Farmers

Farmers A few steps to healthier life through "Farmers".Our loyalty is to serve you the authentic , clean , chemical free and safe food in a very decent way.

ကောင်းမွန်လှတဲ့ Recipes တွေ ရှာဖွေတွေ့ရှိတိုင်းFarmers မိတ်ဆွေများကို အရမ်းသတိရပါတယ်ရှင်❤️
15/05/2025

ကောင်းမွန်လှတဲ့ Recipes တွေ ရှာဖွေတွေ့ရှိတိုင်း
Farmers မိတ်ဆွေများကို အရမ်းသတိရပါတယ်ရှင်❤️

19/04/2025

👩‍🌾 ထရမ့်ဆိုသည်မှာလည်း သမ္မတ နှစ်ကြိမ် ဖြစ်ရာမှာ နှစ်ကြိမ်စလုံး အရေးတကြီးစလုပ်တာက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်က နှုတ်ထွက်တဲ့ အလုပ်ပဲ မဟုတ်လား။

===============

၂၀၂၅ ကုန်သွယ်ရေးစစ်ပွဲဟာ အမြင့်ဆုံးကို ရောက်ပြီး အရှိန်တော့ ကုန်တော့မလားလို့ တွေးနေမိပါတယ်။ အမေရိကန်က တရုတ်ထုတ်ကုန်တွေအပေါ် အခွန် ၁၄၅% ကောက်ပြီး တရုတ်က အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန် ၁၂၅% ကောက်ပြီး စစ်ပွဲ အရှိန်အမြင့်ဆုံး ရောက်ပြီးနောက် ဧပြီ ၁၂ ရက်မှာတော့ အမေရိကန်ဘက်က စမတ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေအပေါ် ၁၀% ပဲ ကောက်တော့မယ်လို့ တစ်ထစ်ပြန်လျော့သွားလို့ပါ။

ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ဖက်က နိုင်ဖဲတွေ ကိုင်ထားပြီး အဲဒီထဲမှာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေကလည်း အဓိကကျတဲ့ နိုင်ဖဲတစ်ချပ် ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ စိုက်ပျိုးရေး အားကောင်းသလို စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပတင်ပို့ခြင်းဟာလည်း အဓိကကျတဲ့ စီးပွားရေး တစ်ရပ် ဖြစ်နေဆဲပါ။

၂၀၂၃ ခုနှစ် စာရင်းတွေအရ စိုက်ပျိုးမွေးမြူရေး၊ အစားအသောက်ထုတ်လုပ်ရေးနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁.၅၃၇ ထရီလီယံ ရှိပြီး အမေရိကန် ဂျီဒီပီ ရဲ့ ၅.၅% ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေရဲ့ တန်ဖိုးဟာ ၂၂၂.၃ ဘီလီယံ ရှိပြီး ဂျီဒီပီ ရဲ့ ၀.၈% ရှိခဲ့ပါတယ်။ ၂၂၂.၃ ဘီလီယံဆိုတော့ မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံ စုစု‌ပေါင်း ဂျီဒီပီ ရဲ့ လေးဆ နီးပါး ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ နှစ် အစိတ်လောက်အတွင်းမှာ အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေး ပို့ကုန်ပမာဏကလည်း တောက်လျှောက်မြင့်တက်နေခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပို့ကုန်ပမာဏ ၅၇.၃ ဘီလီယံ ပဲ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၁၇၄ ဘီလီယံ ဖိုးအထိ မြင့်မားလာတာမို့ ၃ ဆ နီးပါးလို့ ဆိုရမှာပါ။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 ၂၀၂၂ စာရင်းအရဆိုရင် ပြည်ပကို ၁ ဘီလီယံဖိုး တင်ပို့တိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ၆၃၃၈ ခု ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ စိုက်ပျိုးမွေးမြူရေး ပို့ကုန်တင်ပို့မှုကြောင့် အမေရိကန်ပြည်သူ ၁.၂၅ သန်းအတွက် အချိန်ပြည့်အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲက လုပ်သား ၇၇၃,၉၀၀ ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင် မဟုတ်တဲ့ ဆက်စပ်လုပ်ငန်းတွေ (ဥပမာ သယ်ယူပို့ဆောင်ရေး) မှာ အလုပ်ရကြတာပါ။

၂၀၂၃ ခုနှစ်မှာ အမေရိကန်က စိုက်ပျိုးမွေးမြူရေးထွက်ကုန် ၁၇၄ ဘီလီယံဖိုး တင်ပို့ခဲ့တဲ့အနက် ၃၃.၇၅ ဘီလီယံ ဖိုးကို တရုတ်က ဝယ်ယူခဲ့တာပါ။ ပို့ကုန်တန်ဖိုးအားလုံးရဲ့ ၂၀% ဖြစ်ပါတယ်။ (မြန်မာ့ဂျီဒီပီ ရဲ့ ထက်ဝက်ခန့် ဖြစ်ပါတယ်။)

