ဆွဲ - 1400
၅။ နေကြာဂျုံခေါက်ဆွဲ - 3000
၆။ ရွှေသစ်သီးဆန်းကစ်ဖျော်ရည်- 3900
၇။ ရွှေသစ်သီးပင်မှည့်ဖျော်ရည်- 3900
၈။ ရွှေသစ်သီးနာနတ်ဖျော်ရည်- 3900
၉။ ရွှေသစ်သီးသရက်ယို - 2500
၁၀။ ရွှေသစ်သီးပင်မှည့်ယို - 2300
၁၁။ ရွှေသစ်သီးဂျင်းပေါင်း - 3000
၁၂။ သဇင်ရွှေဖီမိုးလွတ်လက်ဖက်ခြောက် - 2700
၁၃။ ကြွေမုန့်နှမ်းကပ် - 1000
၁၄။ ကျောက်မဲစိန်မင်းမရွေး- 1750
၁၅။ စံမတူထားဝယ်ငါးမုန့် - 3300
၁၆။ ရွှေနှင်းဆီထောပတ်ဆားမုန့် - 1600
၁၇။ ရွှေနှင်းဆီထောပတ်ဆားမုန့်(ပန်း)- 3000
၁၈။ နီနီဝင်းငါးဖယ်မုန့် - 2900
၁၉။ ရတနာရေစိမ်ခေါက်ဆွဲခြောက် - 1000
၂၀။ ရေဦးဖိုးလပြည့်ကိတ်ခြောက် - 1300
၂၁။ ကောင်းမွန်မြေပဲယို/နှမ်းယို - 2900
၂၂။ ရိုးရာမျှင်ငပိထောင်း - 150 pcs, 1300 pk
၂၃။ စွန်တန်ခြောက် - 1000
၂၄။ ကောက်ညှင်းခွက် - 1000
၂၅။ အုန်းကပ်စေး - 1000
၂၆။ အဲမီး အစုံ - 1050
၂၇။ မေကြီးချိုချဉ်ငန်စပ်လက်ဖက် - 100
၂၈။ မေကြီးငါးနီတူချဉ်စပ်လက်ဖက် - 250
၂၉။ ဝါးကြည့်နေကြာစေ့ (ကြီး) - 1000
၃၀။ ဝါးကြည့်နေကြာစေ့ (သေး) - 700

အတာနှစ်ကူး အမှတ်တရ ၂ ခါပြန်မရတဲ့ စျေးလေးတွေနဲ့မို့ အပြေးလေးလှမ်းခဲ့လိုက်တော့နော် 🥰

နွေရောက်ပြီလေ 🎶 🎼 ကြီးငယ်မရွေး ရင်အေးစေမယ့် အစားအသောက်လေးတွေကို အာသီသဖြစ်လာကြချိန်ပေါ့ 😍ဓနုဒေသက ထွက်တဲ့ “ရွှေသစ်သီး” သဘာ...
30/03/2024

နွေရောက်ပြီလေ 🎶 🎼
ကြီးငယ်မရွေး ရင်အေးစေမယ့် အစားအသောက်လေးတွေကို အာသီသဖြစ်လာကြချိန်ပေါ့ 😍

ဓနုဒေသက ထွက်တဲ့ “ရွှေသစ်သီး” သဘာဝသစ်သီးဖျော်ရည် စစ်စစ်လေးတွေကိုလေ
🧊 ရေခဲလေးထည့်
🍋‍🟩 သံပုရာသီး / ကျောက်ကျောမဲ / ဆေးကုလားမ/ ပင်ပွါး ကိုယ်နှစ်သက်ရာလေးရောပြီး သောက်ကြမယ်

ပျားရည်နဲ့သကြားပါဝင်ပြီးသားဖြစ်လို့ ဒီအတိုင်းဖျော်ရုံပါပဲနော်

🍍 နာနတ်
🍊 ဆန်းကစ်
🍋 ပင်မှည့်

အိမ်မှာဖျော်သောက်ကြမလား၊ အလှူအတန်းတွေမှာ ဖျော်တိုက်မလား၊ အရသာရှိလို့ အထူးကြိုက်ကြမှာပါနော် 🥰

📌ဖျော်ရည်အဆီ ၁ ဆ : ရေ ၃ ဆရောဖျော်သောက်ပါနော်။

📌အဖုံးမဖွင့်ခင် သက်တမ်း (၁) နှစ်ပေးထားပါတယ်။
ဓာတုဆေးဝါးများမပါဝင်ဘဲ သဘာဝသစ်သီး စစ်စစ်နဲ့ ပြုလုပ်ထားတာကြောင့်

