𝐌𝐀𝐇𝐀𝐑ᵐᵃʰᵃʳ by 𝐃𝐫.𝐀𝐐𝐔𝐀

  • Home
  • Myanmar
  • Yangon
  • 𝐌𝐀𝐇𝐀𝐑ᵐᵃʰᵃʳ by 𝐃𝐫.𝐀𝐐𝐔𝐀

𝐌𝐀𝐇𝐀𝐑ᵐᵃʰᵃʳ by 𝐃𝐫.𝐀𝐐𝐔𝐀 ငါးကန်သုံးဆေးဝါးရောင်းဝယ်ရေးနှင့်
အကြံပေးလုပ်ငန်း

19/08/2026
30/07/2026

Dr.Aqua အဖြစ် မိုးရေထဲက တစ်နေ့တာ 💙
ရေထရက်လဲဖြစ် မိုးကလဲများတော့ ကျွန်မရဲ့မိတ်ဆွေ လုပ်ငန်းရှင်တွေ အဆင်ပြေကြလားရှင် ကန်ဘောင်တွေ အခြေအနေဘယ်လိုရှိကြလဲ ရေကြီးရေလျံသတိထားကြပါနော်

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး #ငါး
#တွံတေး #မအူပင် #ဧရာဝတီ #ထန်းတစ်ပင် #မှော်ဘီ #ပဲခူး #မန္တလေး

" ညီမရေ EM ကဘယ်ဟာအကောင်းဆုံးလဲ? "  လို့မေးရင် နဲနဲလေးတော့ဖြေရခက်တယ် ဘာလို့ဆို ကျွန်မက Qualityကိုအလေးထားတာကြောင့်ရော Tech...
21/07/2026

" ညီမရေ EM ကဘယ်ဟာအကောင်းဆုံးလဲ? " လို့မေးရင် နဲနဲလေးတော့ဖြေရခက်တယ် ဘာလို့ဆို ကျွန်မက Qualityကိုအလေးထားတာကြောင့်ရော Technician ဖြစ်နေတာကြောင့်ရော ကိုယ်တိုင်သုံးပြီးမှ အကောင်းဆုံး အကြိုက်ဆုံးတွေကိုပဲရွေးပြီး ဆိုင်မှာတင်ထားပေးလေ့ ရှိတာကြောင့်ပါ

ကျွန်မအရင်က ရှင်းပြပေးထားသလိုပါပဲ EM ဆိုတာတစ်မျိုးထဲရှိတာမဟုတ်ပါဘူး မတူညီတဲ့ အကျိုးပြု Bacteria အစုအဖွဲ့ လေးတွေနဲ့ ထုတ်လုပ်ထားတဲ့ EM မျိုးရှိသလို Bacteria တစ်မျိုးထဲကိုပဲ သုံးပြီး ထုတ်ထားတာမျိုးလဲရှိပါတယ် မတူညီတဲ့ Bacteria အစုအဖွဲ့လေးတွေနဲ့ထုတ်ထားတယ်ဆိုတိုင်းလဲ Product တစ်ခုနဲ့တစ်ခုမှာ ပါဝင်တဲ့ပိုးအမျိုးအစားစုဖွဲ့ထားပုံချင်း မတူပြန်ပါဘူး ဒါကြောင့် ကျွန်မတို့ဆီမှာ EM / Probiotic အမျိုးအစား 4/5 မျိုးထက်မနဲ ဆိုင်မှာတင်ထားပေးတာဖြစ်ပါတယ် ဒါကြောင့် ဘာဟာအကောင်းဆုံးလဲဆို သူ့နေရာနဲ့သူရွေးချယ်သုံးတတ်ရင် Quality တစ်ခုရှိပြီးသားပစ္စည်းတွေဖြစ်လို့ အကျိုးကျေးဇူးတွေကိုမျက်မြင် မြင်ရစေတဲ့ပစ္စည်းတွေချည်းပါပဲ လွယ်လွယ်ပြောရရင် စျေးအကြီးဆုံးကအကောင်းဆုံးလို့သာမှတ်လိုက်ပါ အဲ့လိုပြောလို့ စျေးသက်သာတာက မကောင်းဘူးလားဆိုတော့လဲမဟုတ်ပြန်ဘူး နဲနဲရှင်းရခက်တယ် စာနဲ့ရေးနေရင်မပြီးတော့လို့ EM အကြောင်းစိတ်ဝင်စားတယ် သုံးချင်တယ်ဆိုရင် 09268763909 ကိုသာဆက်ပြီးစုံစမ်းလိုက်ပါ သေချာလေးရှင်းပြပေးပါမယ်