ဒါကြောင့် အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ တရုတ်ဈေးကွက်ကို လက်လွှတ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်‌ရေးစစ်ပွဲမှာ တရုတ်ဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အမေရိကန်ရဲ့ အားနည်းချက်အဖြစ် ကိုင်ပြီးကစားမှာ အသေအချာပါပဲ။

ဒါထက် အရေးကြီးတာ ရှိပါသေးတယ်။ အမေရိကန် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေဟာ ထရမ့်ကို ကိုင်မယ့် အညှာလည်း ဖြစ်နေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ စိုက်ပျိုးမွေးမြူရေးထာတ်ကုန်တွေ ဈေးကွက်ပျောက်တာနဲ့အမျှ ထရမ့်ကို ထောက်ခံတဲ့ လယ်သမားတွေလည်း ဒုက္ခရောက်မှာပါ။ ဒါဆိုရင် ထရမ့် လူကြိုက်နည်းလာပြီး သမ္မတထိုင်ခုံလှုပ်လာနိုင်ပါတယ်။ ပြုတ်ကျတာမျိုး ဖြစ်ဖို့ ခက်ပေမယ့် အခက်အခဲတော့ ဖြစ်လာမှာပါပဲ။

ဒီနေရာမှာ သိပ်စိတ်ဝင်စားစရာကောင်းတာ တစ်ခု ပေါ်လာပါတယ်။

ဒေါ်နယ်လ်ထရမ့်ဟာ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲဖို့ ဝါသနာထုံသလောက် သူရွေးကောက်ခံရရင် ကုန်သွယ်စစ်ဆင်နွှဲမယ်ဆိုတာလည်း ပြောထားပြီးသားပါ။ ကုန်သွယ်ရေး စစ်ပွဲဖြစ်ရင် လယ်သမားတွေ ဒုက္ခရောက်မှာလည်း အားလုံးအသိပဲ။ အမေရိကန် လယ်သမားတွေလည်း မသိဘဲ မနေလောက်ပါဘူး။ ဒါနဲ့များတောင် အမေရိကန်လယ်သမား အများစုက ထရမ့်ကို ထောက်ခံမဲပေးပြီး ရွေးကောက်ခဲ့ကြတာပါ။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 အမေရိကန်မှာ ပြည်နယ် ၅၀ ရှိပြီး၊ ပြည်နယ်တွေကို ကောင်တီ (counties) တွေအဖြစ် ပြန်လည် ခွဲခြမ်းစိတ်ဖြာထားပါတယ်။ အဲဒီကောင်တီတွေအနက် တချို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မှီခိုတဲ့ကောင်တီ (Farming-dependent counties) တွေပါ။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နှစ်စဉ်ပျမ်းမျှဝင်‌ငွေရဲ့ ၂၅% နဲ့အထက် ကို စိုက်ပျိုးမွေးမြူရေး က ရတဲ့ ကောင်တီ၊ ဒါမှမဟုတ်ရင်လည်း အလုပ်အကိုင်စုစုပေါင်းရဲ့ ၁၆% နဲ့အထက်ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဖြစ်နေတဲ့ ကောင်တီ တွေကို Farming-dependent counties လို့ သတ်မှတ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ကောင်တီပေါင်း ၃၁၄၄ ခု ရှိတဲ့အနက် ၄၄၄ ခုဟာ Farming-dependent counties တွေ ဖြစ်ပါတယ်။ အများစုက နိုင်ငံအလယ်ပိုင်းမှာပါ။ ၂၀၂၄ ရွေးကောက်ပွဲမှာ Farming-dependent counties ၄၄၄ ခုအနက် ၁၁ ခုကလွဲလို့ ၄၃၃ ခုမှာ ထရမ့် အနိုင်ရခဲ့ပါတယ်။ အံ့ဩစရာပါပဲ။

ဘာကြောင့်များ ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒုက္ခရောက်မှာ သိလျက်နဲ့ ထရမ့်ကို မဲပေးခဲ့ကြပါလိမ့်။ အကြောင်းက ဒီလိုပါ။

ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက်ပါတီကြောင့် လယ်သမားတွေ အဓိကရင်ဆိုင်ခဲ့ရတဲ့ ရေနဲ့ စက်ယန္တရား အခက်အခဲကို ထရမ့်က ကူညီဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြလို့ပါ။

ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက် အစိုးရလက်ထက်မှာ ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အာရုံစိုက်ပါတယ်။ ကာဗွန်လျှော့ချတာအပြင် ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေမယ့် ဥပဒေ စည်းမျဉ်းတွေ ထုတ်ပါတယ်။ ဒါက လယ်သမားတွေရဲ့ လက်ငင်းလိုအပ်ချက်နဲ့ အဟ ကွာလွန်းတဲ့အခါ လယ်သမားတွေအတွက်လဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဘိုင်ဒန်အစိုးရအတွက် ရေရှည်တည်တံ့ရေး အစီအမံ ဆိုပေမယ့် လယ်သမားတွေ အမြင်မှာတော့ ကြိုးနီစနစ် ဖြစ်လို့နေတာပါ။

