Thet wai soe

Thet wai soe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet wai soe, Grocers, Yangon.

28/11/2023

ပေါင်မုန့်အုန်းနို့ဆမ်း_(အုန်းနို့_သာကူ)
☃☃☃ငယ်စဥ်ဘဝ သတိရမိ😍
ငယ်ငယ်က အရမ်းကြိုက် ခဏခဏစား စားမဝတဲ့
မုန့်လေးပါရှင့်....

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး

ပါဝင်ပစ္စည်းများ
အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)
သကြား - (၁၀ကျပ်သား)
ပေါင်မုန့် - (၁ထုပ်)
ဆား အနည်းငယ်
ရေ အနည်းငယ်
ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့😍
ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်

သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)

ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။

သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။

အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။

ထို့နောက်ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။

😍ဒါဆိုအရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်😍
အရမ်းလဲမခက် ပါဝင်ပစ္စည်းတွေလဲနည်းတယ်ဆိုတော့အခုပဲလုပ်စားလိုက်ရအောင်နော်

*******
နောက်တနည်း

ပါဝင်ပစ္စည်းများ

သာဂူ – ရေနွေးကြမ်းပန်းကန် ၁/၂ စာ

ကြိုက်နှစ်သက်ရာပေါင်မုန့်

စပျစ်သီးခြောက်

အုန္းနို့ – ၁ ဘူး

ဆား – အနည်းငယ်

သကြား – ထမင်းစားဇွန်း ၂ ဇွန်း

(အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)

ပြုလုပ်နည်း

၁။ အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။

၂။ သာဂူကို အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ

၁ နာရီခန့် ထည့်ပါ။

၃။ ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။

ပေါင်မုန့် Sandwich လုပ်နည်း
😍😍😍😍😍

https://www.facebook.com/100071702117327/posts/321789013554500/

Address

Yangon

Telephone

+959682043390

Website

Alerts

Be the first to know and let us send you an email when Thet wai soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category