📌 အဖုံးဖွင့်ပြီးပါက အဖုံးကိုသေချာလုံအောင်ပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် ၁ လ အထားခံပါတယ်ရှင်

ရွှေစျေးမှာ promotion လေးတွေ ပေးထားသေးတယ်နော် 😍

#တတိုင်းရဒေသထွက်စားသောက်ကုန်များ
#အထင်ကရဒေသစာများ
#ရွှေသစ်သီးသဘာဝသစ်သီးဖျော်ရည်

ရသာမွန်ဆီတို့ဖူး လေးတွေကို တထုပ် ၅၀၀ နဲ့ ရောင်းချပေးနေပါပြီ ကြာရှည်ခံဆေးတွေမပါတာကြောင့် လေလုံအထုပ် packaging ပုံစံနဲ့ပဲ ...
28/03/2024

ရသာမွန်ဆီတို့ဖူး လေးတွေကို တထုပ် ၅၀၀ နဲ့ ရောင်းချပေးနေပါပြီ

ကြာရှည်ခံဆေးတွေမပါတာကြောင့် လေလုံအထုပ် packaging ပုံစံနဲ့ပဲ ထိန်းသိမ်းထားတာဖြစ်လို့ exp date ကိုအများကြီး ပေးမထားပါဘူးတဲ့

Exp date နီးလို့ စိတ်ပူရင် အထုပ်လေးထဲက ထုတ်ပြီး ဆီလေးမြုပ်အောင် စိမ်ထားပေးရင်တော့ အကြာကြီး အထားခံပါတယ်တဲ့ရှင်

🌻 🫚 🧄 ဂျင်းကြက်သွန်ဖြူနံ့လေး သင်းပြီး အစေ့ကြီး အဆံပြည့်တဲ့ ဝါးကြည့် နေကြာစေ့လေး တတိုင်းရ မှာ ရနေပါပြီနော် နေကြာစေ့ကို အပ...
15/03/2024

🌻 🫚 🧄 ဂျင်းကြက်သွန်ဖြူနံ့လေး သင်းပြီး အစေ့ကြီး အဆံပြည့်တဲ့ ဝါးကြည့် နေကြာစေ့လေး တတိုင်းရ မှာ ရနေပါပြီနော်

နေကြာစေ့ကို အပျင်းပြေပဲ စားစား၊ ကျန်းမာရေးအတွက်ပဲ စားစား၊ ဘာကြောင့်စားစား စားလို့ ကောင်းတဲ့ ဝါးကြည့် နေကြာလေး ရွေးစားကြည့်ပါနော်

1000 တန်နဲ့ 700 တန် ၂ မျိုးရှိပါတယ်ရှင် ❤️

"မြန်မာနိုင်ငံရဲ့ ပထမဆုံး ​အသင့်စား ငါးနီတူလက်ဖက်ထုပ်​"!!!!လတ်ဆတ်​လေးနက်တဲ့ လက်ဖက်ကို  ချို​​မွှေးဆိမ့်​နေတဲ့ ငါးနီ​တူလေ...
07/03/2024

"မြန်မာနိုင်ငံရဲ့ ပထမဆုံး ​အသင့်စား ငါးနီတူလက်ဖက်ထုပ်​"!!!!

လတ်ဆတ်​လေးနက်တဲ့ လက်ဖက်ကို ချို​​မွှေးဆိမ့်​နေတဲ့ ငါးနီ​တူလေး​တွေနဲ့ သမမျှတ​ကောင်းမွန်စွာ နှပ်ထားတဲ့ "​မေကြီး" ငါးနီတူ ချဥ်စပ်လက်ဖက်နှပ်

"ချဥ်ငန်ချိုစပ် ​လေးမျိုးစပ် လက်ဖက်နှပ်"!!!