👩‍🌾 ဥပမာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Tulare ကောင်တီမှာ လယ်သမားတွေအတွက် ရေအခက်အခဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒီမိုကရက်အစိုးရအဆက်ဆက်က အဲဒီဒေသမှာ သဘာဝရေရယူသုံးစွဲမှုကို စည်းကမ်းတင်းကြပ်ပြီး ထိန်းချုပ်ခဲ့ပါတယ်။ ဒီတော့ လယ်သမားတွေက မကျေနပ်ပါဘူး။ ပထမအကြိမ် ထရမ့် သမ္မတဖြစ်လာတော့ အဲဒီ စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ လုပ်ခဲ့ပါတယ်။ လယ်သမားတွေ အကြိုက်တွေ့ခဲကြတာပေါ့။ ဒါပေမယ့် စည်းမျဉ်းတွေပြင်ဖို့ လုပ်နေရင်းတန်းလန်း ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာလို့ မအောင်မြင်လိုက်ပါဘူး။ ဒါကြောင့် ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်ပြန်နိုင်ရအောင် လယ်သမားတွေ ပုံအောပြီး မဲပေးကြပါတယ်။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 နောက်ဥပမာ တစ်ခုအနေနဲ့ကတော့ လယ်ယာသုံးစက်ယန္တရားတွေကို ဒီဇယ်အင်ဂျင်အစား လျှပ်စစ်သုံးစက်တွေ ပြောင်းဖို့ ဘိုင်ဒန်အစိုးရက တွန်းအားပေးခဲ့တာပါ။ လျှပ်စစ်သုံးစက်တွေက ဒီဇယ်စက်တွေထက် ဈေးကြီးပြီး ကုန်ကျစရိတ်လည်း ပိုတယ်လို့ ဆိုပါတယ်။ တချို့ပြည်နယ်တွေမှာ ၂၀၃၆ အရောက်မှာ ဒီဇယ်သုံး ကုန်တင်ကားတွေ ပိတ်ပင်ရေး ဒီမိုကရက်တွေ ဦးဆောင်ပြီး ဥပဒေပြုတာတွေလည်း ရှိနေပါတယ်။ ဒါက လယ်သမားတွေ အကြိုက် ဘယ်ဟုတ်ပါ့မလဲ။

ထရမ့်ကတော့ ရာသီဥတုပြောင်းလဲမှုတို့၊ သဘာဝပတ်ဝန်းကျင်တို့ သိပ်စဉ်းစားတဲ့သူ မဟုတ်ပါဘူး။ ဒီတော့ အဲဒီကိစ္စတွေကြောင့် အလုပ်လုပ်ရခက်နေတဲ့ လယ်သမားတွေက ရေတိုအကျိုးအတွက် ထရမ့်ကို ပုံအောပြီး မဲထည့်ခဲ့ကြတာပါ။ ထရမ့်ဆိုသည်မှာလည်း သမ္မတ နှစ်ကြိမ် ဖြစ်ရာမှာ နှစ်ကြိမ်စလုံး အရေးတကြီးစလုပ်တာက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်က နှုတ်ထွက်တဲ့ အလုပ်ပဲ မဟုတ်လား။

အခုတော့ အမေရိကန်လယ်သမားတွေ စိတ်ညစ်နေကြရပြီ ထင်ပါရဲ့။

ဒါကတော့ ထရမ့်ရယ်၊ ကုန်သွယ်ရေးစစ်ပွဲရယ်၊ လယ်သမားတွေရယ် အဆက်အစပ်ကို အကျဉ်းချုံး တင်ပြတာပါ။ တွေးဆပြီး သင်ခန်းစာယူစရာတွေ အများကြီး ရမယ် ထင်ပါတယ်။


ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တွေဟာ ရေရှည်တည်တံ့မှု (sustainability) ကို ဦးတည်ပြီး မူဝါဒ ချမှတ်ခဲ့ပေမယ့် ရေရှည်တည်တံ့မှုရဲ့ မဏ္ဍိုင် ၃ ခုထဲက သဘာဝဝန်းကျင် ကိုပဲ ဇောင်းပေးလွန်းပြီး လယ်သမားတွေရဲ့ ဝင်ငွေ နဲ့ လူမှုဘဝ ဆိုတဲ့ မဏ္ဍိုင်နှစ်ရပ်ကို ပြန်ကြည့်တာ အားနည်းခဲ့တာကြောင့် သူတို့ရဲ့ အစီအမံတွေ ရေရှည် မတည်တံ့ပဲ ထရမ့်လက်ထဲမှာ ပျက်စီးရပါတယ်။

လယ်သမားတွေအနေနဲ့လည်း ရေရှည်အကျိုးဖြစ်တဲ့ sustainability ထက် ရေတို စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကို ဗဟိုပြုစဉ်းစားပြီး ထရမ့်ကို မဲထည့်ခဲ့တာကြောင့် ကုန်သွယ်စစ်ပွဲရဲ့ တရားခံစာရင်းမှာ အမှုတွဲခံရသလို ရေရှည်အကျိုးသာမက ရေတိုအကျိုးပါ ဆုံးရှုံးရတော့မှာပါ။

