Khaing Wai Lwin

Khaing Wai Lwin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Wai Lwin, Grocers, Yangon.

09/05/2025

ကျွန်တော့ KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ်
လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ
အဆင့်မြင့်နည်းပညာများအသုံးပြုအလိမ်ခံရခြင်းပါ

မိတ်ဆွေများ အလိမ်မခံရစေရန် ဖြစ်စဥ်ကို ပြန်လည်တင်ပြလိုက်ပါတယ်

ဖြစ်ပုံက ဒီလိုပါ

ဖေ့ဘွတ် မှာ Yadanarpon B2B ဆိုတဲ့ Page ကနေ အင်တာနက်ဒေတာ များ ရောင်း‌နေတာတွေ့မိပါတယ် Yadanarpon ဆိုတာက အများသိပြီးသားဆိုတော့ ယုံယုံကြည်ကြည်နဲ့ အင်တာနက်လျှောက်လိုက်ပါတယ် ဦးစွာ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မြို့အမည် တွေတောင်းပါတယ်

နောက်တော့ ငွေလွှဲခိုင်းပါတယ် (Kpay-0998434408 Daw Thu Zar Phyo) တဲ့

ငွေလွှဲဝင်တာနဲ့ block ပြေးသွားတာလားဆို မဟုတ်ပါဘူး

Register တင်ပြီး ၂၄ နာရီအတွင်း sms ရောက်ပါမယ် SMS ရောက်ရင် plan သုံးလို့ ရပါပြီဆိုပြီး reply ပြန်လာပါတယ်

နောက်နေ့‌ရောက်တော့ ဖုန်းနံပါတ် အစိမ်း နဲ့ ဖုန်းဝင်လာတော့ အကို ကျွန်တော် Yadanarpon ကပါ messenger မှာ app လေးချပေးထားပါတယ် ဝင်ပြီး download ဆွဲပေးပါဦးဆိုတော့ ကိုယ်လည်း download ဆွဲလိုက်ပါတယ်

App အမည်က AirDroid Remote Support ပါ
(အဲ့တာ ဘာ app လည်းဆိုတာ ကိုယ်မသိပါ)

Download ပြီးရင် ပြောပေးပါဦးဆိုတာနဲ့ ပြီးပြီးကြောင်းပြောပြတော့ သူချပေးတဲ့ app ထဲက ပေါ်လာတဲ့ code No. ကို SS ပြပေးပါဆို‌တော့ ကိုယ်လည်း ပြပေးလိုက်ပါတယ်

အဲ့မှာ ကိုယ့်ဖုန်းကို ဝင်ခွင့်ပြုပြီးသားဖြစ်သွားပါပြီ

နောက် KPay ကနေ ၁၀၀၀ ကျပ်ပေးချေပါ Viber ကနေလည်း link ပို့ပေးထားပါတယ် App လေးဖြင့်လုပ်ဆောင်ပြီးရင် Plan စသုံးလို့ရပါပြီနော် အကိုဆိုပြီး B2B Plan ဝယ်ယူရန် form နဲ့ လွှဲပေးရမယ့် Kpay No. နဲ့ Link ချပေးပါတယ်

သူပေးတဲ့ Link ကနေဝင် ဖောင်ဖြည့်ပြီး ငွေတစ်ထောင် လွဲပေးလိုက်ပါတယ်

(နောက်မှ သိရတာ အဲ့တာ Kpay Link အတုပါ)

ကိုယ်က အစစ်ထင်ပြီး ငွေချေလိုက်တဲ့အချိန်မှာ ကျွန်တာ့ pass code သူတို့ ရသွားပါပြီ ပြီးတော့ လွှဲပေးထားတဲ့ ဖုန်းနံပါတ်ပြောပါ ပြန်စစ်ပေးပါမယ်တဲ့ ဒါက Pass codeကို ယူသွားတဲ့နည်းပါ

ဖုန်းနံပါတ်ရယ် Kpay Pass code ရယ် သူတို့ရသွားပါပြီ

နောက် OTP ယူသွားပုံလေးဆက်ပြောပြမယ်နော်

အဲနောက်မှာ သူ့ဆီက က screen share လုပ်ဖို့ request တောင်းတာကို accept လုပ်ပေးဖို့ပြောလာပါတယ် accept ကိုနှိပ် ပြီးတော့ start screen share ကိုနှိပ်ခိုင်းပါတယ် ပြီးရင် start broadcast ကိုနှိပ်ပါ stop broadcast ကိုမနှိပ်ဘဲ home key နဲ့ပြန်ထွက်ပေးပါ တဲ့

(ကိုယ်လည်း သေချာမဖတ်မိပါဘူး သူပြောတဲ့အတိုင်းလိုက်ဝင်ပြီးလုပ်မိလိုက်ပါတယ်)

ပြီးတာနဲ့ ဖုန်း Message ထဲဝင်စစ်ပေးပါ ဆိုတော့ ဖုန်း message ကိုဖွင့်ပြီး စောင့်နေလိုက်ပါတယ်

အဲ့အချိန်မှာ သူက Kpay ထဲဝင်နေပြပြီ ကိုယ်က ဖုန်း message ကိုဖွင့်စောင့်နေတော့ ဖုန်းမှာ OTP ပေါ်တဲ့ Noti တက်မလာတော့ပါဘူး

ကိုယ်လည်း ဝင်လာနိုးစောင့်နေတဲ့အချိန် သူက OTP ရသွားပါပြီ

ကိုယ်လည်း မသင်ကာလို့ Kpay message ကို ဝင်ကြည့်လိုက်တော့ ငွေလွှဲဖို့ OTP ချပေးထားတာမြင်တာနဲ့ လိမ်ပြီဆိုတာသိလိုက်တာနဲ့ ချက်ချင်း stop share နှိပ်ပြီး ထွက်လိုက်ချိန်မှာ နောက်ကျသွားပါပြီ

