Yangon Kitchen

Yangon Kitchen Healthy & Easy Food for Life !

ခေတ်သစ် အိမ်ရှင်မတွေ အမြဲခေါင်းစားရတဲ့ အတွက်အချက်လေး သိသလောက် မျှဝေပေးပါမယ်နော် kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါဥပမာ ကြက်သား...
19/10/2023

ခေတ်သစ် အိမ်ရှင်မတွေ အမြဲခေါင်းစားရတဲ့
အတွက်အချက်လေး သိသလောက် မျှဝေပေးပါမယ်နော်

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်

ဖြည့်စွက်

1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်

Credit - မူရင်းရေးသားသူ

15/08/2023
ခုတလော   စား/ချက် ဂရုမှာ....ဟော့နေတဲ့ ဘဲဥ/ကြက်ဥ ပဲငံပြာရည်စိမ် ...ဒီနေ့စားဖို့...မနေ့တည်းက စိမ်ပလိုက်တယ်.... သူ့ရဲ့ အရသာ...
06/03/2023

ခုတလော စား/ချက် ဂရုမှာ....ဟော့နေတဲ့ ဘဲဥ/ကြက်ဥ ပဲငံပြာရည်စိမ် ...ဒီနေ့စားဖို့...မနေ့တည်းက စိမ်ပလိုက်တယ်.... သူ့ရဲ့ အရသာကလေ.... ဘယ်လိုပြောရမလဲ ဆိုတော့.... 😋😋

ပြလုပ်နည်း....

ဘဲဥ/ကြက်ဥ... ရေနွေးပွက်ပွက်ဆူထဲ...ရှာလကာရည်...2tsp...ဆား..1tsp..ထည့်ပြီး...၆မိနစ်ဆို အကာကျက်ဖြစ်နေတော့ ၈မိနစ်လောက်ပြုပ်တယ်
ပြုတ်ပြီးရင်...ရေခဲရေထဲ ထည့်စိမ်ပြီး....နောက်မှ အခွံခွာတယ်...

ကြက်သွန်မြိတ်... သေးရင် ၂စည်း...ကြီးရင် ၄ပင်...ခပ်နုတ်နုတ်လှီး
ကြက်သွန်ဖြူ ၄မွှာ ဓားပြားရိုက်ပြီး...နုတ်နုတ်စင်း
ငရုတ်သီးစိမ်း....ကြိုက်သလောက်....သေးသေးလှီးထည့်
နှမ်း...၁ဇွန်း...
ပဲငံပြာရည်အကြည်... ၁ခွက် (အချဉ်ရည်တွေထည့်တဲ့ ပန်းကန်အရွယ်)
ရေ...၁ခွက်
မူရင်း vdo မှာ...သကြားရည်..or..ပျားရည် ကြိုက်ရာ ၁ခွက်ထည့်တာကို...၂မျိုးရောပြီး...ရေနည်းနည်းနဲ့ဖျော်ထည့်လိုက်တယ်...
ပြီးရင် အဲ့အဆာပလာတွေအကုန်ရောထည့်ပြီးမွှေ...စိမ်မဲ့ဗူးထဲ...ဥတွေစီထည့်ပြီး...အရည်တွေအကုန်လောင်းချပြီး...ရေခဲသေတ္တာအောက်ခန်းမှာ...စိမ်ထား....အချိန်၅နာရီကြာရင် အကာအရောင်ညိုလာပါပြီ... ရေခဲသေတ္တာထဲမှာဆိုရင် ၅ရက်လောက်ထိ...ထားလို့ရတယ်လို့ ရေးထားတာတွေ့တယ်...
လုပ်ရလွယ်ပြီး... စားလို့ကောင်းတယ်...အရသာလေးက တမျိုးလေး....သူတို့ကအရံဟင်းလို့ပြောပေမဲ့...ကိုယ့်တွက်တော့...မိန်းဟင်းလျာလေးတမျိုးပါနော်...😊
တခြားနေရာသာ ပျင်းချင်ပျင်းမယ်....အငတ်တလိုင်းမို့...အစားသောက်နဲ့ပတ်သက်ရင်...လိုင်းပေါ်တွေ့သမျှ...လုပ်ရလွယ်ပြီး...စားချင်တာဆို...မပျင်းမရိလုပ်ပြီး....စားလိုက်ရမှ... နေသာထိုင်သာရှိ 😝😂