စာဖတ်သူရော ဘယ်လို မြင်မိပါသလဲ ခင်ဗျာ....?။

ရေးသားသူ - Khaing Kyi Thit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ကုန်သွယ်စစ်
#အမေရိကန်
#တရုတ်
#အစိမ်းရောင်လမ်း

Farmers လုပ်ငန်းလုပ်ခဲ့တဲ့ ကာလတလျှောက်လုံး ဝယ်ယူသူတွေဆီကနေ အမှတ်ပြည့်အမြဲရခဲ့တဲ့ ထုတ်ပိုးမှု နဲ့ ဝန်ဆောင်မှု။အသီးအနှံအရည...
10/01/2025

Farmers လုပ်ငန်းလုပ်ခဲ့တဲ့ ကာလတလျှောက်လုံး ဝယ်ယူသူတွေဆီကနေ အမှတ်ပြည့်အမြဲရခဲ့တဲ့ ထုတ်ပိုးမှု နဲ့ ဝန်ဆောင်မှု။

အသီးအနှံအရည်အသွေးကတော့ အမှတ် ၇၀ နဲ့ ၉၅ ကြားလောက်ပဲရပါတယ်။ စိုက်ပျိုးသီးနှံဖြစ်တဲ့အလျောက် ရာသီဥတုကိုမှီရတာကြောင့်ရယ်၊ တောင်သူဦးကြီးများရဲ့ အသိပညာ အားနည်းတာကြောင့်ရယ်၊ နည်းပညာပံ့ပိုးလက်တွဲခေါ်ပေးနိုင်တဲ့ ရပ်ဝန်း ခိုင်မာမှုမရှိတာကြောင့်ရယ် နဲ့ တခြားပြောလို့သိပ်အဆင်မပြေတဲ့ အားနည်းချက်ပေါင်း မြောက်များစွာထဲကမှ ဒီလောက်အရည်အသွေး ထုတ်ပိုးပေးနိုင်တာနဲ့တင် ကျွန်မတော့ တောင်သူကြီးများကို ကျေးဇူးတင်မဆုံးပါရှင်။

ကျွန်မ မဖြေရှင်းလိုက်နိုင်တဲ့ ကိစ္စလေးတစ်ခုတော့ရှိခဲ့တယ်။
Chat Box အထိလာပြီး *စျေးဒီလောက်ကြီးတာ မတော်လောဘသမားပဲ* လို့ လာဆဲသူ ၂ ဦးတိတိရှိပါတယ်။ တခါမှလဲ မဝယ်ဖူးပဲ၊ သေချာလည်းမလေ့လာပဲ လာစွပ်စွဲကြတာပါ။ ဘာမှမတုံ့ပြန်ဖြစ်လိုက်ဘူး။ တန်ဖိုးရှိတဲ့အချိန်တွေ သူတို့အတွက်ပေးလိုက်ရမှာ နှမြောလွန်းလို့ ။

တကယ်တမ်းတော့ ကျွန်မမှားသွားတယ်။
သူတို့ ၂ ယောက်လုံးကို မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဘာကြောင့် စျေးကြီးတယ်လို့ထင်ကြောင်း သူတို့အမြင်လေးတွေကို အရင်နားထောင်ခဲ့ရမှာ။

အားမနာတမ်း သူတို့ထင်တာတွေ ပြောကြလိမ့်မယ်... သူတို့ပြောတာ နားထောင်ပြီးမှ
ဒို့နိုင်ငံလို အစစအရာရာ...... ....... လို့ အစချီပြီး နေဝင်မိုးချုပ်အထိ ထိုင်ရှင်းပြခဲ့ရမှာ(တကယ်တမ်း က ကျမ်းတစ်စောင်စာလောက် ရှင်းပြမှလုံလောက်မှာပါ) ။ အနည်းဆုံးတော့ မျက်ရည် ဘူးသီးလုံးလောက်မကျတောင်

မိရိုးဖလာစိုက်ပျိုးရေးကိုမှ အသိညာဏ် အားနည်း ၊ ပညာပေးအားနည်း၊ ပံ့ပိုးမှုအားနည်း၊ နည်းပညာ သုည ၊ သွင်းအားစုအဆမတန်စျေးကြီး၊ ရာသီဥတု ကြမ်းတမ်း.... ဒီလို အခက်အခဲပေါင်း သိန်းသန်းချီ ကြားထဲက ဒီလောက်အရည်သွေး၊ ဒီစျေးလေး နဲ့ ဒီလို ထုပ်ပိုး ဝန်ဆောင်မှု နဲ့ ရပ်တည်နေတာ ရူးသွပ်နေကြသူတွေပါလားလို့တော့ သိသွားတာပေါ့။

ဟုတ်ပါတယ် စိုက်ပျိုးရေးဆိုတာ မရူးသွပ်ရင်လုပ်လို့မရနိုင်ပါ။
လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ ရှင်သန်ရေး၊ ကျန်းမာရေးအတွက် အရေးအကြီးဆုံး ၊အခြေခံအကျဆုံး ဖြစ်တဲ့ အစာအာဟာရ ကွင်းဆက်ဆိုတာ အင်မတန် နက်ရှိုင်းသိမ်မွေ့သလောက် နားလည်ဖို့မလွယ်ကူပါ။ (အိမ်နောက်ဖေး သီးပင်စားပင် လေး ငါး ဆယ်ပင်လောက် စိုက်ပျိုးဖူး အောင်မြင်ဖူးတာနဲ့ ဘာဆိုဘာမှမဆိုင်ပါဘူးနော်)