Kpay အကောင့်ထဲဝင်စစ်လိုက်တော့ ရှိသမျှပါသွားပါပြီ

KPay ထဲရှိရှိသမျှ အကုန်လွှဲယူသွားပါတယ် ကြောက်စရာကြီးပါ

ဒီအကြောင်း အသိမိတ်ဆွေတွေကိုပြောပြတော့ အသိထဲ အဲနည်းနဲ့ ပါသွားသူတွေ အများကြီးဖြစ်နေပါပြီ

နောက် အသိတစ်ယောက်လည်း Kpay Level 2 ကနေ 3 မဖြစ်မနေ ပြောင်းရမယ် ဆက်သွယ်လာလို့ လုပ်လိုက်တာ အကုန်ပါသွားပါတယ် တဲ့

ကျွန်တော်ဆီဆက်သွယ်လာတဲ့ ဖုန်းနံပါတ်က 09963724735 ပါ
သူတို့ လွှဲခိုင်းတဲ့ Kpay link အတုနံပါတ်က 09664820726 Htoo darling win
ကျွန်တော့ အကောင့်ကနေ လွှဲယူသွားတဲ့ နံပါတ်ကKpay accက (******7336)Daw Yu Yu Htwe

ကျွန်တော်တော့ Kpay ဆက်မသုံးတော့ပါ
Yadanarpon B2B အပြင် အခြားနည်းတွေ page တွေ ရှိနေနိုင်ပါတယ် သတိပြုနိုင်ကြပါစေ

လူလိမ်ဘေးမှ ဝေးကြပါစေ...။

Credit;

________________________________

Kapy ငွေထုတ်တဲ့ agent ကြေးနော်။

သတ်မှတ်ထားတာထက် ပိုယူရင် တိုင်လို့ရတယ်။

သက်သေနဲ့ တိုင်

သက်သေ မပါရင် အော်တဲ့အဆင့်ပဲ ရှိတယ်။

မတိုင်ရဲလို့ ခံရရင် ဆက်ခံပေါ့။

09/05/2025
13/03/2025

တကယ်လို့များ Saeron သာရှိနေသေးရင် သူ့ဖုန်းထဲက Kim Soohyun နဲ့တွဲရိုက်ထားတဲ့ ပုံ၂၀၀ ကျော်ကို ကျနော်တို့တွေမြင်ခွင့်ရမှာမဟုတ်ပါဘူး

-သူ့အပေါ်ကို Kim Soo Hyun ခြိမ်းခြောက်နေတာကိုလည်းသိခွင့်ရမှာမဟုတ်ပါဘူး

-သူတစ်ယောက်တည်းခံစားခဲ့ရတဲ့ နာကျင်ခြင်းတွေကို ကြားသိခွင့်ရမှာမဟုတ်သလို

-သူက Kim Soo Hyun နဲ့တွဲခဲ့ပါတယ်ဆိုတဲ့ အမှန်တရားကိုလည်း သူဖုံးကွယ်ထားဦးမှာပါ

ဒီဖြစ်ရပ်မှန်တွေဟာ သူ Kim Soohyun ကို ချစ်တာမချစ်တာထက် အားငယ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ချိုးနှိမ်ခံခဲ့ရတာဖြစ်ပါတယ်

အဲ့လိုဆိုတော့Sulli ပြောခဲ့တဲ့

" ကျွန်မတို့ဟာ သူတို့အတွက်ကုန်ပစ္စည်းသာသာပါပဲ"

ဆိုတဲ့ စကားကို သွားသတိရမိတယ်

03/12/2024

💥🎁 ၅သိန်းတန် SetကြီးSweet December လက်ဆောင်ဝင်ယူ ✨🎊🌲

💓🦋မင့်ကို ၁လထက်၁လ ပိုပိုအားပေးလာလို့ အမြဲအားပေးရကျိုးနပ်အောင် ဒီလမှာ Cosmetics နဲ့ Skincare ကို Quality မင့်စိတ်ကြိုက် အကောင်းဆုံးတွေ ၅သိန်းဖိုး လက်ဆောင်ပေးပါမယ်နော့် ✨

✅မင်မင်တို့ Pageလေးကနေ 100% Authentic Fresh Dateဖြစ်တဲ့ BKK, Korea, Japan, UK, USAမှ အလှကုန်များကို အာမခံပြီး ပစ္စည်းမှန် စျေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်ရှင့်

💓ဒီgiveaway လေးက ကံကောင်းသူလေး၁ဦးကို ပေးမှာပါ

ဒီGiveaway အစီအစဥ်လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့〰️
(1) မင်မင်တို့ Pageလေးကို Like and Followလုပ်ပေးထားပါရှင့်
(2) ဒီ Postလေးကို Reactပေးပြီး Public Shareလေး လုပ်ပေးပါရှင့်
(3) အပေါ်ကအချက်လေးတွေ လုပ်ထားကြောင်း Screenshot လေးကို Comment လေးမှာရေးပေးပါရှင့်

📢ကံထူးရှင်လေးကို December ၂၀ကျော်ကျ Random Pickerလေးနဲ့ ရွေးချယ်ပြီး ပေးသွားပါမယ်ရှင့်

အားလုံးပဲ ကံထူးရှင်လေးတွေဖြစ်ကြပါစေရှင့်် 😘






#လက်ဆောင်ယူ

18/07/2024

May the war be over.....
May the trip home be near. 🏕️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khaing Wai Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category