Chia seeds
ဦးဦးဒေါ်ဒေါ် ကိုကိုမမ တို့အားလုံး မင်္ဂလာပါရှင့်။
ကျွန်မနာမည်က မ Chia seeds ဖြစ်ပါတယ်။ ကျွန်မကို Argentina နိုင်ငံ salta မှာမွေးဖွားခဲ့တဲ့အတွက် မြန်မာနာမည်တောင် မပေးရသေးပါဘူးရှင်။ ကျွန်မရဲ့ ဘိုးဘေးဘီဘင်တွေဟာ Aztec Empire လက်ထက်တည်းက စတင်မွေးဖွားခဲ့ပြီး လူသားတွေရဲ့နေ့စဉ်ဘဝကို အဟာရဓါတ်များပေးကာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်။
ကျွန်မကို အနောက်တိုင်းသားများက super food လို့လဲခေါ်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာ Fiber ခေါ် အမျှင်ဓာတ် များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်များ လျော့ကျခြင်းမရှိဘဲ ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် အကောင်းဆုံး ဖြစ်နေလို့ပါပဲ။ အူလမ်းကြောင်း ရောဂါများကိုလဲ ကာကွယ်ပေးထားပြီး ၀မ်းမှန်စေတဲ့အပြင် နှလုံးကို အားကောင်းစေပြီး သွားနှင့်အရိုးကိုကျန်းမာကြံ့ခိုင် စေသော Calcium ဓါတ်များလဲပါဝင်ပါသေးတယ်။ အနောက်နိုင်ငံသားများက ကျွန်မကိုဓါတ်ခွဲခန်းတွေမှာ လေ့လာဆန်းစစ်ခဲ့ပြီး အခုလိုပဲ မှတ်ချက်ပေးခဲ့ကြပါတယ်။ Chia seeds သည်
- Magnesium ပန်းဂေါ်ဖီအစိမ်းထက် (၁၅) ဆ ပိုများ
- Phosphorous နွားနို့ထက် (၉) ဆ ပိုများ
- Omega 3s ဆဲလ်မွန် (Salmon) ငါးထက် (၈) ဆ ပိုများ
- Calcium နွားနို့ထက် (၆) ဆ ပိုများ
- Protein ပဲကတီပါထက် (၆) ဆ ပိုများ
- Selenium ဓာတ် Flax Seed ထက် (၄) ဆ ပိုများ
- Iron ဓာတ် Spinach ထက် (၃) ဆ ပိုများ
- Potassium ဓာတ် ငှက်ပျောသီးထက် (၂) ဆ ပိုများ
- Anti-Oxidants ဓာတ် Blueberry ထက် (၂) ဆ ပိုများ
- Fiber ဓာတ် Flax Seed or Bran Flakes ထက် ပိုများ
ကျွန်မဟာ အပေါ်ကလိုကောင်းကျိုးတွေများနေပေမယ့် လူသားတွေအကျိုးအတွက် မာနမထားပါဘူးရှင်။ ကျွန်မကိုလွယ်လွယ်ကူကူပဲ အဆင်ပြေသလို စားသောက် သုံးစွဲနိုင်ပါတယ်။ ရေဆယ်ဆလောက်ထည့်ပြီး နာရီဝက်လောက်ထားလိုက်ရင် ပင်ပွားစေ့လေးတွေလိုပဲ အပြင်ခွံမှာ ချွဲကျိကျိနဲ့ အအေးတွေ smoothiesတွေ ထဲထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပါပြီ။ ပေါင်မုန့် တွေ ကိတ်မုန့်တွေဖုတ်ရာမှာလဲ ကြက်ဥအကာနေရာ (သို့) topping နေရာမှာသုံးနိုင်ပါသေးတယ်။ ဒီတိုင်းဝါးစားလဲ သင်းပျံ့ပျံ့ မွှေးတေးတေးလေး ခံစားရမှာပါ။ အမှုန့်ကြိတ်ပြီးတော့လဲ ဂျုံမှုန့်ပုံစံနဲ့မုန့်ဖုတ်ပြီး စားသောက်နိုင်ပါသေးတယ်။
...
ကျွန်မအခု အရှေ့ကမ္ဘာကိုအကျိုးပြုဖို့ ပစိဖိတ်သမုဒ္ဒရာကိုသဘောင်္ကြီးစီးပြီး ဖြတ်လာခဲ့ပြီးပါပြီ။ Asian နဲ့အရှေ့နိုင်ငံတော်တော်များများမှာတော့ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေရောက်နှင့်နေကြပါပြီ။ ကျွန်မ ကတော့ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး Green နာမည်တပ်ကာ tzco company မှစတင်ဖြန့်ဖြူးနေပါပြီ။ ကျွန်မကို FB page/ shop.com.mm တို့မှာ မှာယူပေးကြပါရှင်။ ဦးဦးဒေါ်ဒေါ်ကိုကိုမမ တို့ရဲ့ မီးဖိုချောင် တစ်နေရာလေးမှာ ရှိနေချင်ပါပြီရှင့်။