လက်ဖက်၊ ​စောင်းလျား၊ မြန်မာ့ငပိ၊ ငရုပ်သီးစပ်စပ်လေးမျိုး​ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ "​မေကြီး" ချဥ်ငံချိုစပ်လက်ဖက်နှပ်

တတိုင်းရမှာ နှစ်မျိုးစလုံး ရနေပါပြီနော်

ငါးနီတူလက်ဖက်နှပ် - ၂၅၀ ကျပ်
ချဉ်ချိုငံစပ် - ၁၀၀ ကျပ်

"လျှာအရင်းထိမြက် ​မေကြီးလက်ဖက်"










တတိုင်းရရဲ့ မင်မင်တယောက် စိတ်ပြန်လည်လာပါပြီရှင် 🤭❗️ဆိုင်မှာ ကြုံရတဲ့ ကိစ္စလေး တချို့ ကြောင့်  စားသောက်ကုန်လေးတွေက်ို ပြန...
26/02/2024

တတိုင်းရရဲ့ မင်မင်တယောက် စိတ်ပြန်လည်လာပါပြီရှင် 🤭

❗️ဆိုင်မှာ ကြုံရတဲ့ ကိစ္စလေး တချို့ ကြောင့် စားသောက်ကုန်လေးတွေက်ို ပြန်စိစစ်နေရတာ တကြောင်း၊
❗️ကိုယ့်ရည်ရွယ်ချက်လေး နဲ့ မကိုက်ညီ တော့တဲ့ အခြေအနေမျိုး ကြုံနေရလို့ စိတ်ရှုပ်ထွေးသွားတာတကြောင်း၊
❗️စားသောက်ကုန်လေးတွေကို fair price နဲ့ ရောင်းချပေးနေပေမယ့် ပို့ဆောင်ခလေးတွေများနေတော့ မင်မင့်ဆီ အားပေးသူလေးတွေကို အားနာတာ ကြောင့် online ရောင်း ခဏနားပြီးနောက်ပိုင်း page လေးကို ပစ်ထားမိတာ ကြာသွားပါတယ် 🥺

✅ ကျောက်ပန်းတောင်းဆိုင်လေးကတော့ တောက်လျှောက် ရောင်းနေပါတယ်နော် 🥰

ခုတော့ … မင်မင် အင်ပြည့်အားပြည့်နဲ့ ပြန်လာပါပြီနော် …
page မှာ ဘာမှ ဆက်မတင်ဖြစ်သေးတာတောင် followers လေးတွေတိုးလာလို့ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော် ❤️

💥စားသောက်ကုန် အသစ်လေးတွေလည်း တင်ပါ
မယ် …
💥မင်မင့်ဆီမှာရတဲ့ စားသောက်ကုန်လေးတွေ သုံးပြီး ချက်နည်းပြုတ်နည်းလေးတွေလည်း တင်ပါမယ်နော် …

ရန်ကုန်မှာလည်း ဆိုင်လေး ဖွင့်နိိုင်ဖို့ ကြိုးစားနေပါတယ် … page လေးကနေပဲ ကြော်ငြာသွားပါမယ်နော် 😍

27/01/2024

ဒေသစုံကိုသွားပြီး ဒီလိုအိမ်တွင်းမှု လုပ်ငန်းလေးတွေဆီက စားသောက်ကုန်၊ ဒေသထုတ်ကုန်လေးတွေကို တတိုင်းရမှာ စုပြီး အလွယ်ဝယ်လို့ရအောင် စီစဉ် ချင်တာ

ပင်ရင်း စားသောက်ကုန်/ထုတ်ကုန်လေးတွေကို modify လုပ်မယ့် idea တွေ အကောင်အထည် ဖော် ချင်တာ

ဒေသအလိုက် ထွက်ကုန်လေးတွေနဲ့ showroom လေးရော online platform လေးရော ဖန်တီးချင်တာ

စိတ်ကူးဆန္ဒတွေ တကယ်ဖြစ်လာစေဖို့ ရေခံမြေခံကောင်းအောင် အရင်ကြိုးစားရပေဦးမယ် ☺️

https://www.facebook.com/share/v/qnsj8dY7LZRfHTH8/?mibextid=G4Q45F

ပင်လောင်းလက်ဖက်ခြောက်ကောက်ညှင်းနံ့သင်းသင်းလေးနဲ့ လက်ဖက်ခြောက်အကျစ်ခြောက်မဟုတ် ၊ အပွခြောက်ပါရှင် ဆောင်းရာသီရဲ့ နေ့ရက်တွေမ...
22/01/2024

ပင်လောင်းလက်ဖက်ခြောက်

ကောက်ညှင်းနံ့သင်းသင်းလေးနဲ့ လက်ဖက်ခြောက်
အကျစ်ခြောက်မဟုတ် ၊ အပွခြောက်ပါရှင်

ဆောင်းရာသီရဲ့ နေ့ရက်တွေမှာ ရေနွေးကြမ်းလေးသောက်မလား … တတိုင်းရမှာ ရှိပါတယ်နော်

ဟော…. ရေနွေးကြမ်းလေးနဲ့ တွဲစားဖို့ အမြည်းလေးရော အလိုရှိပါသေးလား … တတိုင်းရမှာ ရှိပါတယ်တဲ့ရှင်