EM ဝယ်ယူတဲ့အခါမှာ ဘယ်ဟာအကောင်းဆုံးလဲ ? ဆိုတာထက် "ညီမရေ ဘယ်EM မျိုး သုံးရမလဲ ကျွန်တော်ကတော့ ရေလေးပြင်ချင်တာ ၊ အောက်ခြေလေးသန့်ချင်တာ၊ pH လေးထိန်းချင်တာ ၊ အစာလေးနဲ့နယ်ကြွေးချင်တာ " စသည်စသည်ဖြင့် ကိုယ်ဖြစ်ချင်တဲ့ပုံစံလေး နဲ့ကန်ရဲ့အခြေအနေလေးကို ပြောပြပြီးမေးရင် ကျွန်မတို့ဆိုင်က သေချာလေး ညွှန်ပေးပါလိမ့်မယ်ရှင် ကျွန်မဆီလဲ phဆက်မေးလို့ရပါတယ်

မိုးတွင်း မှာ ရေအရည်အသွေးကိုဂရုစိုက်ထားရင် နွေမှာငါးအသေနဲမယ်၊ ရောဂါဒဏ်ခံနိုင်မယ် ၊ အစာနဲနဲနဲ့ ငါးကြီးလွယ်ပါမယ်၊ မွေးမြူရေးလုပ်ငန်းရှင်တွေစိတ်ပင်ပန်းသက်သာပါမယ် ခုဂရုမစိုက်ထားမိရင် အရင်ကကြုံခဲ့သလို စိတ်ပင်ပန်းစရာတွေ ဖြစ်တတ်တာမို့လို့ မိုးတွင်းမှာ ကန်ကိုအေးဆေးလေး လွှတ်မထားပါနဲ့နော်




#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး #မွေးမြူရေးငါးကန်
#မအူပင် #တွံတေး #ထန်းတစ်ပင် #ဧရာဝတီ #မှော်ဘီ #လှည်းကူး #မန်းတန္တလေး #ပဲခူး

03/07/2026

ကန်ရေရောင်ကောင်းချင်ရင် / ရေအရည်အသွေးကောင်းချင်ရင်

1.အားစိုက် စရာမလိုဘဲ အလကားရတဲ့ရေကို အရမ်းအားမကိုးနဲ့

2. ရေခံမြေခံသူများထက်ကောင်းလို့ သဘာဝကနေ အလကားရထားတဲ့ အားသာချက်တွေကိုလဲ ဖျက်စီးမိတာမျိုးမလုပ်မိစေနဲ့

မိုးတွင်း ရေရောင်ပျက်လို့ ကန်ရေမစိမ်းတော့ဘူး ဆိုရင် ပထမဦးဆုံးလုပ်ရမှာက ရေအရည်အသွေးစစ်ဆေးရမှာပါ ဒါမှကိုယ့်ကန်မှာဘယ်လိုဓာတ်သဘာဝတွေပိုနေလဲ၊ လိုနေလဲဆိုတာကို သိနိုင်မှာဖြစ်ပြီးလိုအပ်တာတွေ ဆောင်ရွက်လို့ရမှာဖြစ်ပါတယ် မအူပင်နဲ့ တွံတေး နှစ်ဆိုင်လုံးမှာရေအရေးအသွေးစစ်ဆေးပြီး ရေပြင်ဖို့အကြံဉာဏ်တွေတောင်းခံနိုင်ပါတယ်
☎ - 09268763909 ကိုဆက်သွယ်စစ်ဆေးလိုက်ပါ ရှင်


