14/08/2026
ပထမအကျော့ရဲ့ နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ အားလုံးတစ်စိတ်တစ်ဝမ်းတည်း ကြိုးစားပြင်ဆင်ထားကြတဲ့ စစ်ကိုင်းယူနိုက်တက် U-20 လူငယ်အသင်းသားများ။
မနက်ဖြန် ဩဂုတ် (၁၅) ရက်၊ ညနေ ၃:၃၀ BAHAN STADIUM မှာ ယှဉ်ပြိုင်ရမယ့် Week-13 ပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့အတွက် နည်းပြအဖွဲ့ရဲ့ ညွှန်ကြားချက်များအတိုင်း လေ့ကျင့်ရေးကွင်းအတွင်းမှာ အစွမ်းကုန် အာရုံစူးစိုက် ပြင်ဆင်လို့ ပြီးပါပြီ။
စစ်ကိုင်းယူနိုက်တက် ပရိသတ်များရဲ့ အားပေးသံတွေနဲ့အတူ ပထမအကျော့ကို အလှပဆုံး သိမ်းပိုက်ကြစို့!