09/05/2025
ကြာဇံဟင်းခါးစတုဒီသာ လာရောက်သုံးဆောင်ကြပါရန် ဖိတ်ကြားခြင်း....🙏🙏🙏🙏🙏
အောင်မြင်သူ ကုမ္ပဏီများအုပ်စု၏ နှစ်စဉ်ပြုမြဲ အာစိဏ္ဏကံကုသိုလ်တော်ဖြစ်သော (၁၅)ကြိမ်မြောက် ကြာဇံဟင်းခါးစတုဒီသာ ကျွေးမွေးခြင်းကို မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားကြီးတွင် ၁၃၈၇ ခု ကဆုန်လပြည့် တနင်္ဂနွေနေ့ (11.5.2025)ရက်နေ့တွင် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးမှ မိဘပြည်သူများလာရောက်သုံးဆောင်ကြပါအုံးလို့ စိတ်စေတနာထက်သန်စွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ.........🙏🙏🙏🙏🙏
အကြောင်းသင့်လို့ပြောရရင် ကဆုန်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးတန်ဖိုးထားရသော ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ပါ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုသည့်အတိုင်း ဗျာဒိတ်တော်ခံယူတော်မူသော၊ ဖွားမြင်တော်မူသော၊ ဘုရားပွင့်တော်မူသော၊ ပရိနိဗ္ဗာန်စံတော်မူသော ဟူသည့် အင်မတန်ထူးခြားမွန်မြတ်တဲ့ ဗုဒ္ဓနေ့ဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၈ ခုနစ်ရဲ့ နောက်ဆုံးရက်လည်း ဖြစ်ပါတယ် အဲဒါကြောင့် ဗုဒ္ဓနေ့အထိမ်းအမှတ် ကြာဇံဟင်းခါးစတုဒီသာအလှူတော်ဆိုရင်လည်း မမှားဘူးပေါ့။
အဲဒီလို့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓနေ့မှာ
ကြာဇံဟင်းခါးဘယ်အချိန်ကစ ကျွေးမလဲဆိုရင်
ကြက်ဇံဟင်းကျက်တဲ့အချိန်က စပြီး ကျွေးမှာပေါ့
ဒါပေမယ့်လို့ ညနေ နေမကျခင် ကျက်အောင်လို့တော့ အောင်မြင်သူအဖွဲ့သားတွေ ဝီရိယထားလို့ကြိုးစားချက်ကြပါမယ်။
ဘယ်ချိန်ထိ ကျွေးမှာလဲ မမေးပါနဲ့
မကုန်မချင်းကြွေးမှာပါ
မကုန်မချင်းဆိုလို့လဲ နည်းနည်းလေးမထင်ပါနဲ့
ကြာဇံအချိန်တစ်ရာကို ကြက်သားဟာလာနဲ့ နိုင်းခြင်းရောပြီး
လာသမျှကို နောင်လည်းအခါခါတနေစေရအောင်
အောင်မြင်သူ မိသားစုများက လက်စွမ်းပြ ချက်ပြုတ်ကြမှာပါ။
မလှူခင် လှူဆဲ လှူပြီး စလယ်ဆုံး
စေတနာသုံးတန် ရှေ့ဆောင်လို့ ပြုကြတဲ့အလှူပွဲမို့
လာရောက်သုံးဆောင်ကြပါအုံးလို့
စိတ်ဆန္ဒနဲ့ ဖိတ်မန္တကပြုလိုက်ပါတယ်။
နှစ်စဉ်ပြုမြဲလို့ဆိုသည်အတိုင်း အရင်နှစ်ကပြုဖူးတဲ့ပုံရိပ်လေးများကို အမှတ်တရအဖြစ် ပြန်လည်တင်ပြလိုက်ပါတယ်။
အားလုံးသော မြန်မာနိုင်ငံသားအပေါင်း ငလျင်ကပ်ဆိုးဘေးနှင့်တကွ ဘေးအပေါင်းရန်အပေါင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေကြောင်း အောင်မြင်သူ ကုမ္ပဏီအုပ်စုနှင့် ဝန်ထမ်းမိသားစုများမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ခင်ဗျာ.......🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#အောင်မြင်သူလက်ကားအရောင်း
#အောင်မြင်သူ
#အတ္တပရညီမျှစွာအောင်မြင်သူတိုင်းတာဝန်သာ