Nye Nye

Nye Nye Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nye Nye, Grocers, Yangon.

31/08/2025

လီဗာပူးကို မဟုတ်ဘဲ VAR ဒိုင်နဲ့ PGMOL ကို အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်တို့ ခံစားခဲ့ရတဲ့ အငြင်းပွားဖွယ် ဖြစ်စဉ်များ

တနဂ်နွေနေ့ည အန်းဖီးမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ပွဲမှာ အိမ်ရှင်တွေက ၈၃ မိနစ်မှာ ရခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ ဆိုဘိုဆလိုင်းရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်ရိုက်ကန်သွင်းမှုကနေ ဂိုးရခဲ့ပြီး အဲဒီသွင်းဂိုးက အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တောင်ပံတွေက လီဗာပူးနဲ့ ပွဲမှာ အလုပ်မဖြစ်ခဲ့ဘဲ အထူးသဖြင့် ကာလာဖီအိုရီနဲ့ မာတီနယ်လီတို့ရဲ့ ဘယ်တောင်ပံက သေနေခဲ့ပြီး ယော်ကရက်စ်အတွက် ရှင်းလင်းပြတ်သားတဲ့ အခွင့အရေးတွေ ဖန်တီးမပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းရဲ့ အာဆင်နယ်ကစားသမားတွေအပေါ် ပြစ်ဒဏ်ကျူးလွန်မှုတွေနဲ့ လက်ထိဘောဖြစ်ခဲ့တဲ့ အခိုက်အတန့်များစွာရှိခဲ့ပြီး ကွင်းလယ်ဒိုင်နဲ့ VAR က လုံးဝ လစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။

စနေနေ့ပွဲစဉ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေမှာ VAR က မကြာခဏ ကြားဝင်ခဲ့ပေမယ့်လည်း လီဗာပူးနဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ VAR မပါလာဘူးလားလို့ ထင်ရလောက်အောင် ပျောက်ဆုံးနေခဲ့ပါတယ်။

အဲဒါကလည်း ချဲလ်ဆီးနဲ့ ဖူလ်ဟမ်တို့ပွဲစဉ်တုန်းက VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖူလ်ဟမ်ရဲ့ အဖွင့်ဂိုးပယ်ဖျက်ခံခဲ့ရမှုကြောင့် PGMOL က VAR ဒိုင်တွေကို ပြင်းပြင်းထန်ထန် ဖိအားပေးထားတာကြောင့် ဖြစ်နိုင်ပြီး အာဆင်နယ်နဲ့ လီဗာပူးတို့ပွဲမတိုင်ခင် VAR ဒိုင် တာဝန်ပေးထားတဲ့ ဆာလစ်ဘာရီကို ဖြုတ်ပြီး ဘရွတ်ခ်နဲ့ အစားထိုးခဲ့တာက သက်သေဖြစ်ပါတယ်။

ဒိုင်လူကြီးနဲ့ VAR တို့ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေရှိခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေ ဝေဖန်ထောက်ပြခဲ့တဲ့ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပြီး ပထမဆုံးအဖြစ်အပျက်က ပထမပိုင်း ၁၈ မိနစ်မှာ မက္ကယ်လစ္စတာက မယ်ရီနိုကို ပင်နယ်တီဧရိယာထဲမှာ လည်ပင်းကို သိုင်းဖက်ထားပြီး ဘောလုံးမရယူနိုင်အောင် လုပ်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးတွေက မျက်စိမှိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒုတိယဖြစ်စဉ်ကတော့ ပထမပိုင်းပြီးဆုံးခါနီးမှာဖြစ်ပြီး တင်းဘားကို ဗာ့ဇ်နဲ့ မက္ကယ်လစ္စတာတို့ ၂ ဦးပေါင်းပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်ဖြစ်စဉ်ကတော့ ဂါဘရီယဲလ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးကန်သွင်းချက်ကို ကိုနာတီ ပိတ်ဆို့ခဲ့ရာမှာ လက်ထိခဲ့တာဖြစ်ပြီး လီဗာပူးနောက်ခံလူက လက်နောက်ပစ်အနေအထားနဲ့ ကန်ချက်ကို ကိုယ်ကို လှည့်ပြီး ပိတ်ဆို့ခဲ့ရာမှာ လက်မောင်းနဲ့ ထိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအနေအထားက ပင်နယ်တီ ပေးလို့ရသလို မပေးချင်လည်း ရတဲ့အနေအထားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ပီအက်စ်ဂျီကို ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကပွဲစဉ်တုန်းက ဒါလော့ရဲ့ ကန်ချက်ကို ကင်ပန်ဘီပိတ်ဆို့ခဲ့ရာမှာ လက်မောင်းအနောက်ဘက်နဲ့ထိခဲ့တုန်းက VAR က ကြားဝင်ပြီး သရဲနီတွေကို ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူး ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့တဲ့ အလွတ်တည်ကန်ဘောကလည်း အမှန်တကယ်တော့ ပြစ်ဒဏ်ဘော မဟုတ်ခဲ့ဘဲ ဆိုဘိုဆလိုင်းဂိုးသွင်းသွားခဲ့ပြီးနောက် ၈၄ မိနစ်မှာ အီဇီကို ဂျိုး ဂိုးမက်ဇ်က ပင်နယ်တီ ဧရိယာထဲမှာ ဆွဲလှဲခဲ့ချိန်မှာ ဒိုင်လူကြီးသာ တသမတ်တည်း ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပင်နယ်တီပေးခဲ့ရမှာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီး နောက်ဆုံး မိနစ်မှာ ဆိုဘိုဆလိုင်းက ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးကို ကြက်ဖတိန်ညင်ခွပ်သလို လက်မြှောက်လျက်အနေအထားနဲ့ လက်ထိခဲ့ပေမယ့် အံ့အားသင့်စရာကောင်းစွာနဲ့ပဲ ကွင်းလယ်ဒိုင်ရော VAR ပါ လစ်လျူရှုခဲ့ပြန်တာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ အသိသာဆုံးနဲ့ မေးခွန်းထုတ်စရာအကောင်းဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုဆို အငြင်းပွားစရာတွေ အမြဲတမ်း ဆုံးဖြတ်ချက်ချမှတ်လေ့ရှိတဲ့ ဒိုင်လူကြီးတွေနဲ့ VAR တို့ရဲ့ မျက်နှာပြောင်မှုကို ရာသီအစမှာပဲ ဘွားဘွားကြီး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Photo Credit to owner

31/08/2025

စပိန်သားလေး ကောင်းချက်ကတော့ ဆလီဘာကိုတောင် မေ့တယ် ❤

31/08/2025

Andrey Arshavin is back at Anfield reminding everyone of when he scored all four for Arsenal in a 4-4 draw in 2009 😂

31/08/2025

အာဆင်နယ်အတွက်ဆို VAR က အလုပ်မလုပ်ဘူးဆိုတာ သက်သေပဲ

Arsenal Fan Football Team-AFFT

31/08/2025
23/08/2025

FIVE-STAR GUNNERS 🤩

29/07/2024
28/07/2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nye Nye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category