Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ

  • Home
  • Myanmar
  • Yangon
  • Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ

Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ Myint Mo - မြင့်မိုရ် Pure Oil Mill
မြေပဲဆီ၊ ဆုံဆီ၊ နေကြာဆီ၊ နှမ်းဆီ လက်လီ/လက်ကား၀ယ်ယူနိုင်ပါသည်။
ဟင်းချက် video များလည်း မျှဝေပေးနေပါတယ်...
0943133259

23/08/2026

✅ #ဂေါ်ရခါးသီးကြော်

#ကြက်သဲမြစ်
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

23/08/2026

✅ #တာအိုရွက်ကြော်

#တာအိုရွက် #ရွက်စားဂန္ဓမာ
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

   #အရွက်သုပ်✅ ဒီညစာ သုပ်စားဖြစ်တဲ့ healthy food အနောက်တိုင်းစတိုင် အရွက်သုပ်... တကယ်တော့ City mart ကနေ ready made အရွက်...
22/08/2026

#အရွက်သုပ်
✅ ဒီညစာ သုပ်စားဖြစ်တဲ့ healthy food အနောက်တိုင်းစတိုင် အရွက်သုပ်... တကယ်တော့ City mart ကနေ ready made အရွက်ဗူး၀ယ်ပြီး သုပ်လိုက်တာပါ... တခုချင်းစီ၀ယ်ရင် ဈေးအတော်ကြီးလို့ပါ... ဆလပ်ရွက်၊ နေကြာပင်ပေါက်၊ မုန်လာဥနီ၊ Cherry tomatoes, ခရမ်းရောင်ဂေါ်ဖီရွက်၊ မြေပဲလှော်၊ သီဟိုဋ်စေ့၊ စပျစ်သီးခြောက် နဲ့ sweet sesame sauce ထည့် သုပ်ထားပါတယ်...
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

 #နဂါးမောက်သီးပူတင်း     ✅ နဂါးမောက်သီးနဲ့ လုပ်ထားတဲ့ ပူတင်းလေး မနက်စာ လုပ်စားဖြစ်ပါတယ်... နဂါးမောက်သီးကို အခွံနွှာ အစိတ...
22/08/2026

#နဂါးမောက်သီးပူတင်း
✅ နဂါးမောက်သီးနဲ့ လုပ်ထားတဲ့ ပူတင်းလေး မနက်စာ လုပ်စားဖြစ်ပါတယ်... နဂါးမောက်သီးကို အခွံနွှာ အစိတ်သေးသေးလေးတေလှီးထားပါမယ်... ခွက်တခုထဲ ကြက်ဥနှစ်လုံး၊ သကြား၊ နွားနို့ထည့်ခလောက်ပြီး ပူတင်းဖုတ်မဲ့ခွင်ထဲကို နဂါးမောက်သီးစိတ်နဲ့ ပူတင်ရည်အလွှာလိုက်ထည့်ပေးပြီး Airfryer ထဲ ၁၈၀°C နဲ့ ၈-၁၀မိနစ်ဖုတ်ပေးလိုက်ရင် အရမ်းစားကောင်းတဲ့ နဂါးမောက်သီးပူတင်း ရပါပီဗျာ...
#ဟင်းချင်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

Birthday girl 🥳🎉🎁🎈🥰😘
22/08/2026

Birthday girl 🥳🎉🎁🎈🥰😘

✅ ကမ္ဘာပေါ်က အလှဆုံးအပြုံးပိုင်ရှင်လေးရဲ့ ဒီနေ့ ၁ နှစ်ပြည့်မွေးနေ့ 🥰😘🥳🎊ဘ၀မှာ ဘယ်အခြေနေပဲကြုံရကြုံရ ခုလိုအလှဆုံးပြုံးနိုင...
22/08/2026

✅ ကမ္ဘာပေါ်က အလှဆုံးအပြုံးပိုင်ရှင်လေးရဲ့ ဒီနေ့ ၁ နှစ်ပြည့်မွေးနေ့ 🥰😘🥳🎊
ဘ၀မှာ ဘယ်အခြေနေပဲကြုံရကြုံရ ခုလိုအလှဆုံးပြုံးနိုင်ပါစေ... အရာရာကို အခက်အခဲလောကဓံမျိုးစုံကို ခုလိုလှပတဲ့အပြုံးလေးတေနဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ပါစေ ဖေ့သမီးလေးရေ...