#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင်

29/06/2026

ငါးမွေးမြူရေးဟာ တခြားမွေးမြူရေးထက် ပိုခက်ခဲရခြင်း ၊ လူတိုင်းမလုပ်နိုင်ရခြင်းဟာ ဒီအချက်တွေကြောင့်ပါ
1. ရေထဲကငါးဖြစ်လို့ မျက်စိနဲ့အမြဲစောင့်ကြည့်နေဖို့ခက်တယ်
2.တစ်နှစ်ထက်ပိုတဲ့အချိန်ကိုရင်းနှီးမြုပ်ရတာဖြစ်လို့ ငွေလည်ဖို့ခက်တယ်
3. ရင်းနှီးငွေများတယ်
4.နည်းပညာအားနဲချက်ရှိတယ်
5. စျေးကွက်မတည်ငြိမ်မှုမြင့်တယ်

ဒါဆို ဒီအချက်တွေကိုရှောင်ပြီးမွေးလို့ရတဲ့ ငါးရောမရှိဘူးလားလို့ သိချင်လောက်မယ်ထင်တယ် ရှိပါတယ် အပေါ်ကအချက်တွေကြောင့်ခက်ခဲနေတာတွေကို လွယ်ကူအောင် လုပ်လို့ရမယ့်နည်း သိချင်ရင် " ငါး " လို့မန့်ခဲ့ပါ ပြောပြပေးပါမယ်

Disclaimer : I do not own the rights to the music, images, or content shared in this post unless otherwise stated. All rights belong to the respective copyright owners. This content is shared for entertainment "fair use" for purposes such as criticism, comment, news reporting, teaching, and research.

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#မအူပင် #တွံတေး #ဧရာဝတီတိုင်း #မှော်ဘီ #တိုက်ကြီး #မန္တလေး #ပဲခူး #ထန်းတစ်ပင်

27/06/2026

မနှစ်က မိုးဦးကျမှာ ဒီအခွင့်အရေးက ကျွန်မဆီ ရောက်လာခဲ့တယ် ငါးသေနေတဲ့ကန်တစ်ကန်ကို တာဝန်ယူကုသပေးခဲ့ ရာကစပြီး တစ်ကွင်းပြီး တစ်ကွင်း ကြည့်ပေးပါ၊ လမ်းညွှန်ပေးပါဆိုပြီး (နည်းပညာ၊ ဆေးဝါး အလုံးစုံ) ယုံကြည်စွာအပ်နှံခံခဲ့ရတဲ့ ကန်လေးတွေကို ဒီတစ်နှစ်လုံး အစွမ်းကုန် ကြိုးစားကြည့်ပေးခဲ့တာ ခုလိုတစ်နှစ်ပြည့်ပါပြီ ရေမြေသဘာဝလဲမတူ၊ မွေးမြူတဲ့နည်းစနစ်ပါမတူတဲ့ နေရာမှာ တာဝန်အကြီးကြီးယူလိုက်တာကြောင့်ရော၊ အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံး Result ပဲပြန်ပေးချင်ခဲ့တာကြောင့်ရော တစ်နွေ လုံးကို အကောင်းဆုံးဖြတ်ကျော်လာပြီး မှပဲ စိတ်ဒုန်းဒုန်းချနိုင်တော့တယ် ရာသီဥတု နဲ့ နွေရာသီရဲ့ထုံးစံကြောင့် တစ်ကန် တစ်လေ ငါးသေတာကြုံခဲ့ရပေမယ့် အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ခဲ့လို့ ဂုဏ်ယူမိတယ် Level up ထပ်ဖြစ်သွားတယ်လို့လဲခံစားရတယ် 😊
​ဒီလိုအခွင့်အရေးမျိုးကို ကျွန်မဆီ ဆိုက်ဆိုက်မြိုက်မြိုက် ယူလာခဲ့ပေးတဲ့ ကျွန်မရဲ့ ဘဝအချိုးအဆစ်တွေမှာ နှုတ်နဲ့ဆောင်မခြင်းနဲ့ အရင်ကရော အခုရော ကူညီပေးခဲ့တဲ့ အကို့ကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏
​ငါးမွေးမြူရေးလုပ်ငန်းရှင်များရဲ့ ယုံကြည်အားကိုးရာ Dr.AQUA
☎️ 0926876309

Disclaimer : I do not own the rights to the music, images, or content shared in this post unless otherwise stated. All rights belong to the respective copyright owners. This content is shared for entertainment "fair use" for purposes such as criticism, comment, news reporting, teaching, and research.