Myo Meme Zaw

" အပ်မှိုဝက်သားလိပ် ပြုလုပ်နည်း "ဝက်သားကိုကြက်သားမှုန့်နဲ့နယ်ပြီးပါးပါးလွှောထားပေးပါ။ သို့ ဝက်သားပြားလွှာသုံးပါ။ရရင် အပ်...
05/03/2023

" အပ်မှိုဝက်သားလိပ် ပြုလုပ်နည်း "

ဝက်သားကိုကြက်သားမှုန့်နဲ့နယ်ပြီးပါးပါးလွှောထားပေးပါ။ သို့ ဝက်သားပြားလွှာသုံးပါ။
ရရင် အပ်မှိုထည့်ပြီး ဟိုဘက်ဒီဘက်လိပ်ထားပေးပါ။ အိုးထဲ ဆီထည့်ပြီး လိပ်ထားသောဝက်သားလိပ်တွေကို အသားကျက်ရုံ ကြော်ပေးပါ။ ပဲငံပြာရည် ခရုဆီ ကြက်သားမှုန့် ငရုတ်ကောင်းအနည်းငယ် ရေအနည်းငယ် ကော်မှုန့်အနည်းငယ် ထည့်ပြီး ဆူပွက်လာသည်အထိတည်ထားပေးပါ။ ဆူလာပြီဆိုမှ ဝက်သားလိပ်လေးထည့်ပြီး လှိမ့်ပေးပါ။ နောက်ထပ် ၃မိနစ်လောက်တည်ထားပြီးရင် စားလို့ရပါပြီ။

တစ်ချို့က ဝက်သားကိုပေါင်းလိုက်တယ်။ ပြီးမှ အပေါ်ကနေ ဖျော်ထားတဲ့ ဆော့စ်ကိုလောင်းချလိုက်တာ။ နှစ်သက်ရာသုံးနိုင်ပါတယ်နော် 😊

Credit

မုန်လာချဉ်"ကောင်းကောင်းလေးစားချင်ရင် ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်နော် 😋😋=================================ကိုယ်တိုင်လုပ...
04/03/2023

မုန်လာချဉ်"ကောင်းကောင်းလေးစားချင်ရင် ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်နော် 😋😋
=================================

ကိုယ်တိုင်လုပ် မုန်လာဥချဉ် ရာသီစာ ကျန်းမာရေးနဲ့ညီညွတ် လုပ်ရတာလွယ်ကူပါတယ်။

မုန်လာဥ ဖြူနီ အခွံခွာ ငရုတ်သီးစိမ်းတို့ကိုရေဆေးပါ။

မုန်လာဥ ဖြူနီကို နှစ်သက်တဲ့အရွယ်အစားလှီးပါ
ပျားရည်တစ်ဇွန်း
ဗီနီဂါရည် ၆ ဇွန်း
သကြား ၁ ဇွန်း
ဆားအနည်းငယ်
ရေသန့်တို့ကို အားလုံးပျော်အောင်မွှေပေးပါ။

ရေဆေးထားတဲ့ မုန်လာဥဖြူနီ ငရုတ်သီးကို ပုလင်းထဲထည့်ပြီး ဖျော်ထားတဲ့အရည်ကို အပေါ်ကလောင်းထည့်ပါ။
မနက်ကတည်ထားတယ်ဆို ညနေလောက်ဆို ကြွပ်ကြွပ်လေးနဲ့စားကောင်းတဲ့ မုန်လာဥချဉ်ရပါပြီ။

ရေခဲသေတ္တာထဲထည့်ထားပြီး ထားစားလို့လဲရပါတယ်။

Credit: Ko Manh's Kitchen

မင်မင် အကြိုက် ဘဲဥ ငံပြာရည်ကြော် ချက်နည်းလေး sharing လုပ်ပေးလိုက်ပါတယ် 😊ဘဲဥ 5 လုံးကို ပြုတ်၍ အခွံခွာ ထက်ခြမ်းခွဲထားပါ။ပု...
01/03/2023

မင်မင် အကြိုက် ဘဲဥ ငံပြာရည်ကြော် ချက်နည်းလေး sharing လုပ်ပေးလိုက်ပါတယ် 😊

ဘဲဥ 5 လုံးကို ပြုတ်၍ အခွံခွာ ထက်ခြမ်းခွဲထားပါ။

ပုဇွန်ခြောက် လက်တစ်ဆုပ်ခန့်ကို ရေဖြင့် 10 မိနစ်ခန့်
စိမ်၍ မညက်တညက်ထောင်းထားပါ။

ငရုတ်သီး အကြမ်းဖတ် ( မညက်တညက်)ဟင်းခပ်ဇွန်း
5ဇွန်းခန့်ကို ရေ ဟင်းခပ်ဇွန်း 1 ဇွန်း၊ကြက်သွန်ဖြူ 7မွှာ
ကြက်သွန်နီ တစ်ခြမ်း တို့ဖြင့်ရောထောင်းထားပါ(ကြက်သွန်
များ ညက် ရင်ရပါပြီ)

