ဟာသကမ္ဘာ

ဟာသကမ္ဘာ ရယ်မောခြင်းဖြင့်ဘဝကိုဖြတ်သန်းနိုင်ကြပါစေ

မင်္ဂလာ နံနက်ခင်းလေးပါကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာကပ်ကြီးသုံးပါးကျော်လွှာနိုင်ကြပါစေ
31/05/2025

မင်္ဂလာ နံနက်ခင်းလေးပါ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ
ကပ်ကြီးသုံးပါးကျော်လွှာနိုင်ကြပါစေ

အန်တိုနီယို ကွန်တီယူဗင်တပ်အသင်းကို ဆယ်နှစ်နီးပါး ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ၃ နှစ်ဆက် ရယူပေးခဲ့တယ် ။ ပထမဆုံးကိုင်...
24/05/2025

အန်တိုနီယို ကွန်တီ

ယူဗင်တပ်အသင်းကို ဆယ်နှစ်နီးပါး ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ၃ နှစ်ဆက် ရယူပေးခဲ့တယ် ။ ပထမဆုံးကိုင်တွယ်တဲ့နှစ်မှာ ရှုံးပွဲမရှိ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တယ် ။

ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးဘောလုံးရာသီမှာ နောက်တန်း ၃ ယောက်ကစားကွက်နဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူခဲ့တယ် ။

အင်တာမီလန်အသင်းကို ပြောင်းရွှေ့အပြီး ပထမဆုံးဘောလုံးရာသီမှာ ယူဗင်တပ်ရဲ့နောက် ၁ မှတ်အကွာနဲ့ ဒုတိယ ၊ ယူရိုပါလိဂ်မှာ ဒုတိယဆုတွေ ရယူပေးခဲ့သလို နောက်ရာသီမှာတော့ ၂၀၁၀ ခုနှစ်ကတည်းက မရရှိတော့တဲ့ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ရယူပေးခဲ့ပြန်တယ် ။

အခုနှစ်ဘောလုံးရာသီအစမှာလည်း နာပိုလီအသင်းဆီသွားရောက်ကိုင်တွယ်ခဲ့ပြီး စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ရယူပေးခဲ့ပြန်ပါတယ် ။

တကယ့်ကို ထူးခြားတဲ့ နည်းပြကောင်းတစ်ယောက်ပါပဲ ။

'ယူနိုက်တက်နဲ့စပါးစ် ချိုးဖျက်ရမယ့် မှတ်တမ်းဆိုး'ရူဘင်အ​မိုရင်က​ပြောတယ်။ ''အသင်းတစ်သင်းဟာ အခြားအသင်းတစ်သင်းကို (၄)ပွဲဆက်...
14/05/2025

'ယူနိုက်တက်နဲ့စပါးစ် ချိုးဖျက်ရမယ့် မှတ်တမ်းဆိုး'

ရူဘင်အ​မိုရင်က​ပြောတယ်။ ''အသင်းတစ်သင်းဟာ အခြားအသင်းတစ်သင်းကို (၄)ပွဲဆက်ရှုံးနိမ့်ဖို့ မဖြစ်နိုင်ဘူး''တဲ့။

သူဆိုလိုချင်တာက အခုရာသီတွင်း မန်ချက်စတာယူနိုက်တက်ဟာ စပါးစ်ကို(၃)ပွဲဆက်ရှုံးနိမ့်ထားရာ ယူရိုပါလိဂ်ဖိုင်နယ်မှာ ပြန်လည်လက်စား​ချေမယ်ဆိုတဲ့သ​ဘောပါ။ အမိုရင်ဟာ သူ့ရဲ့တပည့်လက်သားကစားသမား​တွေကို စိတ်ဓါတ်ခွန်အား​ပေးချင်တဲ့သ​ဘောပါ။

တစ်ဘက်မှာ ရီးယဲလ်မက်ဒရစ်က​တော့ ရယ်​နေပါလိမ့်မယ်။ သူအဲလို​ပြောပြီးမကြာမီမှာပဲ ​ရီးယဲလ်ဟာ ဘာစီလိုနာကို (၄)ကြိမ်(၄)ခါ​ဆက်တိုက် အ​ရေးနိမ့်သွားလို့ပါပဲ။ ဆို​တော့ အမိုရင်ဟာ သူ​ကြွေး​ကြော်ထားတဲ့အတိုင်း လုပ်ပြရမယ့်ဖိအားတိုးလာပါပြီ။

''You can take Harry Kane out of Spurs, but you can't take Spurs out of Harry Kane''ဆိုပြီး ​ဘောလုံးပရိသတ်​တွေ မနှစ်က​လှောင်​ပြောင်ခဲ့ဖူးတယ်။ စပါးစ်မှာဖလားမရလို့ ဘိုင်ယန်မြူးနစ်​ပြောင်းတဲ့ကိန်း ဂျာမန်ဘီလူး​တွေဆီ ကံကြမ္မာဆိုး​တွေသယ်​​ဆောင်လာပြီး ဖလားလက်မဲ့ဖြစ်​စေခဲ့တယ်။

လက်ရှိအချိန်မှာ​တော့ ဘိုင်ယန်ဘွန်ဒက်စ်လီဂါရပြီး ကိန်းရဲ့ကျိန်စာ​တွေပျက်ပြယ်သွားပါပြီ။ ဒါ​ကြောင့်မို့ စပါးစ်ကလည်း ၂၀၀၈​နောက်ပိုင်း ဆုဖလားတစ်လုံးတ​လေမှမရတဲ့အဖြစ်ကို ရပ်တန့်ပစ်နိုင်ဖို့ အာသီသပြင်းပြ​နေလိမ့်မယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲ​ရောက်နှစ်သင်းလုံးမှာ ချန်ပီယံဖြစ်​ရေးအပြင် အ​ပေါ်မှာ​ဖော်ပြခဲ့တဲ့ တွန်းအားကိုယ်စီရှိပါတယ်။

သူတို့ဟာ ဖိုင်နယ်အတွက်အားခဲထား​တဲ့အ​လျောက် လိဂ်မှာအဆင့်(၁၆)၊ (၁၇)​နေရာအထိအ​ရောက်ခံကာ စွန့်စား​နေကြပါတယ်။ တကယ်လို့ချန်ပီယံဖြစ်သွားရင် ပရီးမီးယားလိဂ်မှာအ​ခြေအ​နေမ​ကောင်းမှုကို ပရိသတ်​တွေသင်ပုန်း​ချေ​​​မေ့​လျော့​ပေးနိုင်ပါလိမ့်မယ်။

ချန်ပီယံဆုကပ်လွဲတဲ့အသင်းက​တော့ အများသူငါလက်ညှိုးထိုးမှု​တွေကြား double အရှက်ကွဲရပါလိမ့်မယ်။

Photo crd

GoldenSports

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဟာသကမ္ဘာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category