HtikeHtike

HtikeHtike သမီးလေးမေမေ

07/01/2025
07/01/2025

အSel ခံရဆုံးဆုကို ဇင်အောင်မှ ထိုက်ထိုက်တန်တန်ရရှိသွား




#ဝိုင်းခြုံမ

07/01/2025

ကလေးတဖက်နဲ့
စီးပွါးရေး လုပ်တော့
ကလေးကို ဂရုမစိုက်ဘူးတဲ့

ကလေးတဖက်နဲ့
အိမ်အလုပ်လုပ်ပြီး နေတော့
လင်ရှာစာ ထိုင်စားနေတာမို့
အထင်မကြီးဘူးတဲ့
😂😂😂😂😂😂

ပြောမယ်နော်
သူ့ဘာသာ ထိုင်ပြီးပဲ စားစား
ထ ပြီး ပဲ စားစား
ကိုယ့်အိမ်က ဆန်နဲ့
ကျွေးထားတာမဟုတ်သလို

ကိုယ့်လင်ရှာစာ လည်း
သူက စားနေတာမဟုတ်လို့
အနေသာကြီး နေလို့ရပါတယ်
❤️❤️❤️❤️❤️❤️❤️

ယောက်ျား ရှာစာ ထိုင်စားတာလည်း
အပြစ်မဟုတ်ပါဘူးနော်
ယောက်ျားဆိုတာ
သူ့တာဝန် အရ ငွေရှာရမှာ ထုံးစံပါ

အိမ်ရှင်မ ကလည်း
ကလေးပြုစု ပြီး
အိမ်ရဲ့ တာဝန်ယူရတာ မဆန်းပါဘူး

💖💖💖💖💖

ငွေရှာနေတဲ့ အိမ်ရှင်မတွေ ကလည်း
သူတို့စိတ်ကြိုက်
ဘဝ ကို နေချင်လို့ပဲ ဖြစ်ဖြစ်
ဘာအကြောင်းနဲ့ ပဲ ငွေ ထွက်ရှာရှာ
ကိုယ်က အနေသာကြီးပါ

ဒါပေမဲ့

အပြင်မှာ ငွေရှာ နေတဲ့ မိန်းမတွေကို
အိမ်ထဲ နေတဲ့ မိန်းမတွေက
အပြစ်မြင်ခွင့် လည်း မရှိသလို

အိမ်ထဲ နေတဲ့ မိန်းမတွေကို
ငွေထွက်ရှာနေတဲ့ မိန်းမတွေက
အထင်သေးစရာလည်း မလိုပါဘူး

💛💛💛💛💛💛💛💛💛💛

လူတိုင်းက
ကိုယ့် ရွေးချယ်မူ နဲ့ ကိုယ်ပါ

ရွေးချယ်ပြီး ပြီဆို
အကောင်းဆုံး ကြိုးစားရမှာ
ကိုယ့်တာဝန်ပါ🧡🧡🧡

ဒီနှစ်လဲဆုတွေရလို့မေမေ့သမီးကြီးကျေးဇူးပါမေမေပင်ပန်းရကျိုးနပ်အောင်ကြိုးစားပေးလို့အများကြီးချစ်
03/01/2025

ဒီနှစ်လဲဆုတွေရလို့မေမေ့သမီးကြီးကျေးဇူးပါမေမေပင်ပန်းရကျိုးနပ်အောင်ကြိုးစားပေးလို့အများကြီးချစ်

22/12/2024

အိမ်ထောင်ဖက်ကို
လေးလေးစားစားစကားမပြောတတ်ရင်
အိမ်ထောင်မပြုပြပါနဲ့

အလုပ်မှာ စကားအကောင်းပြောတတ်သလို
အိမ်ထောင်ဖက်ကို ကောင်းကောင်းပြောပါ

အိမ်ထောင်ဖက်က သင့်အလုပ်ထဲကပါလာသော
Stress/သောကတွေအတွက် တာဝန်ခံပေးရမည့်သူမဟုတ်ဘူး

အိမ်ထောင်ဖက် ဆိုတာ
အကောင်းအဆိုးအတူရင်ဆိုင်ရမယ်ဆိုတာမှန်ပေမယ့်
အကောင်းတွေကို အလုပ်နဲ့ အပြင်က သူတွေကို ပေးပြီး
အဆိုးတခုထဲသာ အိမ်ထောင်ဖက်ကိုပေးနေသူများ
အိမ်ထောင်ကောင်းလိုချင်ရင်
သင်ကို သင် ပြုပြင်ပါ

သင့်အိမ်ထောင်ဖက်က
သင့်၏ အကောင်းဆုံး ဆိုတာတွေကို
အပြင်ကသူတွေထက် ထိုက်တန်သော သူများဖြစ်ပါသည်

အကောင်းဆုံးတွေ သင့်အိမ်ထောင်ဖက်ကို မပေးနိုင်ရင်
အဆိုးဆုံးသော ခံစားမှုတွေ မပေးပါနဲ့

သင့် ခံစားချက် အဆိုးတွေ
သင့် ပစ်ချမရသော အလုပ်ဖိအားတွေ
သင် မဖြေရှင်းနိုင်သော စိတ်ရှုပ်မှုတွေကို
သင့်ဘဝအတွက်
အကောင်းဆုံး အမြဲဖြစ်စေချင်သော
သင်အိမ်ထောင်ဖက်ထံ ယူမလာပါနဲ့

သိပ်ကောင်းတဲ့ အိမ်ထောင်ဖက် လိုချင်ရင်
သင့်က သင်အိမ်ထောင်ဖက်အပေါ် သင်ကောင်းပြပါ။
အိမ်ထောင်ကောင်းလိုချင်ရင်
အိမ်ထောင်ထဲကို စိတ် သောက ယူမလာနဲ့
မပြည်စုံမလောက်ငသော ငွေ ယူမလာနဲ့

ကောင်းသော ခံစားမှု
ကောင်းသော ခံယူမှု
ကောင်းသော သီလ သစ္စာ
ကောင်းသော အသိပညာ
ကောင်းသော ဝီရိယတွေ ပဲ ယူလာပါ

ကောင်းတာ မရှိရင် အတူ ကောင်းတာ ဖန်တီးလို့ရတယ်
မကောင်းတာတော့ အိမ်ထောင်ထဲ ယူမလာနဲ့

အတူနေသူတွေနဲ့ မေတ္တာ/နွေးထွေးမှုကြောင့်
နေ့စဉ် ပျော်ရွှင်ရယ်မောမှု ဘယ်နကြိမ်ရှိပါသလဲ

ဒီနေ ဘယ်နကြိမ်အတူ ရယ်မောပီးပီလဲ

အဆင်ပြေကြပါစေ အိမ်ထောင်သည်များ

Crd

21/10/2024
အမှန်တွေပြောတာ
13/08/2024

အမှန်တွေပြောတာ

With Chaw - Stainless Steel Jewellery – I just got recognised as one of their top fans! 🎉
28/05/2024

With Chaw - Stainless Steel Jewellery – I just got recognised as one of their top fans! 🎉

24/05/2024

" ကြာကြာပေါင်းမှအကြောင်းသိမယ် "
- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။
- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။
- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။
- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။
- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။
- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။
- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။
- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။
-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့် …
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။
- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ …
အကြောင်းသိ လာပါလိမ့်မယ်

👇✔︎👇✔︎👇✔︎👇✔︎👇

Address

Yangon

Telephone

+959444143848

Website

Alerts

Be the first to know and let us send you an email when HtikeHtike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HtikeHtike:

Share

Category