06/06/2025
Green Toddy သဘာဝထန်းလျက်ရဲ့ အရသာတစ်မျိုးဖြစ်တဲ့ ရိုးရိုးအရသာ (Original Flavour) ကို ပြည်တွင်းပြည်ပဖောက်သည်တွေရဲ့ ဝယ်ယူအားပေးမှုကြောင့် ပစ္စည်းပြတ်တောက်သွားပါပြီရှင့်✨🙏
ကျွန်မတို့ထုတ်ကုန်ကို ယုံယုံကြည်ကြည်ဝယ်ယူအားပေးနေကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer များကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်💚🤝
ယခုရောက်ရှိနေသော မိုးရာသီ🌧️ကြောင့် ထန်းပင်မှထန်းရည်ထုတ်ယူရခြင်းမှာ ရာသီဥတုပြင်းပြမှု နဲ့
မိုးသည်းထန်စွာရွာမှုတွေကြောင့် ထုတ်လုပ်မှုကိုအန္တရာယ်ဖြစ်စေပြီး ရေအစိုဓာတ်ကြောင့်ထန်းလျက်
အရည်အသွေးကိုလျော့ကျစေပါတယ်⚠️🌿
Green Toddy သည် သဘာဝအရသာနှင့် အရည်အသွေးကောင်းမွန်မှုကို အလေးထားတာကြောင့် မိုးရာသီအတွင်းထုတ်လုပ်မှုကိုလည်းခေတ္တရပ်ထားမှာဖြစ်ကြောင်းကိုလည်းအသိပေးပါတယ်ရှင့်📢🌱
ကျွန်မတို့ထုတ်ကုန်ကို အမြဲလို အားပေးနေကြသော မိတ်ဟောင်းမိတ်သစ် များကို အထူးပင် ကျေးဇူးတင်ရှိကြောင်း🙏💛 နှင့် လူကြီးမင်းတို့မျှော်မှန်းထားသောအရည်အသွေးထက်ပိုမိုကောင်းမွန်စွာထုတ်လုပ်ပေးနိုင်ရန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ရှင့်💪🏽💚
Green Toddy, Taste The Nature With Us.
မြန်မာ့ရိုးရာသဘာဝထန်းလျက်