#ယာကွန်လက်ဖက်ခြောက်
#တတိုင်းရဒေသထွက်စားသောက်ကုန်များ

ငပိထမင်းသုပ် သုပ်စားမလား ❓ အာပူလျှာပူချက်ဖြစ်ရင် သုံးမလား ❓သရက်သီး၊ သခွါးသီး အတို့အမြှပ်လေးနဲ့ တို့စားမလား ❓သင်္ဘောသီးသု...
22/01/2024

ငပိထမင်းသုပ် သုပ်စားမလား ❓
အာပူလျှာပူချက်ဖြစ်ရင် သုံးမလား ❓
သရက်သီး၊ သခွါးသီး အတို့အမြှပ်လေးနဲ့ တို့စားမလား ❓
သင်္ဘောသီးသုပ်စားမလား ❓

မင်ကတော့ ခုခေတ်စားနေတဲ့ တောသုပ်လို (ပန်းသီး၊ လိမ္မော်၊ စပျစ်၊ မာလကာ၊ သရက်၊ မက်မန်းသီး) ရတဲ့ အသီးတွေနဲ့ သစ်သီးစုံလေး သုပ်စားတယ် 😁

ထမင်းပူတဲ့နေ့ဆို ငပိထောင်းနဲ့ ထမင်းနဲ့ ဆီချက်လေးနဲ့ နယ် ၊ ကြက်သွန်နီ/ဖြူလေး ခြမ်း၊ ငရုတ်သီးစိမ်းလေး ကိုက်ပြီး ကြက်ဥကြော်၊ ငါးမုန့်ကြော်လေးနဲ့ စားလိုက်တာပဲ

လက်ဖက်သုပ်ထဲ တခြား အရသာ ဘာမှ မထည့်ဘဲ ဒီငပိထောင်းလေးပဲ ထည့်သုပ်ရင် သုပ်စားသေးတာ 😍

တော်တော်လေး အသုံးဝင်၊ အလွယ်တကူ သုံးလို့ရလို့ အိမ်မှာဆောင်ထားတယ် ။
သွေးတိုးသမားရှိတဲ့ အိမ်ဆိုရင်တော့ စတိ အာသာပြေ ပါလေရုံလေး သုံးနော် ❤️

တတိုင်းရ မှာ ရပါပြီနော်

#ရိုးရာမျှင်ငပိထောင်း
#တတိုင်းရဒေသထွက်စားသောက်ကုန်များ

သီးစုံထောပတ်မရွေးဆိုလို့ အရမ်းအီမယ် မထင်လိုက်နဲ့နော် ထန်းလျက်အရသာလေး ပိုကဲပါတယ် တဘူးမှာ အလျား ၄ လက်မ၊ အနံ ၃ လက်မ size မရ...
22/01/2024

သီးစုံထောပတ်မရွေးဆိုလို့ အရမ်းအီမယ် မထင်လိုက်နဲ့နော်

ထန်းလျက်အရသာလေး ပိုကဲပါတယ်
တဘူးမှာ အလျား ၄ လက်မ၊ အနံ ၃ လက်မ size မရွေး ၄ ခုပါပါတယ်

ထောပတ်အရသာ အီမယ်ထင်လို့ မင် တယောက် ရှေ့ရက်တွေက မမြည်းနိုင်သေးဘဲ ဒီနေ့မှ ကောက်မြည်းကြည့်တာ … ကြိုက်သောနော် … စားနေရင်း နောက်ဆုံး ကျန်ခဲ့တဲ့ နှမ်းလေး ဖောက်ခနဲ ဝါးစားမိချိန်မှာ တော်တော် လိုက်ဖက်တဲ့ အစိမ့်အရသာလေးထွက်လာတာကို ခံစားမိလိုက်တယ်

တခုပဲ … ထောပတ်မရွေးဆိုတော့လေ ဆီစုပ်စက္ကူမကပ်ထားလို့ အိတ်ထဲက လျောလျောရူရူ ထုတ်လို့လွယ်ပေမယ့် လက်တော့ ဆီပေပါတယ် … မင်ကတော့ အိတ်ထဲက ထုတ် tissue လေးနဲ့ ကိုင်စားတယ် …. 😄