ဒါကြောင့် ဂါးဖီးလ် က ပြောခဲ့တာပေါ့
"အလုံးစုံသော သိပ္ပံပညာ ၊ ဝိဇ္ဇာပညာတို့ ဦးခိုက်ရာသည် အတ္တ ပရ နှစ်ဖျာသောအကျိုးကို ဆောင်သည့် စိုက်ပျိုးရေပညာ ဖြစ်လတ္တံ့" တဲ့

Positive Vibe များတဲ့ပတ်ဝန်းကျင်ဖြစ်အောင်လည်း အများကြီး ကြိုးစားကြရဦးမယ်မို့လားရှင်။

အရင်အချိန်တွေ သတိရမိပါတယ်ရှင်။ ဘေးကင်းသန့်ရှင်းတဲ့ အစားအစာတွေ အားပေးခဲ့ကြတဲ့ မိတ်ဆွေတွေ  ၊ စိတ်တိုင်းကျ စားသုံးခဲ့ရတဲ့ အ...
26/12/2024

အရင်အချိန်တွေ သတိရမိပါတယ်ရှင်။ ဘေးကင်း
သန့်ရှင်းတဲ့ အစားအစာတွေ အားပေးခဲ့ကြတဲ့ မိတ်ဆွေတွေ ၊ စိတ်တိုင်းကျ စားသုံးခဲ့ရတဲ့ အခိုက်အတန့် လေးတွေ၊ လိုချင်တဲ့အရည်အသွေး မရမချင်း လဲပြိုလိုက် ပြန်ထလိုက်နဲ့ စိတ်ရှည်သည်းခံပေးခဲ့ကြတဲ့ မြန်မာပြည် မြောက်ဖျားကနေ တောင်ဖျားအထိ၊ ရှမ်းပြည်တခွင်ရှိ စိုက်ပျိုးတောင်သူတွေ၊ နောက်ဆုံး ကိုယ့်ရဲ့ ဒီလုပ်ငန်းအပေါ် ရူးသွပ်မှုတွေ၊ လွမ်းစရာတွေအဖြစ်ကျန်ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်အထိ Page ကိုလည်းမဖျက်ပါ၊ စိတ်ကိုလည်းမလျော့ပါ၊ အိမ်မက်ကလည်းရှင်သန်လျက်ပါ။ လက်ရှိမှာ ကာယအား ညာဏ်နအားတွေကို တခြားနေရာတွေမှာ အပြည့်အဝအသုံးချနေရတဲ့အတွက် ခနလေး ကျောခိုင်းနေရတာပါရှင်။

တချိန်ချိန်မှာ ခွန်အားအပြည့်၊ ပိုကောင်းတဲ့ အတွေးအခေါ်အသစ်တွေနဲ့ ငွေကြေးအမြတ်အစွန်းနည်းပါးလွန်းတဲ့ ဒီအလုပ်ကို ပြန်လည်ဖက်တွယ်မှာပါ(စိတ်ချမ်းသာတယ်လေ🙂)

အားလုံးကို သတိရလို့ အာရုဏ်ဦး တရေးနိုးလေးမှာ လှမ်းနှုတ်ဆက်လိုက်တာပါရှင်❤️။

ကိုယ်စိတ်နှပါး ကျန်းမာချမ်းသာကြပါစေရှင်🙏
(Chat Box မှာ ဆိုင်မဖွင့်သေးဘူးလားလို့ မကြာ
မကြာ တသိတရ လာမေးကြသူများကိုလည်း ကျေးဇူးတင် အားနာလျက်)

28/03/2024

🍃 🍂 ☘️

🍃 🍂
16/09/2023

🍃 🍂

မဂ်လာပါ ဟူးမန်းတို့ရေ....

ကျွန်တော်က ငှက်ကလေး " ကျိကျိ " ပါ🐦

ဒီရက်ပိုင်း မန်ကျည်းရွက်ခြောက်‌တွေရသလောက်ဝယ်နေတယ်ဆိုတဲ့ သတင်းကြားလို့ မန်ကျည်းပင်တွေအကြောင်း ကျွန်တော်သိသလောက်လာရောက်မျှဝေပေးတာပါခင်ဗျာ 🤗

မန်ကျည်းပင်တစ်ပင်ဟာ လူတွေကို အရိပ်အာဝါသကောင်းကောင်းပေးနိုင်တဲ့ အရွယ်ရောက်ဖို့ အချိန်ဘယ်လောက်လိုတယ် ထင်ပါသလဲ ?