​
#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ဧရာဝတီတိုင်း #တိုက်ကြီး #မှော်ဘီ #မန္တလေး #ပဲခူး

27/06/2026

မနှစ်က မိုးဦးကျမှာ ဒီအခွင့်အရေးက ကျွန်မဆီ ရောက်လာခဲ့တယ် ငါးသေနေတဲ့ကန်တစ်ကန်ကို တာဝန်ယူကုသပေးခဲ့ ရာကစပြီး တစ်ကွင်းပြီး တစ်ကွင်း ကြည့်ပေးပါ၊ လမ်းညွှန်ပေးပါဆိုပြီး (နည်းပညာ၊ ဆေးဝါး အလုံးစုံ) ယုံကြည်စွာအပ်နှံခံခဲ့ရတဲ့ ကန်လေးတွေကို ဒီတစ်နှစ်လုံး အစွမ်းကုန် ကြိုးစားကြည့်ပေးခဲ့တာ ခုဆို တစ်နှစ်ပြည့်ပါပြီ ရေမြေသဘာဝလဲမတူ၊ မွေးမြူတဲ့နည်းစနစ်ပါမတူတဲ့ နေရာမှာ တာဝန်အကြီးကြီးယူလိုက်တာကြောင့်ရော၊ အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံး Result ပဲပြန်ပေးချင်ခဲ့တာကြောင့်ရော တစ်နွေ လုံးကို အကောင်းဆုံးဖြတ်ကျော်လာပြီး မှပဲ စိတ်ဒုန်းဒုန်းချနိုင်တော့တယ် ရာသီဥတု နဲ့ နွေရာသီရဲ့ထုံးစံကြောင့် တစ်ကန် တစ်လေ ငါးသေတာကြုံခဲ့ရပေမယ့် အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့လို့ ဂုဏ်ယူမိတယ် Level up ထပ်ဖြစ်သွားတယ်လို့လဲခံစားရတယ်

​ဒီလိုအခွင့်အရေးမျိုးကို ကျွန်မဆီ ဆိုက်ဆိုက်မြိုက်မြိုက် ယူလာခဲ့ပေးတဲ့ ကျွန်မရဲ့ ဘဝအချိုးအဆစ်တွေမှာ နှုတ်၏ဆောင်မခြင်းနဲ့ အရင်ကရော အခုပါ ကူညီပေးခဲ့တဲ့ အကို့ကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏
​ငါးမွေးမြူရေးလုပ်ငန်းရှင်များရဲ့ ယုံကြည်အားကိုးရာ Dr.AQUA
☎️ 0926876309
​
#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ဧရာဝတီတိုင်း #တိုက်ကြီး #မှော်ဘီ #မန္တလေး #ပဲခူး #ထန်းတစ်ပင်

 #နယ်ဝေးကငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက်ConsultationServiceဒီPost လေးကိုအဆုံးထိဖတ်စေလိုပါတယ် နယ်ဝေးကလဲဖြစ်နေပေမယ့် "င...
24/06/2026