တတိုင်းရ မှာ ရှိနေပါပြီနော်

#မြတ်မွန်ရတနာသီးစုံထောပတ်မရွေး
#တတိုင်းရဒေသထွက်စားသောက်ကုန်များ

အမည်နာမအမျိုးမျိုးနဲ့ လက်ဖက်သုပ်နည်းပေါင်းစုံတွေထဲက ဘာနေနေ လက်ဖက်ပါတဲ့ အသုပ်ဆို အကုန်ကြိုက်တဲ့ မင်မင့်အတွက် လက်ဖက်မီနူးသ...
20/01/2024

အမည်နာမအမျိုးမျိုးနဲ့ လက်ဖက်သုပ်နည်းပေါင်းစုံတွေထဲက ဘာနေနေ လက်ဖက်ပါတဲ့ အသုပ်ဆို အကုန်ကြိုက်တဲ့ မင်မင့်အတွက် လက်ဖက်မီနူးသစ် တမျိုး တိုးပြန်ပေါ့ကွယ် … နှမ်း၊ မြေပဲ၊ ကြက်သွန်ဖြူကြော်လေးတောင် ပါလိုက်သေး 🍃

🌿 "ဓနု ဒေသ" ကထွက်တဲ့ လက်ဖက်နု၊ လက်ဖက် ကောင်းတွေကိုမှ အသုံးပြုပြီး

✅ ကျန်းမာရေးနှင့်ညီညွတ်အောင်

✅ ဓာတုဆိုးဆေးလုံးဝကင်းရှင်းပြီး

✅ သင့်တင့်သောဈေးနှုန်းလေးနဲ့

✅ ကြွပ်ကြွပ်ရွရွလေးနဲ့ အဆာပြေလဲ စားလို့ကောင်း

✅ သန့်ရှင်းသပ်ရပ်အရသာထိမိလှတဲ့ Homemade အရသာစစ်စစ်လေးလည်း ပေါ်လွင်အောင် ထုတ်လုပ်ပေးထားတဲ့

🌱 “ရွှေရွက်နု”လက်ဖက်နှမ်းကပ်ကြော် ဘူးသေး လေးကို တတိုင်းရမှာ မှာယူရရှိနိုင်ပါပြီရှင်

အရသာအချိုနဲ့အစပ်၊ size ဘူးကြီးနဲ့ အသေး နှစ်မျိုးရှိပါတယ်ရှင့်

(လေထိုးခြင်း၊ အိပ်မပျော်ခြင်း လုံးဝမဖြစ်ရအောင် အခါးဓာတ်၊ အဖန်ဓာတ်မျှတစွာ ပြင်ဆင်ထုတ်လုပ်ထားတာမို့ လူကြီး၊ လူငယ်မရွေး စားသုံးလို့ရပါတယ်ရှင်။)

#ရွှေရွက်နုလက်ဖက်နှမ်းကပ်ကြော်
#တတိုင်းရဒေသထွက်စားသောက်ကုန်များ

မကွေးမြို့ရဲ့ နာမည်ကြီး ကောင်းမွန်မြေပဲယို/ နှမ်းယိုလေးထုပ်လေးတွေ fresh date နဲ့ ပြန်လာပါပြီရှင် 🥜 မြေပဲယိုလည်း ကြိုက်တယ...
20/01/2024

မကွေးမြို့ရဲ့ နာမည်ကြီး ကောင်းမွန်မြေပဲယို/ နှမ်းယိုလေးထုပ်လေးတွေ fresh date နဲ့ ပြန်လာပါပြီရှင်

🥜 မြေပဲယိုလည်း ကြိုက်တယ်
နှမ်းယိုလေးလည်း စားချင်တယ်
နှမ်းနက်ယိုလေးလည်း မြည်းချင်တယ်ဆိုတဲ့ စိတ်တွေနဲ့ ဝေခွဲမရ မြေပဲမ ဖြစ်နေတဲ့ မင်မင့်လို foodie လေးတွေအတွက်

#ကောင်းမွန်ပဲယို၊နှမ်းယိုအရော(အဝါရောင်ထုပ်)

နှမ်းနက်မှ နှမ်းနက်ပဲ ကြိုက်တဲ့ သူလေးတွေအတွက်ကတော့

#ကောင်းမွန်နှမ်းနက်ယို(အပြာရောင်ထုပ်)

တတိုင်းရမှာ မှာယူလို့ရပါပြီရှင်

#ကောင်းမွန်ပဲယို၊နှမ်းယို၊နှမ်းနက်ယို
#တတိုင်းရဒေသထွက်စားသောက်ကုန်များ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ta Tine Ya-ဒေသထွက်စားသောက်ကုန်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ta Tine Ya-ဒေသထွက်စားသောက်ကုန်များ:

Share

Category