21/08/2026

✅ #ဆန်းကစ်သီးကိတ်

#ကိတ်မုန့် #လိမ္မော်သီးကိတ်
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

 #တာအိုရွက်ကြော်   ✅ ရွက်စားဂန္ဓမာခေါ် တာအိုရွက်ကို pork sausage ၀က်အူချောင်းနဲ့ကြော်စားဖြစ်ပါတယ်... တာအိုရွက်နံ့သင်းသင်...
21/08/2026

#တာအိုရွက်ကြော်
✅ ရွက်စားဂန္ဓမာခေါ် တာအိုရွက်ကို pork sausage ၀က်အူချောင်းနဲ့ကြော်စားဖြစ်ပါတယ်... တာအိုရွက်နံ့သင်းသင်းလေးနဲ့ သိပ်လိုက်ဖက်ဗျာ...

#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

 #ဆီချက်ခေါက်ဆွဲ   ✅ မနက်စာ အလွယ်လုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲ... မနက်စာ ထွေထွေထူးထူးဘာမှ ပြင်ဆင်ထားတာမရှိရင် အိမ်မှာခုလ...
21/08/2026

#ဆီချက်ခေါက်ဆွဲ
✅ မနက်စာ အလွယ်လုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲ... မနက်စာ ထွေထွေထူးထူးဘာမှ ပြင်ဆင်ထားတာမရှိရင် အိမ်မှာခုလို ခေါက်ဆွဲတခုရှိတာနဲ့ ဆီချက်ခေါက်ဆွဲလုပ်စားလို့ရပါတယ်ဗျ... အချိန် ၁၀ မိနစ်ပဲပေးပါ... အရင်ဆုံး ခေါက်ဆွဲကို သုံးမိနစ်ပြုပ် ရေစစ်ထားပါမယ်... ပန်းကန်းတခုထဲ ပဲငန်ပြာရည်အကြည်၊ ခရုဆီ၊ ကြက်သားမှုန့်၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့်ထည့် ရောမွှေထားပါမယ်... ကြက်သွန်ဖြူနုတ်နုတ်စဉ်းကို အိုးထဲဆီထည့် ဆီပူတာနဲ့ နနွင်းထည့်ပြီး ဆီချက် နှစ်မိနစ်လုပ်ပါမယ်... ပူနေတုန်း ဆီချက်ကို စောစောက ရောမွှေထားတဲ့ပန်ကန်ထဲ လောင်းထည့်ပေးလိုက်ရင် ဆီချက်အနှစ်ရပါပီ... ဆီချက်အနှစ်ကို ခေါက်ဆွဲပေါ်လောင်းချ နယ်ပေးလိုက်ရင် ဆီချက်ခေါက်ဆွဲရပါပီဗျာ... သူနဲ့တွဲစားဖို့ မိမိနှစ်သက်ရာအသားကို ကြိုပြင်ဆင်နိုင်ပါတယ်... ကျွန်တော်ကတော့ pork sausage ရှိနေလို့ သူနဲ့ပဲ မနက်စာစားလိုက်ပါတယ်ဗျာ...
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

 #ဆန်းကစ်သီးကိတ်     ✅ ဆန်းကစ်သီးတလုံးရှိနေတာ ဒီတိုင်မစားတော့ပဲ မနက်စာအဖြစ် ကိတ်လုပ်စားဖြစ်ပါတယ်... ဆန်းကစ်သီးကို အပေါ်ခ...
20/08/2026

#ဆန်းကစ်သီးကိတ်
✅ ဆန်းကစ်သီးတလုံးရှိနေတာ ဒီတိုင်မစားတော့ပဲ မနက်စာအဖြစ် ကိတ်လုပ်စားဖြစ်ပါတယ်... ဆန်းကစ်သီးကို အပေါ်ခွံနွာ blender ထဲထည့်ကြိတ် ရလာတဲ့အရည်ကို သကြား၊ ထောပတ်၊ ကြက်ဥနှစ်လုံးဖောက်ထည့် မွှေပါမယ်... ပြီးရင်တော့ ကိတ်ဂျုံ၊ မှုန့်ဖုတ်ဆိုဒါ၊ ဆားထည့်ပြီး နာနာမွှေပေးပါမယ်... ပြီးရင် မုန့်ဖုတ်မဲ့ခွက်ကို ပတ်ပတ်လည်ဆီသုပ်လိမ်းပြီး မုန့်နှစ်ထည့် သီဟိုဋ်စေ့အပေါ်ကဖြူးပေးပြီး Airfryer ထဲ အပူချိန် ၁၇၀°C ကို ၁၀-၁၂မိနစ် ဖုတ်ပေးလိုက်ရင် အရမ်းစားကောင်းပြီး အနံ့သင်းသင်းလေးနဲ့ ဆန်းကစ်သီးကိတ်ရပါတယ်ဗျာ...
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

Address

Thein Chaung Street, 21 Ward, South Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category