#နယ်ဝေးကငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက်ConsultationService
ဒီPost လေးကိုအဆုံးထိဖတ်စေလိုပါတယ် နယ်ဝေးကလဲဖြစ်နေပေမယ့် "ငါးသေနေလို့ဆရာမကိုမေးချင်တယ် ၊ Dr.Aqua နဲ့အလုပ်လုပ်ချင်တယ် ၊ Dr.Aqua ရဲ့အကြံပြုချက်၊ လမ်းညွှန်ချက် ကိုပဲလိုချင်တယ်ဆိုတဲ့သူတွေအတွက် "ငါသေနေလို့ဘာလုပ်ရမလဲ? " "ရေမစိမ်းလို့ ဘယ်လိုဖြေရှင်းရမလဲ" စတဲ့ ကြုံနေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ အကြုံပြုချက်တွေအပြင် ခုမှငါးမွေးမြူရေးစတင်မယ့်သူတွေအတွက် "ဘယ်ကစရမလဲ? ဘာတွေပြင်ဆင်ရမလဲ? ဘယ်ငါးကို မွေးမြူတာက ကိုယ်နဲ့ကိုက်ညီမလဲ? " စတာတွေကို တစ်ဦးချင်း သီးသန့် ဆွေးနွေး နိုင်ဖို့ Consultation service ကို ဒီလိုလေး စီစဥ်ပေးဖြစ် ပါတယ်
ကျွန်မအနေနဲ့တစ်ခုသေချာလေးပြောပြပေးချင်တာက
📢 Sharing လုပ်ပေးချင်တာက ကျွန်မရဲ့ဝါသနာဖြစ်လို့ Consultation service ကြေး ကို Small bussiness တွေ၊ ခုမှလုပ်ငန်းစမယ့်သူတွေ တစ်နိုင်တစ်ပိုင် မွေးမြူရေးစလုပ်ချင်သူတွေပါ အဆင်ပြေအောင် သောင်းဂဏန်း လေးကနေစတင်သတ်မှတ်ပေးထားပါတယ် ဆိုင်တစ်ခါထိုင်စာလောက်တောင်မရှိတဲ့ပမာဏဖြစ်လို့ တကယ့် မွေးမြူရေးနဲ့စီးပွားရှာချင်သူ တစ်ယောက် ၊ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် အတွက်ကတော့ နှမျောစရာ Amount လို့မြင်မယ်မထင်ပါဘူး ( အမအမြဲမျှဝေပေးနေတဲ့ Free content တွေကိုလဲ pageမှာဝင်ရောက်လေ့လာနိုင်ပါတယ်)
ကျွန်မရဲ့ ပုံစံကိုက ပိုပေးလိုက်ရမှာကျေနပ်တဲ့သူဖြစ်လို့ Consultation လုပ်ပြီးတဲ့အခါမှာလဲ တန်တာထက်ပိုတယ်ဆိုတဲ့ ခံစားချက်ကို ရစေရပါမယ်ရှင် ကျွန်မပိုင်နိုင်စွာ မတတ်ကျွမ်း တဲ့အပိုင်းတွေကို Consult လုပ်ပေးဖို့တောင်းဆိုလာရင်လဲ ကိုယ်မပိုင်နိုင်တဲ့အပိုင်းမို့ ပြတ်သားစွာ ငြင်းမှာဖြစ်ပါတယ် ဒါကြောင့်
အမှန်တကယ်အကြံညာဏ်လိုအပ်သူတွေကိုသာ လာစေချင်ပါတယ် သင်တန်းလုပ်ပေးဖို့တောင်းဆိုသူတွေ နဲ့ ခုလို အကြံညာဏ်လေးပေးဖို့တောင်းဆိုသူတွေ များလို့ အခုလို အစီအစဥ်ဖြစ်တာမို့လို့ တကယ်မလိုအပ်ပဲ ပညာပြချင်သူတွေ အတွက်တော့ ကျွန်မရဲ့အချိန်တွေကို မဖြုန်းလိုပါဘူးရှင် နားလည်ပေးပါ🙏
Consultation လုပ်ချင်တဲ့ ပုံစံအလိုက် ၊ ဆွေးနွေးလိုတဲ့အချက်အလက် အနဲအများပေါ်လိုက်ပြီး Service ကြေးလေးတွေ အနဲငယ်ကွာသွားပါမယ် Consultation နဲ့ပတ်သတ်တဲ့ အသေးစိပ်ကိုတော့ Tiktok cb နဲ့ Sharing By Dr.AQUAs page cb ကိုစာပို့ပြီး စုံစမ်းနိုင်သလို Viber နံပတ် 09796818113 ကိုလဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်
ပုံမှန်အားပေးနေကျ Customers များအနေနဲ့
📌 ခုလိုစီစဥ်လိုက်လို့ "ဒါဆို သိချင်တာရှိရင်အရင်လိုဆရာမဆီ phဆက်မေးလို့အဆင်ပြေပါတော့ မလားဆိုပြီးလဲ" အားမနာကြပါနဲ့ အရင်ကတည်းကတျောက်လျောက်အားပေးခဲ့တဲ့ Customers တွေမိတ်ဆွေတွေနဲ့
"မဟာ ငါးကန်သုံးဆေးဝါး " ဆိုင်မှာအမြဲဝယ်ယူအားပေးနေတဲ့ မိတ်ဟောင်း ၊ မိတ်သစ် တွေအားလုံး အတွက်ကတော့ ထုံးစံအတိုင်း ရေအရည်အသွေး စစ်ဆေးတာရော Consultation (တိုင်ပင်ဆွေးနွေးပေးတာရော ) အခမဲ့ ပါရှင့် အရင်ပုံစံကိုပြောင်းလိုက်တာမဟုတ်ပဲ တွံတေး၊ မအူပင် ၊ ထန်းတစ်ပင် စတဲ့ ငါးမွေးမြူရေးအဓိကလုပ်ကိုင်တဲ့ ဒေသကမဟုတ်တဲ့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး ဝန်ဆောင်မှုတစ်ခုထပ်တိုးလိုက်တဲ့ပုံစံမျိုးဖြစ်လို့ Customers တွေအတွက် ဘယ် Service ကြေးမှထပ်ပေါင်းထည့်မှာမဟုတ်ပါဘူး အားလုံးအရင်အတိုင်းပါပဲ
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
ဒီ Serviceလေးကိုသဘောကျတယ်ဆိုရင် Postလေး share/ repost လုပ်ပေးသွားပါဦးနော် 🤍

