28/01/2021
ကဲလာပါပြီ။😁
Pork King ဆိုတာ ယခင် KZ's taste Lunch box အမည်လေးကို ပြောင်းလဲလိုက်တာပါ။
မပြောင်းလို့လဲမရဘူးလေ 😁 Item ကလည်းပြောင်းနေပြီကို။
ဟုတ်ပါတယ် ဝက်သားတုပ်ထိုးနဲ့ဝက်လက်စွပ်ပြုတ်ကို ရောင်းချပေးမှာမို့လို့ပါ။
Admin ရဲ့မာမီလက်ရာက တသက်လုံးဝက်သားတုပ်ထိုးရောင်းခဲ့တာဆိုတော့ အရသာကတော့စားကြည့်မှာပဲသိမှာမို့လို့ သိပ်မမွန်းချင်သေးပါဘူး။
မှာစားကြည့်ပါလို့တိုက်တွန်းပါရစေ။
🫕🥢🐖တုပ်ထိုးဆိုရင် ပွဲတိုင်းမှာ အူ စုံ အသား အခေါက် နားရွက် လျာ အထပ်သား အဆုတ် အသည်း စုံအောင်ထည့်သွင်းရောင်းချပေးမှာဖြစ်ပြီး ၊ အရည်သောက် ဟင်းချို ဆလတ်ရွက် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတွေနဲ့ ပုံပါအတိုင်းပို့ပေးသွားမှာဖြစ်ပါတယ်။
🍜ဝက်လက်စွပ်ပြုတ်လေးလည်း စားကြည့်သင့်တယ်နော် ဝက်လက်က ခြောက်ကွင်းကိုဟင်းရည်အပြည့်နဲ့ အချည်ရည်လေးနဲ့ ကိုဒီတိုင်းပဲစားစား ၊ ထမင်းလေးနဲ့ပဲစားစား တပွဲဆို သုံးယောက်လောက်ကအေးဆေးကိုက်နေဝါးနေလို့ရတယ်😁။
တွဲဖက်စားရမဲ့ အချည်ရည်လေးက အသက်လို့ပဲ လတ်တလောညွန်းချင်ပါတယ်။
🫕 မှာပီး ချက်ချင်းမစားဖြစ်သေးရင်လည်း ရေခဲသေတ္တာထဲထည့်ပြီးထားရင်လည်းရသလို အပိုထည့်ပေးထားတဲ့ဟင်းရည်လေးနဲ့ပြန်နွေးပြီးစားနိုင်အောင်လို့ တမင်သပ်သပ်စီ အရည်တခွက် အမယ်ကသပ်သပ်စီစဉ်ပေးထားတာမို့လို့ စားသုံးသူအဆင်ပြေနေမှာပါ။😁
ဟုတ်ကဲ့ ပါဝင်တဲ့အမယ်လေးတွေနဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးေတွကတော့ တပုံချင်းစီမှာ သေချာရေးပြထားပေးတာမို့လို့ စိတ်လေးရှည်စွာနဲ့ တပုံချင်းထောက်ကြည့်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျာ😊။
🏪ဆိုင်တော့သပ်သပ်မရှိသေးပဲ အိမ်တွင်းစီးပွားဖြစ်လုပ်ငန်းလေးဆိုတော့ တပတ်မှာ စနေ နဲ့ တနင်္ဂနွေအတွက်သာလျင်မှာယူလို့ရနိုင်မှာဖြစ်ပြီး
ပွဲအရေအတွက် အကန့်အသတ်လေးနဲ့ရောင်းနိုင်သေးတာမို့ အော်ဒါတင်ချင်ရင် ဖုန်းလေးဆက်ပြီးသော်လည်းကောင်း စာလေးချန်ပြီးသော်လည်းကောင်းမှာယူသုံးဆောင်နိုင်ပါတယ်။
အိမ်အရောက်ပို့ခလေးတော့ရှိပါမယ်နော်။
ကဲပုံလေးတွေကြည့်ပြီး ကြိုက်ရာသာမှာယူနိုင်ကြပါပြီခင်ဗျား😊😊။
စုံစမ်းမေးမြန်းနိုင်တဲ့ဖုန်းနံပါတ်ကတော့
☎️ 09696064865
ကို Hello လေးလုပ်နော်။😊