မန်ကျည်းပင်ဟာ အပင်ပေါက်လွယ်ပြီး နေရာအနှံ့အပြားမှာ (အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ) ပေါက်ရောက်နိုင်တဲ့အတွက် မန်ကျည်းရွက်ခြောက် တစ်ပိသာ-၃၂၀၀ ဟာ မန်ကျည်းပင်ပေါများတဲ့ အရပ်ဒေသမှာ နေရတဲ့မိတ်ဆွေများအဖို့ ကုန်စျေးနှုန်းကြီးပြီး ငွေရှာပေါက်ခက်ခဲနေတဲ့ ဒီကာလမှာ လင်းလက်သွားတဲ့မျှော်လင့်ချက်တစ်ရပ် ဖြစ်သွားနိုင်ပါတယ် ။

ဒါပေမဲ့ စဥ်းစားကြည့်ပါဦးနော် ။

💥 မန်းကျည်းပင်တစ်ပင်ဟာ အရွယ်ရောက်ပြီး လူတွေကို အရိပ်အာဝါသပေးနိုင်တဲ့ အရွယ်ရောက်ဖို့ မြေဆီလွှာကိုလိုက်ပြီး (ခန့်မှန်းခြေ)၃ နှစ်ကနေ ၆နှစ်အထိ ကြာမြင့်နိုင်ပါတယ် ။ ဒါတောင်မှ ပင်စည်က လူတစ်ဖက်စာရှိအောင် မကြီးနိုင်သေးပါဘူး ။

မန်ကျည်းရွက် အစိုတစ်ပိဿာက ရေမဆွတ်ထားရင် ပမာဏအားဖြင့် ကျန်ကျောင်းအိတ်နဲ့ တစ်ဝက်ကျော်ကျော်ခန့်ရှိပါတယ် ။ စျေးမှာခွဲရောင်းသလို အစုအစုလေးတွေပုံလိုက်ရင် အင်မတန်များတဲ့ပမာဏပါ ။ အဲလို မန်းကျည်းရွက်နု အစိုတစ်ပိသာဟာ ပေါ်ခါဦး စျေးအဖွင့်မှာ နေရာဒေသကိုလိုက်ပြီး ငါးထောင်နဲ့ ရှစ်ထောင်ကြားမှာ(ယခင်ကုန်စျေးနှုန်းဖြစ်ပါတယ်)ရှိပါတယ် ။

လက်ဖက်အစိုငါးပိသာလှန်းရင် အခြောက်တစ်ပိသာထွက်ပါတယ် ။ ငါးချိုး တစ်ချိုးကွာပါတယ်ခင်ဗျာ။

ဆိုတော့ စျေးဦးအစမှာ ရွက်နုအစိုတစ်ပိဿာကို ငါးထောင် ၊ နောက်ကျရင် ၃၅၀၀ - ၂၀၀၀ ကြားရနိုင်သေးတဲ့ မန်ကျည်းရွက်တွေကို ငါးချိုးတစ်ချိုးနဲ့ အခြောက် တစ်ပိသာ ၃၂၀၀ ဟာ မက်လောက်တဲ့ ငွေပမာဏလား စဥ်းစားကြည့်စေချင်ပါတယ် ။

နောက်ပြီး ဒီလိုမန်ကျည်းရွက်ခြောက်တွေ တပြုံတမကြီးရဖို့ အင်မတန် အရွယ်ရောက်ဖို့ကြာတဲ့ မန်ကျည်းပင်ရဲ့ အသက်သွေးကြော ပင်စည်အကိုင်းတွေဖြတ်ရတဲ့အခါ ကျွန်‌တော်တို့ကို အရိပ်အာဝါသနဲ့ ဟင်းစားပေးနေတဲ့ အပင်ကို ရောဂါပေးသလိုဖြစ်နေပါတယ် ။ အရွက်ကို အခြောက်ခံဖို့ ကျွန်‌တော်
တို့ ဖြတ်လိုက်တဲ့ မန်ကျည်းကိုင်းငယ်တွေကလဲ ထင်းအဖြစ်ကလွဲရင် ဘာမှအသုံးမဝင်တော့ပါဘူး ။

ဒီထက်အရေးကြီးတာက ဒီလိုခုတ်ထွင်ပြီး မန်းကျည်းရွက်ခြောက်ကိုရောင်းလိုက်တဲ့အတွက် ဓာတ်မြေဩဇာတွေနဲ့ ပျက်စီးခဲ့တဲ့ ၊ ပျက်စီးနေဆဲ ၊ ပျက်စီးဦးမဲ့ မြေဆီလွှာကို သဘာဝအတိုင်း ပြုပြင်ပေမဲ့ ဆွေးမြေ့လွယ်တဲ့ မန်ကျည်းရွက်များဟာ ကျွန်‌တော်တို့ရဲ့စိုက်ကွင်းတွေဆီ ရွက်မလွင့်နိုင်တော့ပါဘူးခင်ဗျာ ။

ကျွန်‌တော်တို့ပြောခဲ့တဲ့ မန်ကျည်းရွက်ရဲ့ ဘဘာဝနဲ့လူတို့အပေါ် အရေးပါပုံပဲ ရှိပါသေးတယ် ။