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#မအူပင် #တွံတေး #မန္တလေး #ဧရာဝတီတိုင်း #မှော်ဘီ #တိုက်ကြီး #မန္တလေး #ပဲခူး #ခရမ်း

23/06/2026

ရေရောင်ကောင်းခြင်းနဲ့ ရေအရည်အသွေးကောင်းမွန်ခြင်းဟာ ထပ်တူညီမညီ လက်တွေ့ကြည့်ကြရအောင်ပါ
Fish Farming Tips - Episode 1.1


#မဟာငါးကန်သုံးဆေးဝါး
#တွံတေး #မအူပင် #ပဲခူး #ထန်းတပင် #မှော်ဘီ

23/06/2026

ကိုယ့်ကန်မှာ ငါးခုံးမတွေ စသေနေပြီး ငါးခုံးမပဲသေတာမို့ ဘာမှမဖြစ်ဘူးလို့တွေးထား တဲ့သူတွေရှိရင် ငါးကြင်းလေး၊ ငါးမမြစ်ချင်းလေး တစ်ကောင်စနှစ်ကောင်စ စသေလာတာမျိုးရှိရင် ဒါလေးကြည့်ပေးပါ ကူးစက်နှုန်းအရမ်းမြန်တဲ့ရောဂါမျိုးဖြစ်တဲ့အခါ တစ်နေ့တစ်နေ့ငါးသေတဲ့အကောင်ရေဟာ ဆတိုး နဲ့တိုးတတ်လို့ ရောဂါအဖြစ်များတဲ့ ဆောင်းရာသီလိုအချိန်မှာ ငါးသေပြီဆိုရင် တစ်ကောင်နှစ်ကောင်ကအစလဲ မပေါ့ပါနဲ့ရှင်
☎09268763909


#မဟာငါးကန်သုံးဆေးဝါး
#ငါး
#ငါးရောဂါ
#မအူပင် #တွံတေး #ပဲခူး #မန္တလေး #ထန်းတပင် #မှော်ဘီ #လှည်းကူး

Address

+95268763909
Yangon

Website

Alerts

Be the first to know and let us send you an email when 𝐌𝐀𝐇𝐀𝐑ᵐᵃʰᵃʳ by 𝐃𝐫.𝐀𝐐𝐔𝐀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐌𝐀𝐇𝐀𝐑ᵐᵃʰᵃʳ by 𝐃𝐫.𝐀𝐐𝐔𝐀:

Shortcuts

Share

Category