အိုးထဲသို့ ဆီ 10 သားခန့်ထည့်ကာအပူပေးပါ။
ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးထည့်ကာ
ဆီသတ် ပါ။အနံ့မွှေးရင် ပုဇွန်ခြောက် ထောင်းပြီးသား
ထည့် ငံပြာရည် ဟင်းခတ်ဇွန်း 2ဇွန်း ထည့်အချိုမူန့်
အနည်းငယ်ထည့်ကာ အဆက်မပြတ် မွှေပေးပါ။
ထို့နောက် ဘဲဥ များထည့်ကာ ငံပြာရည် နည်းနည်း
ကို အပေါ်မှ ထပ်ဆမ်းကာ ငရုတ်သီး နှင့်ဘဲဥ သမအောင်
မွှေပေးပြီး။2 မိနစ်ခန့် ထားပြီးရင် တော့ ရပါပြီ။်

CREDIT ကိုယ်တိုင်ချက်မယ်

မင်မင်တို့ရဲ့ Foodies လေးတွေကရော 🤗အစားတလိုင်းလား???ဝိတ်ချမယ့်လိုင်းကလား??? ဝတာလေးကလည်း ချစ်ဖို့ကောင်းပါတယ်နော် 😍
28/02/2023

မင်မင်တို့ရဲ့ Foodies လေးတွေကရော 🤗
အစားတလိုင်းလား???
ဝိတ်ချမယ့်လိုင်းကလား???
ဝတာလေးကလည်း ချစ်ဖို့ကောင်းပါတယ်နော် 😍

မှိုဟင်းချက်နည်း*************အများဆုံး ရေစပ်စပ်လေးချက်တာပါခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်ငြုပ်သီး အမှည့်စိုလေးရယ်(သိ...
23/02/2023

မှိုဟင်းချက်နည်း
*************

အများဆုံး ရေစပ်စပ်လေးချက်တာပါ
ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်
ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့

Credit Win Win

13/02/2023

သန့်ရှင်းလတ်ဆတ်ပီးကျန်းမာရေးနဲ့ ညီညွတ်တဲ့Product အသစ်တွေနဲ့
ပြန်လာမယ်🥰

အမျိုးတို့ရေ သီတင်းကျွတ်တော့မယ် အလှူအတန်းလုပ်မယ်ဆို မမေ့ကြနဲ့နော် ပဲဆီသန့်နဲ့ ကြော်ချက်ပေးမယ်  ရှိတယ် ။  #ပုစွန်ခြောက်ကြေ...
14/10/2018

အမျိုးတို့ရေ သီတင်းကျွတ်တော့မယ်

အလှူအတန်းလုပ်မယ်ဆို မမေ့ကြနဲ့နော်

ပဲဆီသန့်နဲ့ ကြော်ချက်ပေးမယ်

ရှိတယ် ။

#ပုစွန်ခြောက်ကြော်_၁ပိသာနဲ့ အထက်မှာယူသူများအတွက် Free Delivery + ချဉ်ပေါင်ကြော် (၁၀၀ ဂရမ်) လက်ဆောင်ပေးမယ်နော် ။

သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုမှ စားချင်တယ်ဆိုရင် ..... Kitchen ကို ☎️ဖုန်းဆက်ပေးနော် ....

ဒီနေ့ဆက် .....

ဒီနေ့ချက်......

ပစ္စည်းကျန်မထားလို့ ....မနက်ဖန် အရောက်လာခဲ့ပါရစေ ....🚘

🍀အညှော်မခံပဲ စားကောင်းချင်ရင် ဖုန်းလေးတချက်နှိပ်ပေးပါဗျ 👇

☎️ 09-4281 33376/ 09-799 670 390
🔔viber-09-799670390
📩 [email protected]

နဂါးမောက်သီး အမျိုးအစားအများကြီးရှိပါတယ် Admin သိမ်းထားတာလေးတွေ ရှဲပါတယ်
14/10/2018

နဂါးမောက်သီး အမျိုးအစားအများကြီးရှိပါတယ်

Admin သိမ်းထားတာလေးတွေ ရှဲပါတယ်

Address

Sanchaung
Yangon

Telephone

+959777226060

Website

Alerts

Be the first to know and let us send you an email when Yangon Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share