တစ်နေ့တခြားပူပြင်းကြမ်းတမ်းလှတဲ့ ရာသီဥတုမှာ ကျွန်‌တော်တို့ကို ရွက်စိပ်တွေဝေဝေဆာဆာနဲ့ အရိပ်အာဝါသပေးနေတဲ့ ၊ ကြီးမားကျယ်ပြန့်တဲ့ အမြစ်ကြီးတွေနဲ့ မြေပြိုမှုကို ထိန်းသိမ်းပေးနေတဲ့ ၊ ခိုင်ခံ့တဲ့ ရိုးတံပင်စည်တွေနဲ့ လေဒဏ်ကို ကာကွယ်ပေးနေတဲ့ မန်ကျည်းပင်ရဲ့ အသုံးဝင်ပုံက ဒီတင်မကသေးပါဘူး ။

မြန်မာဆေးကျမ်းအလိုအရ -

မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏။ အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။

နှစ်နှစ်ဆယ်တမ်းရှိတဲ့ မန်းကျည်းပင်တစ်ပင်ကို လက်အညောင်းခံ နေပူဒဏ်အတွက် ထီးတစ်လက်ဖြစ်တဲ့ အရိုးတံတွေကို ခုတ်ချိုးပြီး အခြောက်ခံရင် ဘယ်လောက်ရမလဲမသိပေမဲ့ စျေးသည်တွေအတွက်တော့ မန်ကျည်းပင်ဟာ ရွက်နုချိန်အစဦးပိုင်းမှာ ခူးနိုင်ရင်ခူးနိုင်သလောက် ပိုက်ဆံရတဲ့ အပင်မျိုးပါ ။

ပေါ်ခါစမှာ မန်းကျည်းရွက်အစိုတစ်ပိသာဟာ ဆန်တစ်ပြည်မကပါဘူးခင်ဗျာ။ ဒါတင်ပဲလားဆိုရင်တော့ အသီးစိမ်းနုအပြင် အမှည့်ပါ ရောင်းလို့ရပါသေးတယ် ။

အညာဘက်နဲ့ တခြားဒေသတွေမှာ မန်ကျည်းမှည့်တစ်ပင်ကို ဘယ်လိုဝယ်လဲမသိပေမဲ့ ရှမ်းပြည်ညောင်ရွှေဘက်မှာရှိတဲ့ ကျွန်တော်တို့ခိုနားနေကျ
နှစ်တစ်ရာကျော် မန်ကျည်းပင်ကြီးကတော့ အိုဟောင်းနေပေမဲ့ အသီးမြိုင်ဆဲဖြစ်တဲ့အတွက် တစ်ပင်လုံးအပြတ်ကို ခုနစ်သောင်းကနေ တစ်သိန်းကြားရပါတယ်ခင်ဗျာ ။

ဒီအပင်ကိုခုတ်ဖြတ်ပြီး အရွက်ခြောက်လုပ်ရောင်းရင်တော့ တစ်သိန်းရမယ်လို့ မထင်ပါ ။ ဒါ့အပြင် နောက်နှစ်အတွက်စားပေါက်ပိတ်သွားနိုင်ပါတယ် ။ အပိုစာသားအနေနှင့်ကတော့ နောက်နှစ် မန်ကျည်းသီးများများသီးချင်ရင် ဒီနှစ်အသီးဆွတ်ချိန်မှာ မန်ကျည်ပင်ဖျားကို နာနာခတ်ပေးရပါတယ်ဆိုတာလေးပြောပြချင်ပါတယ်ခင်ဗျာ ။

လောလောဆယ်မှာ မျိုးတုံးမှုအန္တရာယ်မရှိသေးပေမဲ့ လူတွေရဲ့ လိုလောဘကြောင့် နှစ်ငါးဆယ်သက်တမ်းရှိတဲ့ မန်ကျည်းပင်ဟာ နောက်လေးငါးနှစ်အတွင်းမှာ အာဟာရချို့တဲ့ကာ သေဆုံးသွားနိုင်ပါတယ် ။

ကမ္ဘာကြီးနဲ့ လူတွေအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်စရာ ဆုံးရှုံးမှုမျိုးပါ ။

ဒီလို အရိပ်အာဝါသကောင်းတဲ့ လူတွေအတွက် ချစ်စရာဓာတ်စာ ၊ ဘဘာဝအတွက် အားကိုးစရာ မန်ကျည်းပင်ကို နဂိုအတိုင်းလေး ရွက်နုလဲခူး ၊ အရိပ်လဲခို ၊ အသီးနုလဲစား ၊ အမှည့်လဲဲခြွေလို့ရတဲ့ ဒီလိုဆေးဖက်ဝင်၊ဝင်ငွေရ၊အရိပ်ရ နောက်ဆုံးအစေ့သော်မှ အလဟသမဖြစ်ဘဲ ကြွက်တွေရဲ့ အစာအဖြစ် အသုံးဝင်တဲ့ မန်ကျည်းပင်တွေကို တစ်နပ်စားမကြံဘဲ နဂိုအတိုင်းလေး အရွက်နုချိန်အရွက် ၊ အသီးနုချိန် အသီးနု ၊ မှည့်ချိန်မှာ အမှည့်ဆွတ် ရောင်းကြ ၊ စားကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ ။

*သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို* ဆိုသလိုပဲ မန်ကျည်းပင်ကြီးတွေဟာ ကျွန်တော်တို့လို ငှက်ကလေးတွေအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါပဲခင်ဗျာ။🍀🍃

ကိုးကား : ဝီကီဒီပီးယား


FYI
14/06/2023

FYI

ဒီနေ့ပဲရောက်တဲ့ ဒီစာအုပ်အသစ်က..

📚 ကုန်ကျစရိတ်လည်းသက်သာ မြေဆီဩဇာလည်းကောင်း၊ မြေချဉ်ငန်ကိန်းလည်း သမ၊ မြေအောင်းပိုးတွေကိုလည်း နှိမ်နင်းပြီးသားလည်းဖြစ် ကုန်..ကုန်ပြောရရင် မြေဆီလွှာထိန်းသိမ်းချင်သူတွေအတွက်ပါရှင့်..

အထူးတလည် “ရှယ်” မြေပြင်ခိုင်းမှာ မဟုတ်ဘူးနော် သစ်ပင်ပဲစိုက်ရမှာ...

သစ်ပင်ထဲကမှ...သစ်စိမ်းပင်မျိုးတွေ..

အဲ့အပင်ကိုပဲ အခြောက်လှမ်းပြီး မြေဩဇာအဖြစ် လွယ်လွယ်ပြန်သုံးလို့လည်းရတယ်

စိုက်ထားတုန်းလည်း အရိပ်ရတော့ နေကာပင်အဖြစ်စိုက်ချင်သူတွေအတွက်...အိုကေတာပေါ့

👩‍🌾 ဟုတ်ပြီ...ဟုတ်ပြီ ဒို့စိုက်ပျိုးရေးသမားတွေအတွက်တော့ မိုက်ပြီ.. 😎

မွေးမြူရေးသမားတွေအတွက်ကောလို့မေးရင်တော့ 🥶

👉 တိရစ္ဆာန်အစာနဲ့ ညစ်ညမ်းတဲ့ရေကို သန့်စင်ပြီးအဆိပ်တောက်ကင်းစေတဲ့ သစ်စိမ်းပင်အမျိုးအစားတွေအကြောင်းလည်း ပါတယ်ရှင့်

📌စွတ်ဆက်ပြီးတော့ မကျွေးလိုက်နဲ့ဦးနော်

🌱 ပိုက်ဆံလျှော်စေ့ကို အစိမ်းလိုက်ကျွေးရင် မွေးထားတဲ့အကောင်လေးတွေကို အဆိပ်ဖြစ်တယ်တဲ့

🌱 နောက်ဘောစကိုင်း အရွက်ခြောက်က မြင်းနဲ့မြည်းကိုကျွေးရင် အမွှေးကျွတ်နိုင်ပေမယ့် ငါးကိုကျွေးရင်တော့ ရှယ်ကြီးထွားလာတာတဲ့ဗျို့

လျှောက်ပြောနေတာတော့ မဟုတ်ဘူးနော် သေချာတဲ့သုတေသနတွေနဲ့ကို စာအုပ်ထဲမှာဖော်ပြထားတာ 📚

👉 ဆိုတော့ သစ်စိမ်းမြေဩဇာပင်ထဲမှာ ဘာပင်တွေပါမလဲ

👉 ဘယ်လိုတွေစိုက်ရမလဲ

👉 စိုက်ခင်းထဲကို ဘယ်လိုလုပ်ပြီး မြေဩဇာအဖြစ်ထည့်မလဲ

👉 ဘယ်လိုအပင်ကို ဘယ်လိုမွေးမြူတိရစ္ဆာန်တွေကျွေးမယ်ဆိုတာတွေ သိချင်ရင်တော့ ဆရာမ မေဖြိုးဝေရေးသားထားတဲ့ သစ်စိမ်းမြေဩဇာများ ဆိုတဲ့ စာအုပ်လေးဈေးတန်းကြီးမှာ ရနေပါပြီလို့

📚 အပင်ပုံလေးတွေကိုလည်း စာဖတ်သူတွေမြင်သာအောင် Color Paper စာရွက်သားနဲ့ ထုတ်ဝေထားတဲ့ “သစ်စိမ်းမြေဩဇာများ”စာအုပ်ကို မှာယူချင်ရင်တော့ Page Cb မှာ Order တင်နိုင်သလို 09-765408625 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

အစိမ်းရောင်လမ်းဆော့ဝဲကနေလည်း စမတ်ကျကျ အော်ဒါတင်နိုင်ပါပြီနော်

Green Way app ယူရန်👇
Android - http://bit.ly/greenwaymyanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp

🐵🐒 🥲
19/04/2023

🐵🐒 🥲

ကဲ....ရှက်ချင်ပါဦး တခါ😅🍅Photo Credit
11/04/2023

ကဲ....ရှက်ချင်ပါဦး တခါ😅🍅

Photo Credit

Address

No 8 (Ground Floor) , Pon Nya Wa Hta Na Street, Tamwe (Between Ar Thaw Ka St And Dahmma Darna St)
Yangon
11211

Telephone

+959402700034

Website

Alerts

Be the first to know and let us send you an email when Farmers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Farmers:

Share